← Chapters

အကြီးဆုံးဆရာတူအစ်မ

Vol. 8 Ch. 128

အကြီးဆုံးဆရာတူအစ်မ

Vol. 8 Ch. 128

မကောင်းဆိုးဝါးဝိဥာဥ်အုပ်စုမှာ စိတ်လှုပ်ရှားစွာ စကားပြောနေမိခြင်းအား မရပ်တန့်နိုင်ကြပေ။

“ တကယ်ပဲ ငါတို့ကို ပစ်မှတ်ထားတာလား!? အလိုလေး ဒီဆိုင် သူဌေးက ပညာရှင်တစ်ယောက် ဖြစ်ရမယ်! ငါ့မိန်းမကို အခု တစ်ခြားတယောက်နဲ့ လက်ထပ်ခိုင်းလို့ ရပြီ ထင်တယ်နော်?”

“ မင်းမိန်းမ နောက်အိမ်ထောင်ပြုတာက မင်းကို ဘာတွေများ အကျိုးရှိစေလို့လဲ? ရူးနေလား!?”

“ မင်း မသိပါဘူး။ ငါ့မိန်းမက လူတွေကို နှိပ်စက်ရ

တာ ကြိုက်တယ်ကွ။ ငါ့ရဲ့မုဆိုးမ ဖြစ်ရတာ သူ့အတွက် ဆိုးရွားတာပဲ” ထိုလူက ဝမ်းနည်းစွာ ပြောလိုက်သည်။

ကျန်သော မကောင်းဆိုးဝါးဝိဥာဥ်များမှာ ရှုပ်ထွေးသော အမူအရာများနှင့် ဆိုင်ထဲသို့ လှမ်းကြည့်နေကြလေသည်။

ရှဲ့ချောင်သည် အဆောင်စာရွက်များကို ရေးဆွဲနေ၏။

စီးပွားရေးတစ်ခုအား စတင်လိုက်ပြီဖြစ်သဖြင့် သူမ ပစ္စည်းအချို့ကို ရောင်းရပေမည်။ ပစ္စည်းမျိုးစုံအဖုံဖုံကိုလည်း သူမ ပြင်ဆင်ရလေ၏။ လုံလောက်သော ပစ္စည်းများဖြင့်ဆိုလျှင် သူမ သွားလိုက်ပြန်လိုက်လုပ်ရန် မလိုတော့ပေ။

အကာအကွယ်ပေးသော အဆောင်မှာ အခြေခံအကျဆုံးတစ်ခုပင်။ ပိုက်ဆံဝင်စေသည့်အဆောင်ကဲ့သို့ ချမ်းသာကြွယ်ဝမှုနှင့် ဆက်စပ်သော အဆောင်များမှာ အရောင်းမြန်သည့်အထဲတွင် ပါဝင်၏။ ထိုအရာအများစုကို သူမ ပြင်ဆင်ရမည်ဖြစ်သည်။ အချစ်ရေးအတွက် အဆောင်များ၊ အလုပ်အောင်မြင်မှုအတွက် အဆောင်များ၊ ပညာရေးထူးချွန်မှု အဆောင်များနှင့် ကိုယ်ဝန်ဆောင်နိုင်ရန် အဆောင်များကိုလည်း သူမ လိုအပ်သည်ပင်။

ထိုအရာများသည် သက်ရှိလူများအတွက် ဖြစ်သည်။

လူသေများမှာမူ ပို၍ပင် လိုအပ်လေသည်။

သူမ ထွင်းထုထားသော သစ်သားရုပ်လေးများ လက်ကျန် ရှိနေသေးသည်။ ဆိုင်ဖွင့်ပြီးနောက်

၎င်းတို့အား သူမ ရှင်းလင်းနိုင်သင့်သည်။

သို့သော် သူမ ကျောင်းသွားရပေဦးမည်။ မသွားလျှင် သူမ၌ အချိန်လုံလောက်ကာ ဆိုင်၏ ကုန်ပစ္စည်းလလက်ကျန်ပြပြပြတ်တောက်ခြင်း ဖြစ်မည်မဟုတ်ပေ။

