← Chapters

စကားကတိတည်တဲ့ ကလေးလိမ္မာလေး

Vol. 8 Ch. 130

စကားကတိတည်တဲ့ ကလေးလိမ္မာလေး

Vol. 8 Ch. 130

ရှဲ့ချောင် မည်သူ့ကိုမှ ကြောက်အောင် မခြောက်လန့်ချင်ပေ။ ချန်းထုံသည် ဆိုင်စောင့်မည့်သူ ဖြစ်

သဖြင့် တစ်စုံတစ်ခုအား အာရုံခံမိပေလိမ့်မည်မှာ မလွဲဧကန်ပင်။

သူ့ကို အဆင်သင့်ပြင်ဆင်ထားစေခြင်းက သူ့ကို ကြောက်လန့်စေသည်ထက် ပိုကောင်းလေသည်။

“ ပြီးတော့ ရှင့်မိသားစုမှာ တခြား ဘယ်သူရှိသေးလဲ? တကယ်လို့…မတော်တဆဖြစ်ရင် အဲ့အတွက် လျော်ကြေးငွေစ ဘယ်လောက်ဆို သင့်လျော်မယ်ထင်လဲ?” ရှဲ့ချောင်က ထပ်ပြောလိုက်သည်။

ချန်းထုံ၏ မျက်ခွံများ ဆတ်ခနဲ တွန့်သွားသည်။

သူ ဒီနေရာမှာ ဆိုင်စောင့်ပေးမယ့်သူ လုပ်ပေးရုံ လာတာမဟုတ်ဘူးလား?

ရှဲ့ချောင် ထုတ်ပြောရုံမှတစ်ပါး မတတ်နိုင်ပေ။ သူမနှင့်အတူ သယ်လာသော အဆောင်များထဲမှ တစ်ခုကို ထုတ်ပြီး ကမ်းပေးလိုက်သည်။ “ ရှင် ဘယ်သွားသွား ဒီဟာကို ယူသွားပါ။ ကျွန်မတို့ ဒီမှာ ရောင်းတာတွေနဲ့ အကျိုးသက်ရောက်မှုအာနိသင် ကွာတယ်။ ဒါက ပိုကောင်းတယ်”

ချန်းထုံ၏ မျက်ခွံများ တဆတ်ဆတ် တွန့်လှုပ်သွား၏။

သူမသည် အမှန်ပင် ပညာရှင်တစ်ဦးဖြစ်လေသည်_သူမရဲ့ ကြိုဆိုလက်ဆောင်က ကွဲပြားနေရင်တောင်မှပေါ့။

သေမျိုးများသည် ငွေစ ပေးသည်အား ကြိုက်နှစ်သက်ကြ၏။

ကံကောင်းစွာပင် သူသည် လောဘကြီးသောသူ မဟုတ်ပေ။ ထိုအချိန်တွင် သူသည် ထိုအရာအား ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်လေသည်။

“ ကျွန်မတို့ဆိုင်ကို သုံးရက်အတွင်း ဖွင့်မှာ။ ဆိုင်ဖွင့်ရင် ကျွန်မ လာခဲ့မယ်။ ငွေစာရင်းထဲမှာ ကျွန်မ ငွေစတစ်ချို့ ထားခဲ့တယ်။ အဲဒါတွေကို ရှင် ဆိုင်ထဲမှာ ဂရုစိုက်ရလိမ့်မယ်။ အိုး ကျွန်မတို့ဆိုင်က ဝိဥာဥ်ဖမ်းတဲ့ အလုပ်လည်း လုပ်တယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ညစ်ညမ်းဆိုးရွားတာတစ်ခုခုမြင်ရရင် ကျေးဇူးပြုပြီး ကျွန်မဆီ ခိုတစ်ကောင် ပို့လိုက်ပါ”

ချန်းထုံ ထိုစကားအား ကြားကြားချင်း ဆွံ့အသွားသည်။

‘ ဒီပညာရှင်က…ညစ်ညမ်းတဲ့အရာတွေလည်း ဖမ်းတယ်လား!? အဲတာက ဒီအတိုင်း အလိမ်အညာ

တစ်ခု မဟုတ်ဘူးလား…?’

