ဖြောင့်မတ်တည်ကြည်ခြင်း
Vol. 9 Ch. 145
ရှဲ့ဖင်းဟွိုက် ခေါင်းဆက်ညိတ်နေခဲ့သည်။
ယနေ့မတိုင်မီအထိ သူ သေချာပေါက် သေရတော့
မည်ဟုသာ တွေးခဲ့သည်ဖြစ်၏။
သူ့ကြောင့် သူ၏အကြီးဆုံးအစ်မသာ ယွမ်ပင်းနှင့်လောင်းကြေးရှုံးသွားခဲ့သော် သူလည်းပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ရလိမ့်မည်! သူ၏အဖေက သူ့အား အိမ်မှ မောင်းထုတ်မည်မှာ အသေအချာပင်!
ကံကောင်းစွာနှင့်ပင် သူ ယခု ဘေးကင်းသွားပြီဖြစ်သည်။
အာရုံစိုက်နားထောင်နေကြသော ကျန်သည့်သူများမှာ ထိုအခြင်းအရာသည် မယုံနိုင်စရာကောင်းသည်ဟု တွေးနေကြလေသည်။
ယွမ်ပင်း ဒီတစ်ခေါက်တော့ အရာအားလုံးဆုံးရှုံးသွားလောက်ပြီ၊ ဟုတ်တယ်မလား? ရှဲ့ချောင်က ခန့်မှန်းရုံပဲ လုပ်ခဲ့တဲ့အချိန်မှာလေ!?
" အိုး ဟုတ်သားပဲ၊ ယွမ်ပင်း ငါတို့ကို ဆယ်ကြိမ်ကန်တော့ဖို့ အကြွေးတင်နေတယ်မလား?" ရှဲ့ချောင် လေးနက်မှုအလုံးစုံဖြင့် မေးလိုက်သည်။
ရှဲ့ဖင်းဟွိုက် လက်ခုပ်တီးလိုက်၏။ “ ဟုတ်တာပေါ့! ကျွန်တော် သူ့ကိုပြောသင့်လား? ဒါ ဆိုးများဆိုးရွားနေမလား? သူက အိမ်မှာပုန်းနေပြီးတော့ အခု အပြင်ကို ထွက်မလာရဲလောက်ဘူး…"
ရှဲ့ဖင်းဟွိုက်သည် ထိုသို့ပြောနေသော်လည်း သူ့မျက်လုံးများသည်တော့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်၍ နေလေ၏။
သူ ယွမ်ပင်းကို ဘာလို့ မလုပ်ခိုင်းရမှာလဲ? အလောင်းအစားကို ရှုံးခဲ့တာသူလေ!
သူ၏ အကြီးဆုံးအစ်မသည် ချောမောလှပ
သောကြောင့် သူမ၏စိတ်နှလုံးသည် နူးညံ့ကောင်း နူးညံ့နိုင်ပေသည်။ ထို့ကြောင့် သူ မေးမည်ဟု တွေးခဲ့ခြင်းဖြစ်သည်။
" သေချာတာပေါ့၊ ဒါ အလောင်းအစားတစ်ခုပဲကို။ တစ်ယောက်က ရှုံးပြီး တစ်ယောက်က နိုင်မှာပဲလေ။ ငါတို့က နိုင်ခဲ့တာမလို့ သူက သနားစရာကောင်းနေတာနဲ့ပဲ သူ့ကို ထွက်ပြေးလွတ်မြောက်ခွင့် မပေးနိုင်ဘူး။
ဘာပဲဖြစ်ဖြစ် နေ့ခင်းမှာ ငါ တောက်တိုမည်ရလုပ်စရာတစ်ချို့ ရှိနေတယ်။ ယွမ်အိမ်တော်ကို သွားပြီး သူ့ကို သတိပေးလိုက်။ ငါ သူ့ကို မနက်ဖြန်ကျ ကျောင်းတော်မှာ စောင့်နေမယ်လို့။ ငါ သူ ဆယ်ကြိမ်ကန်တော့တာကို လက်ကိုလက်ခံရမယ်" ရှဲ့ချောင် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ထိုစကားကိုကြားလိုက်ရသည့် လူတိုင်း မှင်တက်သွားကြလေသည်။
၎င်းတို့သည် ရုတ်တရက်ပင် ဤရှဲ့သခင်မလေးအပေါ် သေချာသော အမြင်တစ်ခု ရှိသွားခဲ့သည်။
အားနည်းတာလား?
