ကျောက်စိမ်းတစ်ခုထက် ပိုကောင်းတယ်!
Vol. 8 Ch. 131
ရှဲ့ဖင်းဟွိုက်သည် ရှဲ့ဖင်းကန်းလောက် အရပ်မရှည်သော်လည်း ရုပ်ရည်ချောမောသည်ဟု ယူဆနိုင်ပေသည်။
လက်ရှိတွင် သူသည် ချိတ်ဆွဲခံထားရသည့်အတွက် အတော်လေး သနားစရာကောင်းနေ၏။
ရှဲ့ချောင်သည် ထိုအကြောင်းကိုတွေးပြီး ပြောလိုက်သည် " ဒီလိုဆိုရင်ရော ဘယ်လိုလဲ? မင်းကို အောက်ချပေးဖို့ အတွက် အစ်ကိုကြီးကို တောင်းပန်ပေးမယ်။ ဒါပေမယ့် မင်း ငါ့ကို တစ်ခုတော့ ကတိပေးရမယ်"
" ကျွန်တော့်ရဲ့အစ်မကြီး၊ ကျွန်တော့်ကို အစ်မ ကယ်
သရွေ့ တစ်ခုမပြောနဲ့ ဆယ်ခုဆိုရင်တောင် ကတိပေးနိုင်တယ်ဗျာ!"
" အစ်မရဲ့ မောင်လေးက အရမ်း ရက်ရောနေတာဆိုတော့လည်း ဒါဆို မင်းကို ဆယ်ခုတောင်းဆိုရမှာပေါ့" ရှဲ့ချောင် အလွန်ပျော်နေ၏။ " ငါ စာချုပ်တစ်ခုရေးလိုက်မယ်၊ မင်းက အဲ့ဒီမှာ လက်မှတ်ထိုးပြီး တံဆိပ်တုံးထုရမယ်။ ငါ မင်းကို ချက်ချင်းကယ်ပေးမယ်။ ဒါပေမယ့် မင်းသာ မင်းရဲ့စကားကို ပြန်ရုတ်သိမ်းခဲ့မယ်ဆိုရင်…ငါ အစ်ကိုကြီးကို မင်းက စကားကတိလည်း မတည်ဘူး၊ ငါ့ကိုလည်း ကြမ်းကြမ်းတမ်းတမ်းပြုမူတယ်၊ နောင်တလည်းမရဘူးလို့ ပြောမှာ–"
ရှဲ့ဖင်းဟွိုက်သည် စစချင်းတွင် အံ့သြလွန်း၍ စကားမပြောနိုင်ခဲ့။ သို့သော်လည်း သူသည် သူမ စကားကိုနားထောင်ပြီးနောက် ချက်ချင်းပင် တုံ့ပြန်လိုက်သည် " ကောင်းပြီ၊ ကောင်းပြီ! တော်ပါတော့…ကျွန်တော် စကားကို ပြန်မရုတ်သိမ်းဘူး!"
သူ့မှာ ဒီလို ပြစ်မှုတွေများနေရင် ဘယ်လိုလုပ် ရှင်သန်နိုင်တော့မှာလဲ?!