[TN/ဒီနေရာမှာညစ်ညမ်းတဲ့အရာဆိုတာ သရဲဖမ်းတာမျိုးကိုဆိုလိုတာပါ]

မည်သို့ပင်ဖြစ်စေ ချန်းထုံ ထိုအရာအား မပြောရဲပေ။ သူ တုံ့ပြန်ရုံမျှသာ ခေါင်းညိမ့်လိုက်သည်။

ဤဆိုင်စောင့်နှင့် ပတ်သက်ပြီး ရှဲ့ချောင် အလွန် ကျေနပ်နေလေသည်။ သူမသည် များစွာသော ထူးဆန်းသည့် ပစ္စည်းများကို ရောင်းသည်ဖြစ်ပြီး ဤဆိုင်စောင့်မှာ တည်ငြိမ်အေးဆေးဆဲပင် ဖြစ်သည်။ ထိုသူ့အား ကြည့်ရသည်မှာ သဘောပေါက်လက်ခံလွယ်သည့် စိတ်ထားရှိသော လူတစ်ယောက်ဖြစ်ပုံ ပေါ်လေသည်။ သူသည် အသက် ၅၀အရွယ်ဖြစ်သော်လည်း ကျန်းမာရေးကောင်းပုံပေါ်၏။ သူ့ထံတွင် လုံလောက်သော ယန်စွမ်းအင် ရှိပြီး ကံကောင်းသော မျက်နှာလည်း ရှိလေသည်။ သူ့အား ကြည့်ရသည်မှာ အခြေအနေကောင်းပုံပေါ်သဖြင့် လွယ်လွယ်ကူကူ မကြောက်နိုင်ပေ။

လုပ်ဆောင်ရမည့် အရာများအား တာဝန်ပေးပြီး သူမ၏ ပစ္စည်းများကို ထားခဲ့ကာ ရှဲ့အိမ်တော်သို့ ပြန်လာခဲ့သည်။

ယမန်နေ့က သူမခြံဝင်းထဲမှ ရေတွင်းအား အလုံးစုံ တူးပြီးသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း အိမ်ထိန်းသည် ၎င်း၏ အိပ်ရာထဲတွင် အနားယူနေသေးပုံရလေ၏။

ချွင်းအာနှင့် အဘွားဝမ်သည် ရှဲ့မိသားစုဝင်များနှင့် အကျွမ်းတဝင်ရှိပေသည်။ သူတို့သည် သခင်မလု အိမ်ထိန်းယွမ်ဆီသို့ ပစ္စည်းများပို့နေကြောင်းအား သိကြလေသည်။ ထိုအခြင်းရာမှာ ရှဲ့ချောင်အား လူဆိုး တစ်ယောက်ဟု ထင်မြင်အောင် ပြုလုပ်နေလေသည်။

“ ငါ့မောင်လေး ခုထိ သစ်ပင်ပေါ်မှာ ချိတ်ထားခံရတုန်းလား?” ရှဲ့ချောင် သိချင်စိတ်ဖြင့် မေးလိုက်သည်။

ချွင်းအာ ခေါင်းညိမ့်၏။ “ သူ ဒီနေ့ အပြစ်မဝန်ခံရင် ရိုက်ခံရဦးမှာပါ”

“ အစ်ကိုအကြီးဆုံးက သေချာပေါက်ကို တိရစ္ဆာန်တစ်ကောင်ပဲ” ရှဲ့ချောင် မပွင့်တပွင့် ရေရွတ်လိုက်သည်။

“ ငါ့မောင်လေးကို ငါ သွားကြည့်လိုက်ဦးမယ်”

ရှဲ့ဖင်းဟွိုက်ကြည့်ရသည်မှာ အားနည်းနေပုံ ပေါ်လေသည်။ ကံကောင်းစွာပင် ရှဲ့ဖင်းကန်းသည် သူ့အား ဇောက်ထိုး ချိတ်မထားခိုင်းပဲ ဆင်ခြင်တုံတရားရှိ၍ တော်သေးသည်။ သို့မဟုတ်

ပါက သူ မသန်မစွမ်းဖြစ်လျှင်ဖြစ် သို့မဟုတ် ပိုဆိုးလျှင် သေသွားနိုင်ပေ၏။

မည်သို့ပင်ဖြစ်စေ သူ နေလို့မကောင်းပေ။

သူ သစ်ပင်အောက်တွင် တွဲလောင်းချိတ်ခံထားရသော်လည်း ထိုနေ့အတွင်း အတော်လေး ပူနွေးခဲ့လေသည်။ သူ တစ်ခုခုအား စားသောက်နိုင်ရုံမျှသာ ဖြစ်သည်။ မည်သူမျှ သူ့အား စကားမပြောခဲ့ကြသည်ဖြစ်ပြီး သူ မူးဝေနေလေ၏။ ထိုသည်မှာ အလွန် သနားစရာကောင်းပေသည်။

