အမှားအမှန်ကို မခွဲခြားနိုင်
Vol. 9 Ch. 153
ရှဲ့ချောင်သည် ခန္ဓာကိုယ်အားနည်းသူဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှား၍ မသင့်ပေ။ ထို့ကြောင့် အချိန်တိုင်း သူမရဲ့ စိတ်ခံစားချက်များကို ထိန်းချုပ်ထားရန် လိုပေသည်။
အကယ်၍ သူမသာ တစ်နေ့တွင် ရုတ်တရက်သေသွားမည်ဆိုလျှင်လည်း သူမ မသေချင်မည်မှာ အသေအချာပင်။ သူမ မသေမီ သူမကိုယ်သူမ အဖတ်ဆယ်ရန် လိုသေးသည်ဟု ထင်ပေသည်။
ရှဲ့ချောင် စာရေးနေရင်း ပြောလိုက်သည်။ " ဒါဆို ရှင်
ရဲ့ဆန္ဒက အဲ့ဒီယောကျာ်းကို ရိုက်ချင်တာပေါ့။ ရှင် ဘယ်လောက်ထိ ဖြစ်စေချင်လဲ?"
" ဒီ…ဒီအတိုင်း သူ့ကို ခပ်ကြမ်းကြမ်းလေး တစ်ချက်လောက် ရိုက်လိုက်ပါ…" အမျိုးသမီးဝိဉာဉ်မှာ အတော်လေး ကသိကအောက် ခံစားနေရလေသည်။ " တကယ်တော့…ကျွန်မရဲ့မိဘတွေကိုလည်း နည်းနည်းပဲ စိတ်မကောင်းဖြစ်စေချင်တယ်၊ သူနဲ့ အချိန်နည်းနည်းပဲ ကုန်ဆုံးကြဖို့ကောပဲ…"
ရှဲ့ချောင် ရုတ်တရက် မေးလိုက်သည် " ရှင့်ရဲ့ မိဘတွေက ရှင်သေဆုံးသွားရတဲ့ အကြောင်းရင်းကို မသိကြဘူးလား?"
" ဟုတ်တယ်…" အမျိုးသမီးဝိဉာဉ်သည် မျက်နှာပျက်ပျက်နှင့် ခေါင်းညိတ်ပြလိုက်သည်။
ရှဲ့ချောင် သက်ပြင်းချလိုက်မိသည်။
ထိုသည်မှာ အတော်ဆိုးရွားပေ၏။ သူမသည် သူမ၏ ခင်ပွန်းကြောင့် သေဆုံးခဲ့ရပြီး သူမ၏မိဘများမှာ ခင်ပွန်းဖြစ်သူအား သူတို့၏သားတစ်ယောက်ကဲ့သို့ စောင့်ရှောက်နေကြဆဲ ဖြစ်လေသည်။
ဒါက တော်တော်လေးကို မတရားခံရတာထက်တောင် ပိုသွားပြီ မဟုတ်ဘူးလား?
ဝိဉာဉ်များသည် လူသားများ၏ အိပ်မက်များထဲတွင် ပေါ်လာနိုင်ကြသော်လည်း၊ ဝိဉာဉ်တိုင်း လုပ်နိုင်ကြသည်တော့ မဟုတ်ချေ။
များသောအားဖြင့် ထိုသို့လုပ်နိုင်ကြသည့် ဝိဉာဉ်များမှာ ကောင်းသောကံများအား စုဆောင်းထားသူ၊ မကျေနပ်မှုကြီးကြီးမားရှိသူနှင့် ဇွဲကောင်းလွန်းသူများသာ ဖြစ်ကြသည်။ သို့မဟုတ်လျှင် သေလူများသည် သက်ရှိလူသားများအား ဘာတစ်ခုမှ လုပ်၍မရနိုင်
ပေ။
ရှဲ့ချောင်သည် အမျိုးသမီးဝိဉာဉ်၏ ယောကျာ်းဖြစ်သူနေရာအရပ်နှင့် မျိုးရိုးကို မေးလိုက်သည်။ သူမသည် စာရင်းမှတ်တမ်းလုပ်ပြီးသွားသည့်နောက်၊ ဤအလုပ်အား တရားဝင်လက်ခံလိုက်ပြီဟု ယူဆနိုင်ပေသည်။
