ရှင် သတ္တိရှိလား?
Vol. 8 Ch. 129
ရှဲ့ချောင်ထံတွင် ထိုကဲ့သို့သော ဆရာတူမောင်လေးငါးယောက် ရှိသည့်အတွက် တာဝန်ရှိပေသည်…
မည်သို့ပင်ဖြစ်စေ သူမအဆင့်အတန်းအတွက် သူမ၏ ဆရာတူမောင်လေးငါးယောက် ပြဿနာ
လာရှာမည်စိုးသဖြင့် သူမနာမည်အား ဖုံးထားရန် ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။
သူမ၏ဆရာတူမောင်လေးများမှာ သူတို့၏ ဆရာတူအစ်မထံတွင် မော့မျိုးရိုးနှင့်နာမည်ရှိသည်သာသိကြ၏။ သူမသည် တောင်တန်းများနှင့် မြစ်များကို ဖြတ်၍ ခရီးသွားရသည်အား ကြိုက်နှစ်သက်သော နားလည်ရခက်သည့် ပညာရှင်တစ်ဦး ဖြစ်သည်ဟူ၍။ သူမကိုယ်သူမ ဘယ်တုန်းကမှ မပြသခဲ့ဖူးပေ။ သူမအမည်မှာ မော့ချူရှန်းပင်!
သူမအမည်တွင် “ဆိတ်ဆိတ်နေခြင်း”နှင့် တူညီသော အသံထွက် ရှိလေသည်။ ထိုဆရာတူမောင်လေးများ သူမအား ဂိုဏ်းမှ ထွက်သွားရန် ဖိအားပေးမည်အား စိုးရိမ်မိသဖြင့် သူမသည် ဤနှစ်မှ ၁၆နှစ်သာ ရှိသေးသည်ကို မထုတ်ဖော်ရဲပေ။
ရှဲ့ချောင်သည် လောကီပစ္စည်းများနှင့်
ပတ်သက်၍ လုံးဝ ဂရုမစိုက်ပဲ သူမလက်အောက်တွင် မည်သည့် မြေပိုင်ဆိုင်မှုကိုမှ မလိုချင်ဟု ပြောခဲ့ဖူး၏။ ထို့ကြောင့် သူမ ရှဲ့မိန်းကလေးအမည်ဖြင့် ဆိုင်ကို ဝယ်ခဲ့သည်…
အဘယ်ကြောင့် ရှဲ့မိန်းကလေး ဖြစ်ရပါသနည်း?
ထိုသည်မှာ ရှဲ့မိန်းကလေးသည် မော့ချူရှန်း၏ ဆရာတူ,တူမ ဖြစ်၍ပင်။
အလွန် ရှုပ်ထွေးလွန်း၏_သူမက သူမကိုယ်တိုင်၏ ဆရာတူ,တူမရင်း….
သူမ အလွန် ကူကယ်ရာမဲ့နေသည်။ သူ ဘာလို့ အရမ်းငယ်နေပြီး လူတွေကို အလျှော့မပေးအောင် လုပ်မိတာလဲ?
ရှဲ့ချောင် ပစ္စည်းအား အဝေးတွင် ထားလိုက်ပြီးနောက် ပြောင်လိုက်သည်။ “ မင်းဒီမှာ ငါ့အတွက် အလုပ်လုပ်မယ်ဆိုရင် မင်း ပါးစပ်ကို သတိထားရလိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရရင် မင်းအနားမှာ မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ အညှီအဟောက်တွေ တရစ်ဝဲဝဲဖြစ်နေမှာကို ငါ စိုးရိမ်တယ်လေ။ ဟုတ်ပြီလား?”