ရှဲ့ချောင်ပြုံးလိုက်၏။ သူမ စာရွက်နှင့်မင်ကို ထုတ်ယူလိုက်သည်။
သူမ ရေးပြီးသွားသောအခါ ထိုင်ခုံပေါ်ခြေလှမ်းလိုက်ပြီး ရှဲ့ဖင်းဟွိုက်အား လက်ဗွေနှိပ်စေခဲ့သည်။
လက်ဗွေနှိပ်ခြင်း ပြီးဆုံးသွားသည်နှင့် သူမ သူ့အား ချက်ချင်း အောက်ချပေးခဲ့သည်။
" အကြီးဆုံးအစ်မ၊ ကျွန်တော်ဆင်းလာလို့ရတယ်ဆိုတာ သေချာရဲ့လား? အစ်ကိုကြီး လာတဲ့အချိန်ကျ ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ?" ရှဲ့ဖင်းဟွိုက်သည် သူ၏ လက်မောင်းများနှင့် လည်ပင်းကို ပွတ်သပ်နေရင်း ကျောကို ကွေးထားလေသည်။
ရှဲ့ချောင် ထိုအကြောင်းအား တွေးပြီး ပြောလိုက်သည် " သေရမှာထက်စာရင် ဒါကိုပဲ လုပ်မယ်ဆိုပြီး မင်း သူ့ကိုပြောလိုက်လေ။ ပြီးတော့ ဒါကိုလုပ်ဖို့ မရမကတောင်းဆိုနေလို့ ငါမင်းကို မတားနိုင်ခဲ့ဘူးဆိုပြီးတော့လေ"
နောက်တစ်စက္ကန့်တွင် ရှဲ့ဖင်းဟွိုက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ ပြန်လှည့်လိုက်ပြီး သစ်ပင်ပေါ် ထပ်တက်သွားလေ၏။
" စနေတာပါ" ရှဲ့ချောင် မတတ်နိုင်ပဲ ရယ်မိသွားခဲ့သည်။
'ဒီကလေးက ဘာလို့များ တအား တုံးရတာလဲ?'
ရှဲ့ဖင်းဟွိုက် သူမအား ရှုပ်ထွေးနေသော အမူအရာနှင့် တစ်ချက်ကြည့်လိုက်၏။
သူ့တွင် အစ်မကြီးတစ်ယောက်ရှိသည်ဟု သူ့အဖေက ပြောခဲ့ဖူးသည်။ သူမသည် နူးညံ့ညင်သာပြီး ဉာဏ်အမြော်အမြင်ရှိကာ သူမ၏ ခန္ဓာကိုယ်မှာ အားနည်းသည်ဟု ပြောပြခဲ့သည်။ သူမသည် သူတို့အား အလွန်ချစ်သည်ဖြစ်သောကြောင့် ဒေသထွက်အစားအသောက်များကို ပို့ပေးရန်လည်း လူများလွှတ်ပေးတတ်သည်။
အမှန်စင်စစ်တွင်တော့…
သူမ၏ ခန္ဓာကိုယ် အားနည်းသည် ဆိုသည်မှာ မှန်သော်လည်း သူမဘယ်လောက် နူးညံ့ညင်သာသည်ကိုတော့ သူ မမြင်တွေ့ရပေ။
ထို့အပြင် သူ့အစ်မ ပြုံးသည့်အခါတွင်လည်း အတော်လေး ကြောက်စရာကောင်းသည်ဟု တွေးမိပြီး ဘာကြောင့် ထိုသို့ခံစားရသည်ကိုလည်း သူ မသိ
ခဲ့ပေ။
သူမသည် သူ့အပေါ် အလွန်ချစ်ခင်သည်ဟုလည်း ဆိုလေသည်… သူမက ချစ်ခဲ့လို့လား?
" ငါတို့တွေ အစ်ကိုကြီး အိမ်ပြန်လာတာကိုစောင့်ရင်း တစ်ခုခုစားကြရအောင်" ရှဲ့ချောင် ပြုံးလိုက်၏။
ရှဲ့ဖင်းဟိုက် လေးဖင့်စွာ ခေါင်းညိမ့်လိုက်သည်။
ယနေ့ သူ အရိုက်ခံရခြင်းမှ လွတ်မြောက်နိုင်ရန် မျှော်လင့်သည်။ သူ၏ အစ်ကိုကြီးသည် မိသားစု၏ ကံကြမ္မာအတွက် ရှဲ့ဖင်းဟွိုက် သူနှင့်တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် သူ့အား သတ်ချင်နေပေလိမ့်မည်!
