အခွင့်အရေးယူခံရခြင်း
Vol. 9 Ch. 150
ရှဲ့ဖင်းဟွိုက်သည် အသိစိတ်ပြန်ဝင်လာသောအခါ
ဗိုက်ကိုဖိလျက် ကျယ်ကျယ်လောင်လောင် အော်ရယ်နေလေတော့သည်။
ဆိုတော့ ဆရာရှောင်းက သူ့ကို စာအုပ်တစ်အုပ်ကို ကူးရေးခိုင်းပြီးတော့ အပြစ်ပေးတယ်? ကံအတုန့်အလှည့်က မြန်မြန်ကိုရောက်လာတာပဲ! ဆရာရှောင်းက ကိုယ်ဝန်ဆောင် အဆောင်လက်ဖွဲ့တွေကို ဝယ်နေတယ်ဆိုပြီး သူ ကျောင်းတော်က လူတွေကို ပြောပြရမယ်!
ဆရာရှောင်း သူ၏ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်လေသည်။ သူ၏ မျက်လုံးများမှာ ကြောက်စရာကောင်းနေလေ၏။
" ဆရာတူအစ်မမော့ ရှဲ့မိသားစုက ဒီကောင်ဆိုးလေးက တော်တော်လေး ကျီစယ်တတ်တယ်…" ဆရာရှောင်း၏ အသံမှာ မတရားသဖြင့်ခံနေရသည့်ပုံမျိုး ပေါက်နေလေ၏။
ရှဲ့ချောင်မှာ ရှောင်းယွီရုန် ထိုသို့ပြုမူနေသည်အား သည်းမခံနိုင်ပေ။ သူသည် သူမ၏ ဦးလေးဖြစ်နိုင်လောက်သည်အထိ အသက်ကြီးနေပြီဖြစ်၏။ အသက်အရွယ်အပြင် သူ၏ ပုံပန်းသွင်ပြင်…နူးညံ့သိမ်မွေ့ညင်သာမှုနှင့် ဘက်မလိုက်တတ်ခြင်း။ သူသည် သူမ သဘောကျသော ပုံစံမျိုးမဟုတ်ချေ!
ယခု သူသည် သူမအပေါ် နူးညံ့နေသောကြောင့် သူမမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားခဲ့တော့သည်။
" ဆရာတူမောင်လေး၊ မင်း ကြိုးစားခဲ့ပါတယ်။ သူတို့တွေက ကလေးပဲရှိသေးပြီးတော့ သင်ကြားပေးဖို့ လိုအပ်နေသေးတယ်။ သူတို့ မင်းကို မနာခံဘူးဆိုရင် ရိုက်သာရိုက်လိုက်။ ဒီမှာ၊ ရိုက်ဖို့ တုတ်တစ်ချောင်းရှိတယ်။ ဒါနဲ့ဆို သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်! " ရှဲ့ချောင် ရုတ်တရက် ဆိုင်စားပွဲကောင်တာအောက်သို့ လှန်လှောမွှေနှောက်ရှာဖွေလိုက်ပြီး ဓမ္မတူရိယာတစ်ခုအား ယူထုတ်လိုက်လေသည်။
၎င်းသည် ဘာသာရေးဆိုင်ရာ ပစ္စည်းတစ်ခုဖြစ်သော်လည်း အမှန်ပင် ရိုက်သည့်အတံတစ်ခု ဖြစ်လေ၏။
မည်သို့ပင်ဖြစ်စေ ထိုရိုက်တံမှာ အနည်းငယ်ကွဲပြားလေသည်။ ၎င်းသည် လက်သုံးချောင်းစာအထူရှိသည့် ဆူးချောင်းတစ်ချောင်းဖြစ်၏။ ထိပ်ဖက်တစ်ဖက်ကို ကိုင်ရအဆင်ပြေစေရန် အချောသတ်တိုက်ချွတ် အရောင်တင်ထားလေသည်။ ၎င်း၏ အပေါ်တွင် နတ်ဘုရားပုံများအား ထွင်းထုထားပြီး တုတ်ချောင်း၏ ကျန်သည့်အပိုင်းများမှာ ဆူးများဖြင့် ပြည့်နှက်နေလေသည်!
ဆရာရှောင်းမှာ ကြက်သေသေသွားကာ မှင်တက်စွာဖြင့် ထိုရိုက်တံအား ကြည့်လိုက်လေသည်။
ရှဲ့ဖင်းဟွိုက်၏ မျက်ခွံများ လှုပ်သွားတော့၏။ " ကျွန်တော် ခင်ဗျားကို မသိဘူးလေ၊ ဘာလို့
ကျွန်တော်ကို ရန်သူတစ်ယောက်လို ဆက်ဆံနေရတာလဲ!?"
