← Chapters

တကယ် ထူးဆန်းတယ်

Vol. 9 Ch. 142

တကယ် ထူးဆန်းတယ်

Vol. 9 Ch. 142

ပြည့်တန်ဆာသည် ယွမ်ပင်း၏ အနောက်ဘက်သို့ ရုတ်တရက်လှည့်လိုက်ပြီး အနီရောင်ပိုးချည်အား သူ၏ လည်ပင်း၌ ရစ်ပတ်လိုက်သည်။ သူမ မည်သည့်နေရာမှ ခွန်အားများရလာသနည်းဆိုသည်ကို

မည်သူမှ မသိကြသော်လည်း သူမသည်တော့ သူ့အား ပြတင်းပေါက်ဆီသို့ တွန်းထုတ်လိုက်လေသည်။

အနီရောင်ပိုးချည်သည် ယွမ်ပင်း၏ ကိုယ်အားဆွဲသွားခဲ့ပြီး သူ၏လည်ပင်းအား ညှစ်ထားလေသည်။ သူ၏ မျက်နှာမှာ လည်ပင်းညှစ်ခံထားရခြင်းကြောင့် နီရဲနေလေသည်။

ကျယ်လောင်သည့်ဆူညံသံများမှာ ဖေးဟွားတည်းခိုဆောင် အပြင်ဘက်ရှိလူများ၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။

၎င်းတို့သည် ကြည့်ရန် ခေါင်းမော့လိုက်ကြပြီးနောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

လက်ရှိအချိန်တွင် ယွမ်ပင်းသည် အတွင်းခံသာ ဝတ်ထားလေသည်။ ငေါထွက်နေသောနံရိုးများကို သူ၏ ဖြူပြီးပိန်လှီသော ခန္ဓာကိုယ်ပေါ်တွင် တွေ့မြင်နိုင်ပေသည်။ သူသည် တည့်တည့်မတ်မတ်ရပ်နေကာ

သူ၏လက်များက အနီရောင်ပိုးချည်အား ရပ်တန့်ခြင်းမရှိ ဆွဲနေခဲ့သည်။ သူ အသက်မျှင်းမျှင်းသာ ရှူနိုင်တော့သည်။

" ကယ်–ကယ်ကြပါ…"

သူ၏ အသံမှာ တုန်လှုပ်ခြောက်ခြားနေပြီး သူသေတော့မည်ဟု ခံစားနေရလေသည်။

ဒုတိယထပ်မှ ပြုတ်ကျခဲ့လျှင် သူ သေမည်မဟုတ်။ သို့သော်လည်း သူ့အား မည်သူမှ မကယ်ခဲ့သော် အနီရောင်ပိုးချည်သည် သူ့အား သေအောင် ညှစ်သတ်ပေတော့မည်!

ထို့အပြင် သူ့အနောက်တွင်…ရူးနေသော မိန်းမတစ်ယောက် ရှိနေလေသည်။

ပြည့်တန်ဆာသည် ထိုအရာအား သူမ လွယ်လွယ်ကူကူ လုပ်လိုက်နိုင်သောကြောင့် အံ့ဩသွားပုံရသည်။ အနီရောင်ပိုးချည်အစွန်းနှစ်ဖက်ကို အခန်း၏တိုင်များတွင် ချည်လိုက်ပြီးနောက် သူမသည် ပြတင်းပေါက်ပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက် သူမ ဓားမြောင်အား ဆွဲထုတ်လိုက်လေသည်။

" ယွမ်သခင်လေး၊ ကျွန်မ ဖေးဟွားတည်းခိုဆောင်ကိုရောက်တာ ရက်နည်းနည်းပဲရှိသေးတာကို ရှင်ရောက်လာတာ ကျွန်မဖြင့် ယုံတောင် မယုံနိုင်ဘူး။ ရှင်က ရှင့်ရဲ့ လူတကာနဲ့ ကာမဆက်ဆံ တယ်ဆိုတဲ့ဂုဏ်သတင်းနဲ့ ကိုက်အောင် နေနိုင်တာပဲ!" ပြည့်တန်ဆာမှာ အနည်းငယ် ရူးသွပ်နေပုံပေါ်၏။

ယွမ်ပင်း ကြက်သီးထသွားခဲ့သည်။ " မင်း-မင်းက ဘယ်သူလဲ!? ငါမင်းကို မသိဘူး…"

ပြည့်တန်ဆာသည် ရုတ်တရက် အော်ဟစ်လိုက်၏။ " ဒါပေါ့၊ နင်ငါ့ကိုမသိဘူး! ဒါပေမယ့် နင် ငါ့အစ်မကို

သိတယ်။ သူက နင့်အဖေရဲ့ ကိုယ်လုပ်တော်တစ်ယောက်ပဲ!"

