← Chapters

ကျွန်မအတွက် လူတစ်ယောက်ကို ရိုက်ပေး

Vol. 9 Ch. 152

ကျွန်မအတွက် လူတစ်ယောက်ကို ရိုက်ပေး

Vol. 9 Ch. 152

ရှဲ့ချောင်၏ အမူအရာမှာ မပြောင်းမလဲ ရှိနေသော်လည်း သူမအနားတွင် ရှိနေကြသည့် ဝိဉာဉ်များသည်တော့ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြပြီဖြစ်သည်။

ဝိဉာဉ်တစ်ကောင်က မျက်စိတစ်မှိတ်စာအတွင်း ပျောက်ကွယ်သွားတာလား!? ဘာတွေဖြစ်သွားခဲ့တာလဲ?!

၎င်းတို့သည် ရှဲ့ချောင်အား စိတ်လှုပ်ရှားစွာနှင့် ငေးကြည့်နေကြလေသည်။ နောက်တစ်စက္ကန့်အတွင်းတွင် လေအေးတချို့ ဖြတ်တိုက်သွားလေ၏။ ထိုအချိန်တွင် ဝိဉာဉ်တချို့မှာ ပြတင်းပေါက်ပေါ်မှ တစ်ဆင့်ခုန်ဆင်းသွားကြပြီး အချို့မှာ အောက်ထပ်သို့ ဆင်းပြေးသွားကြလေတော့သည်။ မျက်စိတစ်မှိတ်စာအတွင်း အပေါ်ထပ်တွင် မည်သည့်ဧည့်သည်

မှ ကျန်ရှိမနေတော့ချေ။

ရှဲ့ချောင်သည် အလွန်အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုံ့လိုက်မိသည်။

နန်းမြို့တော်က ဝိဉာဉ်တွေက တော်တော်ကြောက်တတ်တာပဲလား?

သူမသည် သူမ၏ ဧည့်သည်များအား အဝေးသို့ မောင်းထုတ်လိုက်သည်ဟု ပြောနိုင်လေ၏။ သို့သော်လည်း ဤသည်မှာ ကိစ္စမရှိပေ။ သူမ၏ စီးပွားရေးလမ်းကြောင်းပေါ်ရှိ လူများမှာ သူတို့ကိုယ်တိုင်အတွက် ရပ်တည်နိုင်ရမည်ပင်။ သူမအား သူတို့လုပ်စေချင်သည့် အရာမှန်သမျှကို လုပ်ခိုင်းခွင့်ပြုလိုက်လျှင်၊ သူတို့ သတ္တိစုစည်းနိုင်သွားသည့်တစ်နေ့တွင် သူမအား တကယ် ထိကိုင်ပေလိမ့်မည်။

ရှဲ့ချောင် သူမ၏ပစ္စည်းများကို သိမ်းပြီးသည့်နောက်

တွင် ‘အလုပ်ဆင်းရန်’အတွက် အသင့်ဖြစ်သွားလေပြီဖြစ်၏။

သို့သော် ခန်းဆီး၏ အနောက်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ဝိဉာဉ်တစ်ကောင်ရှိနေကြောင်း သူမ သတိပြုမိသွားခဲ့သည်။

၎င်းသည် သူ၏ခြေထောက်များကို ဖက်ထားလျက် ခေါင်းကိုမော့ကာ တုန်ယင်နေလေသည်။ ဝိဉာဉ်အား ကြည့်ရသည်မှာ ပုံမှန်သာဖြစ်သည်။ ၎င်းသည် သွေးထွက်သံယို ဖြစ်မနေသောကြောင့် အနည်းငယ် သိမ်မွေ့နူးညံ့နေသည်ဆိုသည့်အချက်သာ မရှိခဲ့ပါက သာမန်လူသားတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

" ဘာလို့ ထွက်မပြေးခဲ့တာလဲ? " ရှဲ့ချောင် မေးလိုက်သည်။

" ကျ-ကျွန်မမှာ နောက်ဆုံးဆန္ဒတစ်ခုရှိတယ်…" အမျိုးသမီးဝိဉာဉ်သည် ကျိုးနွံစွာ ပြောလိုက်၏။

ရှဲ့ချောင် သူမမျက်ခုံးများကို အနည်းငယ် ပင့်လိုက်လေသည်။ " ဒီမှာ လာထိုင်ပြီးတော့ ကျွန်မကိုပြောပြ။ ရှင် အရင်ဆုံး ကျွန်မရဲ့စည်းမျဉ်းတွေကို သင်ဖို့လိုတယ်”

