ခင်ဗျား ဒါတွေကို ရောင်းနိုင်တယ်ပေါ့?
Vol. 9 Ch. 147
ရှီမိသားစုဘက်ကတော့ ရှင်းပေသည်။
ယွမ်သခင်ကြီးမှာ ဆွံ့အသွားခဲ့ရ၏။
‘ယောက္ခမကြီးက ကွာရှင်းခိုင်းမယ်လို့ ဆိုလိုတာလား?’
‘ငါတို့လင်မယားနှစ်ယောက်က နှစ်တွေအများကြီး သင့်သင့်မြတ်မြတ် နေထိုင်ပေါင်းသင်းလာခဲ့ကြတာကို သူက ဒီကိစ္စလေးအတွက်နဲ့ ကွာရှင်းခိုင်းနေတာ
လား?’
‘ဒါက ကောလဟာလသက်သက်ပဲလေ။ အခု သူက ဘယ်လိုတောင် အနာကို တုတ်နဲ့ ထိုးနိုင်ရတာလဲ!?’
ရှီမိသားစုမှ ထိုသို့လုပ်ရန် ရည်ရွယ်နေသော်လည်း ယွမ်မိသားစုတွင် ဒုတိယမိသားစုမရှိပေ။ ယွမ်မုထင်း၏ အဖေဖြစ်သူမှာ နန်းတွင်းရုံးတော်နှင့် ပတ်သက်မှုအချို့ ရှိနေခဲ့သည်။ သို့ဖြစ်ရာ ၎င်းတို့သာ ကွာရှင်းခဲ့ကြပါက မိသားစုနှစ်ခုသည် ရန်သူများဖြစ်လာကြပေလိမ့်မည်။ ထိုအရာမှာ ကောင်းမွန်သော အခြေအနေတစ်ခု ဖြစ်မည် မဟုတ်ချေ။
ထို့အပြင် သူတို့သည် အတိတ်မှ ယွမ်မိသားစု၏ အကြောင်းအား ဘာမှမသိကြပေ။
မည်သို့ပင်ဖြစ်စေ သူတို့၏သမီးမှာ ကလေးမမွေးနိုင်
သော်လည်း ယွမ်မုထင်း၏ တစ်ဦးတည်းသောသားအား ပြုစုပျိုးထောင်ခဲ့သောကြောင့် သူနှင့် တရင်းတနှီးရှိသည်ဟု တွေးခဲ့ကြသည်။ သူတို့ ထိုအကြောင်းကို မေ့ထားရန် ဆုံးဖြတ်လိုက်ကြ၏။
ယွမ်မိသားစုတွင် ဤပြဿနာဖြစ်လာတော့မှသာ အရှင့်သား၏စာမှ အမှန်တရားကို သူတို့ ရှာတွေ့သွားကြတော့သည်။ သူမ ၎င်းတို့၏သားကို ပျိုးထောင်ခဲ့သည်ဆိုသည်မှာ အလိမ်အညာသက်သက်သာ ဖြစ်သည်။ ဤနှစ်များတွင် ကိုယ်လုပ်တော်က ရှီမိသားစု၏ သမီးကို အနိုင်ကျင့်နေခဲ့သည်ဖြစ်၏!
သူ၏ ထိုသမီးမှာ သူမမိသားစုအား ထိုကဲ့သို့ မှားယွင်းနေသည်ကိုပင် မပြောပြခဲ့ရလောက်သည်အထိ မိုက်မဲလွန်းလှသည်။ သူတို့ ယွမ်ပင်းအကြောင်းကို ပြောလိုက်သည့်အချိန်တိုင်း သူမ အခက်တွေ့သည်ပုံ ဖြစ်သွားခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ!
ယွမ်မိသားစုသည် ကွာရှင်းခံရသည့်အတွက် ယခုအချိန်မှ မည်မျှပင်ဝမ်းနည်းနေသည်ဖြစ်စေ အချည်းနှီးသာဖြစ်၏။
ဤကိစ္စတွင် အဘယ်ကြောင့် အရှင်မင်းသား ပါဝင်နေသည်အား သူ မသိသော်လည်း ဧကရာဇ်မင်းသည် မင်းသားအပေါ် အလွန်ချစ်မြတ်နိုးလေသည်။ သူတို့၏နောက်တွင် အရှင်မင်းသား ကျောထောက်နောက်ခံ ရှိနေသောကြောင့် ရှီမိသားစု၏ ဂုဏ်သတင်းမှာ တောင့်တင်းခိုင်မြဲနေပေလိမ့်မည်!
ရှဲ့ဖင်းဟွိုက်မှာ ဤနေရာသို့ ပြဿနာရှာရန်လာသည့်သူမှာ သူတစ်ယောက်တည်းမဟုတ်သောကြောင့် အံ့အားသင့်သွားခဲ့၏!