တစ်စုံတစ်ယောက်မှာ အပြင်ဘက်တွင် အစောင့်များအား ခေါ်ထားခဲ့ပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ၎င်းသည် လူတိုင်းကို ပွဲကြည့်နေခြင်းမှ မတားဆီးနိုင်ခဲ့ချေ။

သူတို့သည် ပြည့်တန်ဆာ ပြောလိုက်သည့်စကားကို ကြားလိုက်ရပြီး အံ့ဩသွားကြ၏။ သူတို့သည် ဖေးဟွားတည်းခိုဆောင်၏ ပြည့်တန်ဆာတွင် ဤလူကုံထံသခင်လေးနှင့် မိသားစုရေးရာများ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ!

ယခု ပို၍ ဒုက္ခရောက်လာသလို ယွမ်ပင်း ခံစားလိုက်ရသည်။

သူ ပြောနေတာ ဘယ်ကိုယ်လုပ်တော်လဲ…?

သူ၏ဖခင်သည် သူ့လောက် အလှတရားအပေါ် မခုံမင်သော်လည်း သူ့ထံတွင် ကိုယ်လုပ်တော် အနည်းဆုံး ငါးယောက်၊ခြောက်ယောက်ခန့်တော့ ရှိလေ၏။

" ငါ့အစ်မက ရဲ့ရှင်းဟွာပဲ! သူက လွန်ခဲ့တဲ့နှစ်နှစ်ကမှ ယွမ်အိမ်တော်ကို ဝင်ခဲ့ပြီးတော့ နင့်အဖေရဲ့ ကိုယ်လုပ်တော် ဖြစ်လာခဲ့တာ! ဒါပေမယ့် သူ လွန်ခဲ့တဲ့ သုံးလကပဲ သေသွားခဲ့ပြီ!" ပြည့်တန်ဆာမလေးသည် တစ်ဖန် အော်ဟစ်လိုက်ပြီး အပြင်ဘက်ရှိ လူများအား ပြောလိုက်သည် " ယွမ်အိမ်တော်က ပို့လိုက်တဲ့လူတွေပြောတာက ကျွန်မရဲ့ အစ်မက ကူးစက်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ရတာတဲ့!"

" အဲ့တာက အမှန်တရားလား? မဟုတ်ဘူးဆိုတာ ကျွန်မသိတယ်! ကျွန်မရဲ့အစ်မ မသေဆုံးခင်က အိမ်

ကို လာခဲ့သေးတယ်။ ဒီတိရစ္ဆာန်ကောင်က သူရဲ့ မိထွေးကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တာလို့ ကျွန်မကို သူ ပြောခဲ့တယ်! နင်တို့တွေ ငါ့အစ်မကို ဝိုင်းအနိုင်ကျင့်ခဲ့ကြတာ။ သူက အလျှော့မပေးခဲ့လို့ နင်တို့ သူ့ကို ရိုက်တယ်၊ ဖိအားပေးတယ်၊ ခြိမ်းခြောက်ခဲ့ကြတယ်! ကျွန်မ ယွမ်အိမ်တော်ရဲ့အပြင်ဘက်မှာ နှစ်လလောက် စောင့်နေခဲ့ပြီးတော့ အစေခံတစ်ယောက်ကို လာဘ်ထိုးခဲ့တယ်။ ဒါ ကျွန်မရဲ့အစ်မ သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေသွားခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မ ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာပဲ။ အဲ့ဒါ နင်ပဲ!"

ပြည့်တန်ဆာမလေးမှာ အော်ဟစ်မြည်တမ်းနေလေသည်။ သူမသည် အလွန်သနားစရာကောင်းပုံပေါ်လေ၏။

ယွမ်ပင်းသည်တော့ သူကပိုပြီး သနားစရာကောင်းသည်ဟု တွေးနေလေ၏။ သူသည် အနီရောင်ပိုးချည်စ ဆွဲနေသည်အား မရပ်တန့်နိုင်သဖြင့် သေတော့မလို ဖြစ်နေလေသည်။

သို့သော် သူ လက်လွှတ်လိုက်သည်နှင့် ပိုးချည်စမှာ သူ့လည်ပင်းကို ညှစ်မည်ဖြစ်သည်။ ထိုသို့ ဖြစ်သွားပါက သူ မကြာမီ သေလိမ့်မည်ပင်!