ချန်းထုံ ကြည့်ရသည်မှာ အသက် ၅၀ ဝန်းကျင်ခန့်ဖြစ်ပြီး ရင့်ကျက်ပုံပေါ်လေသည်။ သို့သော်လည်း သူသည် ရှဲ့ချောင် ပြောသည်ကို ကြားလိုက်ချိန်တွင် အနည်းငယ် ရှုပ်ထွေးသွားပုံပေါ်သည်။
မည်သို့ပင်ဖြစ်စေ သူ ထိုအကြောင်းအား စဥ်းစားခဲ့လေသည်။ သခင်ရှောင်းမှ ဆိုင်ပိုင်ရှင်မှာ မယုံကြည်နိုင်လောက်ဖွယ် အံ့အားသင့်စရာကောင်းသည့် ပညာရှင်လို့ ပြောခဲ့ဖူးသည်။ သူမ၏ လုပ်ကိုင်ပုံများမှာ ပုံမှန်လူများနှင့် မတူသောကြော
င့် သူ ထပ်မပြောသင့်သလို ထပ်မမေးသင့်တော့ပေ။ ထို့နောက် သူ နာခံစွာ ခေါင်းညိမ့်လိုက်၏။
“ ဒါတွေက ကျွန်မဆိုင်မှာ ရောင်းမယ့် ပစ္စည်းတွေ” စားပွဲပေါ်သို့ အဆောင်များအား တင်လိုက်ပြီးနောက် ရှဲ့ချောင် ပြောလိုက်သည်။
ချန်းထုံ ထိုအရာများအား တစ်ချက်ကြည့်လိုက်ပြီး မူးဝေသွား၏။ “အဆောင်တွေလား?”
“ အမှန်ပဲ။ အဆောင်တွေ” ရှဲ့ချောင် ခေါင်းညိမ့်လိုက်သည်။ “ ရှင် အဲဒါတွေကို မှတ်ထားရမယ်။ တစ်ခုချင်းစီမှာ ကွဲပြားတဲ့ ပုံစံတွေ ရှိတယ်။ ဒါတွေက အကာအကွယ်အတွက်၊ တစ်ခုကို ငွေစ ၂၀။ ဒီချမ်းသာကြွယ်ဝမှုအတွက် အဆောင်က တစ်ခုကို ငွေစ ၅၀၊ အချစ်အတွက် အဆောင်က တစ်ခုကို ငွေစ ၁၀၀၊ မကောင်းဆိုးဝါးဝိဥာဥ်တွေကို မောင်းထုတ်ပေးတဲ့ အဆောင်တွေနဲ့ အတူတူ
ပဲ...”
ရှဲ့ချောင် အဆောင်များကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးလိုက်သည်။
ချန်းထုံ တံတွေးမြိုချလိုက်၏။ သူ ပြင်ဆင်ပြီး လာခဲ့သော်လည်း သူ့ရှေ့မှ အလွန် ရှုပ်ထွေးသော အဆောင်များကို မြင်ကာ ထိတ်လန့်နေဆဲပင်။
မည်သို့ပင်ဆိုစေ ဤသည်မှာ အခေါင်းများရောင်းသည်ထက်စာလျှင်တော့ ပိုကောင်းပါသေးသည်။
ထိုအရာမှာ အဓိပ္ပါယ်ရှိပေသည်။ အခေါင်းရောင်းသော ပညာရှင်ဟူ၍ သူ တစ်ခါမှ မကြားခဲ့ဖူးပေ။
“ တခြားရောဟင်?” ထိုပစ္စည်းများ ရောင်းရခက်
သည်ကို သိရှိထားသော်လည်း ဤမျှအထိ ခက်လိမ့်မည်ဟု ချန်းထုံ မယုံကြည်ခဲ့ပေ။
ရှဲ့ချောင် ထိုကိစ္စကို စဥ်းစားခဲ့၏။ အမှန်ပင် အများကြီး ရှိသေးလေသည်။ “ လှူဒါန်းထားတဲ့ ဓမ္မတူရိယာ တစ်ချို့လည်း ရှိသေးတယ်။ အများကြီးတော့ မရှိပေမယ့် နောက်ကျ ကျွန်မမှာ အချိန်ရှိရင် လုပ်ပြီး ထပ်ပို့ပေးမှာ။ သူတို့ရဲ့ ပစ္စည်းတွေကို လှူဒါန်းဖို့ ပို့လာတဲ့ လူတွေကိုလည်း ကျွန်မတို့ လက်ခံမယ်။ အခမ်းအနားအတွက် တစ်ခုစီကို ငွေစ ၁၀ စ ကျမယ်”
ချန်းထုံ၏ မျက်ခွံများ တွန့်လှုပ်သွားသည်။
ပိုင်ရှင်၏ အမည်မှာ မော့ချူးရှန်းဟု သူ ကြားဖူးသည်။ သူမတွင် ဓမ္မနာမည်ပင် မရှိချေ။
ပိုင်ရှင်သည် စွမ်းအားကြီးပြီး အံ့အားသင့်ဖွယ်ကောင်းသည်ဟု သခင်ရှောင်း ပြောခဲ့ဖူးသည်။ သို့သော်လည်း...နန်းမြို့တော်၌ ထိုကဲ့သို့သော ဆရာအား မကြားဖူးပေ!?
