← Chapters

သေလုနီးပါး

Vol. 9 Ch. 143

သေလုနီးပါး

Vol. 9 Ch. 143

ပြည့်တန်ဆာမလေးမှာ ပြော၍ မပြီးသေးချေ။

သူမသည် အရူးတစ်ပိုင်းကဲ့သို့ ပြုံးကာ ပြောလိုက်၏။ " ယွမ်သခင်ကြီးက ကလေးမရနိုင်တော့ ဒီမျိုးမစစ်လေးကို သူ အရမ်းချစ်မြတ်နိုးရတဲ့သူတစ်ယောက်လို ဆက်ဆံနေတာ။ ဒီမျိုးမစစ်ကောင်ကတော့ သူရဲ့ငွေတွေကို သုံးဖြုန်းပြီးတော့ သူရဲ့ ကိုယ်လုပ်တော်နဲ့တောင် ဗလက္ကာရ လုပ်ချင်နေသေးတယ်! ဟားဟားဟား..."

ယွမ်ပင်း ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားခဲ့သည်။

အဓိပ္ပာယ်မရှိလိုက်တာ!

ဒီမိန်းမက မဟုတ်တမ်းတရားတွေ ပြောနေတာပဲ။

ပြည့်တန်ဆာသည် ယွမ်ပင်း၏ မျက်နှာကို ထိလိုက်ကာ ငုံ့ကြည့်လိုက်၏။ အစောင့်များ ရောက်လာ

ခဲ့လေပြီ။

" ငါ့အစ်မ ဆုံးသွားပြီးကတည်းက ဘယ်သူမှ ငါ့ကို ဂရုမစိုက်ခဲ့ကြဘူး။ ငါ့အစ်ကိုကလည်း ငါ့ကို ဈေးကြီးကြီးပေးပြီး လက်ထပ်ပေးစားချင်နေတာ။ အဲ့တာကြောင့် ငါ့ခန္ဓာကိုယ်ကို ရောင်းစားရတော့မယ်လို့ တွေးခဲ့တယ်!" ပြည့်တန်ဆာမလေး၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေလေ၏။

“ ကြည့်လိုက်၊ လူတိုင်း နင့်ကို ကြည့်နေကြတယ်"

" မျိုးမစစ်ကောင်" ပြည့်တန်ဆာမလေးသည် ထိုစကားလုံးအား သူ၏ နားနားသို့ ကပ်ပြောလိုက်ပြီးနောက် တခစ်ခစ်ရယ်နေလေသည်။

ထို့နောက်တွင် သူမသည် ဓားမြောင်ကို ပင့်မလိုက်ပြီး သူမလည်ပင်းအား လှီးဖြတ်လိုက်လေတော့သည်!

သူမသည် ယွမ်ပင်းကို သတ်လိမ့်မည်မဟုတ်။ သူမသာ သတ်ခဲ့လျှင် သူမတို့ ညီအစ်မနှစ်ယောက်မှာ ပြဿနာရှာသည့်သူများဟူ၍ လူများက ပြောကြပေလိမ့်မည်။ တစ်ယောက်က ယွမ်သခင်လေးကို သွေးဆောင်ဖြားယောင်းပြီး၊ နောက်တစ်ယောက်က သူ့ကိုသတ်သည်ဟူ၍ပင်။

သို့ရာတွင် သူမသာ သေသွားခဲ့မည်ဆိုပါက မတူညီသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။ သူ အသက်ရှိစဉ်တစ်လျှောက်လုံး၊ သူ၏ မွေးဖွားမှုအကြောင်းအား လူများမှ အမြဲ မေးခွန်းထုတ်ကြလိမ့်မည်။ ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ကာမပိုင်ရှိနေသည့်လူတစ်ယောက်နှင့် ဖောက်ပြန်ချင်သော သွေးများစီးဆင်းနေမလား ဆိုသည်ကို မေးခွန်းထုတ်ကြလိမ့်မည်။ သူ၏ ဖခင်သည်ပင် ထိုကဲ့သို့သော ကောလဟာလသတင်းများကို ကြားလျှင် သူ့အား မေးပေလိမ့်မည်ဖြစ်သည်။

