← Chapters

ခြေကုန်လက်ပမ်းကျနေသော

Vol. 8 Ch. 135

ခြေကုန်လက်ပမ်းကျနေသော

Vol. 8 Ch. 135

ရှဲ့ချောင် တည်ငြိမ်စွာဖြင့်သာ ကြည့်လိုက်၏။ ယွမ်ပင်း စိတ်တိုသွားမည်အား သူမ စိုးရိမ်မနေပေ။

ဤလူ၏ မိဘများ၌ အပျက်သဘောဆောင်သည့် မျက်နှာသွင်ပြင်များ ရှိကြပေသည်။ ၎င်းတို့နဖူး၏ ညာဘက်ခြမ်းမှာ အတော်လေး စွေစောင်းပြီး မှဲ့တစ်ခုလည်းရှိကာ ကျဉ်းလည်းကျဉ်းမြောင်းကြသည်။

သူမရဲ့ ဖတ်ရှုကြည့်ခြင်းမှ သူသည် ကိုယ်လုပ်တော်တစ်ဦး၏ သား၊ သို့မဟုတ် သူ့အဖေ သို့မဟုတ် အမေသည် သူ့အား သခင်မ သို့မဟုတ် ဖောက်ပြန်တတ်သော မိန်းမတစ်ယောက်ရှိသော ယောက်ျားနှင့် ရခဲ့ခြင်းဖြစ်မည်။

နောက်ကတစ်ခုမှာ အတော်လေး မဖြစ်နိုင်ပေ။ ၎င်းမိဘများ၏ မျက်နှာသွင်ပြင်မှာ ၎င်းထက် ပိုကောင်းပေသည်။ သို့သော်လည်း သူတို့၏ ကံကြမ္မာများမှာ တစ်ဦးနှင့်တစ်ဦး မတိုက်ဆိုင်သောကြောင့် ယွမ်ပင်းအား ကိုယ်လုပ်တော်မှ မွေးဖွားခဲ့သော်လည်း ဇနီးသည်၏ မှတ်တမ်းအောက်တွင် ထားရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ့အား ဇနီးသည်က ပြုစုပျိုးထောင်ခဲ့ခြင်း မဟုတ်ချေ။

မုန့်ကျိဖန်သည် ကမ္ဘာကြီးလောင်ကျွမ်းနေခြင်းကို ကြည့်ရသည်အား နှစ်သက်သူဖြစ်သည်။ သူ ထိုအချိန်က ရှဲ့ချောင် ဘာပြောသွားခဲ့သည်ကို တွေးနေခဲ့သော်လည်း အဆုံးတွင်တော့ အတော်လေး စိတ်ဝင်စားစရာကောင်းနေလေသည်။

“ ရှဲ့သခင်မလေး၊ မင်းက တာအိုဘုရားကျောင်းမှာ ကြီးပြင်းခဲ့တာဆိုပြီး ငါကြားမိသလားလို့? မင်း ရုပ်လက္ခဏာ ဖတ်နိုင်တာလား? ယွမ်ပင်းက ချစ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ပုံပေါ်တယ်ဆိုတာ မင်းဘာကို ဆိုလိုတာလဲ?” မုန့်ကျိဖန် ခဏရပ်လိုက်၏။ “ ပြီးတော့ သူက မိသားစုကို ဂုဏ်သရေပျက်စေတယ်လို့လည်း မင်းပြောခဲ့သေးတယ်နော်…ငါ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ သိပ်မရှင်းလို့"

ယွမ်ပင်း ဒေါသထွက်နေလေပြီဖြစ်သည်။ “ ရှဲ့မိန်းကလေး၊ ငါ မိန်းမတစ်ယောက်ကို ရိုက်ဖို့ စိတ်ထဲထားနေမှာ မဟုတ်ဘူးနော်!"

ရှဲ့ချောင် လှောင်ကာ ပြုံးလိုက်သည်။ “ ယွမ်သခင်လေး ကျွန်မမိသားစုကို လှောင်ရယ်နေတုန်းက ကျွန်မမှာ ဒီလို တုံ့ပြန်မှုမျိုး မရှိခဲ့ဘူးနော်"

ထိုလူ သူမကို ဘာပြောခဲ့သနည်း?

သူမကို သူ့ရဲ့ကိုယ်လုပ်တော်ဖြစ်အောင် လုပ်နိုင်တယ်?

