← Chapters

နင်က အမတအရှင်ကို ပရော်ပရည်လုပ်မှတော့ နင်ရဲ့ဝိဉာဉ်ကို ပြန်သိမ်းယူပစ်မယ်

Vol. 9 Ch. 151

နင်က အမတအရှင်ကို ပရော်ပရည်လုပ်မှတော့ နင်ရဲ့ဝိဉာဉ်ကို ပြန်သိမ်းယူပစ်မယ်

Vol. 9 Ch. 151

လမ်းမထက်၌ ဈေးဝယ်နေကြသော ပြည်သူများမှာ ဆင်းရဲသူများ မဟုတ်ကြသောကြောင့် ဆိုင်ထဲသို့ဝင်သွားပြီးမှ လက်ဗလာနှင့် ပြန်ထွက်လာခြင်းမှာ အတော်လေးမကောင်းဟု ၎င်းတို့ ခံစားရလေသည်။ ထို့အပြင်၊ ဤဆိုင်တွင်ရောင်းသော ပစ္စည်းများမှာ ပဉ္စလက်ဆန်လှသည်။ ထို့ကြောင့် သာယာအေးချမ်းစေရန်အတွက် တစ်စုံတစ်ရာ ဝယ်ခဲ့ကြလေသည်။

သို့ရာတွင်လည်း ဆရာရှောင်းသည် ဓမ္မတူရိယာအား ဝယ်ယူသည့် ပထမဦးဆုံးသူ ဖြစ်လေ၏။

" လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတူမောင်လေးရှောင်း။ တကယ်တော့ အစ်မ မင်းအတွက် ဒီပစ္စည်းကို လျှော့ပေးခဲ့တာ။ နောက်ပြီး

တော့ အစ်မ ဒီဆိုင်ကို ရခဲ့တာကလည်း မင်းကြောင့်ပဲလေ" ရှဲ့ချောင် ပြုံးလျက် ဆိုလိုက်သည်။

" အပေါ်ထပ်မှာ အစ်မ လုပ်စရာတချို့ရှိသေးတယ်။ ဆရာတူမောင်လေး ကိုယ့်ဟာကိုယ် ဝယ်နိုင်တယ်မလား? တကယ်လို့ မင်းကြိုက်တာ တစ်ခုခုရှိရင် ချန်တုန်းကိုသာ ပြောလိုက်။ သူ မင်းကို အထူးဈေးနဲ့ ပေးလိမ့်မယ်" ရှဲ့ချောင်သည် ပြော၍ပြီးသွားသည်နှင့် ရှောင်းယွီရုန်အား လက်ပြကာ အပေါ်ထပ်သို့ တက်သွားခဲ့လေသည်။

ချန်တုန်းသည် ရှုပ်ထွေးသော မျက်နှာအမူအရာနှင့် အပေါ်ထပ်ကို လှမ်းကြည့်လိုက်လေ၏။

ရှောင်းယွီရုန်သည် စိတ်မအေးစွာနှင့် မေးလိုက်သည် " ဘာမလို့လဲ? အပေါ်ထပ်မှာ အရေးကြီးပုဂ္ဂိုလ် ရှိနေတာလား?"

ချန်တုန်း ခေါင်းခါလိုက်လေသည်။

ဘာအရေးကြီးပုဂ္ဂိုလ်မှ မဟုတ်ဘူး၊ အဲ့ဒီမှာ...ဘာဧည့်သည်မှလဲမရှိဘူး။

ဘာပဲဖြစ်ဖြစ် ဒီနေ့ ထူးဆန်းနေတယ်။

ဆိုင်အား ရောင်းဝယ်ဖောက်ကားရန် ဖွင့်လှစ်လိုက်ပြီးသည့်နောက် ဆိုင်းဘုတ်အောက်တွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းမှာ မြည်နေခဲ့လေသည်။ ခေါင်းလောင်းသည် သေးငယ်သော်လည်း အသံမှာမူ သာမန်ထက်လွန်ကဲစွာ ကျယ်လောင်နေခဲ့၏။ လေတိုက်ခတ်ခြင်းမရှိတာတောင် ၎င်းသည် အဆက်မပြတ် လှုပ်ယမ်းနေခဲ့သည်။ လှုပ်ရှားမှုများမှာ လွန်စွာပင် မူမှန်မနေခဲ့ချေ!

