ကိုယ်လုပ်တော်မှ ပြုစုပျိုးထောင်ခဲ့သော
Vol. 8 Ch. 134
ရှဲ့ချောင်၏ မေးခွန်းမှာ ချင်လျို့အား ဆွံ့အသွားစေခဲ့သည်။ “ တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင်မှ သူအောင်မြင်မှာလို့ ဘယ်သူမှ လောင်းမှာ မဟုတ်ဘူး။ ဒီအလောင်းအစားက ဖြစ်လာမှာ မဟုတ်ဘူးရယ်။ ပြီးတော့ နင်က နန်းမြို့တော်ကို ရောက်ကာစမလို့ နားမလည်သေးတာ။ ဆရာရှောင်းက အတော်လေး ခေါင်းမာတယ်ဟ။ အခုချိန်ထိ သူရဲ့ လက်အောက်မှာ ဘယ်ကျောင်းသားကိုမှ မခေါ်ခဲ့ဖူးဘူး။ ကျောင်းသားတွေမှာ အံ့အားသင့်လောက်စရာ ပါရမီစွမ်းရည်တွေ ရှိနေရင်တောင်မှ ဆရာရှောင်းက ဘယ်တော့မှ စိတ်မကျေနပ်ဘူး"
တစ်စုံတစ်ယောက်သည် တပည့်တစ်ဦး လက်ခံလိုက်သည်နှင့် ၎င်းထံတွင် သွေးတစ်ဝက် သားတစ်ယောက် ရှိသည်ဟု ဆိုလိုသွားပေသည်။ တပည့်ရင်း
သည် ကျောင်းတော်ရှိ ကျောင်းသားများနှင့် နှိုင်းယှဉ်လျှင် မတူကွဲပြားစွာ ဆက်ဆံခြင်းကို ခံရပေမည်။ သဘာဝကျစွာပင် ထိုကိစ္စအား ဂရုပြုလုပ်ဆောင်သင့်ပေ၏။
အကယ်၍ သူသည် ဆရာကဲ့သို့ ပြဿနာရှာတတ်သည့် တပည့်တစ်ယောက်အား ခေါ်ယူခဲ့ပါက သူ၏ တစ်သက်တာ ဂုဏ်သတင်းသည် ပျက်စီးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ရှဲ့ဖင်းဟွိုက်မှ ဆရာရှောင်း၏ ဂုဏ်သတင်းအား ထိခိုက်စေနိုင်သည့် အချက်အလက်ရှိသရွေ့ ဆရာရှောင်းသည် ရှဲ့ဖင်းဟွိုက်အား တပည့်အဖြစ် ဘယ်တော့မှလက်ခံမည် မဟုတ်ပေ။
သို့သော်လည်း ရှဲ့ချောင်သည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
သူမသည် အလွန် ဆင်းရဲလွန်း၏။
တစ်စုံတစ်ယောက်မှ အလောင်းအစားလုပ်ရန် ဆန္ဒရှိခဲ့မည်ဆိုလျှင် လအနည်းငယ်ကြာပြီးနောက်တွင် သူမ ပမာဏများစွာ အနိုင်ရပေလိမ့်မည်။
ချင်လျို့အတွက် ရှဲ့ဖင်းဟွိုက်အကြောင်းအား များစွာပြောရန်မှာ မသင့်တော်ပေ။ နောက်ဆုံးတွင်တော့ ရှဲ့ဖင်းဟွိုက်အား ချီးမွမ်းရန်အတွက်လည်း သူမ တစ်ခုမှ ရှာမတွေ့သောကြောင့် အခြားအကြောင်းအရာတစ်ခုသို့သာ ပြောင်းလိုက်လေတော့သည်။