မတည်ရှိတဲ့ အရာပဲ။
ယွမ်ပင်း၏ လက်ရှိပြဿနာကိုသာ ကြည့်လိုက်ပါလေ! လူတိုင်း သူ့ကို မုန်းကြသည်။ အချို့လူများမှာ ယွမ်အိမ်တော်အပြင်ဘက်၌ ဟင်းသီးဟင်းရွက်များဖြင့် ပစ်ပေါက်နေကြသည်ဟုတောင် သူတို့ ကြားခဲ့ကြ၏!
ဤကိစ္စသည် အခြားသူတစ်ယောက်တွင်သာ ဖြစ်ခဲ့ပါက သူတို့သည် အသေးအဖွဲ လောင်းကြေးလေးတစ်ခုကို ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူမသည် ဇွဲကောင်းနေခဲ့၏!
ရှဲ့ချောင်ထံမှ ခွင့်ပြုချက်ရလိုက်သည်နှင့် ရှဲ့ဖင်းဟွိုက်မှာ တိုက်ပွဲတွင် အနိုင်ရသွားသည့် ငန်းကြီးတစ်ကောင်နှင့် တူသွားလေတော့သည်။ သူသည် စာသင်ခန်းမအတွင်းရှိလူများအား ခေါင်းမော့ရင်ကော့ကာ တစ်ချက်ကြည့်လိုက်ပြီး လမ်းလျှောက်ထွက်သွားခဲ့သည်။
' အဲ့ငတုံးကောင် ယွမ်ပင်း ငါ့ကို ဆယ်ကြိမ်ကန်တော့ကို ကန်တော့ရမယ်!'
သစ်ခွခြံဝန်းတွင် တိတ်ဆိတ်နေလေ၏။ အမြဲလိုလို တတွတ်တွတ်စကားများနေတတ်သည့် ရှားယာ့ယွင်သည်ပင် ယခု ချုပ်တည်းကာ တိတ်တိတ်လေးနေနေလေသည်။
ရှဲ့ချောင် ၎င်းတို့အား ကြည့်ရန် ခေါင်းလှည့်လိုက်ပြီးနောက် ညင်သာစွာ ပြုံးပြလိုက်၏။ သူမ
သဘောထားကြီးစွာ ပြောလိုက်လေသည်။ " နင်တို့ ဒါကို မြင်သွားရတာ စိတ်မကောင်းပါဘူး။ ငါက ငါ့မောင်လေးကို ဖြောင့်မတ်တည်ကြည်မှုအကြောင်း သင်ပေးနေတာပါ"
ရှဲ့ချောင် ရှားယာ့ယွင်အား ရှုပ်ထွေးသော အမူအရာနှင့် ကြည့်လိုက်သည်။ သူမ စကားပြော၍ ပြီးသွားသောအခါ သူမ ပြုံးနေခဲ့သလားဆိုသည်အား မသေချာပေ။
ရှားယာ့ယွင်တစ်ယောက် မသက်မသာ ခံစားလိုက်ရသည်။ သူမ အဝေးသို့ အကြည့်မလွှဲခင် ပြန်ပြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။
သူမနှင့် ရှဲ့ချောင်သည်လည်း အလောင်းအစားတစ်ခု လုပ်ထားခဲ့၏_ငွေပဲစေ့ငါးရာလှူခြင်းပင်။
ရှဲ့ချောင်သာ ၎င်းကိုစုဆောင်းရန် ရှုံးနိမ့်ခဲ့လျှင် သူမ သစ်ခွခြံဝန်းမှ ထွက်သွားရမည် ဖြစ်သည်။ သူမသာ
လုပ်နိုင်ခဲ့မည်ဆိုလျှင် ရှားယာ့ယွင် ထွက်သွားရလိမ့်မည်ပင်။
ရှားယာ့ယွင် ရုတ်တရက် စိတ်မအေးသလို ခံစားလိုက်ရသည်။
‘ ရှဲ့ချောင်မှာ အခု ငွေပဲစေ့ဘယ်လောက် ရှိနေလောက်ပြီလဲ? ’
‘ သူ ဓားရေးပြိုင်ပွဲတုန်းက ၆၀ ဝန်းကျင်လောက်နိုင်ခဲ့တာ၊ ဟုတ်တယ်မလား? သူ အခုတလော စာအုပ်တွေ ကူးရေးနေတယ်လို့ ကြားတယ်။ သူ ဘယ်လိုစာအုပ်တွေကူးရေးနေပြီးတော့ ငွေပဲစေ့ ဘယ်လောက်များများရနေပြီလဲ သိချင်လိုက်တာ ‘
' အိုး သူက နေ့ခင်းဘက်ဆိုရင် အမြဲလိုလို အဝေးမှာရောက်နေတာ…သူ အိမ်စာတွေလုပ်ဖို့ ခွင့်ယူတာဖြစ်နိုင်တယ် '