တစ်ခါတစ်ရံတွင် ခေါင်းလောင်းသည် တိုးတိုးညင်းညင်းမြည်ကာ လှုပ်ယမ်းသွားတတ်သည်။ သို့သော် တစ်ခါတစ်ရံတွင်တော့ ဆိုးသွမ်းပျက်စီးနေသည့်

ကလေးတစ်ယောက်မှ အတင်းဆွဲယမ်းနေသကဲ့သို့ ကျယ်ကျယ်လောင်လောင် မြည်တတ်လေသည်။ ပြင်းအားမှာ အတော့်ကို ထူးဆန်းနေခဲ့လေသည်။

ချန်တုန်းအဖို့ ထိုအကြောင်းအား ဆရာရှောင်းကို ပြောပြရန်မှာ မသင့်တော်လှပေ။

ထို့အပြင် သူ့အား ဤနေရာကို အကြံပြုခဲ့သူမှာ ဆရာရှောင်းဖြစ်နေ၏။ ယခု သူသည် သူဌေးအတွက် အလုပ်လုပ်နေပြီဖြစ်၍ အပြင်လူများအား အဓိပ္ပာယ်မရှိသည့် စကားများ လျှောက်မပြောနိုင်ချေ။

ဆရာရှောင်းသည်လည်း ဆက်မနေခဲ့ပေ။ လုံခြုံရေးအဆောင်နှင့် ပညာရေးထူးချွန်စေသည့် အဆောင်အချို့ကို လောကဝတ်အရ ဝယ်ယူပြီးနောက် ထွက်သွားခဲ့လေသည်။

ထိုအချိန်၊ အပေါ်ထပ်တွင် ရှဲ့ချောင်၏ အရှေ့၌ စားပွဲတစ်လုံးထားထားလေသည်။ နေရာကျယ်ကြီးတစ်ခု လွတ်နေကာ အရပ်မျက်နှာတိုင်းတွင် ခန်းဆီးများ ကာထားလေ၏။ သာ့ရှုန်းသည် သူမ၏ဘေးတွင် ထိုင်နေ၏။ သူမကိုယ်ပေါ်တွင် အဆောင်တစ်တွဲ ချိတ်ဆွဲထားပြီး သူမ၏ လက်ထဲတွင်တော့ ခေါင်းလောင်းတစ်ခုအား ကိုင်ထားလေသည်။

" ကျွန်မ ဘာကူညီပေးရမလဲ?" ရှဲ့ချောင် သမ်းဝေလိုက်သည်။

သူမ၏ အရှေ့တွင် အမျိုးသားဝိဉာဉ်တစ်ခု ရှိနေလေသည်။ သူသည် အတော်လေး တဏှာရာဂစိတ် ပြင်းထန်သည်ပင်။ သူသည် ရှဲ့ချောင်၏ တစ်ဖက်တွင်ရှိသည့် စားပွဲထက်သို့ ဆောင့်ကြောင့်ထိုင်လျက် မေးလိုက်သည်။ " ငါ- ငါမင်းကို ထိလို့ရလား? ငါ အသက်ရှင်တုန်းက မိန်းမတွေကို တစ်ခါမှ မထိကိုင်ခဲ့ဖူးဘူး။ ငါ ဒါကိုလုပ်ချင်နေတာ တရွရွ ဖြစ်နေပြီ…ငါ့မှာ ငွေရှိတယ်လေ! "

ဤလူသည် ဝိဉာဉ်ဘဝသို့ ပြောင်းသွားသော်လည်း သူ့ထံတွင် ဝှက်ထားသောငွေများစွာ ရှိလေသည်။

အထူးသဖြင့် ယောကျာ်းသားများသည် ၎င်းတို့ အသက်ရှိစဉ်တွင် ငွေများကို ကြွက်တွင်း သို့မဟုတ် အခြားတွင်းများတွင် ဝှက်ထားရခြင်းအား နှစ်ခြိုက်ကြလေသည်။ သို့မဟုတ်လျှင် ၎င်းတို့ထံ၌ ဂူသွင်းပစ္စည်းများ ရှိကြလိမ့်မည်ပင်။

သေဆုံးသွားသောအခါတွင် ၎င်းတို့သည် မည့်သည့်သက်ရှိအရာများကိုမှ မထိကိုင်နိုင်ချေ။

သူတို့သည် စားသောက်ခြင်းအား အနံ့ရှူခြင်းဖြင့်သာ အစားထိုးကြရသည်။ သူတို့သည် ငွေတုံးနှင့် ငွေလက်မှတ်များကို ထိတွေ့ကိုင်တွယ်ခြင်း မပြုနိုင်ကြပေ။

သို့သော်ငြားလည်း ငွေပေးရန်အတွက် နည်း

လမ်းများစွာ ရှိလေသည်။ အချို့လူများသည် ကောင်းမွန်သည့်ကံများအား စုဆောင်းကြလေသည်။ မကောင်းဆိုးဝါးဝိညာဥ်အဖြစ် ပြောင်းသွားပြီးနောက်တွင် ၎င်းတို့၏ စိတ်ဝိဉာဉ်သည် အကောင်းအတိုင်း ကျန်ရှိနေဆဲပင်ဖြစ်၏။ ရှဲ့ချောင်

