သူ(မ) အရှုံးပေးအောင်လုပ်မယ်
Vol. 9 Ch. 141
ရှောင်းယွီရုန် မျက်ခွံများ လှုပ်သွားခဲ့သည်။
ကျောက်ရွှမ်ကျင်း ထွက်သွားရန် ထလိုက်သည်အား သူ မြင်လိုက်ရသည်။ သူသည် တံခါးဝသို့ ရောက်သွားသည့်အခါ ရပ်တန့်နေသည်မှာ ကျောက်တုံးတစ်တုံး ပိတ်နေသကဲ့သို့ပင်။ ကျောက်ရွှမ်ကျင်းသည် ခေါင်းကိုလှည့်၍ သူ့အား အထင်သေးသည့်ပုံဖြင့်ကြည့်ရင်း ပြောလိုက်၏။ " ယုန်တစ်ကောင်က သူရဲ့ တွင်းကို ဘယ်တော့မှ မညစ်ပတ်စေဘူးတဲ့။ ရှေးစကားပုံက တကယ့်ကို မှန်တာပဲ။ ငါတို့တွေက ဂိုဏ်းတစ်ခုထဲကသူတွေပါ။ ဆရာတူအစ်ကို့မှာ ဘယ်လိုလုပ်ပြီး ဒီလိုအတွေးမျိုး ရှိနေရတာလဲ? မင်းက တကယ့်ကို တိရစ္ဆာန်တစ်ကောင်ပဲ။ ကျောင်းတော်က မကြာသေးခင်ကမှ ဆရာကြီးယွမ်ဝေ့ရဲ့
' ရှင်သန်ခြင်းရဲ့အရသာ' ပန်းချီကားကို ရခဲ့တယ်လို့ကြားတယ်။ အဲ့ဒီပန်းချီကားထဲမှာ တိရစ္ဆာန်တွေကို အံ့ဩစရာကောင်းလောက်အောင် ရေးဆွဲထားတာ။
ငါ လွန်ခဲ့တဲ့နှစ်ရက်လောက်က ကြည့်ကြည့်တာ၊ သူတို့ အကုန်လုံးက မင်းနဲ့တူတယ်လို့ ငါထင်တယ်။ မင်း အဲ့တာကို ကူးယူထားသင့်တယ် ဆရာတူအစ်ကို"
သူ ပြောလို့ပြီးသွားသည်နှင့် ချက်ချင်း ထွက်သွားတော့သည်။
ရှောင်းယွီရုန်၏ မျက်ခွံများ လှုပ်သွားရခဲ့ပြန်သည်။ သူ မနီးမဝေး၌ရှိသည့်စားပွဲအား ဖြည်းညင်းစွာ ကြည့်လိုက်၏။
'ရှင်သန်ခြင်းရဲ့အရသာ' ပန်းချီကား…
သူသည် ထိုပန်းချီကားကို ဤနေရာသို့ ပို့လိုက်ရန် တစ်စုံတစ်ယောက်အား ယနေ့မှ စေခိုင်းလိုက်ခြင်း ဖြစ်သည်။ သူ ထိုပန်းချီကားအား ကူးဆွဲမည်ဟု တွေးခဲ့သည်ပင်…
ရုတ်တရက် ထိုအရာအား လုပ်ဆောင်ရန် သူ အားမထုတ်နိုင်တော့ပေ။
ကျောက်ရွှမ်ကျင်းထွက်သွားသည့်အခါတွင် ရှဲ့ဖင်းဟွိုက်အား ဖြတ်ကျော်၍ လျှောက်သွားခဲ့သည်။
သူ ဘယ်လိုတွေတောင် ဒူးထောက်နေခဲ့တာလဲ? ရှဲ့ဖင်းဟွိုက်၏ ခေါင်းမှာ စောင်းနေခဲ့ပြီး မြေကြီးပေါ် လှဲတော့မတတ်အထိ ဖြစ်နေခဲ့လေသည်။ သူသည် ဒူးထောက်ရင်း အိပ်နေကာ မြေကြီးပေါ်၌ သွားရေများပင် ကျနေလေပြီဖြစ်သည်။
" ဘယ်လိုကလေးလဲ။ အဲ့ဒီဉာဏ်မရှိတဲ့ငတုံးရှောင်းယွီရုန်ကို ဆရာအဖြစ်နဲ့ ခေါ်ယူတာက သူ့အတွက် အကောင်းဆုံးပဲ" ကျောက်ရွှမ်ကျင်း မျက်ခုံးများပင့်ကာ ရယ်လိုက်လေသည်။