" ကျွန်မ ရှင့်ရဲ့ ဆန္ဒတွေပြည့်ဖို့အတွက် အကောင်းဆုံးလုပ်မှာဆိုပေမယ့် ကျွန်မ မလုပ်ပေးတဲ့အရာတချို့ ရှိတယ်။ သတ်ဖြတ်တာနဲ့ ခိုးယူဖို့ဆိုတာတွေက ကျွန်မအတွက် မဖြစ်နိုင်တာတွေပဲ။ ရှင့်ရဲ့ ဆုတောင်းက ကျွန်မ လုပ်နိုင်စွမ်းရှိတဲ့ အရာမျိုးပဲ ဖြစ်ရမယ် " ရှဲ့ချောင်သည် နွေးထွေးသော အသံနေအသံထားနှင့် ပြောပြလိုက်သည်။

အမျိုးသမီးက ချက်ချင်းပင် ခေါင်းညိတ်လိုက်လေ၏။

အမျိုးသမီးမှာ မဆိုင်းမတွ ပြောလေတော့သည်။ " ရှင့်ကို ကျွန်မအတွက် တစ်ယောက်ယောက်ကို ရိုက်ပေးစေချင်တယ်…အများကြီး မဟုတ်ပါဘူး၊ တစ်ချက်လေးပဲ သူ့ကို ရိုက်ပေးပါ။ အဲ့တာမှ ကျွန်မရဲ့ မကျေမချမ်းမှုတွေက ပျောက်ကွယ်သွားမှာ။ အဲ့ဒီအခါကျမှ ကျွန်မ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ဝင်စားလို့ရမှာ! "

ရှဲ့ချောင်မှာ အံ့ဩလွန်း၍ ပြောစရာစကားပျောက်ဆုံးသွားခဲ့ရသည်။

"ကျွန်မ ဘယ်လောက်ပိန်ပြီးအားနည်းလဲ ကြည့်ကြည့်ပါဦး။ ကျွန်မက တစ်ယောက်ယောက်ကို ရိုက်နိုင်လိမ့်မယ်လို့များ ရှင်ထင်နေတာလား? " ရှဲ့ချောင် သူမ၏ အားနည်းသော လက်မောင်းများကို မြှောက်လိုက်ကာ သူမ မျက်ခုံးနှစ်ခုကြား ပွတ်သပ်လိုက်သည်။

ထိုအရာအား သူမ တကယ်လုပ်ချင်လျှင် လုပ်နိုင်ပေ

သည်။ နောက်ပြီး သူမတွင် ပိုက်ဆံရှိနေသရွေ့ ထိုသည်အား လုပ်ရန် တစ်စုံတစ်ယောက်ကို ငှားရမ်းနိုင်လေသည်။ ၎င်းကို သူမကိုယ်တိုင် လုပ်နေစရာ မလိုပေ။

သို့ရာတွင်လည်း လူများအား လွယ်လွယ်နှင့် မကျေမနပ်ဖြစ် စိတ်အနှောင့်ယှက်ပေးနိုင်သည့် ထိုကဲ့သို့သော တာဝန်မျိုးအား သူမ သဘောမတူနိုင်ချေ။ ထို့အပြင် သူမသည် ကံကြမ္မာအတိုင်း ဆုံးဖြတ်ပေးရမည် ဖြစ်သည်။ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးနှင့် တစ်စုံတစ်ယောက်အား ကူညီပေးရန်မှာ၊ ထိုအရိုက်ခံရမည့်သူသည် အမှားလုပ်ထားသည့်သူဖြစ်ကြောင်း သူမ သေချာအောင် လုပ်ရမည်ပင်။ သို့မဟုတ်ပါက၊ သူမအတွက် မကောင်းပေ။

ထိုအမျိုးသမီးဝိဉာဉ်သည် ရှဲ့ချောင်အား ဒုက္ခရောက်နေသလိုမျိုး ကြည့်နေခဲ့သည်။

" ကျွန်မကိုပြော၊ ရှင် ဘယ်သူ့ကို ရိုက်ပေးစေချင်တာ

လဲ?" ရှဲ့ချောင် စာရွက်နှင့်မှင်အား ယူလိုက်ကာ ချရေးရန် အသင့်ပြင်လိုက်သည်။

အမျိုးသမီးဝိဉာဉ်သည် ချက်ချင်းပြောပြလိုက်လေ၏။ " အဲ့တာ ကျွန်မယောကျာ်းပါ။ ကျွန်မတို့တွေက ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ပြီးတော့ နီးစပ်ခဲ့ကြတယ်။ ကျွန်မအသက် ၁၇ နှစ်ရောက်တော့ လက်ထပ်ခဲ့ကြတယ်။ ကျွန်မတို့တွေ ချစ်ခဲ့ကြတယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေခဲ့ကြပြီးတော့…"