အပေါ်ထပ်တွင် မည်သည့်ဝိဉာဉ်မှ ထပ်မရှိတော့ချေ။
ရှဲ့ချောင်သည်လည်း ဆက်မနေခဲ့ပေ။ သူမသည် အဆောင်အချို့ ရေးဆွဲပြီးနောက် ထွက်ခွာသွားခဲ့၏။
လက်ရှိအချိန်၌ ယွမ်အိမ်တော်၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။
ယွမ်ပင်း၏ မိထွေးဖြစ်သူအပေါ် ဗလက္ကာရပြုသည့် ပြစ်မှုမှာ နန်းတွင်းတရားရုံးဆီသို့ ရောက်သွားခဲ့သည်။ သူ၏ အဘိုးမှာ အသက်ကြီးနေပြီဖြစ်ပြီး နောက်နှစ်အနည်းငယ်ဆိုလျှင် တင့်တင့်တယ်တယ် အငြိမ်းစားယူနိုင်ပြီဖြစ်လေသည်။ သို့သော် မှုခင်းစိစစ်ရေးအဖွဲ့သည်တော့ သူ့အား ဆိုးရွားသည့် မိသားစု၏ ခေါင်းဆောင်သခင်တစ်ယောက် ဖြစ်နေခဲ့သောကြောင့် ဆူပူကြိမ်းမောင်းနေခဲ့လေသည်။
သူသည် ဒေါသကြောင့် မူးမေ့သွားခဲ့ရာ အိမ်သို့ပြန်ပို့ခံလိုက်ရလေတော့သည်။
သူသည် ထိုအကြောင်းကြောင့် မသေခဲ့ချေ။ သူ သတိရလာသောအခါ သူ၏ သားအကြီးဆုံးနှင့် မြေးကို ခေါ်လိုက်လေ၏။
သူ၏မြေးအား မေးမြန်းပြီးနောက် ထိုမြေးမှာ အမှန်တကယ် အပြစ်ရှိနေကြောင်းအား သိလိုက်ရ၍ သူ သွေးတစ်ပွက် အန်လုနီးပါးဖြစ်သွားခဲ့ရသည်။
" အဘိုး၊ တ-တစ်ယောက်ယောက်က ကျွန်တော့်ကို အကွက်ဆင်ခဲ့တာဖြစ်မယ်…အိုး ကျွန်တော် ရှဲ့မောင်နှမနှစ်ယောက်နဲ့ အလောင်းအစားတစ်ခု လုပ်ထားခဲ့တယ်။ အဲ့ဒီရှဲ့ချောင်က ကျွန်တော် သုံးရက်အတွင်းမှာ ကံဆိုးလိမ့်မယ်ဆိုပြီး ပြောခဲ့တာဆိုတော့ သူပဲ ဖြစ်ရမယ်! သူက ကျွန်တော်ရဲ့ ကိုယ်လုပ်တော် မဖြစ်ချင်လို့ တစ်ယောက်ယောက်ကို ခိုင်းပြီး ကျွန်တော့်ကို အပြစ်ရှာခိုင်းတာပဲနေမှာ! "
ယွမ်ပင်းသည် ချက်ချင်းပင် ရှဲ့ချောင်အပေါ် တန်းပြီးအပြစ်ပုံချလေတော့သည်။
" မင်း တစ်ယောက်ယောက်နဲ့ အလောင်းအစားလုပ်ခဲ့တာလား!?" ယွမ်သခင်ကြီးမှာ ထိုစကားများအား ကြားလိုက်ရသောအခါ ဆိုးဆိုးရွားရွားခံစားလိုက်ရလေသည်။
ဒီအလိုလိုက်လို့ပျက်ဆီးနေတဲ့ ကောင်စုတ်က သူရဲ့ သန့်ရှင်းတဲ့အတိတ်ကို ဖျက်လိုဖျက်ဆီးလုပ်နေတာ
ပဲ။
ယွမ်ပင်း ရုတ်တရက် အော်ပြောလိုက်၏။ " ဘယ်သူမှ ဒီအကြောင်းကို မသိကြဘူး၊ ပြီးတော့ အဲ့ဒီမိန်းမက ကျွန်တော်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးဖို့ ဘယ်ကနေမှန်းမသိ ပေါ်လာခဲ့တာ…ဒါ လျှို့ဝှက်ကြံစည်ထားတာပဲ ဖြစ်ရမယ်!"
