အနာကို တုတ်နဲ့ထိုးခြင်း
Vol. 8 Ch. 138
ကျောက်ရွှမ်ကျင်းသည် လက်ထဲတွင် ကျောက်စိမ်းခွက်တစ်ခွက်ကို ကိုင်ထား၏။ သူ၏ ကျစ်လစ်သွယ်လျသော လက်ချောင်းများဖြင့် ခွက်အပေါ်သို့ ဖွဖွလေးပွတ်နေလေသည်။
သူ၏ မျက်နှာထက်တွင် မည်သည့်အမူအရာမှ ရှိမနေဘဲ ဖြည်းဖြည်းချင်းသာ မေးလိုက်၏။ " ဘယ် ယွမ်သခင်လေးလဲ? "
" အရှင့်သား၊ သူက ကျန်းထိုက်နန်းတော် မဟာအတွင်းဝန်ရဲ့ ပထမသားကမွေးတဲ့ ပထမမြေးပါ။ တစ်ဖက်မှာတော့ သူ့အဖေရဲ့ ရာထူးက အရမ်းမြင့်မနေပါဘူး " ကျို့ဝေ့ကျုံးမှ ချက်ချင်းပြန်ဖြေလိုက်လေသည်။
" အိုး၊ ကိုယ်တော့်ကို အရင်နှစ်တွေတုန်းက မသန်စွမ်းလို့ခေါ်ခဲ့တဲ့ အဲ့ဒီယွမ်သခင်လေး…" ကျောက်ရွှမ်ကျင်း အေးစက်စက်အသံဖြင့် တခစ်ခစ် ရယ်လိုက်လေသည်။
ကျို့ဝေ့ကျုံး ကြက်သေသေသွားခဲ့သည်။
ယွမ်သခင်လေးက အဲ့ဒီလိုပြောခဲ့တာလား? သူက ဘယ်လိုလုပ်ပြီး ဒီအကြောင်းကို မသိရတာလဲ?
နန်းတွင်းသက်တော်စောင့်ကျို့သည် မရှင်းမလင်းဖြစ်နေခဲ့သည်။ သို့ရာတွင် သူသည် အိမ်ရှေ့စံမင်းသားနှင့် အတူကြီးပြင်းလာခဲ့သည်ဖြစ်ရာ သူ ဘာကိုဆိုလိုချင်သလဲဆိုသည်ကို ချက်ချင်းသိလိုက်သည်။ သူ ထိုယွမ်သခင်လေးကို မနှစ်မြို့ပေ!
" ကျွန်တော်မျိုး သူ့ကို သင်ခန်းစာပေးဖို့ သူရဲ့မိဘတွေကို ဆင့်ခေါ်လိုက်ရပါမလား?" ကျို့ဝေ့ကျုံး မေးလိုက်သည်။
"ရှဲ့မိန်းကလေးက သူနဲ့ အလောင်းအစားလုပ်ခဲ့တာ မဟုတ်ဘူးလား? သူ့ရဲ့ ဂုဏ်သတင်း ပျက်စီးသွားမယ်ဆိုပြီး သူ(ရှဲ့ချောင်)ပြောခဲ့တယ်လို့ ကြားတယ် " ကျောက်ရွှမ်ကျင်း ခပ်တိုးတိုးရယ်လိုက်သည်။ သူ့အသံတွင် အေးစက်ခြင်းနှင့် ငြိမ်သက်မှုများ ပါဝင်
နေလေသည်။
ကျို့ဝေ့ကျုံး တိတ်တဆိတ် ခေါင်းကိုက်သွားလေသည်။
အရှင့်သားက ဘာကို အတိအကျဆိုလိုတာလဲ?
" ဒါဖြင့်ရင် ကျွန်တော်…အမတအရှင့်ရှဲ့ကို နိုင်အောင်…ကူညီသင့်ပါသလား?" ကျို့ဝေ့ကျုံး အကဲခတ်လိုသောအမူအရာနှင့် မေးလိုက်၏။
" မလုပ်နဲ့၊ ရှဲ့မိန်းကလေးသာ သိသွားမယ်ဆိုရင် သူ့ရဲ့ ကံကြမ္မာဟောတဲ့ အရည်အချင်းကို ငါမယုံကြည်ဘူးလို့ ထင်သွားလိမ့်မယ်" ကျောက်ရွှမ်ကျင်း ပြန်ဖြေလိုက်သည်။
ကျို့ဝေ့ကျုံး ပြောစရာစကားမဲ့သွားလေသည်။ ဒါဆို အိမ်ရှေ့စံမင်းသားက သူ့ကို ဘာလုပ်စေချင်နေ
တာလဲ?!