သူ့ကိုသာ ဆူးချွန်ရိုက်တံနဲ့ ရိုက်မယ်ဆိုရင် သူ အပြင်းအထန် အနာတရ ဖြစ်သွားမှာ မဟုတ်ဘူးလား? သူက သူရဲ့ အစ်ကိုအကြီးဆုံးထက်တောင် ရက်စက်တာပဲ!
" ငါ မင်းရဲ့ အစ်မအကြီးဆုံးကို သိတယ်၊ ဒါက မင်းအစ်မရဲ့ ရည်ရွယ်ချက်ပဲ" ရှဲ့ချောင် ပြုံးလိုက်လေသည်။
ရှဲ့ဖင်းဟွိုက်မှာ မျက်ခွံများ လှုပ်သွားရပြန်တော့သည်။ " ကျွန်တော့်ရဲ့ အစ်မ…သူက ကျွန်တော့်ကိုအရမ်းချစ်တာ…သူ ကျွန်တော့်ကို အရင်က မရိုက်ခဲ့ဖူးဘူး။ ဒီတော့…အစ်မ ရိုက်တံကို ကိုယ့်ဟာကိုယ်ပဲ သိမ်းထားလိုက်ပါ… ဆရာရှောင်းက အစ်မရဲ့ ဆရာတူမောင်လေးမလား? သူက အစ်မရဲ့ဆိုင်ကို စိတ်ကျေမနေဘူးဗျ။ ဘာလို့ ဒါကို သူ့အတွက်မသုံး
တာလဲ? သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါ…"
သူ စကားပြောပြီးသည်နှင့် ထွက်ပြေးသွားခဲ့လေတော့သည်။
သူက ဘာလို့ နေရမှာလဲ? အရိုက်ခံဖို့လား?
သူ၏ သူငယ်ချင်းများသည်လည်း ထွက်ပြေးသွားကြလေသည်။ သူတို့ ပြေးသွားကြသည်မှာ မြန်လွန်းသောကြောင့် ရှဲ့ချောင်မှာ တိတ်တိတ်ကလေး အံ့ဩသွားခဲ့ရသေးလေသည်။
သူမ၏ မောင်လေးမှာ ကိုယ်ခံပညာတွင် ပါရမီရှိပုံရသည်။ သူရဲ့ အလင်းလို လျင်မြန်မှုကို ကြည့်ပြီးဆုံးဖြတ်မည်ဆိုလျှင် သူသည် မျိုးကောင်းတစ်စေ့ ဖြစ်နိုင်ပေသည်။
ဆရာရှောင်းသည် ရိုက်တံကို တွေဝေစွာနှင့် ယူလိုက်လေသည်။ သူသည် ဆူးချွန်များကို ကြည့်လိုက်ကာ လိမ်ရစ်ထားရုံ ပုံစံမျိူးမဟုတ်ကြောင်းကို သတိပြုမိလိုက်၏။ ထိုကဲ့သို့ အလွန်တောက်ပြောင်နေနိုင်အောင် ဘယ်လောက်ကြာကြာ ဖယ်သိမ်းထားသလဲဆိုသည်အား သူ သိချင်သွားသည်။ ၎င်းမှ သင်းရနံ့ပင် ထွက်ပေါ်နေလေသေးသည်။
မည်သို့ပင်ဖြစ်စေ ဤပစ္စည်းမှာ သူ၏ ဆရာတူအစ်မထံမှ လက်ဆောင်သာဖြစ်လေသည်။
ဆရာရှောင်းသည် ထိုအရာအား ဂရုတစိုက်ကိုင်လို့ထားလေသည်။
ထိုပစ္စည်းမှာ အလွန်ချွန်ထက်နေပြီး ၎င်းကို ထုပ်ပိုးထားသည့် အရာလည်း တစ်ခုမှ ရှိမနေချေ။ ထိုအရာကို သူ့ခန္ဓာကိုယ်နှင့် နီးနီးကပ်ကပ် မထားသင့်ဟု တွေးမိသောကြောင့် သူ လက်ထဲ၌သာ ကိုင်ထားရန်
တွေးလိုက်သည်။
ရှဲ့ချောင် ပြုံးလိုက်ပြီး " ကျေးဇူးပြုပြီး…ငွေစနှစ်ရာပါ"
ဆရာရှောင်းမှာ ကြက်သေသေသွားတော့သည်။ " ဆူးချောင်းတစ်ချောင်းအတွက်ကို ငွေစနှစ်ရာတောင်လား?"
