← Chapters

ကြက်ကန်း ဆန်အိုးတိုး

Vol. 8 Ch. 126

ကြက်ကန်း ဆန်အိုးတိုး

Vol. 8 Ch. 126

ထိုအချိန်က ဆောင်ကြာမြိုင်၏ ပြည့်တန်ဆာခေါင်းတစ်ယောက်သည် သူမထံမှ မိန်းကလေးများကို လက်ဝတ်တန်ဆာများ ဝယ်ရန် ဆိုင်ကို ခေါ်လာခဲ့သည်။ ပြည့်တန်ဆာခေါင်းသည် ၄၂ နှစ်အရွယ်ဖြစ်သည်။ သူမသည် မငယ်တော့သော်လည်း အသက် ၃၀ အရွယ်ကဲ့သို့ နေထိုင်လေ၏။ သူမသည် နန်းမြို့တော်တွင် အတော်လေး လူကြိုက်များပေ၏။

ထိုမျှမက ထိုအမျိုးသမီးသည် ရှဲ့ချောင် သူမကို ဖော်ပြခဲ့သည့်အတိုင်း ဖြစ်သည်။ သူမကိုယ်သင်းနံ့သည် အလွန်တရာ မွှေးလွန်းသည်။

အခြား ပြည့်တန်ဆာခေါင်းများနှင့် ယှဥ်လျှင် သူမသည် အသက်ကြီးကောင်းကြီးနိုင်သော်လည်း ကလူ၏မြှူ၏လုပ်တတ်လေသည်။ သူမ မျက်လုံးအောက်တွင် မှဲ့တစ်ခု ရှိသည်။ သူမ အသက်အရွယ်တွင် သူမကို ကမ်းလှမ်းသော ဧည့်သည်များစွာ ရှိနေသေးသည်!

အရေးကြီးဆုံးမှာ သူမသည် ချင်ကျို့မှ လာခဲ့သည်ပင်။

ထိုစဥ်က ချင်ကျို့မှ အရာရှိတစ်ဦးသည် သူ့ဇနီးနှင့် သမီးများကို ခရီးသွားရန် ခေါ်လာခဲ့ပြီး ၎င်းတို့

မှာ အသတ်ခံခဲ့ရသည်။ တရားခံသည် ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်၏!

မည်သူမျှ သူမကို ဘာသက်သေမှ မရှိဘဲ မဖမ်းရဲပေ။

သတိကြီးစွာဖြင့် စုံစမ်းစစ်ဆေးမှုအချို့ လုပ်ဆောင်ပြီးနောက်တွင် ထိုပြည့်တန်ဆာခေါင်း၏ အမည်မှာ ချီရှန့်ဖြစ်ကြောင်း သိလာရသည်။ သူမ၏ ဘဝမှာ စိတ်မချမ်းမြေ့ဖွယ်ရာပင်။

သူမ ငယ်စဥ်က သူမဇာတိမြို့တွင် မိုးခေါင်ရေရှား၏။ ထို့ကြောင့် သူမ မိသားစုသည် သူမအား ရောင်းချခဲ့လေသည်။ ကံကောင်းထောက်မစွာပင် လှည့်လည်သွားလာနေသော တာအိုဆရာသခင်အိုကြီးတစ်ပါးက သူမကို ခေါ်သွားခဲ့သည်။ ထိုသူသည် ပညာရှင်တစ်ယောက်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း အမှန်မှာ ခရီးသွားလာနေသော

လူလိမ်တစ်ယောက် ဖြစ်၏။ သူသည် အမြဲ သူမအား ပိုက်ဆံရှာရန် အသုံးချကာ သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးစေခဲ့စဥ်က သူမမှာ ၁၃နှစ်အရွယ်သာ ရှိသေး၏။

နောက်ပိုင်းတွင် တာအိုဆရာအိုကြီးသည် သေသည်အထိ အရိုက်ခံခဲ့ရပြီး တစ်စုံတယောက်က သူမကို ဆောင်ကြာမြိုင်သို့ ရောင်းလိုက်လေသည်။

သူမ၏ လှပသော ရုပ်ရည်ကြောင့် သူမဆီသို့ လာသော ဧည့်သည်များစွာ ရှိခဲ့သည်။ သူမအား ချစ်ကျွမ်းဝင်နေသော ပညာတတ်လူတစ်ယောက်ပင် ရှိခဲ့လေသည်။