“ဦးလေး၊ ဒါအမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ! ယွမ်ပင်းက တကယ်ဆိုးရွားတဲ့ကောင်။ သူ့ကို သားမက်တော်မယ့် ဘယ်သူမဆို ကံဆိုးကြမှာပဲ။ သူက ကျွန်တော့်ကို လောင်းကြေးရှုံးခဲ့တာတောင်
သူရဲဘောင်ကြောင်တဲ့သူတစ်ယောက်လို့ ပုန်းနေပြီး ခုချိန်ထိ ထွက်မလာရဲသေးဘူး!”
ယွမ်သခင်ကြီးတစ်ယောက် မျက်ခွံများ လှုပ်သွားခဲ့သည်။ “အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေရအောင် မင်းက ဘယ်သူလဲ?!”
သူသည် တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်နေသည့်ပုံပေါ်နေလေ၏။
ရှဲ့ဖင်းဟွိုက် သူ့ရင်ဘတ်ကို ကော့လိုက်၏။ “ ကျွန်တော် ခင်ဗျားကို ကြောက်မယ်ထင်နေလား!? ငတုံးယွမ်၊ ခင်ဗျားရဲ့သားက လောင်းကြေးကို ရှုံးတဲ့အတွက် အရှုံးကို ဝန်ခံရမယ်! ကျွန်တော်နဲ့ ကျွန်တော့်အစ်မ မနက်ဖြန်ကျရင် ကျောင်းတော်မှာ သူ ကန်တော့မှာကို စောင့်နေမယ်။ သူ့ကို အဲ့ဒီမှာ မတွေ့ရရင် ကျွန်တော် နေ့တိုင်း ဒီမှာ ရှိနေရလိမ့်မယ်!”
င-ငတုံးယွမ်!?
ယွမ်သခင်ကြီးမှာ ယခုအချိန်တွင် ဆိုးဆိုးရွားရွား ခံစားနေရလေသည်။ သူ၏ တစ်ကိုယ်လုံးရှိ သွေးများမှာ ဒေါသကြောင့် ပွက်ပွက်ဆူနေပြီဖြစ်သည်။
ရှီမိသားစုမှလူများသည် ရှဲ့ဖင်းဟွိုက်အား မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြသည်။ ဤကလေးမှာ မည်သူ၏ကလေးဖြစ်သောကြောင့် ဤမျှရဲတင်းနေရသနည်းဆိုသည်အား သိချင်သွားကြလေသည်။
“ဘယ်_ဘယ်လိုတောင် အရာရှိတစ်ယောက်ရဲ့ အိမ်ရှေ့ကို လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ရဲရတာလဲ? မင်းက သေလမ်းကို ရှာနေတာလား!?” ယွမ်သခင်ကြီးက ဟောက်လိုက်သည်။
“ ကျွန်တော့်အဖေက ရှဲ့နျိုရှန်းပဲ၊ သူလည်း အရာရှိတစ်ယောက် မဟုတ်လား?” ရှဲ့ဖင်းဟွိုက်က လှောင်လိုက်သည်။
ရှဲ့နျိုရှန်း?
ယွမ်သခင်ကြီးနှင့် ရှီမိသားစုမှ သားအဖနှစ်ယောက်တို့မှာ ကြက်သေသေသွားကြကုန်၏။
ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းတို့မှာ ကြောက်စရာကောင်းသောသူများ ဖြစ်ကြသည်။ သူတို့သည် ထိုသားအဖ နှစ်ဦးမှာ ထိတ်လန့်ဖို့ကောင်းသည်ဟု ကြားဖူးကြသော်လည်း ဤအငယ်တစ်ယောက်ကပါ ဖိနှိပ်နိုင်လိမ့်မည်ဟု တွေးထင်မထားကြပေ!
