← Chapters

မင်းကို ဂိုဏ်းကနေ မောင်းထုတ်မယ်

Vol. 8 Ch. 140

မင်းကို ဂိုဏ်းကနေ မောင်းထုတ်မယ်

Vol. 8 Ch. 140

သူ ပြောခဲ့သည်အား ရှောင်းယွီရုန် ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံနေခြင်းကို ကျောက်ရွှမ်ကျင်းတစ်ယောက် နေသားမကျနိုင်ပေ။

" ဆရာတူအစ်မက သာမန်လူတွေနဲ့ မတူပဲ ကွဲပြားတယ်လို့ ဆရာက ပြောခဲ့တယ်။ သူက ငယ်ငယ်လေးကတည်းက အားနည်းခဲ့တယ်ဆိုပေမယ့် စိတ်ဓာတ်မာကြောတယ်။ ဘယ်သူ့ကိုမှ ဦးမညွှတ်ခဲ့ဖူးဘူး။

သူက ချမ်းသာတဲ့မိသားစုကနေ လာခဲ့တာမဟုတ်ပေမယ့် ငြိမ်းအေးတဲ့ဘဝမှာ နေထိုင်နေတာ။ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီစွမ်းရည်ရှိပြီးတော့ ဘယ်အရာကိုမဆို လျင်လျင်မြန်မြန် သင်ယူတတ်မြောက်နိုင်တယ်။ ငါ အခုထိ သူ့လို ပါရမီရှင်မျိုးကို မတွေ့ဖူးသေးဘူး။ ဒါဝမ်းနည်းစရာပဲ"

ကျောက်ရွှမ်ကျင်း၏ မျက်ခွံများ လှုပ်သွားခဲ့သည်။

" ငါတော့ မကြာခင် မင်း မိန်းမတစ်ယောက်ရသင့်နေပြီလို့ ထင်တယ်" ကျောက်ရွှမ်ကျင်း သူ့အား ဖုံးကွယ်ထားသော အဓိပ္ပာယ်များနှင့် ကြည့်လိုက်လေသည်။ သူ့မျက်နှာပေါ်တွင် သနားစိတ်များ ပေါ်နေလေ၏။

" မင်း ဘာကို ဆိုလိုတာလဲ? ဆရာတူအစ်မ သေတော့မယ်လို့ ဆိုလိုတာလား? သူ အသက်ရှင်နေတုန်းပဲလို့ ဆရာက ပြောခဲ့တယ် မဟုတ်ဘူးလား? " ရှောင်းယွီရုန် ချက်ချင်းပင် ထိတ်လန့်သွားခဲ့၏။

သူ ကျောက်ရွှမ်ကျင်း၏ လက်ကောက်ဝတ်အား ထိတ်ထိတ်ပျာပျာနှင့် ကိုင်လိုက်သည်။

ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်ကာ သူ့လက်ကောက်ဝတ်အား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူ့လက်အား စိတ်အနှောင့်ယှက်ဖြစ်စွာနှင့် ဘေးသို့ ဖယ်လိုက်လေသည်။ " မင်းကသာ သူ့အတွက် သင့်တော်တဲ့သူဆိုရင် အစကတည်းက ဆရာ မင်းတို့နှစ်ယောက်လုံးကို တွဲဖက်ပေးနေလောက်ပြီ။ နှစ်တွေအများကြီးကြာတာတောင် ဘာလို့ ဘာသတင်းမှ မကြားရတာလဲ? ဆရာက ဘာတစ်ခုမှမပြောခဲ့တဲ့အပြင် ငါတို့တွေ တစ်ယောက်နဲ့တစ်ယာက် တွေ့ဆုံကြဖို့ကိုတောင် ရပ်ပစ်ခဲ့မှတော့ မင်း ဒီအတိုင်း လက်လျှော့လိုက်သင့်ပြီ"

သူတို့၏ ဆရာကြီးသည် မော့ချူရှန်းအား အလွန်ချစ်ခင်ခဲ့သည်ဖြစ်၏။

သူတို့အား သင်ကြားပေးနေခဲ့သည့် အစောပိုင်းနှစ်များတွင် သူ့ထံ၌ အခွင့်အရေးရတိုင်း မော့ချူးရှန်းအကြောင်းကို ထုတ်ပြောတတ်လေသည်။