၎င်းတို့အား ကူညီသောအခါ ကံတရားများကို ဖန်တီးနိုင်ပေသည်။ အလိုလိုပင်၊ သူမလည်း ကောင်းမွန်သည့်ကံအကျိုးဆက်များကို ရရှိနိုင်လေသည်။

သို့သော် အချို့ဝိဉာဉ်များမှာ ဆင်းရဲကြသောကြောင့် ၎င်းတို့သည် လူသားများ၏ ငွေကြေးကို သုံးရန် လိုအပ်ကြလေသည်။

၎င်းတို့ ငွေပေးချင်ကြသောအခါ၊ ၎င်းတို့၏ ငွေတည်နေရာအား ပြောပြပေးခြင်း သို့မဟုတ် ငွေများကို တိရစ္ဆာန်အချို့အား သတ်မှတ်ထားသော နေရာသို့ ရွှေ့ခိုင်းစေခြင်းတို့အား ပြုလုပ်ရသည်။ ထို့နောက်တွင် သူမကိုယ်တိုင် ငွေကိုသိမ်းယူရလေသည်။

တိရစ္ဆာန်အများစုမှာ ဝိဉာဉ်များနှင့် ဆက်သွယ်နိုင်စွမ်းရှိကြလေသည်။

ထို့အပြင် အချို့သည် ၎င်းတို့၏ မိသားစုများကို အိပ်မက်ထဲတွင် စကားပြောနိုင်ကြလေသည်။ ၎င်းတို့၏မိသားစုများမှာ ရှဲ့ချောင်အား ပိုက်ဆံပေးခြင်း သို့မဟုတ် တန်ဖိုးကြီးသည့်အရာ တစ်ခုခုဝယ်ပေးခြင်းမျိုး ပြုလုပ်ကြလိမ့်မည်ပင်။

သူတို့ ငွေတုံးနှင့် ပေးသည်ဆိုလျှင်ပင် သူမသည် ဝိဉာဉ်ကို ကူညီပေးသည့်အတွက် အကျိုးအမြတ်ရ၏။ သို့သော်လည်း သူတို့က ငွေတုံးနှင့်ပေးချေလျှင် စုဆောင်းရရှိသော ကောင်းမွန်သည့်ကံမှာ နည်းပေလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင် ရှဲ့ချောင်သည် ထိုတဏှာစကားများကို ကြားလိုက်သည်နှင့် ကြေးနီတူတစ်တစ်လက်ကို တန်းပြီးဆွဲထုတ်လိုက်လေသည်။

ဘန်း!

ရှဲ့ချောင် ဝိဉာဉ်၏ ဦးခေါင်းကို ထုရိုက်လိုက်သည်။

" အမတအရှင်တစ်ယောက်ကို ပရော်ပရည် လာလုပ်နေတာလား? ရှင်က သေလမ်းရှာနေတာပဲ" ရှဲ့ချောင်သည် အဆောင်ကို မထုတ်ယူခင် လှောင်ရယ်လိုက်ပြီးနောက် ထိုအဆောင်ကို ဝိဉာဉ်၏ ခေါင်းအထက်သို့ တင်လိုက်လေသည်။

" ပြန်သိမ်းယူစေ! "

ရုတ်တရက်ဆိုသလို ဝိဉာဉ်မှာ ပျောက်ကွယ်သွားလေတော့သည်။

သူမသည် သက်တောင့်သက်သာ အနားမယူမီ တာအိုခေါင်းလောင်းအား နှစ်ကြိမ်မြည်စေလိုက်သည်။

သူမသည် သူမ စုဆောင်းခဲ့သော ဝိဉာဉ်အားလုံးအား ပြန်ဝင်စားရန် ချင်းမင်ပွဲတော်၊ တစ္ဆေကြီးများပွဲတော်နှင့် ဆောင်းရာသီအဝတ်အထည်ပွဲတော်အတွင်းတွင် လွှတ်ပေးမည်ဖြစ်သည်။

၎င်းသည် အရမ်းမှော်ဆန်သည့်အတွက် သူမကိုယ်တိုင် မရှင်းပြနိုင်ချေ။ အချုပ်ဆိုရလျှင် သူမသည် ဤထူးခြားသည့် ရက်များအတွင်းတွင် ဝိဉာဉ်များကို သာမန်ထက်ပို၍ တွေ့နိုင်ပေသည်။ သူမ မရေတွက်နိုင်လောက်သည်အထိ များနိုင်ပေသည်။

••••••

All Chapters