“ တပည့်လက်ခံတဲ့အကြောင်းဆိုလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က အိမ်ရှေ့စံမင်းသားက တပည့်တစ်ယောက် ခေါ်ယူချင်နေတယ်လို့ ငါကြားလိုက်တယ်။ ဒါပေမယ့်လည်း ဒီသတင်းပြန့်သွားချိန်တုန်းက အဲ့တာတကယ်ဖြစ်နေတာ မဟုတ်ဘူးဆိုတာ ငါတို့ တွေ့လိုက်ရတယ်။ ဒီနေ့ တစ်ယောက်ယောက်က မေးလိုက်တော့ နန်းတွင်းသက်တော်စောင့်ကျို့ ပြောတာက ဒီအတိုင်း သတင်းမှားသက်သက်ပဲတဲ့။ ဘာတွေဖြစ်ခဲ့တာလဲ ငါ သိချင်လိုက်တာ" ချင်လျို့က
ပြောလိုက်၏။
သူမကို နန်းတွင်းသက်တော်စောင့်ကျို့ ရှာခဲ့စဉ်က ပြောသွားခဲ့သည်များအား ရှဲ့ချောင် ပြန်တွေးလိုက်သည်။
သူမတွင် အိမ်ရှေ့စံမင်းသားမှ သူမအား တပည့်အဖြစ် ခေါ်ယူချင်နေသည်ဟူသော ခံစားချက်ရေးရေး ရှိနေ၏။
ရှဲ့ချောင်သူမကိုယ်သူမ အတ္တကြီးသည်ဟု တွေးမိသွားခဲ့သည်။ သူမသည် အလွန်ထူးချွန်နေရုံမျှသာ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူမကဲ့သို့ သူမတူအောင်ကျွမ်းကျင်သူများမှာ ဆရာမဲ့မနေပေ။
အိမ်ရှေ့စံမင်းသား တပည့်ခေါ်ယူချင်နေသည့်အကြောင်းအား သိချင်နေသူများမှာ အများကြီးမရှိလှပေ။ သူသည် အမြဲ ခန့်မှန်းရခက်သူတစ်ဦးဖြစ်သောကြောင့်သာ ဖြစ်၏။ ထို့ကြောင့် မည်သူကမှ ဘာကိုလုပ်ရမည်ဆိုသည်ကို အတိအကျ မသိကြချေ။
အခြားတစ်ဖက်တွင်တော့ ရှဲ့ဖင်းဟွိုက်သည် အာရုံစိုက်ခြင်းများစွာကို ခံနေရ၏။
ရှဲ့ဖင်းဟွိုက်သည် အတန်းတစ်ခုပြီးသည်နှင့် ဆရာရှောင်း၏ ခြံဝန်းဆီသို့ ထပ်သွားခဲ့ပြန်သည်။ သူသည် ထိုနေရာတွင် ဒူးထောက်နေခဲ့ပြီး မထခဲ့ပေ။
ဖြတ်သွားဖြတ်လာများမှာ သူ့အကြောင်းအား ပြောဆိုနေကြလေသည်။
ကံကောင်းစွာပင် ရှဲ့ဖင်းဟွိုက်သည် အရေထူ၏။ သူ
အရှက်ရသည်အား မတွေးခဲ့။ သူ အဓိက စိုးရိမ်သည်မှာ အရိုက်ခံရမည်ကိုသာ ဖြစ်၏။
ရှဲ့ချောင် တစ်ချက်လောက်ကြည့်ရန် သွားခဲ့သည်။ သူမ၏မောင်လေးသည် အနည်းဆုံးတော့ ရိုးသားသည်ဟု သူမ ထင်ခဲ့လေသည်။
