← Chapters

အနာကို ဆားသိပ်ခြင်း

Vol. 9 Ch. 146

အနာကို ဆားသိပ်ခြင်း

Vol. 9 Ch. 146

မြင်းဇောင်းကြီးကြပ်သူသည် ရှဲ့ချောင်အား စစ်ဆေးရန် တိတ်တိတ်ကလေး နှစ်ကြိမ် လာခဲ့ဖူးလေသည်။

ပထမတော့ သူ သဘောမကျခဲ့ပေ။ သို့ရာတွင် နှစ်ကြိမ် စူးစမ်းလေ့လာပြီးသည့်နောက်၌ ယခုဆိုလျှင်

မြင်းများသည် ပို၍ပျော်ရွှင်လာကြောင်း သတိထားမိခဲ့သည်။

ရှဲ့ချောင် လာသည့်အခါတိုင်းတွင် မြင်းများသည် ၎င်းတို့စားနေကျထက် သိသိသာသာ ပိုပြီးစားကြသည်။ သူတို့သည် ပိုပြီးတက်ကြွနေကာ စိတ်လှုပ်ရှားပုံလည်း ပေါ်နေကြလေသည်။

ရှဲ့ချောင် သူတို့အပေါ်တွင်စီးသည့်အခါ သူတို့သည် လုံးဝခုခံလိမ့်မည် မဟုတ်ပေ။ ထိုမျှသာမက ရှဲ့ချောင် စီးနေသောမြင်းမှာ ဗဟိုဖြစ်လာကာ ကျန်မြင်းများမှ အလိုအလျောက် ဝန်းရံကြပေလိမ့်မည်။ ထိုအခြင်းအရာမှာ…သဘောကျနှစ်သက်သူများ ပတ်ပတ်လည်တွင် ရှိနေခြင်းနှင့် တူလေသည်!

ထိုအရာကို မြင်ရသောအခါ သူပင် မနာလိုဝန်တိုမိသည်။

သူ ဘာတွေများ ထပ်တောင်းဆိုနိုင်ဦးမှာလဲ? မြင်း

တွေ ပျော်နေသရွေ့ပေါ့!

…

ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင်နှင့်တွေ့ပြီးနောက် ထွက်သွားခဲ့ပြီး လူများအား ယွမ်အိမ်တော်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့လေသည်။

သူသည် ကြွေပန်းခြံဝန်းမှ 'နေမင်း(ရိ)' အတန်း၏ ကျောင်းသားတစ်ဦးဖြစ်လေသည်။ သူသည် ကြွေပန်းခြံဝန်းတွင် သူငယ်ချင်းများမရှိသော်လည်း အပြင်တွင်တော့ သူနှင့် ဝါသနာတူသည့် သခင်လေးအဆင့် သူငယ်ချင်းအနည်းငယ်ရှိလေ၏။

အများစုမှာ စစ်တပ်အုပ်ချုပ်သူအရာရှိများ၏ ကလေးများဖြစ်ကြသည်။ ရာထူးမှာ မမြင့်သော်လည်း ၎င်းတို့ထဲမှ တစ်ယောက်သည် တောင်တန်းတစ်ခုမှ လာခဲ့သည်ဖြစ်၏။ သူသည် ရှဲ့

ဖင်းဟွိုက်၏ အဖော်လက်ထောက် ဖြစ်လေသည်။

၎င်းတို့လူနည်းစုလေးသည် ယွမ်အိမ်တော်သို့ စိတ်လှုပ်ရှားတက်ကြွစွာနှင့် ရှေးရှုသွားခဲ့ကြသည်။

သူတို့ကိုယ်သူတို့ ရန်မူကြမ်းကြုတ်သည့်ပုံ ပိုပေါ်စေရန် သူတို့၏ အိမ်မှ အိမ်တော်ထိန်းများကိုပင် ခေါ်လာခဲ့ကြသေးသည်။

၎င်းတို့ အိမ်တော်အဝင်ဝသို့ ရောက်သောအခါ ရှဲ့ဖင်းဟွိုက်သည် အိမ်တော်ထိန်းအား သူ မတ်တပ်ရပ်ရန်အတွက် ကုလားထိုင်တစ်လုံးကို ယူခိုင်းလိုက်၏။

“ယွမ်ပင်း ထွက်လာခဲ့စမ်း! အကြွေးယူဖို့ ငါ ဒီမှာ ရောက်နေပြီ!”