ရှားယာ့ယွင်သည် ရုတ်တရက် စိတ်ထင့်သွားသောကြောင့် နေ့လည်ခင်းတွင် ရှဲ့ချောင်အား လျှို့ဝှက်စွာ လိုက်ချောင်းလေသည်။ ရှဲ့ချောင် မြင်းဇောင်းဆီသို့ လျှောက်သွားပြီးနောက် ခဏအကြာတွင် မြင်းအချို့ ယူထုတ်သွားသည်ကို သူမ တွေ့လိုက်ရသည်။ မြင်းများ ကွင်းကို ပတ်ကာ သက်တောင့်သက်သာရှိသည့်ဟန်ဖြင့် ပြေးလွှားနေကြသည်အား သူမ ကြည့်နေခဲ့သည်။ ထိုမြင်းများသည်…
ရှားယာ့ယွင်မှာ အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်သွားခဲ့၏။
အချို့မြင်းများပေါ်တွင် မတူညီသည့်ကုန်းနှီးများရှိနေကြောင်း သူမ သတိရသွားခဲ့သည်။ ၎င်းတို့သည် ကျောင်းတော်တွင် အကြမ်းကြုတ်ဆုံးမြင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် လူပေါင်းများစွာကို ကန်ခဲ့ပြီး ၎င်းတို့အား ပိုင်ရှင်မဲ့မြင်းများအဖြစ် ယူဆထားခဲ့
ကြသည်။
ရှဲ့ချောင်က သူတို့ကို စောင့်ရှောက်ဖို့ တာဝန်ရှိတာလား!?
ရှဲ့ချောင် ထိုအလုပ်မှ တစ်နေ့လျှင် ငွေပဲစေ့မည်မျှရနေသနည်းဆိုသည်အား သူမ သိချင်သွားခဲ့၏။
ရှဲ့ချောင်သည် ဘာတစ်ခုမှ အသုံးမကျသည့်လူတစ်ယောက်နှင့်တူသောကြောင့် သူမ ကိုင်တွယ်ဖြေရှင်းနိုင်မည့် မည်သည့်အလုပ်တာဝန်ကိုမှ သေချာပေါက် ရှာတွေ့လိမ့်မည်မဟုတ်ဟု သူမ ထင်ခဲ့သည်။ သို့သော် ယခု ကြည့်ရသည်မှာ…သူမ စိတ်ကူးထားခဲ့သည်နှင့် မတူကွဲပြားနေခဲ့လေသည်။
ရှားယာ့ယွင် အတော်လေး အပြစ်ရှိသလို ခံစားနေရပြီး သူမ ရှဲ့ချောင်နှင့် ပြုလုပ်ခဲ့သည့် အလောင်းအစားကို တွေးလိုက်သည့်အခါ နောင်တရ
စိတ်ပျက်သွားခဲ့သည်။
ရှဲ့ချောင်သည် အလေးအနက်ဖြစ်နေခဲ့၏။ လှူဒါန်းမှုများကိုသာ သူမ စုဆောင်းနိုင်ခဲ့လျှင် ထိုအချိန်၌ သူမ ပိုပြီး ဂုဏ်ယူရနိုင်လောက်ပေသည်။
မြင်းများကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းမှာ မလွယ်ကူလှချေ။ ဤသည်မှာ ရှက်စရာကောင်းသည်ဟု သူမ မတွေးခဲ့ပေ။ ကျောင်းတော်သည် မိန်းမစေများ ထားရှိခြင်းအား တားမြစ်ထားလေသည်။ ကျောင်းသားများ လိုလိုလားလား လုပ်ချင်နေကြသည့် ရှက်စရာကောင်းသော ဝေယျာဝိစ္စများမှာ ပို၍ပင် ရှိသေး၏။
ထို့အပြင် သူမ မြင်းများကို ထိန်းသိမ်းစောင့်ရှောက်သောအခါ သူမ လုပ်စရာလိုသည်မှာ စောင့်ကြည့်ရုံသာဖြစ်သည်။ သူမ ထိုအရာကို လုပ်နေစဉ်တွင် စာအုပ်အနည်းငယ်ကိုပင် ဖတ်နိုင်သေးသည်။
၎င်းသည် အလွန် သက်တောင့်သက်သာရှိလှပေသည်။
••••••