သူမ ထိုအကြောင်းအား ပြောနေချိန်၌ သူမ၏ မျက်လုံးထဲတွင် တလက်လက်တောက်ပနေခဲ့သည်။

" ဒါပေမယ့်..." အမျိုးသမီးဝိဉာဉ်၏ အသံမှာပြောင်းသွားကာ ကြမ်းကြုတ်ခက်ထန်သွားခဲ့သည်။ " သူ ကျွန်မကို လှည့်စားခဲ့တယ်! သူနဲ့ နီးစပ်ရင်းနှီးတဲ့ နောက်ထပ် မိန်းမတစ်ယောက် ရှိနေခဲ့တယ်! သူ(မ)ရဲ့ အခြေအနေက သူနဲ့ မလိုက်ဖက်လို့

သူ(မ)က သူရဲ့ ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်! ကျွန်မ ဒေါသထွက်ပြီး တုန်လှုပ်သွားခဲ့တာကြောင့် သေဆုံးခဲ့ရတာ! "

" ကျွန်မ မသေချင်ခဲ့ဘူး၊ ဒါပေမယ့်လည်း ကျွန်မ ချုပ်တည်းမထားနိုင်ခဲ့ဘူး…ကျွန်မ အဲ့ဒါကို ကြားလိုက်ရတော့ နှလုံးခုန်သံတွေမြန်နေခဲ့ပြီး တကယ် အသက်မရှူနိုင်ခဲ့ဘူး။ သူ ကျွန်မကို ရှင်းပြအောင် မလုပ်နိုင်လိုက်ပဲ သေဆုံးခဲ့ရတာ။ ကျွန်မ ဆန္ဒမရှိဘဲ သေဆုံးခဲ့ရတယ်! "

" ကျွန်မသေပြီးကတည်းက အချိန်အကြာကြီးစဉ်းစားခဲ့တယ်။ ကျွန်မ ဒါကို နည်းနည်းတော့ နောင်တရမိတယ်။ ကျွန်မ ဘာလို့ ဒီလို သူရဲဘောကြောင်တဲ့ပုံနဲ့ သေသွားခဲ့ရတာလဲ? ဘာကြောင့် ကျွန်မ သူ့ကို မရိုက်နိုင်ခဲ့ရတာလဲ? ဒါမှမဟုတ် ကျွန်မ ဘာလို့ သူ့ကို ဒီတိုင်း မကွာရှင်းပစ်ခဲ့ရတာလဲ!? ကျွန်မ မိဘတွေက အသက်ရှိနေကြတုန်းပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်က ဘာလို့ အရမ်း အားနည်းနေရတာလဲ? ကျွန်မက ကျွန်မရဲ့ မိဘတွေအတွက်

ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ။ ကျွန်မရဲ့ သေဆုံးမှုကြောင့် သူတို့တွေ ယူကြုံးမရဖြစ်နေကြမှာ..."

သူမသည် ပြောရင်း မျက်ရည်များကျလာခဲ့လေသည်။

ရှဲ့ချောင် သက်ပြင်းချလိုက်၏။

အချို့သော လူများသည် သူတို့အသက်ရှိစဉ်ကာ အရှုပ်ထုပ်များကို လုပ်ခဲ့ကြကာ သေသွားကာမှ ငြိမ်းအေးမှုကို လိုချင်နေကြသည်ပင်။

ထိုစဉ်၌ အချို့ လူများသည် အသက်ရှိစဉ်က အလွန်ကောင်းမွန်ခဲ့ကြသည်။ သူတို့ သေသွားပြီးနောက်မှ ၎င်းတို့သည် လိုချင်သောဘဝတွင် မနေထိုင်ခဲ့ရကြောင်းကို သတိပြုမိသွားကြ၏။

ရှဲ့ချောင် ဒါကို ဆက်စပ်တွေးပေးနိုင်ပေသည်။

•••••

All Chapters