သူ့တွင် တောင်ပံတစ်စုံသာ ရှိခဲ့ပါက သူ ကျိန်းသေ

ပေါက် ပျံသန်းသွားမည် ဖြစ်၏။

ယွမ်အိမ်တော်၏ အိမ်ထိန်းများသည်လည်း ထွက်လာကာ စုဝေးလိုက်ကြသည်။ ၎င်းတို့သည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပုံ ပေါ်လေသည်။

မည်သို့ပင်ဖြစ်စေ အပြင်ဘက်၌ လူအများသည် လောလောဆယ်တွင် ပွဲကို စောင့်ကြည့်နေကြ၏။

ယွမ်မိသားစုသည် ဤရက်ပိုင်းတွင် နာမည်ကြီးနေသည်ဖြစ်ရာ လူများသည် ၎င်းတို့၏ မိသားစုရေးရာ ကိစ္စများအပေါ်စိတ်ဝင်စားနေကြလေသည်။ အလိုလိုပင် ယွမ်အိမ်တော်အနီးရှိ စားသောက်ဆိုင်များမှာ ပုံမှန်ထက်ပိုပြီး လူများပြည့်နှက်စည်ကားသွားခဲ့သည်။

“အိုး အလိုလေး! ငတုံးယွမ်ပင်းက ကတိဖျက်သွားတာလား၊ ဟုတ်လား!?” ရှဲ့ဖင်းဟွိုက်သည် ဓားပြ

တစ်ယောက်ပမာ ကျိန်ဆဲလိုက်၏။ “ အားလုံးပဲ ဘာတွေဖြစ်သွားခဲ့လဲဆိုတာ သိကြမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်! ဇာတ်လမ်းပြောရမယ့်အချိန်ပဲ! အရင်နေ့တွေတုန်းက ယွမ်ပင်းက ကျွန်တော့်ကို လှောင်ပြောင်ပြောဆိုခဲ့တဲ့အတွက် ကျွန်တော့်အစ်မက သူ့ကို ဆူပူကြိမ်းမောင်းခဲ့တယ်။ သူက သူ့ရဲ့ဂုဏ်သတင်းကို ဆုံးရှုံးရပြီးတော့ အဲ့ဒီသတင်းဆိုးက သုံးရက်အတွင်းမှာ အဝေးကို ပျံ့နှံ့သွားလိမ့်မယ်ဆိုပြီး ငါ့အစ်မက အလောင်းအစားတစ်ခု လုပ်ခဲ့တယ်။ အဲ့တာသာ တကယ်ဖြစ်ခဲ့ရင် ယွမ်ပင်းက ငါရှဲ့ဖင်းဟွိုက်နဲ့ ငါ့အစ်မ ရှဲ့ချောင်ကို ဆယ်ကြိမ်ကန်တော့ရမှာ!”

“အခု သူ့ရဲ့ ဂုဏ်သတင်းက ပျက်စီးသွားပြီ၊ ငါပြောတာ ဟုတ်တယ်ဟုတ်? ငါက ပြောတဲ့စကားကို မတည်ဘူးဆိုပြီး လူတွေ စွပ်စွဲကြမှာကို တားဆီးဖို့အတွက် ငါ့ကတိကို တည်ဖို့ ဒီကို ရောက်လာတာ!”

သူ ဖြစ်စဉ်တစ်ခုလုံးကို ရိုးရိုးရှင်းရှင်းနှင့် အသေးစိတ်ပြောပြလိုက်သည်။

မကြာမီတွင် ပွဲကြည့်ပရိတ်သတ်များသည် အချင်းချင်း တီးတိုးပြောကြတော့သည်။

“ဆိုတော့ကား ဒါက ဘာဖြစ်ခဲ့လဲဆိုတာပေါ့! ငါတို့က နောက်ထပ်သခင်မလေးတစ်ယောက် အနိုင်ကျင့်ခံရပြီးတော့ သူတို့တွေ ဖြေရှင်းချက်တောင်းနေကြတယ်လို့ ထင်လိုက်တာ!”

