← Chapters

ဟာသ

Vol. 8 Ch. 133

ဟာသ

Vol. 8 Ch. 133

ရှဲ့ချောင် သူမမောင်လေးအား ကြည့်လိုက်၏။ သူမလက်ထဲမှ စာချုပ်အား သိမ်းထားလိုက်စဉ်တွင် သူမ၏ မျက်လုံးများ၌ ပြုံးရိပ်ထင်နေလေသည်။

" မင်းဒီနေ့ကစပြီးတော့ ရှောင်းယွီရုန်ဆီကို သွားရမယ်။ မင်းသူ့ကို ဖက်တွယ်တာဖြစ်ဖြစ် တွန်းအားပေး

တာပဲ ဖြစ်ဖြစ်၊ သူမင်းကို သူ့ရဲ့ တပည့်အဖြစ် ခေါ်ယူဖို့ ဆန္ဒရှိနေသရွေ့ ဒီစာချုပ်က အကျုံးမဝင်ဘူး။ မင်း အဲဒါကို လုပ်ဖို့ ကျရှုံးတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အများဆုံးမှ…အစ်ကိုကြီးနဲ့ ငါ့မှာ မောင်တစ်ယောက် လျော့သွားရုံပေါ့။ ဘာမှမဖြစ်ပါဘူး" ရှဲ့ချောင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

" အစ်မတို့က ကျွန်တော့်ကို အနိုင့်ကျင့်နေကြတာပဲ!" ရှဲ့ဖင်းဟွိုက် ဒေါသထွက်သွားခဲ့၏။

ဒါ အစ်ကိုအကြီးဆုံးနဲ့ အစ်မအကြီးဆုံး လုပ်သင့်တဲ့ပုံလား? သူတို့က သူ့ကို သတ်နေကြတာဘဲ!

" ဟုတ်တယ်၊ အမှန်ပဲ။ ငါတို့ မင်းကို အနိုင်ကျင့်နေကြတာ၊ တောင်းပန်ပါတယ်" ရှဲ့ချောင်သည် ခေါင်းဖွဖွညိတ်ကာ ရှဲ့ဖင်းဟွိုက်အား အပြစ်ရှိစိတ်နှင့် ကြည့်လိုက်သည်။

ရှဲ့ဖင်းဟွိုက် တုန်ယင်ကာ စိတ်ဆိုးနေလေသည်။

“ ဘယ်- ဘယ်လိုလုပ်ပြီး အစ်မက အစ်ကိုကြီးထက်ပိုပြီး ဆိုးရွားနိုင်ရတာလဲ?" ရှဲ့ဖင်းဟွိုက် မယုံကြည်နိုင် ဖြစ်နေလေ၏။ “ ကျွန်တော် အစ်မကို တကယ်သဘောကျခဲ့တာလေ!”

“ ဒါဆိုရင် မင်းဆိုလိုတာက…မင်း အခု ငါ့ကို သဘောမကျတော့ဘူးပေါ့?!” ရှဲ့ချောင် သူ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် သူမ၏ ရင်ဘတ်ကို ဖိအုပ်လိုက်ကာ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူမ၏ ပုံစံမှာ ထိခိုက်နာကျင်သွားသကဲ့သို့ သူမမျက်နှာမှာ ဖြူဖျော့နေလေသည်။ ကြည့်ရသည်မှာ ထိတ်လန့်စရာပင်။

“ မင်းဒီလိုမျိုးတွေးတာက…ကောင်းတာပေါ့" ရှဲ့ချောင်၏ ဖြူရော်နေသော မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ရှိနေခဲ့သည်။ “ မင်းကတိပေးခဲ့သလိုမျိုး လုပ်တာ ကောင်းတယ်။ မင်းကို ကောင်းပေးနေ

စရာ မလိုတော့ဘူး"

သူမ၏ ခံစားချက်များအား ထုတ်ဖော်ပြရခြင်းကို သူမ မုန်း၏။ ထိုအရာမှာ အလွန်များသွားပြီဖြစ်သည်။

ရှဲ့ဖင်းဟွိုက်သည် မျက်လုံးများ ပြူးကာ စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