သူမတွင် ဘဝသက်တမ်းတိုတစ်ခုသာရှိသော်လည်း အမျိုးသားများနှင့် ပတ်သက်လာလျှင်တော့ ဇီဇာကြောင်သည်ပင်။ ယွမ်ပင်းသည် ရှဲ့ချောင်၏ စမ်းသပ်ချက်အား ၎င်း၏ မျက်နှာတစ်ခုတည်ဖြင့်ပင် ကျရှုံးနေပြီဖြစ်၏။

သူမ သဘောကျနှစ်သက်သော မျက်နှာမျိုးမှာ နက်ရှိုင်းကျယ်ဝန်းသည့် စီဒူးအပ်စိုက်ကုထုံးအမှတ်

ရှိရမည် ဖြစ်ပြီး ပေါ်လွင်ထင်ရှားသော မျက်နှာအရိုးအဆစ်များလည်း ရှိရမည်ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရမည်ဆိုပါက ထိုအမျိုးသား၌ ဖြောင့်မတ်တည့်စင်းသော မျက်လုံး၊ နား၊ နှုတ်ခမ်း၊ နှာခေါင်းအပြင် တညီတညာတည်းဖြစ်နေသော နဖူး၊ ပါးရိုး၊ နှာခေါင်းထိပ်နှင့် မေးစေ့လည်း ရှိရမည်ပင်။ ထိုအရာများမှာ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးအဖြစ် အရည်ချင်းပြည့်မှီခြင်း၏ ပထမဆုံးအဆင့် ဖြစ်သည်။

ထို့နောက်တွင် သူမသည် အမျိုးသားတစ်ဦး၏ တက်ကြွမှု၊ အချိုးအစားပုံပန်းသွင်ပြင်၊ အသားရောင်နှင့် အရိုး ဖွဲ့စည်းပုံတို့ကို ကြည့်မည်ဖြစ်သည်။

ယွမ်ပင်းမှာ စကားပြောခဲ့ရုံမျှသာဖြစ်သော်လည်း သူမ ဆန္ဒရှိသည့် ပုံရိပ်အား ပျက်စီးအောင် လုပ်ခဲ့လေသည်။ သူမကို သူ့ကိုယ်လုပ်တော် ဖြစ်စေချင်နေတာလား? အိုး၊ ဆုတောင်းလေ။

ရှဲ့ချောင် စိတ်အေးလက်အေး ဖြစ်နေသည်အား မြင်တွေ့ရသောအခါ ယွမ်ပင်းမှာ ပို၍ပင် ဒေါသထွက်လာခဲ့သည်။ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် မိန်းမတစ်ယောက်အား ရိုက်ပစ်ချင်စိတ်ပေါက်ခြင်း ဖြစ်သည်။ “ ရှဲ့ချောင်၊ သူတို့က မင်းရဲ့အစ်ကိုကြီးကို ကြောက်ကြပေမယ့် ငါကတော့ မကြောက်ဘူးနော်! ငါ မင်းကို လက်ထပ်ဖို့ မင်းမိသားစုကို လူတစ်ယောက်လွှတ်ပြီး တောင်းရမ်းခိုင်းလိုက်မယ်ဆိုတာကို မင်းယုံလား!? အိုး၊ မင်းက အိမ်တော်မှာ သိပ်အချစ်မခံရဘူးလို့ ကြားတယ်? မင်းရဲ့ မိသားစုကိုသာ မင်းငါ့ရဲ့ကိုယ်လုပ်တော်လုပ်ဖို့အတွက် ငွေတုံးတွေ အများကြီးပေးလိုက်မယ်ဆိုရင် မင်းရဲ့အစ်ကိုနဲ့ အဖေက ဒါကို သဘောတူလိမ့်မယ်လို့ မင်းထင်လား?”

" ယွမ်ပင်း၊ မင်းက အိမ်တော်ကို မျက်နှာပျက်စေတဲ့သူလို့ပဲ သူ ပြောခဲ့တာလေ။ ငါ ရှဲ့မိန်းကလေးရဲ့ ရှင်းပြချက်ကို စောင့်နေတာ။ ဘာတွေ အလျင်လိုနေတာလဲ?” မုန့်ကျိဖန်က အေးအေးလူလူပင် ပြောလိုက်၏။

ရှဲ့ချောင် တည်ငြိမ်အေးဆေးစွာပင် ပြုံးနေခဲ့သည်။

“ ရုပ်လက္ခဏာဖတ်တယ်ဆိုတာ ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ။ ကျွန်မက အဲ့တာကို ဘယ်လိုလုပ်ပြီး သိမှာလဲ? " ရှဲ့ချောင် လှောင်ပြုံး,ပြုံးလိုက်သည်။ “ ကျွန်မက ဒီအတိုင်း ယွမ်သခင်လေးရဲ့ အပြုအမူတွေက ရိုင်းတယ်လို့ တွေးမိရုံပါ”

