← Chapters

ဘာမှလုပ်စရာမလိုပဲ ကိုယ်လုပ်တော်တစ်ယောက်ရလိုက်ခြင်း

Vol. 8 Ch. 136

ဘာမှလုပ်စရာမလိုပဲ ကိုယ်လုပ်တော်တစ်ယောက်ရလိုက်ခြင်း

Vol. 8 Ch. 136

ရှဲ့ချောင် အတော်အံ့အားသင့်သွားရသည်။ မုန့်ကျိဖန် ထိုမျှ အလေးအနက်ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။

" မင်းက သူရဲ့ပေါက်ကရ စကားတွေကို ယုံနေတာလား?" ယွမ်ပင်း ကျိတ်ရယ်လိုက်၏။ “ ဒီမှာရှိတဲ့ လူတိုင်းမှာ ဘယ်သူကများ ရှဲ့မိသားစုကလူတွေထက်ပိုပြီး အရှက်တကွဲဖြစ်နေလို့လဲ? သူတို့က ဓားပြတွေအနေနဲ့ မွေးဖွားလာခဲ့ကြတာ။ သူတို့မှာ ဘယ်လိုလုပ် ကောင်းတာရှိနိုင်မှာလဲ? ဘာတစ်ခုမှမကျွမ်းကျင်ဘဲနဲ့ အချိန်တိုင်း ပုရစ်တွေနဲ့ ကစားနေတဲ့လူတစ်ယောက်ကသာ ဆရာရှောင်းရဲ့ တပည့်ဖြစ်လာခဲ့မယ်ဆိုရင် ငါ့ခေါင်းငါဖြတ်ပစ်လိုက်မယ်!"

" သေချာတာပေါ့။ ယွမ်သခင်လေးက အရမ်းကို လေလုံးထွားလွန်းနေမှတော့ ကျွန်မလည်း ကျွန်မရဲ့ မိသားစုဂုဏ်သိက္ခာကို အဆုံးရှုံးမခံနိုင်ဘူး" ရှဲ့ချောင် သရော်လိုက်သည်။ “ ယွမ်သခင်လေးက ပေါ့ပြက်ပြက်နိုင်လွန်းတာပဲ။ ရှင် သုံးရက်အတွင်းမှာ မိန်းမတစ်ယောက်ရဲ့ ဖျက်ဆီးတာခံရပြီးတော့ ရှင့်ရဲ့ ဂုဏ်သတင်း ပျက်ဆီးသွားမယ်ဆိုတာ ကျွန်မပြောရဲတယ်! လူတွေက ရှင့်ကို မုန်းကြလိမ့်မယ်! အဲ့ဒီအချိန်ကျရင် ရှင် ပုန်းရှောင်နေရလိမ့်မယ်။ ဒါပေါ့ ရှင် ကျွန်မရဲ့မောင်လေး တပည့် တစ်ယောက်ဖြစ်လာတဲ့နေ့ကိုလည်း မြင်ရမှာ မဟုတ်တော့ဘူး!”

"ကျစ်–" ယွမ်ပင်း ဖျော်ဖြေခံလိုက်ရသည်။

မိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်ရမှာက အရမ်း မိုက်မဲလွန်းတယ်။

" မင်းကိုယ်မင်း လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်နိုင်ပြီးတော့ အဲဒီ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောနိုင်တယ်လို့ တကယ်ထင်နေတာလား? ငါက မိန်းမတစ်ယောက်ကြောင့် ပျက်စီးသွားမယ်? လူတွေက ငါ့ကိုမုန်းကြမယ်ပေါ့!? သုံးရက်လို့ မင်းပြောလိုက်တာလား? ကောင်းပြီလေ။ နောက်သုံးရက်နေလို့ ငါ အားလုံး အဆင်ပြေနေရင် မင်းငါရဲ့ ကိုယ်လုပ်တော်ဖြစ်လာရမယ်။ ဘယ်လိုလဲ?" ယွမ်ပင်း ငေါ့တော့တော့နှင့် ပြုံးလိုက်၏။

အိမ်မှာ သူ့ရဲ့ ကိုယ်လုပ်တော်တွေ ရှိနေတာက ပုံမှန်ပဲမဟုတ်ဘူးလား?