ကျောက်ရွှမ်ကျင်းသည် ခွက်ကိုချကာ ဘေးတွင်ရှိသော လက်ဖက်ရည်ကို ကြည့်လိုက်သည်။
“လက်ဖက်ရည်က အေးနေပြီ။ အဲ့ဒါကို ဆူအောင် တစ်ယောက်ယောက်ကို မီးထည့်ခိုင်းလိုက်"
" ဟုတ်ကဲ့" ကျို့ဝေ့ကျုံး ချက်ချင်းခေါင်းညိတ်လိုက်ပြီးနောက် လက်ဖက်ရည်အားယူရန် တစ်ယောက်အား ခိုင်းလိုက်၏။ တံခါးဝသို့ လက်ဖက်ရည်ရောက်သွားသည်နှင့် သူ သဘောပေါက်သွားခဲ့သည်!
' မီးထည့်ရမယ်!?' ဆိုတော့ သူက ငါ့ကို ဒီအခြေအနေထဲ မီးလောင်ရာလေပင့် လုပ်စေချင်တာလား!
‘ အမတအရှင်ရှဲ့က အလောင်းအစားကို လုပ်ရဲမှတော့ သူ ယုံကြည်ချက်ရှိလို့ပဲ ဖြစ်ရမယ်။ အရှင့်သား
က မီးလောင်ရာလေပင့်လုပ်ပြီး ယွမ်ပင်းကို ရှုံးစေချင်တာလား၊ အနာကို တုတ်နဲ့ထိုးပြီးတော့လေ?’
" အရှင့်သား၊ အရှင် …"
‘ ရှဲ့မိန်းကလေးကို သဘောကျနေတာလား?'
သူက ရှဲ့ချောင်ကို သူရဲ့တပည့်အနေနဲ့တောင် လိုချင်ခဲ့တာလေ။
" ယွမ်မိသားစုက ဒီမျိုးမစစ်ကောင်က ငါ့ကို တိတ်တဆိတ်ဝေဖန်ပြောဆိုခဲ့တယ်။ ငါ သူ့ကိုအပြစ်ပေးသင့်လား?" ကျောက်ရွှမ်ကျင်းသည် တော်ဝင်ထိုင်ခုံပေါ်တွင် မှီလျက် သူ၏ ညာဘက်လက်မောင်းအား အနည်းငယ်ဒေါသထွက်စွာဖြင့် ကြည့်နေခဲ့သည်။ သူ၏ ညင်သာသောအသံ တစ်ဖန် ထွက်လာခဲ့ပြန်သည်။ " ရှဲ့မိန်းကလေး နောက်ဆုံးအကြိမ်လာတုန်းက ငါ့လက်မောင်းကို ကြည့်သွားခဲ့
သေးလား?"
" ကျွန်တော်မျိုးတော့ သတိမထားမိပါဘူး?" ကျို့ဝေ့ကျုံး သတိမရချေ။
ကျောက်ရွှမ်ကျင်းမှ အပြုံးတစ်ခုအား ထုတ်ဖော်ပြသလိုက်သည်။
အဲတာ အမှန်ပဲ။ သူ မကြည့်သွားခဲ့ဘူး။
သူ(ရှဲ့ချောင်) နန်းမြို့တော်ကို ရောက်လာမှတော့ သူက မသန်စွမ်းတစ်ယောက်ဆိုတာကို ဘယ်လိုလုပ် မသိပဲနေပါ့မလဲ?
