← Chapters

သာမညောင်ည အကြီးဆုံးဆရာတူအစ်မ

Vol. 9 Ch. 148

သာမညောင်ည အကြီးဆုံးဆရာတူအစ်မ

Vol. 9 Ch. 148

ရှောင်းယွီရုန်၏ အမြဲလိုလို တည်ငြိမ်နေတတ်သော မျက်နှာထက်တွင် ပဟေဠိဆန်သော အပြုံးတစ်ခု

ထွက်ပေါ်လာလေ၏။ သူသည် ဘေးပတ်ပတ်လည်တွင်ရှိနေသည့် အရာများကို ကျေနပ်အားရစွာဖြင့် ကြည့်လိုက်လေသည်။

ရှဲ့ဖင်းဟွိုက် ထိုအခြင်းအရာကို မြင်သောအခါ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။

“အဆောင်ပစ္စည်းရောင်းတာက တစ်ခုခုမှားယွင်းနေတာပဲ ဖြစ်ရမယ်? လူတွေက လမ်းတစ်လျှောက်မှာ အစားအသောက်တွေနဲ့ ဖျော်ဖြေတင်ဆက်တာတွေကိုပဲ ရောင်းဝယ်လုပ်ကိုင်ကြတာ။ အဲ့ဒီမှာ ဆောင်ကြာမြိုင်နှစ်ခုတောင် ရှိသေးတယ်ဗျာ။ ဘယ်ဆိုင်ကများ ဒီလို ထူးထူးခြားခြားပစ္စည်းမျိုးတွေ ရောင်းလို့လဲ? ဒီလမ်းတင်မဟုတ်ဘူး၊ နန်းမြို့တော်တစ်ခုလုံးမှာတောင်မှ ဗေဒင်ဆရာတွေက လမ်းပေါ်မှာ ဟောကြတာကိုပဲ ကျွန်တော်မြင်ဖူးတာ။ ဒီလိုအရာအတွက် ဆိုင်တစ်ဆိုင်ဖွင့်ရဲတဲ့သူတစ်ယောက်မှ ကျွန်တော် မမြင်ဖူးဘူး” ရှဲ့ဖင်းဟွိုက်မှာ ဆရာများအား ရိုသေလေးစားခြင်းဆိုသည်မှာ မည်သို့သောအရာမှန်းသိသူတစ်ယောက် မဟုတ်ပေ။

သူသည် ယခုအချိန်တွင် ရှောင်းယွီရုန်အား မပျော်မရွှင်ဖြစ်အောင် လုပ်လိုက်လေသည်။

ထိုမျှသာမက ဆရာရှောင်း၏ ခေါင်းထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသလားဆိုသည်ကို သူ သံသယဝင်နေခဲ့သည်။

သူသည် သူ့အား ဆရာအဖြစ်တင်မြှောက်ချင်သော်လည်း စင်စစ်တွင် သူသည် ယခုအချိန်ထိ ဆရာရှောင်းကို အကြိမ်ရေအနည်းငယ်သာ တွေ့ဖူးသေးသည်ဖြစ်၏။ သူ တခြားလူများထံမှ ကြားဖူးသည်မှာ ဆရာရှောင်းသည် စာသင်သည့်အခါ၌ အထူးတလည် စည်းကမ်းတင်းကြပ်သည်နှင့် နောက်ပြီး…

ဆရာရှောင်းနှင့် ပတ်သက်၍ သူ ဘာတစ်ခုမှ မသိပေ!

သူ ယခု ဆရာရှောင်းတစ်ယောက် အဆောင်ပစ္စည်းများအား အရူးတစ်ယောက်ကဲ့သို့ ပြုံးရင်းကြည့်နေသည်ကို မြင်လိုက်ရပြီး သူ တွေးမိလိုက်သည်က ဤလူသည် ပြုစားညှို့ငင်တတ်သူပုံမျိုး ဖြစ်နေသည်ဆိုတာပင်။