ရှဲ့ချောင် သက်ပြင်းချလိုက်သည်။ သူမ၏ ချူချာသော ကျန်းမာရေးနှင့် သူမ အလွန်အလုပ်ကြိုးစားရမည်ဖြစ်သည်။ အသက်ရှင်ရသည်မှာ နာကျင်မှုတစ်ခုပင်။

နှစ်နာရီကြာသည်အထိ အဆောင်များ ရေးဆွဲပြီးနောက် သူမ၏လက် နာကျင်လာလေသည်။ သို့သော်လည်း သူမရှေ့မှ အဆောင်စာရွက်ပုံအထူကြီးကို ကြည့်ရင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

သူမ ဝင်လာချိန်က ဆိုင်၌ အစောင့်တစ်ယောက်သာ ရှိလေသည်။ သူမသည် ဆွံ့အသူတစ်ယောက်ဖြစ်၏။ ရှဲ့ချောင် သူမ၏ ထောက်ခံစာကို ဖတ်ပြီးမှသာ သူမကို ဝင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သူမ ဆိုင်တွင် စျေးရောင်းပေးမည့်လူတစ်ယောက် လိုလာပြီပင်။

သူမ ဆိုင်မဖွင့်မီတွင် သူမ၏ ဆရာတူမောင်လေးမှ သူ ရွေးထားသောလူအား ပို့ပေးမည်ဟု ပြောခဲ့ဖူးသည်။ သူမ မျှော်လင့်မိသည်မှာ သူ ရွေးထားသည့်သူအား …သတ္တိရှိနေစေချင်၏။

ရှဲ့ချောင် တွေးနေစဥ်မှာပင် တံခါးဝ၌ တစ်စုံတစ်ယောက် ပေါ်လာလေသည်။

အထဲသို့ ဝင်ရောက်လာပြီးနောက် ထိုသူမှာ ဆိုင်

အတွင်း၌ တစ်စုံတစ်ယောက်အား တွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားလေ၏။ ထိုသူက စမ်းသပ်သော အမူအရာဖြင့် မေးလိုက်သည်။ “ ခင်ဗျားက သူဌေးလား?”

ရှဲ့ချောင် သူ့ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ “ ရှင်က ဆရာတူမောင်လေးရှောင်း လွှတ်လိုက်တဲ့ စျေးရောင်းပေးမယ့်သူလား?”

ထိုစကားအား ကြားလိုက်ရပြီးနောက် ထိုသူက အံ့အားသင့်ကာ ချက်ချင်း ပြောလိုက်သည်၊ “ ဟုတ်ပါတယ်၊ ကျွန်တော်ပါ။ ဒီအညတရချန်းထုံ သူဌေးကို နှုတ်ဆက်လိုက်ပါတယ်! ”

ထိုလူမှာ တဲ့တိုးဆန်ကာ ချက်ချင်း ဒူးထောက်လိုက်သည်။

ရှဲ့ချောင်မှာ ထိုသို့သော လောကဝတ်စကားမျိုးအား ကျင့်သားမရသေးပေ။ “ ကျေးဇူးပြုပြီး ထပါ။ ကျွန်မအလုပ်က အတော်လေး ထူးခြားတယ်ဆိုတော့ ရှင် ဒါကို လုပ်နိုင်ဖို့ ဆန္ဒရှိပါ့မလားဆိုတာ မသေချာဘူးလေ”

“ ကျွန်တော် လုပ်နိုင်ပါတယ်။ သူဌေးရဲ့ဆိုင်မှာ ရောင်းတဲ့ ပစ္စည်းတွေက အခေါင်းရောင်းတဲ့ဆိုင်တွေနဲ့ ဆင်တူတယ်လို့ သခင်ရှောင်းက ပြောပြခဲ့ပါတယ်။ ကျွန်တော် လုံးဝ စိတ်ထဲမထားပါဘူး။ ကျွန်တော် ဒီမှာ လုပ်ရမှာ ပျော်ပါတယ်” ချန်းထုံမှ လုပ်နိုင်စွမ်းရှိကြောင်း ပြသရန် ချက်ချင်း ပြောလိုက်လေသည်။

ရှဲ့ချောင် ခေါင်းညိမ့်လိုက်သည်။ “ကောင်းပြီ”