မည်သို့ပင်ဖြစ်စေ ဤသည်မှာ အတော်လေး စိတ်ဝင်စားဖို့ကောင်း၏။ ဆယ်ကြိမ် ကန်တော့ရမယ်? ယွမ်ပင်းက ဒါကို လုပ်ချင်မှာတဲ့လား?

ထိုအချိန်တွင် အထဲ၌ရှိနေခဲ့သော ယွမ်ပင်းသည် အပြင်ဘက်မှ မငြိမ်မသက်ဖြစ်နေသံများကို ကြားနေရလေသည်။

ခလွမ်း!

ယွမ်ပင်းသည် ဒေါသထွက်ကာ ပစ္စည်းအချို့ကို ခွဲပစ်လိုက်၏။

“ ဒီဓားပြကောင်ရှဲ့ဖင်းဟွိုက်က ဘယ်လိုတောင် ငါ့ရဲ့ အနာပေါ် ဆားနဲ့ပက်ရဲတာလဲ!? ထင်ထားတဲ့အတိုင်းပဲ ရှဲ့မိသားစုက ကြောက်ဖို့ကောင်းတယ်!”

မိုးရွာလျှင် ရေလျှံသည်ပင်။

ရှဲ့ဖင်းဟွိုက်ရောက်ပြီး မကြာမီတွင်ပင် ယွမ်အိမ်တော်သို့ ဧည့်သည်များစွာ လာခဲ့ကြလေသည်။

ဒါက ဇနီးဖြစ်သူဘက်က အမျိုးတွေပဲ!

ယွမ်သခင်ကြီး၏ ဇနီးသည်ဘက်မှ မိသားစုဝင်များ ရောက်လာခဲ့ကြ၏။ ၎င်းတို့သည် မျက်နှာထက်တွင်

နှင်းစက်များဖြင့် ဖုံးလွှမ်းထားသကဲ့သို့ အေးစက်ပုံပေါ်ကြလေသည်။

ယွမ်သခင်ကြီးသည် ချက်ချင်းထွက်လာကာ သူ၏ ယောက္ခထီးနှင့် ယောက်ဖအား မဆိုင်းမတွ ဉီးညွှတ်ဂါရဝပြုလိုက်၏။ ယောက္ခထီးနှင့် ယောက်ဖမှာ တဲ့တိုးသမားများဖြစ်ကြ၍ လူအများရှေ့တွင်သာ ပြောလိုက်လေ၏ “ ယွမ်မုထင်း! တစ်ချိန်က ငါ့သမီးကို မင်းနဲ့ပေးစားခဲ့တာက မင်းက လူကြီးလူကောင်းတစ်ယောက်နဲ့ တူလို့ပဲ။ သူ မင်းကို လက်ထပ်ခဲ့တာ နှစ်နှစ်ဆယ် ရှိသွားပြီ။ သူ ဘာအမှားများလုပ်ခဲ့လို့လဲ!?”

ယွမ်သခင်ကြီး မျက်ခွံများ လှုပ်သွားခဲ့၏။ “ အိမ်ထဲမှာ…ပြောကြရအောင်လေ…”

“မလိုဘူး! ငါ ဒီနေ့လာတာ ငါ့သမီးကို ရှီမိသားစုဆီ ပြန်ခေါ်သွားဖို့ပဲ။ ငါ့သမီးက မင်းအတွက် အမွေဆက်ခံမယ့်သူ မမွေးပေးနိုင်မှတော့ ငါ မင်းရဲ့ဇနီး

နေရာကို အလွတ်ထားပေးမယ်။ ဒီကလေးက မင်းတို့မိသားစုရဲ့ ကလေးပဲပဲဖြစ်ဖြစ် မျိုးမစစ်ပဲဖြစ်ဖြစ် ဒီထက်ပိုပြီး ငါ့သမီးနဲ့ ပတ်သတ်စရာ အကြောင်းမရှိတော့ဘူး!”

••••••••

All Chapters