← Chapters

ပညာမတတ်ပဲ အသုံးဝင်သူတစ်ယောက် ဖြစ်မလာနိုင်

Vol. 8 Ch. 139

ပညာမတတ်ပဲ အသုံးဝင်သူတစ်ယောက် ဖြစ်မလာနိုင်

Vol. 8 Ch. 139

ယခုဆိုလျှင် ကျောက်ရွှမ်ကျင်းသည် နန်းမြို့တော်သို့ ပြန်လာခဲ့ပြီးဖြစ်ရာ သူ ဘာမှမလုပ်ပဲနေမည်ဆိုပါက အဓိပ္ပာယ်မရှိပေ။ သူ တစ်ခုခုကို လုပ်ရပေလိမ့်မည်။

သူသည် အခွန်ဝန်ကြီးဌာန၊ အလုပ်ရုံဌာန၊ တရားရေးရာ ဝန်ကြီးဌာနများသို့ ရောက်ခဲ့ပြီးသော်လည်း မှုခင်းဌာနကိုမူ တစ်ခါမှ မရောက်သေးပေ။

မှုခင်းဌာနနှင့် တရားရေးရာဝန်ကြီးဌာနမှ ကိုင်တွယ်ဖြေရှင်းသော အရေးကိစ္စများသည် ဆင်တူသော်လည်း မှုခင်းဌာနမှ ကိုင်တွယ်ရသော အရေးကိစ္စများမှာ ပို၍ကျယ်ပြန့်လေသည်။ ၎င်းတို့သည် စစ်ဆေးခြင်းများကို ပြုလုပ်သော်လည်း စုံစမ်းမေးမြန်းမှုများကို အဓိကထားဆောင်ရွက်သည်ဖြစ်၏။

ကျောက်ရွှမ်ကျင်းသည် အတော်လေးမေ့တတ်သူတစ်ဦးဖြစ်၏။ နန်းတွင်းသက်တော်စောင့်ကျို့အတွက် သူ အရှင်မင်းသား၏ ခြေလှမ်းကို လိုက်မမှီနိုင်ဟု ခံစားရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

အရှင်မင်းသား၏ စိတ်ထဲတွင် အတွေးများစွာရှိနေ

ပြီး ထိုအတွေးများသည် အလျင်အမြန် ပြောင်းလဲနေတတ်ပေသည်။

မျက်တောင်တစ်ခတ်စာအတွင်းတွင် ကျောက်ရွှမ်ကျင်းသည် အပြင်ရောက်သွားခဲ့လေပြီ။ သူသည် ဆရာရှောင်း၏ ခြံဝန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေရာတွင် ဒူးထောက်နေသည့် ကောင်လေးတစ်ယောက်အား သူ တွေ့လိုက်ရ၏။ အိမ်အတွင်းသို့ မဝင်မီ သူ တစ်ချက်ကြည့်လိုက်ကာ ဘာမှမပြောလိုက်ပေ။

ရှောင်းယွီရုန်သည် တစ်ကိုယ်တည်း စစ်တုရင် ကစားနေလေ၏။

" ဆိုတော့ တံခါးအပြင်မှာရှိနေတဲ့ ကလေးက မင်းရဲ့ ပထမဆုံးတပည့်ဖြစ်လာမှာပေါ့?" ကျောက်ရွှမ်ကျင်း

မဆိုင်းမတွ မေးလိုက်၏။ " မဆိုးပါဘူး။ ငါ ဒါကို ဂုဏ်ပြုဖို့ အထူးတလည် လာခဲ့တာ၊ ပြီးတော့ မင်းရဲ့ ဝိုင်ကိုလည်း သောက်ဖို့ပေါ့"

ရှောင်းယွီရုန် သူ၏ မျက်လုံးကို ပင့်လိုက်၏။ " ငါ ဘာကိုမှ လက်မခံရသေးဘူး။ မင်း သူ့ကို လိုချင်နေတာများလား? လိုချင်တယ်ဆိုလည်း ခေါ်သွားလေ။ ငါကတော့ သူ့ကို တကယ်မလိုချင်ဘူး"

' အဲ့ဒီအပြင်ဘက်ကတစ်ယောက်က…ပူပန်စရာပဲ’

" သေချာတာပေါ့" ကျောက်ရွှမ်ကျင်း ခေါင်းညိတ်လိုက်သည်။

ရှောင်းယွီရုန် လှုပ်ရှားနေမှုများကို ရပ်လိုက်၏။ ထို့နောက် သူသည် စစ်တုရင်ရုပ်များအား သေတ္တာတစ်ခုထဲတွင် သိမ်းလိုက်၏။ "အရှင့်သား ကျွန်တော့်ကို နောက်နေတာလား? အရှင့်သား သူ့ကို ခေါ်သွား