ရှဲ့မိသားစုမှ သားနှစ်ယောက်ဖြစ်သည့် ရှဲ့ဖင်းကန်းနှင့် ရှဲ့ဖင်းဟွိုက်တို့မှာ မီးနှင့်တူကြလေ၏။ ၎င်းတို့သည် ကမူးရှူးထိုးလုပ်တတ်ကာ တဲ့တိုးဆန်ပြီး တိကျပြတ်သားသူများ ဖြစ်ကြသည်။ သူတို့သည် အဓိပ္ပာယ်မရှိသည့်အရာများကို စိတ်ကူးပင်ယဉ်နေလိမ့်မည်မဟုတ်ချေ။
ရှောင်းယွီရုန်မှာ ရေကဲ့သို့ အေးချမ်းသောသူဖြစ်သည်။ ဤမီးအား သူ၏ ငြိမ်းအေးနေသောရေထံသို့ လွှတ်လိုက်ပြီး ရေပွက်အချို့ ဆူအောင် လုပ်လိုက်သင့်ပေသည်။
လူများသည် ကျောက်ရွှမ်ကျင်း၏ သာမန်ကာလျှံကာပြောလိုက်သော စကားအား ကြားလိုက်ကြရ၏။
ထိုအချိန်တွင် လူတော်တော်များများသည် အိမ်ရှေ့စံမင်းသား မည်သည်ကို ဆိုလိုသနည်းဆိုသည်အား
ရှုပ်ထွေးသွားခဲ့ကြသည်။
ဒီလိုများလား…
ဆရာရှောင်းက ရှဲ့ဖင်းဟွိုက်ကို လက်ခံဖို့ သဘောတူခဲ့တယ်၊ အဲ့တာကြောင့်များ အိမ်ရှေ့စံမင်းသား အဲ့သလို ပြောလိုက်တာလား?
ဒါပေမယ့် သူ သဘောတူခဲ့တယ်ဆိုရင် ရှဲ့ဖင်းဟွိုက်ကို ဘာလို့ ဆက်ပြီး ဒူးထောက်ထားခိုင်းရတာလဲ?
ယွမ်ပင်းသည် ထိုအကြောင်းအား လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူသည် အိမ်ရှေ့စံမင်းသား ပြောသည့်စကားကို ကြားသောအခါ ငေါ့တော့တော့နှင့် ကျိတ်ရယ်ရုံမျှသာ ရယ်ခဲ့ပြီး ပြောလိုက်လေသည်။ " အရှင့်သားက ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ ဆရာရှောင်းက ကျော်ကြားတဲ့သူတစ်ယောက်ပဲ။ အရှင့်သားက ဆရာရှောင်းကို အစကတည်းက သဘောမကျလို့ ဒီ
လိုပြောခဲ့တာ ဖြစ်နိုင်တယ်။ ရှဲ့မိသားစုကသာ ဒါကို အတည်ယူခဲ့မယ်ဆိုရင် သူတို့က တကယ်အရူးတွေပဲဖြစ်မှာ!"
သူ၏ ဘေးတွင်ရှိနေသော ပုဂ္ဂိုလ်က မေးလိုက်သည်။ "အရှင့်သားအကြောင်းကို မပြောနဲ့တော့။ မင်းအကြောင်းကိုပဲ ပြောကြရအောင်…မနေ့က မုန်ကျိဖန်က ရှဲ့ချောင်ဘက်ကလိုက်ခဲ့ပုံပဲ။ အဲ့ဒါ အဆင်ပြေပါ့မလား?"
" ငါ ကိုယ်လုပ်တော်တစ်ယောက်ကို လက်ထပ်မယ့်အရေးကို စိတ်ဝင်တစား ဝင်ပါနေရအောင် အဲ့ဒီ မုန်ကျိဖန်က ဘယ်သူမို့လဲ? ပြီးတော့ ရှဲ့ချောင်ကိုယ်တိုင်က သူ့ဘာသာသူ သဘောတူခဲ့တာ။ မုန်ကျိဖန်ဆိုတာ ဘာမှမဟုတ်ဘူး။ တစ်ခုခုကို လုပ်ရအောင် သူ့မှာ ဘာလုပ်ပိုင်ခွင့်တွေများ ရှိနေလို့လဲ?" ယွမ်ပင်းသည် ရဲဝံ့နေခဲ့၏။
သူ၏ ပတ်ပတ်လည်ရှိလူများသည် ခေါင်းညိတ်လိုက်ကြ၏။
သူ၏ မိတ်ဆွေကောင်းတစ်ယောက်မှ စိတ်မအေးစွာနှင့် ချက်ချင်းပြောလိုက်သည် " မင်း ဒီသုံးရက်အတွင်း ပိုဂရုစိုက်မနေသင့်ဘူးလား? ငါတို့ ဒီနေ့ မသောက်ကြတာ ပိုကောင်းမယ်လို့ ငါထင်တယ်?"