ရှောင်းယွီရုန်၏ မျက်နှာမှာ သုန်မှုန်သွားလေသည်။

“စဥ်းစားဥာဏ်မရှိတဲ့ကောင်။ ဒီအဆောင်ပစ္စည်းတွေက ဘယ်လောက်ရှားပါးလဲဆိုတာ မင်းမသိဘူးလား!? သူတို့အပေါ်က ပုံစံကွက်တွေကို ကြည့်လိုက်စမ်း။ သူတို့က တိမ်ဆိုင်တွေနဲ့ စီးဆင်းနေတဲ့ ရေလိုမျိုး ချောမွေ့နေပြီးတော့၊ ဒါတွေကို စုတ်ချက်တစ်ချက်တည်းနဲ့ ရေးဆွဲထားတာ။ တစ်ချက်လေး သွေဖယ်သွားတာနဲ့ ဒါက ပျက်စီးသွားလိမ့်မယ်။ မင်းက ဒီအကြောင်းကို ဘာတစ်ခုမှတောင် မသိပဲနဲ့ ဘယ်လိုလုပ် ကြောင်တောင်တောင်ပစ္စည်းတွေဆိုပြီး ပြောရဲရတာလဲ? ‘ကျော်ကြားသောမိသားစုများ၏

မိသားစုဆောင်ပုဒ်များ’ ဆိုတာကို ဆယ်ကြိမ်ကူးရေးခဲ့။ မနက်ဖြန်ညနေ ကျောင်းမဆင်းခင် ငါ အဲ့ဒါကို မြင်ရပါစေ!” ဆရာရှောင်းတစ်ယောက် အလွန်စိတ်ပေါက်သွားခဲ့သည်။

ရှဲ့ဖင်းဟွိုက်၏ မျက်ခွံများ လှုပ်သွားခဲ့လေသည်။

သူ ဒီလိုပုဂ္ဂိုလ်ကို ဆရာအဖြစ်နဲ့ တကယ်ကြီးလိုချင်ခဲ့တာလား?

သူက ကျိုးကြောင်းသင့်တဲ့သူမဟုတ်ဘူး!

“ ဆရာရှောင်း …ဒီဆိုင်က ဆရာ့ဆွေမျိုးတစ်ယောက်ယောက်က ပိုင်တာလား?” ရှဲ့ဖင်းဟွိုက် ရုတ်တရက် ထိုသို့သော ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွား၏။ “ ကျွန်တော်က ဒီကိစ္စကို ဝင်ပါချင်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဆရာရဲ့ ဆွေမျိုးက စီးပွားရေးပုံစံ ပြောင်းလိုက်သင့်တယ်လို့တော့ ကျွန်တော် အကြံပြုချင်တယ်။ ဒီလိုမျိုး အဆောင်လက်ဖွဲ့တွေက အသုံးမဝင်ဘူးဗျ။ ဒီစီးပွားရေးက

အောင်မြင်မှာ မဟုတ်ဘူး!”

ဆရာရှောင်းမှာ နောက်ထပ်တစ်ဖန် မပျော်မရွှင်ဖြစ်အောင်လုပ်ခြင်း ခံလိုက်ရပြန်သည်။

ဒီအရူးက ဘယ်လိုတောင် အရမ်းတုံးရတာလဲ!?

သူရဲ့ ဆရာတူအစ်မ ဒါကို ကြားများကြားသွားခဲ့လား? သူ့ဆရာတူအစ်မသာ ဒီအရူးနဲ့ အတွေးတူနေမယ်ဆိုရင် အဲ့တာက…

ဆရာရှောင်း ချက်ချင်း တစ်ဖက်သို့လှည့်သွားကာ ရှဲ့ဖင်းဟွိုက်အား လစ်လျူရှုရန်သာ ဆုံးဖြတ်လိုက်သည်။

“ ဆရာရှောင်း၊ ကျွန်တော့်ကို ဘယ်အချိန်မှ ဆရာ့ရဲ့တပည့်အဖြစ် လက်ခံမှာလဲ? ကျွန်တော့်ရဲ့ ဂုဏ်

သတင်းက ဆိုးနေပေမယ့် ကျွန်တော့်က တော်တော်လေး ဉာဏ်ကောင်းပါတယ်ဗျ။ အနာဂတ်မှာ ဆရာတစ်ခုခု လူလွှတ်စေခိုင်းဖို့ ရှိလာခဲ့ရင် ကျွန်တော့်ကိုသာ ခိုင်းလိုက်! ဒီမြို့တော်မှာ ကျွန်တော် မသိတဲ့နေရာ မရှိဘူးဆိုတာကို အာမခံရဲတယ်!” ရှဲ့ဖင်းဟွိုက်အတွက် ထိုသို့သော အခွင့်ရေးတစ်ခုရရန်မှာ ရှားပါးလှသည်။ ဆိုတော့ သူ ဘာလို့ ဒါကို မဖမ်းဆုပ်ရမှာလဲ?