အမှန်မှာ အခြားလျှောက်ထားသူများထဲမှ သခင်

ရှောင်း သူ့ကို ရွေးလိုက်သည်ကို ချန်းထုံ အံ့အားသင့်နေခဲ့သည်။ သူက ထိုဆိုင်သည် သူ့ဆရာတူအစ်မအတွက် လက်ဆောင်တစ်ခုဟု ပြောခဲ့၏။ သူသည် ချန်းထုံအား သူမအတွက် အလုပ်လုပ်ပေးရန် တောင်းဆိုခဲ့လေ၏။

သခင်ရှောင်း၏ ဆရာတူအစ်မဆိုသူက အသက် ၃၀ သို့မဟုတ် ၅၀အရွယ် ဖြစ်မည်ဟု သူ ထင်ထားခဲ့သည်ဖြစ်၏။ သူမအသံသည် အလွန် ငယ်ရွယ်နေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားမိပေ။ သူမသည် သူမ၏ ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းရာတွင် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ကျွမ်းကျင်ပြီး ဆရာကျမည့်ပုံ ဖြစ်ပေသည်!

ရှဲ့ချောင် သူမခေါင်းပေါ်တွင် ဇာလွှာပါးပါသောဦးထုပ်ကိုပင် ဆောင်းထားခဲ့၏။

ချန်းထုံက သူမအား သေတ္တာတစ်ခု ပေးလာခဲ့သည်။ ထိုသေတ္တာအထက်တွင် အိမ်ခြံမြေပိုင်ဆိုင်မှုဟူသော ခေါင်းစဥ်ပါလေသည်။ သူမ နာမည်ကို ထိုအပေါ်တွင် ရေးထားလေ၏။

သို့သော်လည်း…

သူမ ထိုဆရာတူမောင်လေးကို လုံးဝ မမြင်ဖူးပေ။

သူမအသက် သုံးနှစ် သို့မဟုတ် လေးနှစ် အရွယ်ခန့်၌ ဆရာအိုကြီးတစ်ယောက် တာအိုဘုရားကျောင်းထံ ရောက်လာခဲ့သည်။ သူသည် ဗဟုသုတ ကြွယ်ဝပြီး သူမ ငယ်ရွယ်စဥ်ကတည်းက မကျန်းမာသော ကိုယ်ခန္ဓာရှိသော်ငြား ကြိုးကြိုးစားစား အလုပ်လုပ်နေသည်ကို မြင်ပြီး သနားခဲ့သည်။

သူသည် သူမကို စိုးရိမ်ခဲ့သဖြင့် တာအိုဘုရားကျောင်းတွင် နှစ်နှစ်ကြာ နေထိုင်ခဲ့သည်။ ထိုအချိန်နှစ်နှစ်ကျော်အတွင်း သူသည် သူမအား သူသိသမျှအလုံးစုံကိုပင် သင်ပေးသွားခဲ့သည်။ ထိုမှစကာ သူသည် ဘုရားကျောင်းတွင် သိပ်မနေတော့သော်လည်း တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာတိုင်း ဘုရားကျောင်းသို့ ရက်အနည်းငယ်ခန့် လာရောက် အနားယူတတ်လေသည်။

ထိုအချိန်မှစ၌ ဆရာအိုကြီးမှာ တပည့်နှစ်ယောက် ရသွားခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သူမသည် အကြီးဆုံးဆရာတူအစ်မဖြစ်လာခဲ့လေ၏…

အမှန်မှာ ရှဲ့ချောင်သည် ဆရာတူညီမလေးတစ်ယောက် ဖြစ်ချင်ခဲ့သည်ပင်။

ထိုသည်မှာ ဆရာအိုကြီးမှ သူ ပထမဆုံးရခဲ့သော တပည့်မှာ အကြီးဆုံးဖြစ်ရမည်ဟု မရမက ပြောခဲ့သောကြောင့်ပင်။ သူ့ထံ၌ အသက်ပိုကြီးသော တပည့်များ ရှိလျှင်ပင် သူတို့က သူမ၏ ဆရာတူမောင်နှမငယ်လေးများသာ ဖြစ်ပေမည်။ ထိုအချက်အား မကျေနပ်သူ ရှိခဲ့လျှင် ၎င်းတို့မှာ မောင်းထုတ်ခံရမည်ဖြစ်လေသည်…

••••••

All Chapters