" မင်းက ဘာကိစ္စ အော်နေရတာလဲ!? မင်း အရှက်မရှိတဲ့ကောင်။ အမှားနဲ့အမှန်ကိုတောင် မခွဲခြားနိုင်ဘူး! အခုတော့ မင်းက မင်းမိထွေးကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ်ဆိုတာ နန်းမြို့တော်မှာရှိတဲ့ လူတိုင်းသိကုန်ကြပြီ! ရှီမိသားစုက ကွာရှင်းခိုင်းဖို့ လာခဲ့တယ်။ မင်းက ခုချိန်ထိ နောင်တမရသေးဘူး။ တစ်မိသားစုလုံးကို မင်းနဲ့အတူ ဆွဲချချင်နေတာလား!?" ယွမ်သခင်ကြီးမှာ အခြေအနေအားလုံးကို သတိပြုမိသွားပြီ ဖြစ်လေ၏။
သူသည် သူ၏မြေးနှင့် အလောင်းအစားလုပ်ခဲ့သည့်
လူများအပေါ် မကောင်းသောထင်မြင်ချက် ရှိခဲ့သည်။
သို့သော် သူ၏မြေးကိုလည်း လုံးလုံးစိတ်ပျက်မိလေသည်။
ယွမ်ပင်းသည် ထိုလူများအား စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပြီး၊ သူကိုယ်တိုင် ပြဿနာကို လက်ယက်ခေါ်ခဲ့ခြင်းဖြစ်လေ၏။
ဤသည်မှာ လျှို့ဝှက်ကြံစည်ထားခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကျင့်ပျက်ယုတ်မာသောနည်းကို ပြုမူလုပ်ဆောင်ခဲ့သည်မှာ သူသာဖြစ်၏။ မည်သူကမှ သူ့အား အပြစ်ရှာခြင်း မဟုတ်ခဲ့ချေ။ အမှန်တရားသည် ယနေ့မထွက်ပေါ်ခဲ့လျှင်ပင် တစ်ချိန်ချိန်၌ တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိသွားမည်သာဖြစ်သည်။
သူ့တွင် သားသမီးအနည်းငယ်ရှိသေးသည်။
သို့သော်လည်း သူ၏ သားအကြီးဆုံးတွင်တော့ ယွမ်ပင်းဟူသော သားတစ်ယောက်သာ ရှိလေသည်။ သူသည် ပုပ်ဆွေးပျက်ဆီးနေသူ ဖြစ်နေလေ၏။
ယွမ်သခင်ကြီးမှာ ယခု တွေးကြည့်လိုက်တော့မှ သူ မှားခဲ့ကြောင်းအား သဘောပေါက်သွားခဲ့လေတော့သည်။ ယခုကဲ့သို့ဖြစ်မည်ဆိုသည်အား သိခဲ့လျှင် သူကိုယ်တိုင် ယွမ်ပင်းကို ပျိုးထောင်ခဲ့မည်ဖြစ်၏။
ယွမ်ပင်းသည် ယွမ်မိသားစု၏ကလေး ဟုတ်မဟုတ်ဆိုသည့်အကြောင်းအား ကြည့်ရန်…ယခုအချိန်တွင် ဤသည်မှာ လုံးဝ အရေးမကြီးတော့ချေ။ သူသည် ယွမ်မိသားစု၏ကလေးမဟုတ်ဟူသော အကြောင်းအရင်းရှိခဲ့လျှင်ပင် သူတို့ ထိုအရာအား ဝန်ခံမည်မဟုတ်ပေ။
ယွမ်သခင်ကြီးမှ မေးလိုက်၏ " မင်း အဲ့ဒီရှဲ့မောင်နှမနှစ်ယောက်နဲ့ ဘာကို လောင်းခဲ့တာလဲ?"
ယွမ်ပင်းမှာ ရုန်းကန်နေရသော်လည်း အမှန်တရားကို ပြောရန်သာ ရွေးချယ်လိုက်လေသည်။ “ ကျ- ကျွန်တော်နိုင်ရင် သူက ကျွန်တော့်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာပြီးတော့၊ သူနိုင်ရင် ကျွန်တော်က သူတို့နှစ်ယောက်လုံးကို ကန်တော့ရမှာ…"
ယွမ်သခင်ကြီးမှာ ထိုစကားကိုကြားလိုက်ရချိန်တွင် ယွမ်ပင်းအား အရူးတစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်လိုက်လေတော့သည်။
•••••••