သူမ၏ အစ်မသည် သေဆုံးသွားခဲ့ပြီဖြစ်

သောကြောင့် သူမတွင် မိသားစုမရှိတော့ပေ။ သူမသည် ဆောင်ကြာမြိုင်တွင် အလုပ်လုပ်ခဲ့ရသဖြင့် သူမ၏ အပျိုစင်ဘဝမှာ ဆုံးရှုံးသွားခဲ့ရပြီးဖြစ်၏။ ထို့ကြောင့် သူမ သေပဲ သေလိုက်တော့မည်။

သွေးစိမ်းရှင်ရှင် ပန်းထွက်လာမှုသည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

လေးနှင့်မြှားများအား ကိုင်ဆောင်ထားသော အစောင့်များသည်ပင် မတတ်နိုင်ပဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြသည်။

အသက်တစ်ရှိုက်၊နှစ်ရှိုက်စာခန့် ကြာပြီးနောက်တွင် သူတို့သည် ဒုတိယထပ်သို့ ပြေးသွားကြကာ ယွမ်ပင်းအား ဆွဲချလိုက်ကြသည်။

သူ နောက်ဆုံးတော့ အသက်ရှူနိုင်ခဲ့ပြီဖြစ်၏။ သူသည် ဆန့်တငင်ငင်ဖြစ်နေသေးသော အလောင်းအား ရက်စက်ကြမ်းကြုတ်စွာနှင့် ကန်လိုက်ပြီး

ပြတင်းပေါက်ဆီသို့ အော်ပြောလိုက်သည်။ " ဒီမိန်းမယုတ်က ပေါက်တတ်ကရတွေ လျှောက်ပြောခဲ့တာ! ငါလိုချင်တဲ့ ဘယ်မိန်းမကိုမဆို ငါရနိုင်တယ်။ ငါ့မိထွေးနဲ့ ဘာလို့ ပရော်ပရည် လုပ်ရမှာလဲ!?"

အောက်ဘက်ရှိ လူအုပ်မှာ အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။

သဘာဝကျစွာပင် သူတို့ ထိုအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြပေ။

ယွမ်ပင်း သူ့ခေါင်းထဲတွင် တဝီဝီ မြည်နေသကဲ့သို့ ခံစားလိုက်ရသည်။ " ငါအိမ်ပြန်ချင်ပြီ။ ငါ့ကို အိမ်လိုက်ပို့ကြစမ်း!"

အစောင့်များသည် သူ့အား ချက်ချင်း အိမ်ပြန်ပို့ပေးလိုက်ပြီး ပြည့်တန်ဆာမလေး၏ ရုပ်အလောင်း

အား ဖြေရှင်းလိုက်သည်။ ထိုအခြင်းအရာသည် ဖေးဟွားတည်းခိုဆောင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။ လူပြည့်ကျပ်ထူထပ်ခဲ့သော နေရာမှာ ယခုဆိုလျှင် ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်သွားလေသည်။

ယွမ်ပင်းအား ဆောင်ကြာမြိုင်မှ ယွမ်အိမ်တော်သို့ ပို့လိုက်သည့် အချိန်တိုအတွင်းတွင်– သတင်းတစ်ခု ပျံ့နှံ့သွားခဲ့လေသည်။

ယွမ်သခင်ကြီး၏ ခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေခဲ့သည်_သူသည် ကလေးမရနိုင်ပေ။ တစ်ယောက်ယောက်မှ ထိုအကြောင်းအားတွေးလေ အမှန်တရားနှင့် ပိုတူလေဖြစ်သည်။ အချို့လူများသည် သက်သေအထောက်အထားပင် လိုချင်ကြနေလေသည်။

ယွမ်မိသားစု ပထမဇနီး၏သားသည် ယခုနှစ်ဆိုလျှင် အသက် ၄၀ ရှိပြီးဖြစ်သည်။ သူ့ထံတွင် ဇနီးနှင့် ကိုယ်လုပ်တော် ငါးယောက်၊ခြောက်ယောက်ခန့်

ရှိလေ၏။ မိန်းမအစေခံများအား ထည့်သွင်းမစဥ်းစားလျှင်ပင် နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် သူ့ထံ၌ ယွမ်ပင်းဟူသော သားတစ်ယောက်တည်းသာ ရှိခဲ့လေသည်!