သို့ရာတွင် ရှောင်းယွီရုန်တစ်ယောက် အကြီးဆုံးဆရာတူအစ်မနှင့် နန်းမြို့တော်၌ တွေ့ဆုံရန် အကြံပြုပြောဆိုသည့်အခါတိုင်း ၎င်းတို့ဆရာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတတ်လေသည်။

သိသာထင်ရှားစွာပင် ဆရာ့စိတ်ထဲ၌ ရှောင်းယွီရုန်သည် မော့ချူးရှန်းအတွက် သင့်တော်သည့် အမျိုးသားတစ်ဦး မဟုတ်ခဲ့ချေ။

ပြီးတော့ အဲ့ဒီ မက်မွန်သားဓားရှည်…

ကျောက်ရွှမ်ကျင်း လက်ဆောင်ရခဲ့သည့်အချိန်က ခံစားခဲ့ရသည့် အံ့အားသင့်ရမှုကို ပြန်အမှတ်ရသွားခဲ့၏။ ၎င်းက မယုံနိုင်စရာကောင်းသည်ဟု သူ ထင်

ခဲ့မိသည်။

လက်မှုပညာမှာ သာမန်မျှသာရှိပြီး ထိုအရာမှာ တစ်ခါတစ်ရံတွင် ဆူးပါစူးတတ်သေး၏။ ထိုဓားပေါ်တွင် ထွင်းထုထားသော စကားလုံးများမှာလည်း အစီအစဥ်မကျ ဖြောင့်ဖြူးမနေပေ။ ကလေးတစ်ယောက် ပြုလုပ်ထားသည့် ကစားစရာနှင့်ပင် တူနေခဲ့လေသည်။

၎င်းတို့ ထိုလက်ဆောင်အား လက်ခံရရှိခဲ့သည့်အချိန်က မှားပေးခြင်းဖြစ်သည်ဟု သူ သံသယရှိခဲ့သည်ဖြစ်၏။

ဖြစ်နိုင်တာက ဆရာတူအစ်မမော့များ လက်ထပ်လိုက်ပြီးတော့ သူ့ကလေးတွေက မက်မွန်သားဓားတွေကို လုပ်ပေးလိုက်တာများလား၊ အဲ့တာကြောင့် သူတို့ကို သူ ပျော်ရွှင်မှုတွေ မျှဝေဖို့ ဒီဓားတွေ ပေးခဲ့တာများလားနော်?

ရှောင်းယွီရုန်မှာ မည်ကဲ့သို့ လွယ်လွယ်နှင့် လက်လျှော့နိုင်မည်နည်း?

"အဲ့စကားကို ဆရာတူအစ်မမော့ကိုယ်တိုင်ပြောတာပဲ ငါကြားချင်တယ်" ရှောင်းယွီရုန်သည် ခေါင်းမာနေဆဲပင်။ " နောက်ပြီးတော့ ဆရာ့လိုမျိုး ငါ အမြဲဖြစ်ချင်ခဲ့တာ– ခရီးသွားဖို့နဲ့ ပညာသင်ပေးဖို့ပေါ့။ စိတ်မပူပါနဲ့။ ဆရာတူအစ်မမော့သာ ငါ့ကို သဘောမကျဘူးဆိုရင် ငါ မရမက တောင်းဆိုမှာ မဟုတ်ပါဘူး"

ကျောက်ရွှမ်ကျင်း လှောင်ရယ်ကာ ပြုံးလိုက်သည်။ သူ ထိုကိစ္စအား တစ်ခါမှ စိတ်မပူခဲ့ဖူးပေ။

ရှောင်းယွီရုန် မျက်မှောင်ကြုတ်လိုက်ပြီး နားပူနားဆာ စလုပ်တော့သည်။ " အဲ့တာထက် မင်း၊ အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနဲ့ ကြင်ယာတော်မင်းသမီး ရသင့်နေပြီ။ မင်း ဒီကိစ္စကို နှစ်တွေကြာအောင် ရွှေ့ဆိုင်းလာခဲ့ပြီးတော့ ဧကရာဇ်မင်းက

လည်း ဒါကို ခွင့်ပြုပေးထားတယ်။ မင်းရဲ့ နေရာကို ထိန်းထားချင်တယ်ဆိုရင် အမွေဆက်ခံသူတစ်ယောက်ရဖို့အရေးကို ပိုအားမထုတ်သင့်ဘူးလား?"