ထိုနေရာ၌ ရှဲ့ချောင်ရှိနေသည်ကို သတိထားမိပြီး ရှဲ့ဖင်းဟွိုက် စတင်၍ ငိုယိုမြည်တမ်းတော့သည်။ “ ကျွန်တော့်ကို ကယ်ပါဦး၊ အကြီးဆုံးအစ်မ…ကျွန်တော်က အစ်မရဲ့ တစ်ဦးတည်းသော မောင်လေးလေ! အစ်ကိုကြီးက ကျွန်တော့်ကို ဒီလို နှိပ်စက်နေတာကို ဘယ်လိုလုပ် သည်းခံပြီး ကြည့်

နေနိုင်ရတာလဲ…ကျွန်တော် အဲ့ဒီကျောက်စိမ်းကို လက်မခံခဲ့သင့်ဘူး။ ကျွန်တော်ကိုက ကံဆိုးတာ!”

ရှဲ့ချောင် သစ်ပင်အောက်တွင် ထိုင်လိုက်သည်။

“ အစ်ကိုကြီးကို မင်း ဘာလို့ အမှား ဝန်မခံတာလဲ?” ရှဲ့ချောင် ညင်သာစွာ မေးလိုက်၏။

“ ကျွန်တော်က ဘာလို့ အဲ့လိုလုပ်ရမှာလဲ?!! ကျွန်တော် တမင် ကျောက်စိမ်းကို ပျောက်သွားတာမှ မဟုတ်တာ! ကျွန်တော် မလုပ်ဘူး၊ ကျွန်တော် လုံးဝ အမှား ဝန်မခံဘူး!” သူသည် အတော် ခေါင်းမာသည်ပင်။

ရှဲ့ချောင် မျက်ခုံးပင့်လိုက်သည်။ “ မင်း ငါ့ကို ငွေစ ၁သောင်း အကြွေးတင်သွားပြီ။ မင်း ငါ့ကို ပေးဖို့ မျှော်လင့်ပါတယ်နော်?”

ရှဲ့ဖင်းဟွိုက် ရင်ထဲ နာကျင်မှုအား ခံစားလိုက်ရသည်။ “ အကြီးဆုံးအစ်မ…ဒီလိုအချိန်မှာ ဘာလို့ ကျွန်တော့်ကို လန့်အောင်လုပ်နေရတာလဲ…”

“ မင်းက စကားတည်တဲ့ ကလေးလိမ္မာလေးလားဆိုတာ သိချင်ရုံပါ” ရှဲ့ချောင် လေးနက်မှုအလုံးစုံဖြင့် ပြောလိုက်သည်။

ရှဲ့ဖင်းဟွိုက် ယခင်က ထိုကဲ့သို့ ဖော်ပြချက်မျိုးအား မကြားခဲ့ဖူးပါ။

လိမ္မာတဲ့ကလေးလား?

သူ့အသက် ၁၂နှစ်တောင် ရှိနေပြီ_သူ ကလေးတစ်ယောက် မဟုတ်တော့ဘူး!

“ ကျွန်တော့်မှာ အခု ပိုက်ဆံမရှိဘူး။ ကျွန်တော် အပင်ပေါ်က ဆင်းရတဲ့အချိန်ကျ အမေ့ဆီက တောင်းလိုက်မယ်လေ” ရှဲ့ဖင်းဟွိုက် ပြောလိုက်သည်။

“ အဲဒါ အလုပ် မဖြစ်ဘူး။ ရှဲ့မိသားစုရဲ့ ပိုက်ဆံတစ်စိတ်တစ်ပိုင်းက ငါနဲ့လည်း သက်ဆိုင်တာပဲ။ မင်း ပိုဖြုန်းရင် အနာဂတ်မှာ ငါ့ခန်းဝင်ပစ္စည်းဖိုးတွေ မရှိပဲနေလိမ့်မယ်။ ဒါအဓိပ္ပါယ်ရှိတယ်လို့ မင်းထင်လား?” ရှဲ့ချောင် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။

ရှဲ့ဖင်းဟွိုက် ထိုသည်နှင့်ပတ်သက်၍ အများကြီး မစဥ်းစားပေ။ “ ဒါဆို အဖေ့ကို ပိုက်ဆံ ပိုရှာခိုင်းလိုက်ရုံပဲလေ...”

••••

All Chapters