၎င်းတို့နှစ်ယောက်လုံးသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြ၏။ ကံမကောင်းစွာပင် ထိုစဥ်က ချီရှန့်သည် တန်ဖိုးကြီးနေခဲ့သည်။ ထိုလူတွင် သူမကို

ဆောင်ကြာမြိုင်မှ လွတ်မြောက်အောင် ဝယ်ယူနိုင်ရန် ပိုက်ဆံ မရှိပေ။ ထို့ကြောင့် သူသည် ပိုက်ဆံရှာရန် ခရိုင်စာမေးပွဲတွင် တစ်စုံတယောက်၏ စာခိုးချမှုကို ကူညီပေးမိသည်။ ကံမကောင်းစွာပင် အရာရှိက သိရှိသွားခဲ့သည်။

စာမေးပွဲတွင် စာခိုးချခြင်းသည် ပြင်းထန်လေးနက်၏။

ထိုပညာတော်သင်ကျောင်းသားသည် ၎င်း၏ ဂုဏ်သိက္ခာကို ဆုံးရှုံးကာ အနာဂတ် ပျက်စီးသွားလေသည်။ သူ့တွင် ချီရှန့်အား လွှတ်ပေးရန် ငွေစ လုံလုံလောက်လောက် မရှိပေ။ သူသည် ဘာလုပ်ရမည်မသိဖြစ်ကာ မျှော်လင့်ချက်ပျက်သုဥ်းမှုကြောင့် ထောင်ထဲတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့၏။

ထိုအချိန်က ချီရှန့်မှာ ဆောက်တည်ရာမရဖြစ်ခဲ့

လေသည်။

တစ်စုံတစ်ယောက် ပြောသည်မှာတော့ သူမသည် ထိုပညာတော်သင်ကျောင်းသားနှင့် ကိုယ်ဝန်ရခဲ့ပြီး အမည်မသိအကြောင်းအရင်းများအရ သူမ ကလေးအား ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သူမသည် မြို့အား စွန့်ခွာကာ နန်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။

သဘာဝကျစွာပင် အရာရှိမိသားစု သေချိန်၌ ချီရှန့်မှာ ပြောင်းရွှေ့သွားရုံသာ ရှိသေး၏။

သူမသည် အဓိက သံသယရှိသူတစ်ယောက် ဖြစ်နေခဲ့သည်။

ထို့အပြင် သူမသည် ငယ်စဥ်တည်းက တာအိုဆရာသခင်နှင့် နေခဲ့သဖြင့် ရှဲ့ချောင် ပြောခဲ့သော

တစ်စုံတယောက်၏ ဝိဥာဥ်ကို ချိတ်ပိတ်သည့် အရည်အချင်းနှင့် ရင်းနှီးနေပေမည်။

အချို့ အသေးစိတ်အချက်များမှာ ထိုအမှုနှင့် ကိုက်ညီလေသည်။ ထိုအခြင်းအရာကပင် ရှဲ့ဖင်းကန်းမှာ သူမနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားနေခဲ့သည်ဟု ပိုမိုသေချာအောင် ပြုလုပ်နေလေသည်။ ထို့ကြောင့် သူ အခြေအနေအတိအကျအား တိုက်ရိုက် အစီရင်ခံတင်ပြခဲ့သည်!

ကြီးကြပ်ရေးမှူးသည် အမှုကို လေးလေးနက်နက် သဘောထားသောကြောင့် သူတို့သည် ချီရှန့်အား စစ်ဆေးမေးမြန်းရန် ဖမ်းထားလိုက်သည်။

သဘာဝကျကျပင် သူမအနားမှ လူများလည်း အဖမ်းခံရသည်။ ၎င်းတို့ထဲမှ နှစ်ယောက်သည် အဖမ်းခံလိုက်ရချိန်၌ ထိတ်လန့်တုန်လှုပ်နေပုံ ပေါ်လေသည်။ သူတို့အဖို့ ပြေးလမ်း မရှိသည်ကို သိ

နေခဲ့ကြ၏။

သူသည် ရုတ်တရက်ပင် သံသယရှိသူအား တွေ့ခဲ့သောကြောင့် ရာဇဝတ်မှုဌာနခွဲမှ လူများက သူ့ကို ကိုးကွယ်ချင်နေကြသည်။

သူ သိသည်ကတော့ ဤသည်မှာ ကြက်ကန်း ဆန်အိုးတိုးခြင်းပင်!