ကျောက်ရွှမ်ကျင်းသည် နောက်သို့ မှီထိုင်နေကာ သူ၏ မျက်နှာအမူအရာမှာ အေးဆေးတည်ငြိမ်နေလေသည်။

" အလျင်လိုစရာမလိုပါဘူး" ကျောက်ရွှမ်ကျင်း ပြောလိုက်၏။

ရှောင်းယွီရုန်တစ်ယောက် အိမ်ရှေ့စံမင်းသား၏ လက်မောင်းအား အလိုလို တစ်ချက်ကြည့်မိသွားသည်။

ကျောက်ရွှမ်ကျင်းသည် အထူးသဖြင့် ထိုသို့သော ဝေဖန်လိုသည့် အကြည့်များအား ဆတ်ဆတ်ထိမခံနိုင်ပေ။

မည်သို့ပင်ဆိုစေ သူ ထိုအရာအား ငြင်းခုံနေရန် စိတ်ထဲရှိမနေချေ။ ထိုအချိန်တွင် ရှောင်းယွီရုန်ထံ၌ မကောင်းသော ရည်ရွယ်ချက်မရှိသည်အား သူသိ၏။ သို့သော်လည်း သူ သိသိသာသာပင် စိတ်ဝင်စားခြင်းမရှိတော့ပေ။ စစ်တုရင်ရုပ်များကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ကာ သူ၏ ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်မှာ မတ်တပ်ထရပ်လာခဲ့သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိလေထုမှာ အတော်လေး ဖိအားများလာခဲ့လေသည်။

ရှောင်းယွီရုန် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

အကယ်၍သာ အိမ်ရှေ့စံမင်းသား၏ လက်မောင်း မသန်မစွမ်း မဖြစ်ခဲ့ပါက ဤလောက၌ ထာဝရ အောက်မေ့သတိရခံရမည့် ဧကရာဇ်မင်းတစ်ပါး ပိုလာလိမ့်မည်လော?

အိမ်ရှေ့စံမင်းသားအသက် ၁၁ နှစ်အရွယ်က ဂိုဏ်းသို့ ဝင်ရောက်ခဲ့ချိန်အား သူ သတိရမိသွားသည်။ သူသည် ပါရမီရှိသူတစ်ယောက်ဖြစ်ပြီး မည်သူမှ သူနှင့် မယှဉ်နိုင်ခဲ့ချေ။ သူ၏ စကားများသည် အမြော်အမြင်ရှိကာ မြင်းစီးမြှားပစ်အပါအဝင် အရာရာတိုင်းတွင် ကျွမ်းကျင်လေ၏။ သူတို့ဆရာသည်ပင် မော့ချူရှန်းမှလွဲ၍ ဤကမ္ဘာပေါ်တွင် သူ သဘောအကျဆုံးမှာ အိမ်ရှေ့စံမင်းသားဖြစ်သည်ဟု ပြောခဲ့လေသည်။

ကံမကောင်းစွာဖြင့်ပင် ကောင်းကင်ဘုံသည် ပါရမီရှင်များအပေါ် မနာလိုဝန်တိုလေ၏။

ရှောင်းယွီရုန် သူ့အတွေးနှင့်သူရှိနေစဉ် အရှင့်သားမှ သူ့အား ကြည့်နေပုံရသည်အား အာရုံခံမိလိုက်သည်။

သူ ရုတ်တရက် အေးစက်စက်ခံစားလိုက်ရ၏။ " ငါရဲ့ ဆရာတူအစ်မမော့အကြောင်းကို တွေးနေရုံပါ…"

သူ အမှန်တရားကိုဖုံးကွယ်ပြီး သူ့ကိုယ်သူသာ စွန့်လွှတ်လိုက်၏။

" သူက ငါ့ရဲ့ ဆရာတူအစ်မတစ်ယောက်လည်း ဖြစ်တယ်ဆိုတာကို မမေ့နဲ့။ မင်း သူ့အကြောင်းတွေးနေတာကို ရပ်လိုက်သင့်တယ်၊ ဆရာတူအစ်ကိုရှောင်း။ မဟုတ်ရင် ဆရာက မင်းကို ဂိုဏ်းကနေ မောင်းထုတ်ဖို့အတွက် ငါ့ကို အကူအညီတောင်းတဲ့ စာတစ်စောင် အဝေးကြီးကနေ ရေးပို့နေလိမ့်မယ် "

•••••••

All Chapters