ဘယ်ယောက်ျားကများ ပျော်ဖို့အတွက် မိန်းမတွေ အနားမှာ ရှိမနေလို့လဲ? ခြေကုန်လက်ပမ်းကျနေတဲ့ သူ့ခန္ဓာကိုယ်ကို သူက သရော်ရဲတယ်ပေါ့လေ!

ရှဲ့ချောင်မှာ အလှပဂေးတစ်ယောက်ဖြစ်၏!

သူမသာ မိမစစ်ဖမစစ်တစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် သူမကို ကိုယ်လုပ်တော်တစ်ယောက်အဖြစ်ယူရန် တောင်းရမ်းခဲ့ပါက သူမ သူ့ကို လက်ထပ်ကောင်းလက်ထပ်ပေလိမ့်မည်။

ထိုသည်မှာ အရေးမဟုတ်။ ၎င်းမှာ လူများစွာရှေ့၌ သူ စိတ်လိုက်မာန်ပါနှင့် သူမကို လက်ထပ်ရန်အတွက် သွေးဆောင်ဖြားယောင်းရန် စီစဥ်ခြင်းနှင့် အတူတူပင်ဖြစ်လေသည်!

ယွမ်ပင်း သူ့အကြောင်းသူတွေးမိသည့်အခါ ၎င်း၏ မျက်လုံးများမှာ တဏှာရာဂစိတ်များနှင့် ဝင်းလက်သွားခဲ့သည်။

“ ဘယ်လိုလဲ ရှဲ့မိန်းကလေး? သုံးရက်နေလို့မှ ငါရဲ့ ဂုဏ်သတင်းက မပျက်စီးခဲ့ဘူးဆိုရင် အဲ့တာက မင်းငါ့ကို စွပ်စွဲပြီး အသရေဖျက်နေတယ်ဆိုတာကို သက်သေပြလိမ့်မယ်။ မင်းငါ့ကို အလျော်ပေးသင့်တယ်ဆိုတာ အဓိပ္ပာယ်ရှိပါတယ်၊ ဟုတ်တယ်မလား?"

မုန့်ကျိဖန် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်သည့်သူများမှာ ယွမ်ပင်းသည်လည်း အနိုင်ကျင့်သူတစ်ဦးဖြစ်သည်ဟု တွေးခဲ့ကြသည်။

သခင်မလေးမှာ သူမ၏မောင်လေး အနိုင်ကျင့်ခံရသည့်အတွက် ဒေါသထွက်ပေါက်ရှာခဲ့ခြင်းသာ ဖြစ်လေသည်။ ဘယ်လိုလုပ်ပြီး သူက အရမ်းကို

ကပ်တွက်နိုင်ရတာလဲ?

နောက်ပြီး…

စင်စစ်တွင် ရှဲ့ချောင်ပြောခဲ့တဲ့အရာများမှာ အမှန်တရားဖြစ်ပုံရသည်။ ယွမ်ပင်းသည် လမ်းလျှောက်သည့်အခါတွင် အားနည်းနေခဲ့၏။ သူ့ခန္ဓာကိုယ်အား ' အလွန်အကျွံ' သုံးခဲ့ပုံရလေသည်။

" သေချာတာပေါ့" ရှဲ့ချောင် တည်ကြည်လေးနက်မှုအပြည့်နှင့် ခေါင်းညိတ်လိုက်သည်။ “ နောက်သုံးရက်နေလို့ ရှင့်ရဲ့ ဂုဏ်သတင်းက ဒီအတိုင်းပဲ ရှိနေခဲ့မယ်ဆိုရင် ကျွန်မ ရှင့်ရဲ့ ကိုယ်လုပ်တော် ဖြစ်ပေးမယ်။ ဒါပေမယ့် ယွမ်သခင်လေးသာ လူတိုင်းမုန်းကြတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ရင်ရော ဘယ်လိုလုပ်မလဲ? ကျွန်မမောင်လေးနဲ့ ကျွန်မကို တောင်းပန်မှာလား? ကျွန်မရဲ့ တောင်းဆိုချက်က အများကြီး မဟုတ်ပါဘူး။ ကျွန်မတို့ နှစ်ယောက်လုံးကို ဆယ်ကြိမ် ကန်တော့ရုံပါပဲ”

ရှဲ့ချောင် ထိုသို့ပြောပြီးသည်နှင့် ကျန်သူများမှာ ရှဲ့ချောင်အား အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြည့်လိုက်ကြသည်။

ဒီရှဲ့သခင်မလေးက သူ့ညီမလိုမျိုး မိုက်မဲတုံးအတာများ ဖြစ်နေမလား?

