← Chapters

ဟားကွက်

Vol. 8 Ch. 137

ဟားကွက်

Vol. 8 Ch. 137

ယခုအချိန်တွင် ရှဲ့ဖင်းဟွိုက်မှာ ဆိုးဆိုးရွားရွားခံစားနေရလေသည်။

" အစ်မကြီး! အစ်မ ဘယ်လိုလုပ်ပြီး ဒီလို ကျိုးကြောင်းမသင့်တဲ့ အခြေအနေတစ်ခုကို သဘောတူလိုက်နိုင်ရတာလဲ? အစ်မက ငတုံးလား?!" ရှဲ့ဖင်းဟွို

က် သစ်ခွခြံဝင်းသို့ တဟုန်ထိုးနီးပါးပြေးသွားခဲ့ပြီး ရှဲ့ချောင်ကို အော်ဟစ်ရန် ဆွဲထုတ်လာခဲ့သည်။

ရှဲ့ချောင် မျက်မှောင်ကြုံ့သွားခဲ့သည်။ " ကောင်းကောင်းမွန်မွန်ပြောစမ်းပါ"

သူရဲ့ ကိုယ်နှုတ်အမူအရာတွေ ဘယ်ရောက်ကုန်တာလဲ? ခုန်ပေါက်ပြေးနေတဲ့ နှံ့ကောင်တစ်ကောင်လိုပဲ။

" အစ်မကြီး! " ရှဲ့ဖင်းဟွိုက် ဒေါသထွက်သွားခဲ့သည်။ " ယွမ်ပင်းက အရှက်မရှိဘူးဆိုတာ အစ်မ မသိဘူးလား? သူက ပြောတဲ့ အတိုင်းလုပ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူအစ်မကို ဝေါယာဉ်နဲ့ တကယ် လာခေါ်လိမ့်မယ်။ အစ်မသာ သူနဲ့ မလိုက်သွားဘူးဆိုရင် နန်းမြို့တော်မှာရှိတဲ့ လူတိုင်းကို အစ်မက အလောင်းအစားရှုံးပြီးတဲ့နောက်မှ ကိုယ့်စကားကို မတည်တဲ့သူဆိုပြီး သိသွားအောင် လုပ်လိမ့်မယ်။ အဲ့ဒီလိုဆိုရင် ဘယ်သူကများ အစ်မကို လက်ထပ်ချင်ဦးမှာလဲ?!"

" ငါ့ရဲ့ ချစ်လှစွာသောမောင်လေးရေ၊ ဒါက အလောင်းအစားတစ်ခု သက်သက်ပဲ။ အစ်မ ရှုံးခဲ့မယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ ဒါပေမယ့် အစ်မတို့ရဲ့ ဂုဏ်သိက္ခာကိုတော့ အဆုံးရှုံးမခံနိုင်ဘူး။ သူက မင်း တပည့်တစ်ယောက်ဖြစ်မလာနိုင်ဘူးလို့ပြောတယ်။ ဒါ အရမ်းများသွားပြီ " ရှဲ့ချောင် စိတ်ဆိုးနေပုံရသည်။

" ဒါပေမယ့် ကျွန်တော် တကယ်မလုပ်နိုင်ဘူးလေ။ ကျွန်တော် လုပ်နိုင်လို့လား?! ဆရာရှောင်းက ဒီနေ့ ကျွန်တော့်ကို မတွေ့သလို စကားလည်းမပြောဘူးလေ!" ရှဲ့ဖင်းဟွိုက်မှာ သူ၏ ကိုယ်ပိုင်စွမ်းရည်များအား သတိမူမိသည်။ “ အစ်မကြီး၊ သူ့ကို ဒီလိုမျိုး စိန်ခေါ်ဖို့ မလိုဘူးမလား?"