ရှဲ့ဖင်းကန်း အိမ်သို့ပြန်ရောက်သောအခါ ရှဲ့ဖင်းဟွို
က်တစ်ယောက် ရှဲ့ချောင်နှင့် အဆာပြေမုန့်များ စားနေသည်ကို တွေ့လိုက်ရလေသည်။ သူသည် နင်သွားမည်ကို မကြောက်ဘဲ တစ်ကိုက်လျှင် မုန့်တစ်ခု နှုန်းနှင့် စားနေလေ၏။
" အဟမ်း" သူ ချောင်းဟန့်လိုက်သည်။
ရှဲ့ဖင်းကန်းသည် ကြောက်အားလန့်အားနှင့် ချက်ချင်းထရပ်လိုက်၏။ သူ့လက်ထဲရှိ မုန့်မှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ခြေထောက်များမှာလည်း အလိုလို တုန်ယင်နေလေသည်။
" အစ်ကိုကြီး ဒါကို ကြည့်လိုက်" ရှဲ့ချောင်သည် ပြုံးလျက် လမ်းလျှောက်လာခဲ့ကာ သူမလက်ထဲရှိ အရာအား ရှဲ့ဖင်းကန်းကို ပြလိုက်သည်။ " သူဒါကို သူကိုယ်တိုင် လက်မှတ်ထိုးခဲ့တာ၊ ဒီဟာနဲ့ဆိုရင် သူရဲ့ လစဉ်ထောက်ပံ့ငွေ အားလုံးကို ညီမလေးတို့ သိမ်းနိုင်မယ် မဟုတ်လား?"
ရှဲ့ဖင်းကန်း၏ မျက်ခွံများ လှုပ်သွားခဲ့သည်။ " ဘယ်-ဘယ်လိုလုပ်ပြီး မင်း ဒီအရူးကို လက်မှတ်ထိုးဖို့ သဘောတူအောင် လုပ်နိုင်ခဲ့တာလဲ"
သူရှဲ့ဖင်းဟွိုက်ကို လက်ညှိုးထိုးပြီး ငေါက်လိုက်သည်။ " မင်း ငတုံးလား? ဘယ်လိုလုပ်ပြီး ဒီလိုမျိုး မင်းကိုယ်မင်း ရောင်းစားနိုင်ရတာလဲ? အရမ်းကို တုံးလိုက်တာနော်! မင်းအပြင်သွားရင် မင်းရဲ့ မျိုးရိုးနာမည် က 'ရှဲ့' ဆိုတာ လူတွေကို မပြောပြမိစေနဲ့! မင်းက ငါ့ကို အရှက်ရစေတာပဲ!”
ရှဲ့ဖင်းကန်း၏ မျက်နှာအမူအရာမှာ သူ့အား ဆူပူပြီးလျှင်ပြီးချင်း ပြောင်းလဲသွားခဲ့သည် ။သူသည် ရှဲ့ချောင်ကို ပြုံးပြပြီး ပြောလိုက်သည်။ " ဒါမှန်တယ်၊ မှန်တယ်။ သူသာ အပြည့်မပေးချေဘူးဆိုရင် ဟီးဟီးဟီး။ ငါသူ့ကို ရိုက်ဖို့ ခွင့်ပြုချက်ရပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူငါ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလေ"
ရှဲ့ဖင်းဟွိုက် မှားယွင်းသည့်တစ်ခုခုအား လုပ်ခဲ့မိ
သလို ခံစားလိုက်ရသည်။
ချိတ်ဆွဲခံထားရချိန်တွင် သူအတော်လေး စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် သတ်မှတ်ချက် ဆယ်ခုကို ချက်ချင်း သဘောတူခဲ့သည်ဖြစ်၏။
သူရဲ့ အကြီးဆုံးအစ်မက ဘယ်လိုတောင် အရမ်းကို အရှက်မရှိရတာလဲ!?
" အစ်ကိုကြီး၊ အဲ့ဒီကျောက်စိမ်းက ဘယ်လိုပဲဖြစ်ဖြစ် အသုံးဝင်တာမှ မဟုတ်ပဲကို။ အစ်ကိုကြီးကို ဆရာသခင်တစ်ယောက် ရစေလောက်ရုံပဲ။ အစားထိုးလို့မရနိုင်တဲ့ ကျောက်စိမ်းတွေလိုလဲ မဟုတ်ဘူး"
ရှဲ့ချောင် ပြုံးရယ်လိုက်သည်။ " အဲဒီ့ အကြောင်းမေ့လိုက်ပါ။ အခု ညီမလေးတို့မှာ ဒါရှိနေပြီ။ ဒါက ကျောက်စိမ်းထက် ပိုပြီး ကောင်းတယ်။"
••••