" အားလုံးပဲ၊ ယွမ်သခင်လေးကို ကြည့်လိုက်ကြပါ။ သူရဲ့ မျက်လုံးအောက်ဘက်က စိမ်းနေတယ်။ သူက အရမ်း ပရော်ပရည်လုပ်တတ်တဲ့သူပဲ ဖြစ်ရမယ်။ သူ့မျက်လုံးတွေက အနီရောင်ယဲ့ယဲ့ ဖြစ်နေတယ်။ သူ့ဘေးမှာရှိကြတဲ့ အမျိုးသမီးတွေက ဒီလိုဖြစ်စေခဲ့တာဖြစ်မယ်။ သူ လမ်းကို အားမပါဘဲ လျှောက်နေတယ်ဆိုတာက သူ့မှာ ယန်စွမ်းအား ကင်းမဲ့နေတာပဲ။ သူက တုတ်ချောင်းတစ်ချောင်းလို ပိန်လှီလွန်းတယ်။ ဆိုတော့ သူရဲ့ ခန္ဓာကိုယ်က ဒဏ်ရာရထားတယ်" ရှဲ့ချောင်သည် ထိုအရာများအား ကဗျာတစ်ပုဒ်ကို ရွတ်ပြနေသကဲ့သို့ ပြောသွားခဲ့သည်။ " ကျွန်မ အရင်က ယွမ်သခင်လေးကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ဒါပေ

မယ့် သူခြေကုန်လက်ပန်းကျနေတာကို ကြည့်ရမယ်ဆိုရင် သူ့အိမ်မှာ ကိုယ်လုပ်တော် ၁၁ ယောက် ၁၂ ယောက်လောက် မရှိဘူးဆိုရင်တောင် အနည်းဆုံး ခြောက်ယောက်လောက်တော့ ရှိကိုရှိမှာပဲ?"

ရှဲ့ချောင် စကားပြောနေချိန်၌ သူမသည် အရာအားလုံးကို ခန့်မှန်းချက်များဖြင့်သာ ပြောသွားသကဲ့သို့ ရိုးစင်းနုံအသည့်ပုံပေါ်နေခဲ့သည်။

ထိုသည်မှာ သူမအတွက် ခက်ခဲ၏။ မိန်းမပျိုတစ်ယောက်အနေနှင့် သူမ ပြော၍မရနိုင်သော အရာများရှိလေသည်။

ဥပမာအားဖြင့် ယွမ်ပင်းသည် သူ တွေ့မြင်သမျှ မိန်းမတိုင်းနှင့် နေ့ရောညပါ ကာမဆက်ဆံမှုရှိသည် ဆိုသည်အား သူမ မပြောနိုင်ပေ။ သူမ ပြောခဲ့သည်အား နားလည်ရန်အတွက် ဤလူများ မှန်းဆကြည့်ရလိမ့်မည်ဖြစ်သည်။

လူများသည် ပြုံးလိုက်ကြ၏။ ၎င်းတို့သည် သူမ ပြောသည်များအား အတည်မယူကြပေ။

၎င်းတို့သည် ဤရှဲ့မိန်းကလေး သူမ၏ ဒေါသအား ထွက်ပေါက်ရှာနေသည်ဟုသာ ထင်ကြလေသည်။

" ဒါတော်တော်တိကျတာပဲ။ ယွမ်ပင်း၊ ငါမှတ်မိတာတော့ မင်းရဲ့ အိမ်မှာ ကိုယ်လုပ်တော် ဆယ်ယောက်ရှိတယ်၊ ဟုတ်တယ်မလား? မင်း အရင်လကတောင် ဆောင်ကြာမြိုင်ကနေ တစ်ယောက် ဝယ်လာခဲ့သေးတယ်မလား " မုန့်ကျိဖန် ကျိတ်ရယ်လိုက်၏။

ယွမ်ပင်း ကြည့်ရသည်မှာ အတော်လေး ပျာယာခတ်သွားခဲ့၏။ “ အဲ့ဒါ အမှန် မဟုတ်ဘူး”

သူ အိမ်၌ ဘာလုပ်ခဲ့သလဲဆိုသည်အား ထုတ်ဖော်မပြောနိုင်ပေ။ ထို့အပြင် သူ အခုထိ ဇနီးတစ်ယောက်

အား လက်မထပ်ရသေးပေ။

" မင်း အဲ့ဒါကို လုပ်ခဲ့ပြီးပြီပဲကို။ လူတွေ ရှာတွေ့သွားမှာကို စိုးရိမ်နေတုန်းလား? မင်းပြောနေပုံက မင်းမိသားစု အရှက်ရမှာကို စိတ်ပူနေသလိုပဲ။ ဒါ ဖြစ်နိုင်ပါ့မလား…မင်း တစ်ခြားတစ်ခုခုကိုလည်း လုပ်ခဲ့သေးတယ်မလား?" မုန့်ကျိဖန် တခစ်ခစ်ရယ်လိုက်သည်။

•••••••

All Chapters