ယွမ်ပင်းသည် ထိုသို့ကြားလိုက်ရသောအခါ သဘောခွေ့သွားခဲ့သည်။
" မင်း ဘယ်တုန်းက သူရဲဘောကြောင်တဲ့သူတစ်ယောက် ဖြစ်သွားတာလဲ? ငါတောင်မကြောက်တာကို မင်းက ဘာလို့ကြောက်နေရတာလဲ? မင်း ရှဲ့ချောင်ပြောတာကို အတည်ယူနေတာလား?" ယွမ်ပင်း ခေါင်းခါလိုက်သည်။ " ငါ ဒီနေ့သောက်ရုံတင်မကဘူး၊ လူစိတ်ဝင်စားမှုရအောင်ပါလုပ်မှာ! သူ အရှုံးပေးသွားအောင် ငါလုပ်မှာ!"
" သွားကြစို့၊။ ငါတို့ ဒီနေ့ ဖေးဟွားတည်းခိုဆောင်ကို
သွားကြမယ်။ ဒီနေ့ အဲ့ဒီမှာ အထက်တန်းစား ပြည့်တန်ဆာလေလံပွဲ ရှိတယ်လို့ ငါကြားထားတယ်"
ကျောင်းချိန်ပြီးသွားပြီဖြစ်သဖြင့် ယွမ်ပင်းသည် လူတစ်စုအား လမ်းမဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သူ၏ ဖေးဟွားတည်းခိုဆောင်ဆီသို့ ခရီးမှာ အဆင်ပြေချောမွေ့နေခဲ့၏။
ပြည့်တန်ဆာလေလံပွဲမှာ စတင်နေခဲ့ပြီဖြစ်သည်။
ယွမ်ပင်းသည် ယွမ်မိသားစု၏ ပထမဆုံးသားဆီမှ တစ်ဦးတည်းသောသားဖြစ်သည်။ သူ့ထံတွင် ငွေများပြည့်လျှံပေါများနေခဲ့ပြီး ဆောင်ကြာမြိုင်တွင် တစ်ညတာကုန်ဆုံးရန်အတွက် ငွေစနှစ်ရာပေးနိုင်လောက်အောင် ရက်ရောသူဖြစ်သည်။
လူအုပ်စုတစ်စုသည် သူ့အား အထက်တန်းစားပြည့်တန်ဆာများ၏ အခန်းဆီသို့ ဦးဆောင်လမ်းပြခဲ့သည်။
ပြည့်တန်ဆာတစ်ယောက်မှာ အလွန်ချောမောလှ၏။ သူမအား သူ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် သူ၏ ပြင်းပြသောဆန္ဒအား တောက်လောင်စေခဲ့သည်။ တံခါးပိတ်သွားသည်နှင့် သူ၏ အပေါ်ဝတ်ရုံအား ချွတ်ပစ်လိုက်သည်။ သူ၏ ပါးများသည် ဝိုင်ကြောင့် နီရဲနေကာ တဏှာရာဂစိတ် ပြင်းထန်နေပုံပေါ်လေသည်။
ပြည့်တန်ဆာသည် သူ၏ လက်မောင်းကို ကိုင်ထားပြီး တစ်ဖက်တွင် အနီရောင်ပိုးချည်အား ကိုင်ထားခဲ့သည်။ သူမ သူ့အား ပြတင်းပေါက်ဆီသို့ ဦးတည်ခေါ်မသွားခင်အထိ သူတို့ တစ်လှမ်းပြီး တစ်လှမ်းလျှောက်ခဲ့ကြ၏။
ယွမ်ပင်းသည် ရှုပ်ထွေးသော ခြေလှမ်းများနှင့်
လျှောက်လာခဲ့ပြီး သူမဆီသို့ သူ့ကိုယ်သူ ပစ်ဝင်လိုက်ချိန်တွင်…
" အားးး—"
••••••••