ယွမ်သခင်ကြီးသည် ယွမ်ပင်းကိုပင် သူဇနီး၏အမည်အောက်တွင် မှတ်တမ်းတင်ထားခဲ့သည်။

ထို့အပြင် ပြည့်တန်ဆာမလေးပြောသည်မှာ မှန်၏။

ယွမ်သခင်လေး၏ မိခင်သည် အမှန်တကယ်ပင် အပြင်၌ နေခဲ့ဖူး၏။

အိမ်တွင်ရှိသည့် အမျိုးသမီးအားလုံးမှာ ကလေးမရနိုင်သောကြောင့် ယွမ်သခင်ကြီးသည် အပျော်မယ်တစ်ယောက် အပြင်တွင်ထားထားသည်ဟု ဆိုကြသည်။ ယွမ်ပင်းမွေးလာပြီးနောက်တွင် သူသည် ထိုအပျော်မယ်အား သူ့ကိုယ်လုပ်တော် ဖြစ်လာစေခဲ့

သည်!

အပျော်မယ်တစ်ယောက်ကို ဘယ်သူကများ ယုံမှာတဲ့လဲ?

ထိုအခြင်းအရာ၌ အခြားယောကျာ်းတစ်ယောက် ပါဝင်ပတ်သတ်နေခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်!

ယွမ်ပင်းအိမ်ပြန်ရောက်ပြီး လေးနာရီအကြာတွင် ယွမ်သခင်ကြီး အိမ်ပြန်ရောက်လာခဲ့သည်။ သူ အထဲသို့ရောက်သည်နှင့် ယွမ်ပင်းအား ရိုက်လိုက်တော့သည်။

" ရှင်းဟွား သူ့ကိုယ်သူ သတ်သေသွားတာ မင်းကြောင့်ပဲ!?" ယွမ်သခင်ကြီးသည် အလွန်ဒေါသထွက်နေခဲ့၏။

သူ၏ ကိုယ်လုပ်တော် အကြောင်းအား တွေးလိုက်တိုင်း နှလုံးကွဲကြေသလို ခံစားရလေသည်။

" အဖေ့! ကျွန်တော် ဒီနေ့ သေမလိုတောင် ဖြစ်ခဲ့တာ။ အဖေ ဘာလို့ အပြင်က ယုတ္တိမရှိတဲ့စကားတွေကို နားထောင်ရတာလဲ!? ကျွန်တော်က အဖေ့ရဲ့သားပါ။ ကျွန်တော့်အမေက အဖေ့ကို အမြဲတမ်းချစ်ခဲ့တယ်။ အမေ အပြင်မှာရှိခဲ့တုန်းကတောင် အဖေ့ကို နာခံရိုကျိုးခဲ့တာ။ အမေက အဖေ့ရဲ့နောက်ကွယ်မှာ ဘာတစ်ခုမှ ဆိုးတာ မလုပ်ခဲ့ဖူးဘူး!" ယခု ယွမ်ပင်း မည်သည်ကိုမှ ဂရုမစိုက်နိုင်ပေ။ လက်ရှိအချိန်တွင် သူ၏ မွေးဖွားမှုမှာ အရေးအကြီးဆုံးပင်!

သူသည် ယွမ်မိသားစု၏ ကလေးတစ်ယောက်ဆိုသည်အား သူ သေချာသည်!

သူနှင့် သူ့အဖေ၌ တူညီသော စိတ်ဝင်စားသည့်အရာများ ရှိသည်ပင်!

ရိုးရိုးသားသားဆိုရလျှင် လောလောဆယ်တွင် ယွမ်သခင်ကြီး၏ ယုံကြည်မှုမှာ ယိုင်နဲ့သွားပြီ ဖြစ်သည်။

ဤကိစ္စသည် လွန်ခဲ့သောနှစ်များတွင်သာ ဖြစ်ခဲ့ပါက သူ သံသယဝင်မည် မဟုတ်ပေ။ သို့သော်လည်း သူ အပြင်တွင် အငယ်အနှောင်းတစ်ယောက် ထားရှိခဲ့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ ထိုအချိန်တုန်းက အပျော်မယ်သည် အပြင်၌ မည်သို့သောပုံစံရှိခဲ့သနည်းဆိုသည်အား သူ မေ့သွားလေပြီ။

သူ တကယ် ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်ရဲ့ ယောက်ျား ဖြစ်ခဲ့တာများလား!?

•••••••

All Chapters