သူသည် ၁၁ နှစ် ၁၂ နှစ်အရွယ်သာ ရှိသေးပုံရသော်လည်း ယခုအချိန်တွင် အရွယ်ရောက်ပြီးသည့်သူတစ်ယောက်အတိုင်း စကားပြောနေခဲ့ခြင်းဖြစ်သည်။
ရှဲ့နျိုရှန်း၏ နာမည်အား ကြားလိုက်ရသည်နှင့် ယွမ်မုထင်း စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ သူ ဒေါသကြောင့် တုန်လှုပ်နေခဲ့သည်။
ရှီမိသားစုမှ သားအဖသည် အာဏာပိုင်များထဲမှ တစ်ဦးအား ခေါ်ဆောင်လာခဲ့သည်။ ကွာရှင်းစာချုပ်မှာ ရေးပြီးသွားပြီးဖြစ်၏၊ လစ်လပ်နေသည်မှာ နှစ်ဖက်မိသားစု၏ တံဆိပ်တုံးနှင့် လက်မှတ်များသာ ဖြစ်သည်။
၎င်းတို့သည် ဤအရေးကိစ္စတွင် ဇွဲကြီးခဲ့ကြသည်။
ကွာရှင်းမှုအား စာရင်းရှင်းရန်မှာ ပို၍အရေးကြီး၏။ ရှဲ့ဖင်းဟွိုက်မှာ ပါးနပ်သူတစ်ဦးဖြစ်သောကြောင့် အရှုပ်အထွေးများ ဖန်တီးပြီးသည့်နောက်တွင် သူ ထွက်သွားရန် အချိန်ရောက်ပြီဆိုသည်အား သိလိုက်သည်။ သည်လိုနှင့် သူသည် ရှီမိသားစုအား သူတို့ပြဿနာသူတို့ ဖြေရှင်းစေလိုက်တော့သည်။
အိမ်ပြန်ရာလမ်းတွင် သူ အရှေ့ဘက်မှ အဓိကလမ်းမကြီးကို ဖြတ်၍လာခဲ့၏။ သူ့တွင် ငွေများစွာရှိနေလေ့ ရှိသည်ဖြစ်ခဲ့ရာ လမ်းတစ်လျှောက်ရှိ ဆိုင်များအားလုံးအား သူ ရောက်ဖူးလေသည်။ သို့သော် ယခု သူ ဆိုင်းဘုတ်သစ်တစ်ခုကို မြင်တွေ့လိုက်ရ၏။
‘ကြမ္မာဥယျာဉ်’ ဟူ၍ ဆိုင်းဘုတ်ထက်တွင် ရေးထိုးထားလေသည်။
သူနှင့် သူ၏ သူငယ်ချင်းတစ်စု ကြက်သေသေသွားခဲ့ကြသည်။
ဤဆိုင်သည် မည်သည့်အရာကို ရောင်းချနေသနည်းဆိုသည်အား သူတို့မသိကြချေ။ သူတို့ထံတွင် ငွေစများ မပါကြသော်လည်း၊ ထိုအရာသည် သူတို့ကို အထဲဝင်၍ မကြည့်နိုင်အောင် မတားဆီးနိုင်ပေ။
သို့ရာတွင် သူတို့အထဲသို့ ဝင်သွားသည်နှင့် အံ့ဩသွားကြလေသည်။
“အဆောင်ပစ္စည်းလား!?” ရှဲ့ဖင်းဟွိုက် တုန်လှုပ်သွားသည်။ “ခင်ဗျားတို့ ဒါကို ရောင်းနိုင်ကြတယ်ပေါ့? ဒီပစ္စည်းက စျေးကြီးမယ်ဆိုတာ ကျွန်တော်သေချာတယ်။ ခင်ဗျားတို့သူဌေးမှာ ငွေတွေပေါများနေလွန်းလို့ သူ့ပိုက်ဆံတွေကို ဒီလိုမျိုး လွှင့်ပစ်နေတာလား!?”
ဤနေရာသည် နေရာကောင်းတစ်ခုဖြစ်ပြီး တစ်ယောက်ယောက်မှ ကြုံရာတစ်ခုခု ရောင်းရုံနှင့်ပင် ကြွယ်ဝနိုင်သည် မဟုတ်လား?
ဘာကြောင့်များ သူဌေးက အဆောင်ပစ္စည်းကို ရောင်းဖို့ ဆုံးဖြတ်ရတာလဲ?
သူ စကားပြောလို့ပြီးသွားသည်နှင့် လူတစ်ယောက် လျှောက်လာခဲ့၏။
“အဆောင်ပစ္စည်းကို ရောင်းတာက ဆိုးရွားနေလို့လား?” ထိုအသံမှာ အေးစက်နေကာ စိတ်တိုနေပုံ ပေါ်လေသည်။
ရှောင်းယွီရုန်သည် သူ၏အနာဂတ် တပည့်လောင်းအား မနှစ်မြို့စွာ ကြည့်လိုက်၏။ သူသည် ဆိုင်ကို မကြည့်ခင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုအချိန်ခဏတွင် သူ့မျက်လုံးများ တောက်ပသွားလေသည်။ ဤနေရာမှာ သူ၏ဆရာတူအစ်မအတွက် သူ ရွေးချယ်ခဲ့သောနေရာဖြစ်သည်။ သူမ ရောင်းချသော ပစ္စည်းများမှာ သာမန်ထက်ထူးခြားသည့်အပြင် သူမသည် ရုပ်ဝတ္ထုများအပေါ်စွဲလန်းနေသည့်သူပုံမျိုးလည်း ပေါက်မနေချေ…
•••••••