“ ဟ၊ ငါတော့ ရှဲ့ဖင်းဟွိုက်ရဲ့ခေါင်း တစ်ခုခုမှားနေတယ်လို့ ထင်တယ်။ အခု သူက သူ့ညီမထက်တောင် ပိုပြီး ရူးမိုက်တဲ့ဟာကို လုပ်နေတာပဲ! ဆရာရှောင်းဆိုတာ ဘယ်သူမို့လို့လဲ? သူ ရှဲ့ဖင်းဟွိုက်ကို မြင်ရင် ကန်ထုတ်ပစ်မယ်လို့ ငါထင်တယ်!?" လူတစ်ယောက်သည် လူအုပ်ကြားထဲတွင် ရယ်မောရင်း ပြောနေလေ၏။
ရှဲ့ဖင်းဟွိုက်သည်သာ ဆရာတစ်ယောက်အား ကျောက်စိမ်းဖြူနှင့် တောင်းဆိုမည်ဆိုလျှင် ရှက်စရာကောင်းလိမ့်မည်မဟုတ်ပေ။
သူ့အစ်မ၏ အဆက်အသွယ်ဖြင့်ဆိုလျှင် သူမသည် သေချာပေါက်ပင် ရှောင်းယွီရုန်ထံ စာတစ်စောင်ရေးကာ ရှဲ့ဖင်းဟွိုက်အား လက်ခံစေနိုင်ပေလိမ့်မည်။ သို့ရာတွင်လည်း ၎င်းသည် မလျော်ကန်ပေ။
ထိုကဲ့သို့သော စွမ်းဆောင်ရည်ရှိသည့် ဆရာ၏ တပည့်တစ်ယောက် လွယ်လွယ်ကူကူ ဖြစ်လာခဲ့လျှင် ရှဲ့ဖင်းဟွိုက်အတွက် မကောင်းပေ။
“ မင်း အသံကို နှိမ့်စမ်းပါ။ ရှဲ့ဖင်းဟွိုက်ရဲ့အစ်မ ရှဲ့ချောင် ဟိုးမှာရပ်နေတာ မင်းမမြင်ဘူးလား? သတိထားနေနော်။ သူ မင်းကို ပြဿနာရှာလိမ့်မယ်!” အခြားတစ်ယောက်က စနောက်လိုက်၏။
ထိုလူက အော်ရယ်လိုက်သည်။ “ လာစမ်းပါ! သူ့ကို ကြည့်ရတာ အရမ်းမဆိုးပါဘူး။ ငါ သူ့ကိုလက်ထပ်ပြီး ငါရဲ့ကိုယ်လုပ်တော် လုပ်ခိုင်းလိုက်မယ်!”
ရှဲ့ချောင် ထိုနေရာသို့ ကြည့်လိုက်သည်။
ထိုလူ့ထံတွင် အဝါရောင်သန်းပြီး ချွန်မြသည့် သွားများရှိ၏။ သူ၏ ဆံပင်များမှာ ပါးပြီး မျက်လုံးများမှာ ချိုင့်ခွက်ဖြစ်နေသည်။ သူသည် အတော် စိတ်ဓာတ်ကျနေသည့်ပုံပေါ်သည်။ ထိုသူ၏ ကိုယ်လုံးကိုယ်ပေါက်အား ပြောရလျှင် သေးငယ်သောခေါင်းနှင့် ကြီးမားသော ခန္ဓာကိုယ်ရှိသည်ဖြစ်၏။ အပေါ်ပိုင်းမှာ ပုပြီး အောက်ပိုင်းမှာ ရှည်လေသည်။ သူ၏ ပုံစံမှာ အချိုးမကျပေ။ ထိုကဲ့သို့သော လူများသည် သက်တမ်းတိုပြီး၊ သူသည်လည်း အသက်ရှည်ရှည်နေနိုင်မည် မဟုတ်ချေ။
သူသည် လေလုံးထွားပြောဆိုနေခဲ့ပြီး သူ၏ အရိုးများမှာ ထင်းထွက်နေခဲ့သည်။ ထိုသူသည် အိမ်တော်၌ ပျက်ဆီးနေသည့် သခင်ငယ်လေးတစ်ဦး ဖြစ်ရမည်။ ထိုအရာသည် သူ့အား ကံမကောင်းခြင်းမှ ကုစားပေးသော်လည်း သူသည် အသက် ၄၀ ကျော်အောင် နေရမည်မဟုတ်ပေ။