ကမ္ဘာပေါ်မှလူတိုင်းသည် သူ့ကိုတွေ့သည့်အခါတိုင်း သူတို့ကြည့်ရဲသည်ဖြစ်စေ၊ မကြည့်ရဲသည်ဖြစ်စေ၊ သူ့ ညာလက်မောင်းအား အလိုလိုကြည့်မိကြပေ
လိမ့်မည်။ သူမတစ်ယောက်တည်းသည်သာ သူ၏မျက်နှာကို ရံဖန်ရံခါကြည့်တတ်သူ ဖြစ်လေ၏။
သူမ သူ့လက်မောင်းအား ဖျတ်ခနဲကြည့်ခဲ့သော်လည်း စိုက်မကြည့်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
" အိုး ဟုတ်သား၊၊ ရှဲ့မိန်းကလေးရဲ့မောင်က သူ့ရဲ့ဆရာအဖြစ် တစ်ယောက်ယောက်ကို ခေါ်ယူချင်တာလို့ မင်းပြောခဲ့တယ်နော်။ အဲ့ဒါက ဘာလဲ?" ကျောက်ရွှမ်ကျင်း ရုတ်တရက်တွေးလိုက်၏။ " ဘယ်သူလဲ? ရှောင်းယွီရုန်လား?"
" ဆရာရှောင်းက သူ့ကို လုံးဝလျစ်လျူရှုထားတာပါ။ မောင်ဖြစ်သူက မနေ့က အပြင်ဘက်မှာ လေးနာရီ ဒူးထောက်ခဲ့ပေမယ့် သူ ဆရာရှောင်းနဲ့ စကားပြောခွင့်ရအောင်တောင် မလုပ်နိုင်ခဲ့ပါဘူး။ ရှဲ့မိသားစုရဲ့ နောက်ခံကို အရှင့်သားသိပြီးသားပါ။
သားသမီးတွေကို ပညာသင်ကြားပေးတာနဲ့ ပတ်သက်လာရင် အဲ့ဒီ ရှဲ့နျိုရှန်းက တကယ့်ကို အရေးနိမ့်တာဗျ။ တော်ဝင်ဆရာကသာ ဒီနှစ်တွေမှာ သူတို့ကို မစောင့်ရှောက်ခဲ့ဘူးဆိုရင် တစ်ယောက်ယောက်က ရှဲ့မိသားစုကို အပြစ်ရှာသွားနိုင်ခဲ့မှာ။ သူတို့ နန်းမြို့တော်ကနေ မောင်းထုတ်ခံခဲ့ရတာ ကြာနေလောက်ပြီပေါ့ဗျာ " နန်းတွင်းသက်တော်စောင့်ကျို့သည် ချက်ချင်းပင် အတင်းအဖျင်းစပြောလေတော့သည်။
ကျောက်ရွှမ်ကျင်း မျက်ခုံးပင့်လိုက်ပြီး ကျို့ဝေ့ကျုံးအား ဖျတ်ခနဲ ကြည့်လိုက်သည်။ " ရှဲ့ဖင်းကန်းက အမှုကြီးတစ်ခုကို ဖြေရှင်းခဲ့တယ်လို့ကြားတယ်"
နန်းတွင်းသက်တော်စောင့်ကျို့ ကြက်သေ,သေသွားရပြန်သည်။ “ သူက မှုခင်းဌာနခွဲတစ်ခုကပါ။ သူ့အတွက် အမှူတွေကို ဖြေရှင်းတာက ပုံမှန်ပဲ မဟုတ်ဘူးလားလို့?"
" သူ အခု ရာထူးတိုးခံရသင့်ပြီမလား?" ကျောက်ရွှမ်
ကျင်း သူ၏ နှုတ်ခမ်းများကို စုဝိုင်းထားလေသည်။ “ရှဲ့မိန်းကလေးက တော်တော်လေး ဉာဏ်အမြော်အမြင်ရှိတယ်။ သူက ရင့်ကျက်ပြီးတော့ ဩဇာတိက္ကမလည်း ရှိတယ်။ သူတို့က အမေတူကြမှတော့ သူလည်း မဆိုးလောက်ဘူးဆိုတာ သေချာတယ်။ သူ့ကို တိတ်တဆိတ် စောင့်ကြည့်ထားလိုက်၊ ပြီးတော့ သူရဲ့အောင်မြင်မှုကို တခြားလူတွေ ယူသွားတာမျိုး မဖြစ်စေနဲ"
•••••