လိုက်ရင် ကျွန်တော်မျိုးကြီး ဒုက္ခရောက်သွားမှာ မဟုတ်ဘူးလား? ကျွန်တော် စုံစမ်းဖို့ လူတွေ လွှတ်ခဲ့တယ်။ အဲ့ဒီကလေးက အမြဲ တိရစ္ဆာန်တွေနဲ့ ဆော့ကစားနေတာ၊ ပျက်စီးနေတဲ့ ကလေးဆိုးတစ်ယောက်ပဲ။ ဆရာတူအစ်မမော့ကြောင့်သာ မဟုတ်ရင်…"

သူ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် ဆိုးဆိုးဝါးဝါး ခံစားလိုက်ရသည်။

" ဆိုတော့ မင်းက ဒီကိစ္စကို ခဏ ထိန်းထားနေရုံပဲ၊ ပြီးရင် မင်းသူ့ကို အနှေးနဲ့အမြန် ခေါ်မှာပဲ၊ ဟုတ်တယ်မလား?" ကျောက်ရွှမ်ကျင်း၏ အသံအနေထားမှာ တည်ငြိမ်နေသော်လည်း ထိုအထဲတွင် ကျေနပ်မှုအရိပ်အယောင်များ ပါနေလေသည်။

ဤသည်မှာ ရယ်စရာကောင်းသည်ဟု ရှောင်းယွိရုန် ထင်မိသည်။ " ငါ သူ့ကို လက်ခံမှာပါ။ ဒါပေမယ့် လူတစ်ယောက်က ပညာမတတ်ပဲ အသုံးဝင်တဲ့သူ ဖြစ်မလာနိုင်ဘူး။ ငါသာ သူ့ကို အခုနေ သင်ခန်းစာမပေး

ဘူးဆိုရင် သူ အနာဂတ်မှာ ပြဿနာရှာမှာကို ငါကြောက်မိတယ်။ ဆရာတူအစ်မက သူ ရှဲ့မိသားစုကို အကူညီတစ်ခု အကြွေးတင်ခဲ့တယ်ဆိုပြီး ပြောတယ်။ ဒါကြောင့်ပဲ သူက ရှဲ့ဖင်းဟွိုက်ကို သင်ပေးဖို့ တောင်းဆိုခဲ့တာ။ ဒီခေါင်းမာတဲ့တစ်ယောက်က ငါ့အတွက်တော့ တကယ့်ကို ပြဿနာတစ်ခုပဲ"

သို့ရာတွင်လည်း နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးနောက် သူ့အား အကြီးဆုံးဆရာတူအစ်မမှ အကူအညီတောင်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ထိုအရာအား မလုပ်ခဲ့လျှင် မယဉ်ကျေးရာ ရောက်ပေလိမ့်မည်။

ကျောက်ရွှမ်ကျင်းသည် ဘာမှမပြောခဲ့ချေ။ သူသည် ခြေထောက်များကိုသာ ချိတ်လျက်ထိုင်နေပြီး စစ်တုရင်အား စိုက်ကြည့်နေခဲ့သည်။

ရှောင်းယွီရုန်သည် အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားကာ ဩဇာတိက္ကမနှင့်ပြည့်စုံပြီး အတွေ့ကြုံများသည့်ပုံပေါ်၏။ သူသည် ယခုနှစ်တွင် ၂၉နှစ်ရှိပြီဖြစ်

သော်လည်း လူလွတ်တစ်ဦးသာ ဖြစ်ဆဲဖြစ်သည်။ သူသည် ယခု ပို၍ပင် စိတ်ကူးယဉ်ဆန်သည့်ပုံပေါ်နေလေသည်။

သို့သော် သူ့ကိုယ်သူ စိတ်ကူးယဉ်ဆန်သည့်ပုံပေါ်သည်ဟု တွေးမိချိန်တိုင်းတွင် ကျောက်ရွှမ်ကျင်းအား သူ မြင်လိုက်သောအချိန်တိုင်း၌ ထိန်းချုပ်ထားခဲ့သည်။

" မင်း ဆရာ့ကို သူ့မှာ အချိန်ရှိတဲ့အခါကျ အလိုလို ထပ်တွေ့ရမှာပဲ။ ဘာတွေ အလျင်လိုနေတာလဲ? " ကျောက်ရွှမ်ကျင်းသည် ပုံမှန်အမူအရာဖြင့်သာ ပြောလိုက်၏။ ရုတ်တရက် သူ့မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ သူသည် အဖြူရောင် စစ်တုရင်အပိုင်းတစ်ခုကို ချလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် အနက်ရောင် စစ်တုရင်အပိုင်းတစ်ခုအား ယူသွားခဲ့သည်။

ရှောင်းယွိရုန်၏ မျက်ခွံများ လှုပ်သွားခဲ့သည်။

သူ စကားပြောနေတုန်း ကျောက်ရွှမ်ကျင်း သူ့အပေါ်အခွင့်ကောင်းယူလိုက်တာလား?