ရှဲ့ဖင်းကန်း ရှဲ့ချောင်အား အမှုအကြောင်း အကုန် ပြန်ပြောပြလိုက်သည်။

သူမ အတော်လေး ရှုပ်ထွေးသွားသည်။ “ လွန်ခဲ့တဲ့ နှစ် ၂၀က အမှုက မကြာသေးခင်က သေသွားတဲ့လူနဲ့ ဘာပတ်သက်လို့လဲ?”

“ ဒီမေ့ကျစ်ဝူက အရာရှိသေဆုံးပြီးမှ မွေးလာတဲ့ ကိုယ်လုပ်တော်ရဲ့ ကလေး။ အဲဒီမိသားစု သေတော့ ကိုယ်လုပ်တော်က တခြားတယောက်နဲ့ လက်ထပ်သွားတယ်။ ဒီလိုနဲ့ မေ့ကျစ်ဝူရဲ့ ဇစ်မြစ်ကို အမှတ်တမဲ့နဲ့ပဲ မေ့သွားကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေက အရာရှိရဲ့ ပုံတူပန်းချီကားကို ကြည့်လိုက်တော့ သူနဲ့ မေ့ကျစ်ဝူ ဆင်တူနေတာကို သတိထားမိတယ်။ ချီရှန့်က သူ့ကို မြင်ပြီး အာဃာတနဲ့ သတ်လိုက်တာဖြစ်မယ်”

သူမ သူ့ကို သတ်ပြီးသော်လည်း မကျေမချမ်းမှုမှာ ကျန်နေဆဲဖြစ်သောကြောင့် သူ့ကို သံများနှင့် စိုက်ထားခဲ့သေးသည်။

မည်သို့ပင်ဖြစ်စေ ထိုအရာရှိသည်လည်း မတရားသေဆုံးခြင်းအား ခံစားခဲ့ရသည်ဟု ဆိုလိုခြင်း မဟုတ်ပေလား? ကြီးကြပ်ရေးမှူးတစ်ယောက်အနေဖြင့် စာမေးပွဲ၌ ပညာတော်သင်များ စာခိုးချခြင်းကို တားရမည်မှာ သူ့တာဝန်ပေ မဟုတ်လား?

ရှဲ့ချောင် ထိုအချက်အပေါ် မှတ်ချက်မပေးသင့်ပေ။

ဤမေ့ကျစ်ဝူသည် လူကောင်းတစ်ယောက် မဟုတ်ပေ။ သူမ တာဝန်မှာ ၎င်း၏ စိတ်ရှုပ်ထွေးမှုအား ဖြေရှင်းပေးကာ သူ မည်ကဲ့သို့သေဆုံးခဲ့ရပုံအား ရှာတွေ့သည့်အခါမှ သူသည် သင့်လျော်ကောင်းမွန်စွာ ပြန်ဝင်စားနိုင်မည် ဖြစ်သည်။ သူမ လုပ်ရမည်မှာ ဤမျှသာ ဖြစ်သည်။

ရှဲ့ချောင် သက်ပြင်းချကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ “ ဒီအမှု ဖြေရှင်းပြီးပြီရင် အစ်ကိုကြီး ရာထူးတိုးမှာလား?”

ရှဲ့ဖင်းကန်း တခစ်ခစ် ရယ်လိုက်၏။ “ သူတို့ ငါ့ကို ရာထူးတိုးပေးသင့်တာပေါ့။ တခြားအမှုတွေ

ကို မေ့လိုက်၊ ဒီအမှုက လွန်ခဲ့တဲ့ နှစ် ၂၀က အရာရှိနဲ့ ပတ်သက်နေတာ။ ဒီလို ထူးခြားဆန်းကြယ်တဲ့ အမှုအေးကြီးကို ဖြေရှင်းပေးခဲ့တာမို့ သူတို့ ငါ့ကို ဆုချသင့်တယ်။ ဒါပေမယ့် သူတို့ ငါ့ကို ရာထူးတိုးပေးရင်တောင် ငါက အလွန်ဆုံးမှ အဆင့်ကိုး အရာရှိပဲ ဖြစ်မှာပါ”

•••••••

All Chapters