ရှဲ့ဖင်းဟွိုက် အမှန်တကယ်ကို စိုးရိမ်နေခဲ့သည်။

နောက်ဆုံးတွင်တော့ သူ၏အကြီးဆုံးအစ်မသည် သူ့

အား ကြိုဆိုလက်ဆောင်ပင် ပေးခဲ့သေးသည်၊ အဲ့ဒါက ပျောက်သွားခဲ့ပေမယ့်လည်းပေါ့…

သူမသည် သူ့အား အနိုင်ကျင့်သည်ဆိုသော်လည်း သူမသည် ချောမောလှပလေ၏။ သူ၏ မိသားစုဝင်အားလုံးမှာ အသိဉာဏ်ပညာ ကင်းမဲ့ကြပေသည်။ မိသားစုမှာရှိသည့် လူတိုင်းအား ဖိနှိပ်ချုပ်ထိန်းထားနိုင်သည့် အလှတရားရှိသော သခင်မလေးတစ်ယောက်ရှိရန်ဆိုသည်မှာ ရှား၏။ သူတို့သာ သူမကို ဆုံးရှုံးလိုက်ရမည်ဆိုပါက မည်မျှ သနားစရာကောင်းလိုက်မည်နည်း…

ထို့အပြင် သူသည် ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း သူ၏ အကြီးဆုံးအစ်မသည်တော့ အမှန်တကယ်အားနည်းပြီး ဖြူစင်ရိုးသားပုံ ပေါ်လေသည်။ သူသာ သူမအား ပြဿနာထဲသို့ ဆွဲသွင်းမိခဲ့ပါက အမှန်တကယ်ကို စိတ်မကောင်းဖြစ်ရပေလိမ့်မည်။

ရှဲ့ဖင်းဟွိုက်မှာ အထိတ်တလန့် ဖြစ်သွားခဲ့ပုံရသည်။

" စိတ်မပူပါနဲ့။ ဒါက အတော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်လို့ အစ်မ ထင်တယ် " ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ " ပြီးတော့ သူမှာ ဆိုးရွားတဲ့ကိစ္စတွေ ဖြစ်လိမ့်မယ်ဆိုတာကို မင်းဘာလို့မယုံတာလဲ?"

" ဒီလိုတွေ ဖြစ်ခဲ့တာတောင် အစ်မ ဘယ်လိုလုပ်ပြီး အေးဆေးနေနိုင်ရတာလဲ!? "

ရှဲ့ဖင်းဟွိုက် ထိတ်ပျာနေပြီဖြစ်သည်!

သူ့အစ်မကြီး၏ ဒေါသသည်…

အာ…ရှဲ့ဖင်းဟွိုက်မှာ ထိတ်လန့်နေသော်လည်း ရှဲ့ချောင်သည်တော့…အလောင်းအစားမှာ သူမနှင့် ဘာ

မှမဆိုင်သကဲ့သို့ စိတ်အေးလက်အေးရှိနေဆဲဖြစ်သည်!

ရှဲ့ဖင်းဟွိုက် ဆိုးဆိုးရွားရွားခံစားနေရလေသည်။

ရှဲ့ချောင်သည် သူ့စကားအား နားမထောင်ပေ။ ဤသည်မှာ သူ့အား ဝါဂွမ်းအိတ်တစ်အိတ်ကို ထိုးနေရသကဲ့သို့ ခံစားရစေသည်။ သူ စိတ်ရှုပ်သည်ရော၊ ထိတ်လန့်သည်ရောကြောင့် မူးနောက်သွားခဲ့သည်။

ဤသည်မှာ သူ မွေးဖွားလာကတည်းက ပထမဆုံးအကြိမ်အဖြစ် ထိုသို့သော ခံစားချက် ဖြစ်ပေါ်ခြင်းဖြစ်၏!

ရှဲ့ချောင်နှင့် ပတ်သက်၍ သူ လုပ်နိုင်သည့်အရာမှာ တစ်ခုမှ မရှိပေ။ သူမကို သူ မရိုက်နိုင်သလို၊ ဆူလည်း မဆူရဲပေ။ ဆရာရှောင်းအား သူ မျက်နှာလုပ်ရမည်သာ ဖြစ်သည်။

နေ့တစ်နေ့ ကုန်လွန်သွားခဲ့သော်လည်း သူ ဆရာ့ကို မြင်ပင်မမြင်ခဲ့ချေ။

ရှဲ့ချောင်၏ လောင်းကြေးမှာ ကျောင်းတော်ရှိ လူများအတွက် ဟားကွက်တစ်ခု ဖြစ်လာခဲ့သည်။ ယခု သူမသည် စဉ်းစားဉာဏ်မရှိ၊ နုံအသောလူအဖြစ် သတ်မှတ်ခြင်းခံနေရလေသည်။ ရှဲ့မိသားစုလာသည့်အခါတိုင်း လူတိုင်းပြုံးကြသော်လည်း ထိုသည်မှာ ထေ့ငေါ့ခြင်းသာဖြစ်၏။