" ဟုတ်တယ်။ ဒါက အလှူပစ္စည်းလေ" ရှဲ့ချောင် ချက်ချင်းပင် ပြန်ပြောလိုက်၏။
ဒါကို ဈေးကြီးတယ်လို့ သူ ထင်နေတာလား?
သို့သော်လည်း ၎င်းကို သန့်ရှင်းစင်ကြယ်စေရန် အမှန်တကယ် ကြိုးစားအားထုတ်ခဲ့ရသည်ဖြစ်၏။
တာအိုဘုရားကျောင်းတွင် လှူရန် လိုအပ်သည့် ပစ္စည်းအများစုမှာ နတ်ဘုရားများ၏ ရုပ်ပုံများသာ ဖြစ်ပေသည်။ သို့သော်လည်း ထိုနတ်ဘုရား ရုပ်ပုံများအား ရေးဆွဲရန်မှာ ငွေကုန်ကြေးကျ များလှပေသည်။ ထိုအရာများနေရာတွင် မည်သည်အား အစားထိုး၍ ရနိုင်မလဲဆိုသည်ကို သူမ ပြင်းပြင်းထန်ထန် အဖြေရှာခဲ့သည်။ အချိန်အချို့ ကြာပြီးနောက် သူမသည် လမ်းပေါ်မှ ဝယ်ခဲ့သော လက်ကောက်များနှင့် သေးငယ်သည့် ပစ္စည်းများကို အရောင်တင်မွမ်းမံခဲ့လေသည်။ သူမ ထိုအရာများပေါ်တွင် နတ်ဘုရားပုံများကို ထွင်းထုနိုင်၏။ ထိုသို့မဟုတ်လည်း အစားထိုးရန်အတွက် ရိုးရှင်းသည့် စုတ်ချက်အနည်းငယ်ကို ရေးထိုးနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမသည် ဘာသာရေးအတွက် လှူဒါန်းသည့် အခမ်းအနားအား ကပ်စီးနည်းမနေခဲ့ပေ။ သူမ အရာအားလုံးကို လုပ်ခဲ့၏_ မကောင်းမှုများအား သန့်စင်ခြင်း၊ အမွှေးနံ့သာ ပူဇော်ခြင်းနှင့် ဂါထာမျိူးစုံ ရွတ်ဖတ်ခြင်းများ။ အားလုံးပေါင်းလိုက်လျှင် ဆယ်ခုပင် မကချေ။
၎င်းသည် လက်တွေ့အသုံးဝင်ခဲ့လေသည်။
ထိုကဲ့သို့သော ဓမ္မတူရိယာများသည် နတ်ဘုရားရုပ်ပုံများနှင့် မယှဉ်သာသော်လည်း ၎င်းတို့သည် ဟောင်းနွမ်းစုတ်ပြတ်လွန်းသည်မျိုးတော့ မဟုတ်ပေ။
ငွေစနှစ်ရာ….ဤသည်မှာ အမှန်တကယ် ဈေးကြီးလွန်းသည်မဟုတ်။
ရှဲ့ချောင် မျက်မှောင်ကြုံလိုက်သည်နှင့် ဆရာရှောင်းမှာ ချက်ချင်းပသ် ပေးချေရန်အတွက် ပြောလိုက်လေသည်။ " ဈေးမကြီးပါဘူး။ လုံးဝ ဈေးမကြီးဘူး!"
ဒါ အရမ်း ဈေးကြီးလွန်းတယ်လို့…
ဆိုင်ရှင်ချန်းမှာ ပိုက်ဆံကို ချက်ချင်းလက်ခံလိုက်ပြီး ဆရာရှောင်းအား သနားကရုဏာစိတ်နှင့် ဝေ့ဝဲကြည့်လိုက်လေသည်။ ဆရာရှောင်းတစ်ယောက် အခွင့်အရေးယူခံရလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
ဆိုင်သည် ဖွင့်ကာစသာရှိသေးလေသည်။ မနက်ပိုင်းတွင် လူများသည် ကြည့်ရှုစစ်ဆေးရန်လာတတ်ကြပြီး အများစုမှာ ဆိုင်မှ အဆောင်ပစ္စည်းများအား ရောင်းနေသည်ကို သိပြီးနောက် အံ့ဩသွားခဲ့ကြလေ၏။
မမျှော်လင့်စွာပင် လုံခြုံစေသည့်အဆောင်များ၊ ကိုယ်ဝန်ဆောင် အဆောင်များနှင့် ငွေဝင်စေသည့် အဆောင်များစွာမှာ ရောင်းထွက်သွားခဲ့ကြလေသည်။
•••••••