" ငါ ဘာပြောခဲ့လဲဆိုတာ သတိရပါ။ မင်း အဲ့ဒီကို တွားသွားပြီးသွားရမယ်ဆိုရင်တောင် မနက်ဖြန်ကျရင် ကျောင်းတော်က ရှောင်းသခင်ကြီးရဲ့ အိမ်တော်ကို သွားရမယ်” ရှဲ့ချောင် ထပ်ဖြည့်ပြောလိုက်သည်။

ရှဲ့ချောင်သည် ထိုကဲ့သို့သောစကားကို အေးအေးဆေးဆေးနှင့် အရှက်မရှိပြောနိုင်လောက်သည်အထိ ရက်စက်လှသည်ဟု ရှဲ့ဖင်းဟွိုက် မတွေးပဲ မနေနိုင်ခဲ့။

ကောင်းတယ်…

ရှဲ့ဖင်းဟွိုက် ရူးသွားတော့မလို ခံစားနေရသည်။

သို့သော်လည်း သူ ဆိုးယုတ်သော စကားများကို မပြောနိုင်၊ အထူးသဖြင့် သူ၏ အစ်မကြီးကိုပင်!

သူ၏ အစ်ကိုကြီး သူ့အား အနိုင်ကျင့်ခဲ့သည့်အချိန်က ထိုအစ်ကိုကြီးတစ်ယောက် တစ်နေ့တွင် လည်ပင်းကျိုးသွားရန် တိတ်တဆိတ် မျှော်လင့်ခဲ့ဖူးသည်။ သို့သော်လည်း သူ၏ အစ်မကြီးက ထိုသို့ပြုမူသောအခါတွင်မူ သူ မမုန်းနိုင်ခဲ့ပေ!

သူ၏ အစ်မကြီးသည် စင်စစ်ပင် အလွန်ကြောက်စရာကောင်းလှ၏။

သူမသည် အသိမ်မွေ့ဆုံးသော လေသံလေးဖြင့် ထိတ်လန့်စရာကောင်းသည့် အရာများအား ပြောတတ်လေသည်။ သူမအား မုန်းရန် သူ့ကိုယ်သူပင် မလုပ်ဆောင်နိုင်ပေ!

ရှဲ့ဖင်းဟွိုက်မှာ မတရားသဖြင့် ခံစားရသည့်အတွက် ငိုကြွေးလေတော့သည်။

ထိုစဉ်တွင် ရှဲ့ချောင်သည်တော့ ကျေနပ်အားရစွာဖြင့် ထွက်သွားခဲ့လေသည်။

ရှဲ့ဖင်းကန်းသည် အလွန်ကိုပျော်ရွှင်နေခဲ့သည်။ " ငွေစတွေ မင်းသုံးလို့ အကုန်ကုန်သွားတဲ့အခါကျရင် မင်းအမေ့ဆီကနေတောင်းလိုက်။ ငါနဲ့ မင်းရဲ့အစ်မကြီးကတော့ ဘာမှပေးမှာ မဟုတ်ဘူး"

ရှဲ့ဖင်းဟွိုက်မှာ မိုးပြိုသွားသလိုပင် ခံစားလိုက်ရတော့သည်။

သူ ကောင်းမွန်သည့်ဘဝတစ်ခု၌ ထပ်မံနေရတော့မည် မဟုတ်ပေ!

ဒုတိယနေ့တွင် တော်ဝင်ကျောင်းတော်ထဲ၌ တုန်လှုပ်ဖွယ်သတင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။

ကျီစားတတ်ပြီး ထိန်းမနိုင်သိမ်းမရသည့် ဒုတိယသခင်လေးရှဲ့သည် အဆာပြေမုန့်တစ်ဘူးကို ယူဆောင်ကာ ဆရာရှောင်း၏ အိမ်တံခါး၌ ပြုံးလျက် မတ်တပ်ရပ်နေခဲ့လေ၏။ သူသည် သူ့အား(ဆရာရှောင်း) သူ၏ ဆရာအဖြစ် ခေါ်ဆောင်ရန် ဒူးထောက်နေခဲ့သည်!