ယွမ်ပင်းနှင့် အတူလာခဲ့ကြသော လူများသည် အသိစိတ်ပျောက်လောက်အောင် ကြောက်လန့်သွားခဲ့ကြသည်။ ၎င်းတို့မှာ သူ့အား ကယ်နိုင်ရန် ကြိုးစားနေခဲ့ကြလေသည်။

သို့ရာတွင် ပြည့်တန်ဆာသည် အလွန်ကြောက်စရာကောင်းသည့်ပုံပေါ်ကာ သူမသည် ယွမ်ပင်း၏ အနီးအနားတွင် ရှိနေခဲ့လေသည်။ သူမ ယွမ်ပင်းခေါင်းအား တန်းပြီး ဓားနှင့် ထိုးဖြတ်လိုက်မည်ကို စိုးရိမ်နေခဲ့ကြသည်။

" ယွမ်မိသားစုက လူတွေက ကျိုးကြောင်းသင့်လျော်တဲ့သူတွေ မဟုတ်ဘူး။ ငါ့အစ်မက ကိုယ်လုပ်တော်ကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် နင်တို့တွေ သူ့ကို

နှိပ်စက်ညှင်းပန်းခဲ့ကြတယ်! ငါ ယွမ်သခင်ကြီးကို သွားရှာခဲ့ပေမယ့် သူက ငါ့ကို ပြဿနာတွေ ရှာနေပြီးတော့ ငါလိုချင်တဲ့ဟာက ပိုက်ဆံပဲလို့ ပြောခဲ့တယ်!" ပြည့်တန်ဆာသည် ထိုအကြောင်းကို အသေးစိတ်ပြန်ပြောလိုက်သည်နှင့် စိတ်မတင်းနိုင် ဖြစ်သွားခဲ့သည်။

ပြည့်တန်ဆာသည် ယွမ်ပင်းအား ရက်စက်စွာ ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးရယ်လိုက်သည်။

" ငါ့အစ်မက လွန်ခဲ့တဲ့ နှစ်နှစ်က နင်တို့ မိသားစုထဲကို ဝင်ခဲ့တာ။ သူက ငယ်ရွယ်ကျန်းမာပြီးတော့ အလှဆုံးဖြစ်ခဲ့တယ်။ ဒါပေမယ့် သူ ကလေးတစ်ယောက်တောင် မမွေးနိုင်ခဲ့ဘူး။ ယွမ်မိသားစုရဲ့ ပထမသားမှာ နင်တစ်ယောက်ပဲ ရှိခဲ့တာ။ တစ်ဦးတည်းသောသား…ထူးဆန်းတယ်၊ ဒါတကယ့်ကို ထူးဆန်းတယ်!"

" ငါ့အစ်မက ကလေးတစ်ယောက် မွေးချင်ခဲ့တာ။ သူ သမားတော်ဆီသွားခဲ့ပြီးတော့ သမားတော်က သူ အားလုံးအဆင်ပြေတယ်လို့ပြောတယ်။ ယွမ်သခင်

ကြီးနဲ့ပတ်သတ်ပြီး တစ်ခုခုလွဲမှားနေတာများ ဖြစ်နိုင်မလားနော်!? ဖြစ်ရမယ်၊ သူ့ကို ကြည့်လိုက်! ကိုယ်လုပ်တော်တစ်ယောက်ကနေ မွေးလာပေမယ့် ဇနီးသည်ရဲ့နာမည်အောက်မှာ မှတ်တမ်းတင်ထားခံရတာလေ!"

" အိုး ကိုယ်လုပ်တော်တွေအကြောင်းပြောတော့မှ…နင့်ရဲ့အမေက အပျော်မယ်တစ်ဦး ဖြစ်ခဲ့ဖူးတယ်လို့ ငါ့အစ်မက ပြောတယ်။ နင့်ကို မွေးပြီးမှပဲ အိမ်တော်ကို ပြန်ခေါ်ခံခဲ့ရတာတဲ့။ နင်က လက်မထပ်ရသေးဘဲ မွေးလာတဲ့သူပဲ။ တကယ်ပဲ နင်က ဘယ်သူ့ရဲ့သားပါလိမ့်!? "

•••••••

All Chapters