ဒီကောင်ကတော့!

" ဒါပေမယ့် ဆရာတူအစ်မမော့က အားနည်းနေပြီးတော့ ဆရာကတော့ သန်မာနေတုန်းပဲလို့ ကြားတယ်။ သူက ခရီးသွားနေတုန်းပဲ။ နောက်အနှစ်နှစ်ဆယ်လောက် ပိုပြီးအသက်ရှင်ဖို့က သူ့အတွက် ဘာမှ ခက်ခဲတာမဟုတ်ဘူး။ တကယ်လို့ ဆရာတူအစ်မသာ အရင်ထွက်သွားခဲ့မယ်ဆိုရင်တော့ ငါတို့မှာ ဆုံရမယ့်ကံမပါတော့ဘူး။" ရှောင်းယွီရုန်က ထပ်ပြောလိုက်သည်။

ကျောက်ရွှမ်ကျင်းသည် ခေါင်းကိုမော့ကာ သူ့အား ရှုပ်ထွေးနေသော အမူအရာများနှင့် ကြည့်လိုက်၏။ " မင်း သူ့အကြောင်းကို တွေးနေရတာက အဲ့တုန်းက

သူ ပေးခဲ့တဲ့ ကြိုဆိုလက်ဆောင်ကြောင့်များ ဖြစ်နေမလား? အဲ့ဒါကြောင့် မင်းအခုထိ လူလွတ်ဖြစ်နေတာလား!?"

ရှောင်းယွီရုန် မျက်နှာနီမြန်းသွားခဲ့၏။

ဒီလူက ဘာကိုသိနေတာလဲ?

ရှောင်းယွီရုန်သည် ဆင်းဆင်းရဲရဲ မွေးဖွားလာခဲ့ပြီး သူ ငယ်စဉ်က မည်သည့်အရာမှ ရရှိခဲ့ဖူးခြင်းမရှိပေ။ သူ အသက်နှစ်ဆယ်ရောက်ချိန်တွင် အသက် ၁၁ နှစ်သာရှိသေးသည့် အိမ်ရှေ့စံမင်းသားနှင့် ဂိုဏ်းတစ်ခုသို့ဝင်ရောက်ခဲ့၏။ သုံးလကြာပြီးနောက်တွင် အကြီးဆုံးဆရာတူအစ်မက ကြိုဆို လက်ဆောင်နှစ်ခုကို ပို့ပေးခဲ့သည်။

ဆရာတူအစ်မမော့ ပေးခဲ့သည့်အရာမှာ သာမန်ထက်လွန်ကဲစွာ ရိုးရှင်းလှပေသည်။

သူသည် အလွန်ကျော်ကြားသော ဆရာတစ်ယောက်၏ တပည့်ဖြစ်သဖြင့် လူတိုင်းသည် တန်ဖိုးကြီး လက်ဆောင်များကို ပေးခဲ့ကြ၏။ သူသည် တိတ်တဆိတ် အလွန်ပျော်ရွှင်နေခဲ့သည်ဖြစ်သည်_ သူ ဂုဏ်ယူဝင့်ကြွားနေခဲ့ခြင်းမှာ ယုတ္တိရှိပေသည်။ ထိုကဲ့သို့ အလွန်အရေးပါသော အခိုက်အတန့်တွင် သူသည် ဆရာတူအစ်မ ပို့ပေးခဲ့သော မက်မွန်သားဓားတစ်လက်ကို လက်ခံရရှိခဲ့လေသည်။ ၎င်းသည် သူ့အား နှိမ့်ချတတ်မှုကို ပေးခဲ့လေ၏။

အမျိုးကောင်းသားတစ်ဦးမှ ဓားရှည်တစ်လက်ကို သုံးနေချိန်တွင် နှိမ့်ချတတ်သည့် ယောကျာ်းတစ်ယောက်မှာ မက်မွန်သားနှင့် လုပ်ထားသော တစ်ခုကို သုံးခဲ့လေသည်။

၎င်းမှာ ၎င်းတို့နှစ်ယောက်လုံးအား သူတို့၏ မျိုးရိုးဇစ်မြစ်များအား အမြဲအမှတ်ရနေရန် သင်ပေးလိုခြင်းဖြစ်၏။

သူတို့၏ ဆရာသခင်ထံမှ ကြားခဲ့ရသည်မှာ မော့ချူးရှန်း၊ ဆရာတူအစ်မမော့သည်…အလွန်နှိမ့်ချတတ်ကာ ကြိုးစား၍ နူးညံညင်သာသည့်သူဖြစ်ပြီး…ချစ်စရာကောင်းသည်ဟူ၍ပင်။

••••••

All Chapters