“ နုံချာတဲ့မျက်နှာ၊ ညစ်ညမ်းတဲ့ပါးစပ်၊ ယုတ်ညံ့တဲ့နှလုံးသား၊ ရုပ်ဆိုးတဲ့ ယောကျာ်း…" ရှဲ့ချောင် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ သခင်လေးကို သခင်လေးအဖေရဲ့ ကိုယ်လုပ်တော်က ပျိုးထောင်ခဲ့တာလို့ ကျွန်မယူဆတယ်? ဒါကိစ္စတော့ မရှိပါဘူး။ ဒီကမ္ဘာပေါ်မှာ ထူးချွန်တဲ့ အယုတ်တမာတွေ အများကြီး ရှိနေတာပဲလေ။ ဒါပေမယ့် သခင်လေး ရှင်ကတော့ မတူဘူး။ ရှင့်ကြည့်ရတာ ချစ်ဖို့ အဆင်သင့်ဖြစ်နေပုံရတယ်။ ရှင်က အပြင်က အမျိုးသမီးတွေကို စိတ်ဝင်စားနေတယ်။ ရှင်က ရှင်နဲ့လည်း မသက်ဆိုင်တဲ့ သူတို့တွေကို အိမ်တော်မှာ ခေါ်ထားချင်နေတာ ဖြစ်မယ်။ ရှင်က ရှင့်မိသားစုကို မျက်နှာပျက်စေတဲ့သူပဲ"
ရှဲ့ချောင်ပြောပြီးသည်နှင့် လူတိုင်း ငြိမ်ကျသွားခဲ့သည်။
မုန့်ကျိဖန်သည်လည်း ဤပွဲတွင် ပါဝင်ခဲ့လေရာ ထိုစကားအားကြားသောအခါ သူ တုန်လှုပ်သွားခဲ့၏။
“ သူ့အမေက ကိုယ်လုပ်တော်တစ်ယောက်ဆိုတာကို မင်းဘယ်လိုသိတာလဲ!? တော်တော်များများက ဒါကို မသိကြဘူး!" မုန့်ကျိဖန် အလိုအလျောက် ပြောလိုက်မိ၏။
ရှဲ့ချောင် ဝေဖန်ပြောဆိုခဲ့သည့်သူ၏ အမည်မှာ ယွမ်ပင်းဖြစ်သည်။ သူသည် အိမ်တော်တွင် တစ်ဦးတည်းသောသားဖြစ်၏။ သူ့အား ကိုယ်လုပ်တော်တစ်ဦးက မွေးဖွားခဲ့ပြီး သူ၏ မွေးဖွားမှုကို သူ့အဖေ၏ ဇနီးဖြစ်သူ အမည်အောက်တွင် မှတ်တမ်းတင်ထားရှိခဲ့သည်။ သူတို့သည် လူထုအား ဇနီးသည်မှ သူ့အား ကျွေးမွေးစောင့်ရှောက်ခဲ့သည်ဟု ပြောခဲ့သော်လည်း ကိုယ်လုပ်တော်သည်သာ သူ့အား ပြုစုပျိုးထောင်ခဲ့သူတစ်ဦး ဖြစ်လေသည်။ မိသားစုတွင် ကိုယ်လုပ်တော်ကို အလွန်ချစ်မြတ်နိုးပြီး ဇနီးသည်ကို လျစ်လျူရှူထားသော အစဉ်အလာရှိလေ၏!
ယွမ်ပင်း၏ ပါးပြင်များမှာ နီရဲနေလေသည်။ သူ
သည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ရှဲ့ချောင်အား စိန်းစိန်းဝါးဝါး ကြည့်နေသည်မှာ သူ၏မျက်လုံးများထဲတွင် အဆိပ်များရှိနေသကဲ့သို့ပင်။
••••••••