ဒီညီအစ်မတွေက…ရှဲ့နျိုရှန်းရဲ့ ကလေးတွေမလို့ ဒီလိုဖြစ်နေတာများလား?

ယွမ်ပင်း အပျော်လွန်နေ၏။ သူ ကိုယ်လုပ်တော်တစ်ယောက်ကို ဘာမှလုပ်စရာမလိုပဲ ရနိုင်ပေတော့မည်!

သူမသည် အဆင့်လေးအရာရှိတစ်ဦး၏ သမီးရင်းတစ်ယောက်ဖြစ်သည်သာမက သူမတွင် မြူစွယ်နိုင်သော အလှတရားလည်း ရှိလေသည်။ သူ

သူမ၏ဒေါသစိတ်အား မကြိုက်သော်လည်း သူမသည် လှပ၏။ သူမရဲ့ ခါးလေးကို ကြည့်ပါဦး။ ကျွတ် ကျွတ်။ သူရဲ့လက်တွေသာ သူမပေါ်မှာ ရှိနေရင် ဘယ်လိုခံစားရမလဲဆိုတာ သိချင်သွားသည်။

“ လူတိုင်းကြားကြတယ်နော်။ အဲဒါကို သူ့ဘာသာသူပြောတာ! နောက်သုံးရက်နေရင် သူ့ကို ခေါ်ယူဖို့ ဝေါယာဉ်တစ်ခု ပို့လိုက်မယ်။ အဲ့ဒီအခါကျတော့မှ ငါသူ့ကို အနိုင်ကျင့်တယ်ဆိုပြီး မပြောကြနဲ့!” ယွမ်ပင်း အော်ပြောလိုက်၏။

မုန့်ကျိဖန်သည် ရှဲ့ချောင်အား ဖြတ်ခနဲကြည့်လိုက်ကာ သနားစိတ်ဖြစ်သွားရ၏။ သူ ဤသခင်မလေးမှ သူ့အား မြင်းများယဥ်ပါးစေရန် မည်ကဲ့သို့လုပ်ရမည်ဆိုသည်အား သင်ပေးသည်ကို လိုချင်မိသည်!

ထိုလူများသည် ဆရာရှောင်း၏ ခြံဝန်းအပြင်ဘက်တွင် ရပ်နေခဲ့ကြခြင်းဖြစ်သည်။ ရှဲ့ဖင်းဟွိုက်သည်

သူတို့ပြောနေကြသော အရာများအားလုံးကို မကြားနိုင်ခဲ့ပေ။ အပြင်ဘက်ရှိ ဆူဆူညံညံသံများကိုသာ ကြားခဲ့ရပြီး စိတ်မချမ်းသာဖြစ်ခဲ့ရသည်။

ထိုလူများသည် သူ့အား လှောင်ပြောင်ပြောဆိုနေကြခြင်းဖြစ်ပေမည်!

ရှဲ့ဖင်းဟွိုက် ခဏသာ ဒူးထောက်ခဲ့ပြီး ၎င်းက အလုပ်မဖြစ်သဖြင့် အတန်းသို့ ပြန်သွားခဲ့သည်။ သူ ခြံဝန်းအပြင်သို့ ထွက်လျှင်ထွက်ခြင်း အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

အကြောင်းပြချက်မှာတော့…လူများက သူ့အား သူ့အစ်မသည် ယွမ်ပင်း၏ ကိုယ်လုပ်တော် ဖြစ်လာလိမ့်မည်ဟု ပြောကြသောကြောင့်ပင်ဖြစ်သည်!

ယွမ်ပင်းက ဘယ်သူလဲ!?

သူသည် ဘာတစ်ခုမှ မကောင်းသည့် အရှက်မရှိသူ တစ်ယောက်ပင်! ကျောင်းတော်သို့ ရောက်ပြီးနောက် ယွမ်ပင်းသည် ရှဲ့ဖင်းဟွိုက်အား စတင်အနိုင်ကျင့်ခဲ့သည်။ သူ့ထက် အသက်အနည်းငယ်ကြီးသည် ဆိုသည်ကြောင့်နှင့်ပင် ရှဲ့ဖင်းဟွိုက်အား ရိုက်ခဲ့သေးသည်!

•••••••

All Chapters