ဆရာရှောင်း မျက်မှောင်ကြုံ့သွားခဲ့သည်။

‘ ဝေးဝေးသွားစမ်းပါ။ ဉာဏ်နည်းတဲ့ကလေးစုတ်’

…

ရှဲ့ချောင်သည် တာအိုဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သူမ၏ မျက်နှာမှာ မတူကွဲပြားနေလေ၏။

ယနေ့သည် သူမ၏ စီးပွားရေး စတင်ဖွင့်လှစ်သည့် ပျော်စရာအချိန်အခါကောင်းတစ်ခု ဖြစ်ပေသည်။ သူမ၏ မျက်နှာကို ပြရန် လိုပေ၏။ သူဌေးသည် အလွန် ပဟေဠိဆန်လွန်းနေလျှင် ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မည်။ သူမ မျက်နှာကို အနည်းငယ်ခြယ်သပြီး လူအများရှေ့ကို ထွက်ပြသင့်သည်ဟု သူမ တွေးခဲ့သည်။

ယခုအချိန်မှစ၍ သူမသည် ရှဲ့သခင်မလေးအဖြစ်နှင့် မကြာခဏ ထွက်လာနိုင်တော့မည်ပင်။ သူမသည် တာအိုဘုရားကျောင်းတွင် ကြီးပြင်းခဲ့သောကြောင့် ထိုသို့သော အရာများကို စိတ်ဝင်စားသည်ဟုသာ အခြားသူများက တွေးကြပေလိမ့်မည်။

သူမအတွက် မျက်နှာကို ပြင်ဆင်လိမ်းခြယ်ရန်မှာ လွယ်ကူလှသည်။ လူတစ်ယောက်သည် မှောင်ခိုစျေးကွက်ကို လျှော့မတွက်သင့်ပေ။ အလှကုန်ပစ္စည်းများကို ဝယ်ယူနိုင်သည့်အပြင် လူအရေခွံမျက်နှာဖုံးများ

ကိုလည်း ရနိုင်သေး၏။

ရှဲ့ချောင်သည် အသုံးပြုရလွယ်ကူသည့် ပစ္စည်းအချို့ကို ဝယ်ယူခဲ့ပြီး သူမ မျက်နှာပေါ်တွင် ပြီးစလွယ် ရေးဆွဲလိုက်၏။ သူမကို ကြည့်ရသည်မှာ သူမ၏ ပုံမှန်မျက်နှာနှင့် မတူကွဲပြားသွားလေသည်။

သူမကိုယ်သူမ ပုံမှန်အသားအရေအခြေအနေနှင့် အသက်၃၀ပုံပေါက်အောင် လုပ်ခဲ့လေသည်…

သူမသည် မျက်နှာထက်တွင် အမဲစက်အပြည့်နှင့် သူမကိုယ်သူမ အနည်းငယ် ရုပ်ဆိုးအောင်ပင် လုပ်ထားသေးပေသည်။ သူမသည် အကုန်လုံးခြုံကြည့်ရလျှင် အလွန် ကြည့်၍မကောင်းလှပေ။ သူမသည် သာမညောင်ညတစ်ယောက်ပုံသာ ဖြစ်လေသည်။

မကောင်းဆိုးဝါးဝိဥာဥ်အနည်းငယ်သည် သူမကို ညည်းညူတိုင်တန်းနေကြသောကြောင့် အလွန်ဆူညံ

နေလေသည်။ ၎င်းတို့သည် တန်းစီရန် ငြင်းဆန်နေကြကာ ၎င်းမှာ ဒေါသထွက်စရာဖြစ်နေလေသည်။

ရှဲ့ချောင်သည် အောက်ထပ်တွင် သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သူမ ရုတ်ချည်းပင် ရှဲ့ဖင်းဟွိုက်နှင့်အတူ ဆရာရှောင်းကိုပါ တွေ့လိုက်ရလေသည်။

ရှောင်းယွီရုန်မှာ ရှဲ့ဖင်းဟွိုက်အား ကြည့်မနေချင်ခဲ့ပေ။ ထို့ကြောင့် သူ တွေ့ချင်နေသည့် ဆရာတူအစ်မမော့အား တွေ့ရန် မျှော်လင့်ရင်း အချိန်နှင့်အမျှ ပတ်ကြည့်နေခဲ့သည်။

သူ ကြည့်နေရင်း အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ဆင်းလာနေသည်အား မြင်လိုက်ရသည်။

သူမသည် အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ ရှော

င်းယွီရုန် သူမမျက်နှာကို ကြည့်လိုက်သည်နှင့်… ကြက်သေသေသွားခဲ့တော့သည်။

•••••••••

All Chapters