နာမည်မကြီးသော ဆရာတစ်ယောက်ဆီမှ ဖြစ်သောကြောင့် ပစ္စည်းများမှာ မရောင်းရနိုင်ပေ။
သို့သော်လည်း ဆိုင်နေရာမှာ အံ့ဩစရာကောင်းလေ၏။ ဆိုင်အား လာစူးစမ်းချင်သော လူအချို့ ရှိကောင်းရှိနိုင်ပြီး ကံကောင်း၍ မတော်တဆ တွေ့သည်လည်း ဖြစ်နိုင်သည်။ ကုန်ကျစရိတ်အား ထိန်းသိမ်းနိုင်လောက်ရုံလောက်ပေါ့…
စျေးရောင်းရမည့်သူ သက်ပြင်းရှိုက်လိုက်သည်။ သူ့အပေါ်၌ ဝန်ထုပ်ကြီးတစ်ခု ရှိသည်ဟု တွေးလိုက်မိ၏။ ပိုင်ရှင်မှာ ပညာရှင်တစ်ယောက် ဖြစ်သဖြင့် သူမသည် တိုင်းတပါးလုပ်ငန်းများကို များ
များစားစား မသိလောက်ချေ။
ထိုအရာမှာ ကိစ္စဖြစ်သော်လည်း သူ့သခင်နှင့် “ပညာရှင်သူဌေး”ထံ၌ ထားရှိသည့် သူ၏ ယုံကြည်မှုအား သူ မဖြုန်းတီးနိုင်ပေ။
သူ ကြိုးစားပြီး လုပ်ရမယ်!
“ စိတ်မပူနဲ့ သူဌေး။ သူဌေးပစ္စည်းတွေ လုံးဝ ဖုန်မတက်စေရဘူး။ ဒီအညတရကျွန်တော်က အကောင်းဆုံး လုပ်ပေးမှာပါ!” ဆိုင်စောင့်ပေးမည့်သူက ချက်ချင်း ပြောလိုက်သည်။
ရှဲ့ချောင် ခေါင်းညိမ့်လိုက်သည်။ “ ပြီးတော့…ပထမအထပ်က ဝယ်သူတွေကို ရောင်းပေးဖို့။ ဒုတိယထပ်ကကျ လွတ်နေလိမ့်မယ်။ ဘယ်သူ့ကိုမှ မဝင်ခိုင်းနဲ့၊ အထူးသဖြင့် ခေါင်းလောင်းသံ
ကြားပြီးရင်ပေါ့”
ချန်းထုံ စိတ်ရှုပ်ထွေးသွား၏။
“ အိုး ဟုတ်သား၊ ဒါနဲ့….” ဤစကားပြောအား ပြောရန် ရှဲ့ချောင် အခက်တွေ့နေသည်။ “ ရှင် သတ္တိရှိလား?”
ချန်းထုံ ဆွံ့အသွားလေသည်။
•••••