ရှဲ့ချောင်သည်တော့ ကြောက်စိတ်ဝင်ခြင်း လုံးဝမရှိ။

အရှေ့ခြံဝန်းရှိ ဝါးတော၏ ကြီးမားသည့် အစိတ်အပိုင်းတစ်ခုမှာ ခုတ်ထစ်ခြင်းခံလိုက်ရ၏။ ရှဲ့ချောင်သည် အလွန် အလုပ်များနေခဲ့သောကြောင့် ခြံဝန်းအပြင်ရှိ နန်းတွင်းအစောင့်တစ်ဦးကိုသာ အဆောက်အအုံပုံစံ ပေးခဲ့ပြီး ထွက်သွားခဲ့သည်။

သစ်တောမှာ ကြီးမားလှသည်။ ဝါးတောအား ခုတ်ပြီးသည့်နောက်တွင် လေဝင်လေထွက်မှာ ပိုကောင်းသွားခဲ့သည်။ ယခုဆိုလျှင် အပင်များ၏ ရနံ့မှာ လေထဲတွင် ရစ်ဝဲကျန်နေပေသည်။

အိမ်ရှေ့စံမင်းသားသည် အဆောက်အအုံ ပုံစံငယ်အားယူပြီး တစ်ချက်ကြည့်လိုက်၏။ သူသည် ရေနုတ်မြောင်းတစ်ခုတူးကာ တံတားငယ်များစွာ တည်ဆောက်ရန်ရှိပေသည်။ ခြံဝန်းထဲရှိ သစ်ပင်များမှာ မဟော်ဂနီပင်၊ မက်မွန်ပင်နှင့် ထင်းရှူးမျိုးကျောက်ပန်းပင်များဖြင့် အစားထိုးခံရလိမ့်မည်ဖြစ်သည်။ မိုးမခပင် အနည်းငယ်ကိုသာ ရေနုတ်မြောင်းဘေးတွင် တန်းစီစိုက်ပျိုးထားလေသည်။

ရှင်းရှင်းဆိုရလျှင် ဤပုံစံငယ်မှာ ကြည့်မကောင်းလှပေ။ ကံကောင်းစွာဖြင့်ပင် မြေညီအနည်းငယ်မှာ လွတ်နေလေသည်။ သူ ထိုနေရာတွင် ပန်းပင်အနည်းငယ် စိုက်နိုင်ပေလိမ့်မည်။

ကျောက်ရွှမ်ကျင်းသည် ပုံစံငယ်အား ကြည့်ပြီးနောက် ပယ်မချဖြစ်ခဲ့ပေ။ " ရှဲ့မိန်းကလေး ဆွဲထားသလိုသာ ဆောင်ရွက်လိုက်။ ဘယ်သူမှ ဒါကို ပြောင်းလဲခွင့်မရှိဘူး။ သူ ဘယ်မှာလဲ? "

" သူ ထွက်သွားပါပြီ" နန်းတွင်းသက်တော်စောင့်ကျိုးသည် တဲ့တိုးသမားဖြစ်၏။

ကျောက်ရွှမ်ကျင်း အောက်သို့ငုံ့လိုက်ပြီး သူ၏ အသံမှာ နက်ရှိုင်းဩရှနေခဲ့သည်။ " ဒီနေ့ အပြင်သွားတုန်းက ရုတ်ရုတ်သဲသဲတစ်ခုဖြစ်နေတာ ကြားခဲ့တယ်။ ကိုယ်လုပ်တော် ဒါမှမဟုတ် တခြားတစ်ခုခုအကြောင်း ပြောနေကြတာလေ…"

" အရှင့်သား၊ အဲ့ဒါက သူ့မောင်လေးအတွက် ရပ်တည်ပေးခဲ့ပြီးတော့ ယွမ်ပင်းနဲ့စကားများခဲ့တဲ့ ရှဲ့မိန်းကလေးပါ။ သူတို့တွေ အလောင်းအစားတစ်ခု

လုပ်ခဲ့ကြပြီးတော့ ရှဲ့မိန်းကလေး ရှုံးခဲ့မယ်ဆိုရင် ယွမ်မိသားစုမှာ ကိုယ်လုပ်တော်ဖြစ်လာဖို့အတွက် သူမကို ခေါ်ဖို့ ဝေါယာဉ်တစ်ခု ပို့ဆောင်ခြင်းခံရမှာပါ"

••••••••

All Chapters