ထိုသတင်းပြန့်သွားသောအခါ လူတော်တော်များများသည် ရှဲ့ဖင်းဟွိုက်တစ်ယောက် ရူးသွားပြီဟု ထင်ခဲ့ကြသည်။

" ရှဲ့ချောင်၊ နင့်မောင်လေးက တကယ့်ကို ရဲတင်းတာပဲနော်။ သူ ဆရာရှောင်းကို သွားပြီး ရှုပ်ရဲ…" ရှဲ့မိသားစုအား အမြဲချစ်ခင်နှစ်သက်ခဲ့သည့် ချင်လျို့သည်ပင် ရှဲ့ဖင်းဟွိုက်အား မနေနိုင်ဘဲ ကျီစယ်မိလေသည်။

" မဟုတ်ဘူး၊ ငါ့မောင်လေး ဆရာရှောင်းကို သူရဲ့ဆရာအဖြစ် ခေါ်ယူဖို့က ဟန်ဆောင်နေတာ မဟုတ်ဘူး " ရှဲ့ချောင်သည် လေးလေးနက်နက် ဖြစ်နေပုံပေါ်သည်။

ချင်လျို့တစ်ယောက် ဆွံ့အသွားခဲ့သည်။ “ နင် နောက်နေတာလား? အပြင်မှာရှိတဲ့သူအကုန်လုံးက ရှဲ့ဖင်းဟွိုက် အလောင်းအစားရှုံးသွားလို့ ဒီလိုလုပ်နေတာဆိုပြီး ပြောနေကြတယ်နော်…"

ရှဲ့ချောင်သည် ထိုသို့ဖြစ်လာရန် မျှော်လင့်ခဲ့သည်ပင်။ ရှဲဖင်းဟွိုက်တွင် နာမည်ဆိုးရှိသည်ဖြစ်

သောကြောင့် တပည့်တစ်ယောက် ဖြစ်လာရန်အတွက် သူ့စိတ်ရင်းစစ်မှန်ကြောင်းအား မည်သူမျှ ယုံကြည်ကြမည်မဟုတ်။

“ တကယ်တော့ ရှဲ့ဖင်းဟွိုက်က လူတွေပြောကြသလို ဆိုးနေတာလို့တော့ ငါ မထင်ဘူး။ သူ ကျောင်းတော်ကို ဝင်ဝင်ချင်းတုန်းက အတော်လေး စဉ်းစားချင့်ချိန်တတ်တာကို ငါမှတ်မိတယ်။ သူက တခြားသူတွေနဲ့ ကစားဖို့ ပျော်စရာကောင်းတဲ့ အရာလေးတွေ ယူလာတတ်တယ်။ ဒါပေမယ့်လည်း သူ့ကို ပယ်ထားခံခဲ့ရတယ်။ ဒါက အတော်လေး ကြီးတဲ့ပြဿနာတစ်ခု ဖြစ်ခဲ့တာ။ ကျောင်းတော်က ရန်ဖြစ်တာကို တားမြစ်ထားလို့ သူတို့ အပြင်ဘက်မှာ ရန်ဖြစ်ခဲ့ကြတယ်လေ"

ဤကျောင်းတော်တွင် ရန်ဖြစ်သည်က လူသိရှင်ကြားမဖြစ်သင့်ပေ၊ မဟုတ်ပါက သူတို့အတွက် နစ်နာမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သူတို့သည် ကျောင်းတော်ထဲတွင် အရေးကိစ္စများကို ချုပ်တည်းထားရန် လိုပေသည်။

“ ဒါကြောင့်မို့လို့ သူတပည့်တစ်ယောက်ဖြစ်လာချင်တာကို လှောင်ရယ်နေတဲ့သူတွေ အများကြီးရှိနေလိမ့်မယ်ဆိုတာ ငါသေချာတယ်? လာမယ့်ရက် နည်းနည်းလောက်ကျရင် အလောင်းအစားတစ်ခု ရှိလာလိမ့်မယ်လို့ နင်ထင်လား?" ရှဲ့ချောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

••••••••

All Chapters