လက်ဆောင်ပေးခြင်း
Vol. 9 Ch. 154
ယခုတွင်တော့ ယွမ်သခင်ကြီးသည် သူ၏မြေးမှာ အစွပ်စွဲခံရသည်ဟု မထင်မိတော့ပေ။
" မင်း ဘယ်လိုတောင် အရှက်မဲ့ရတာလဲ? ဘယ်လောက်ပဲ ရှဲ့နျိုရှန်းက နန်းတွင်းရုံးတော်မှာ နှစ်သက်တာ မခံရဘူးပဲပြောပြော မင်းက ဘယ်လိုလုပ်ပြီး သူရဲ့ သမီးအကြီးဆုံးကိုမှ မင်းရဲ့ ကိုယ်လုပ်တော်လုပ်ခိုင်းဖို့ ပြောရဲရတာလဲ!? မင်းက သူနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား!? " ယွမ်သခင်ကြီးမှ ဟိန်းဟောက်လိုက်လေသည်။
ယွမ်ပင်းသည် မငယ်တော့ပေ။ သူသည် ဇနီး
တစ်ယောက်အား လက်ထပ်ယူသင့်သည့် အချိန်ရောက်နေသည်ကိုပင် အပြင်၌ ကမြင်းကြောထနေဆဲဖြစ်လေသည်!
ကောင်းပေ၏။ တစ်စုံတစ်ယောက်၏ တိုက်ရိုက်သမီးအကြီးဆုံးအား သူ၏ကိုယ်လုပ်တော်ဖြစ်လာရန် တောင်းဆိုသည်အား ဘေးဖယ်လိုက်လျှင် သူ၏အခြေအနေအဆင့်တန်းဖြင့် ကိုက်ညီသည့် ဇနီးတစ်ယောက်ရှာရန်မှာ ခက်ခဲပေ၏!
ယွမ်ပင်းနှင့် သူ၏အဖေမှာ မြေကြီးပေါ်တွင် ဝမ်းနည်းပက်လက်ဖြစ်နေကြလေ၏။ သူတို့ မှားသွားခဲ့သည်ဟု ဆိုးဆိုးရွားရွား ခံစားနေကြရလေသည်။
" မင်းတို့ ကတိပေးထားတဲ့အတိုင်းလုပ်ကြ။ မုထင်း၊ တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ပြင်ဆင်ပြီးတော့ မနက်ဖြန်ကျရင် ရှဲ့အိမ်တော်ကို သွားတောင်းပန်လိုက်။ ပင်းအာ၊ မင်းလည်း ကန်တော့ဖို့ရာ ကျောင်းတော်ကိုသွားရမယ် " ယွမ်သခင်အိုကြီးမှာ သူ၏စိတ်
ကို ပြင်ဆင်ပြီး ပြောလိုက်လေသည်။
သူတို့လုပ်နိုင်သည့်အရာ တစ်ခုမှမရှိပေ။
သူ့မြေး၏ ဂုဏ်သတင်းမှာ အောက်ဆုံးသို့ရောက်နေပြီဖြစ်သည်။
သူတို့ တောင်းပန်ပြီး လက်ဆောင်ပေးခြင်းဖြင့်သာ အလျှော့ပေးနိုင်ပြီး–ဤသည်ကသာ သူတို့မိသားစု၏ ဂုဏ်သတင်းအား အနည်းငယ်ပြန်လည်ဦးမော့လာနိုင်စေမည်ဖြစ်သည်။
" ဒီကိစ္စက ဖရိုဖရဲနိုင်တဲ့အခြေအနေတစ်ခုပဲ၊ ပြီးတော့ ဧကရာဇ်မင်းက ကိုယ့်သားကို ဆုံးမသင်ကြားပေးဖို့ ကျရှုံးတဲ့အတွက် မင်းကို အပြစ်ပေးလိမ့်မယ်။ ငါတော့ မင်း အလုပ်ဖြုတ်ခံရလိမ့်မယ်လို့ ထင်တယ်။ အခုအချိန်ကစပြီး အိမ်မှာပဲနေ။ ပင်းအာ၊ မင်းကိုလည်း အိမ်ကနေ သုံးနှစ်ထွက်ခွင့်ပိတ်တယ်။
အိမ်မှာပဲ ကြိုးကြိုးစားစားနဲ့သင်ယူ။ မင်းရဲ့ ကိုယ်လုပ်တော်တွေအကုန်လုံးကိုလည်း ထွက်သွားခိုင်းမယ်!"
ယွမ်ပင်းမှာ သူ့ဘဝ အဆုံးသတ်ပြီဟု တွေးလိုက်မိသည်။
သုံးနှစ်? အိမ်မှာပဲ သင်ယူရမယ်တဲ့လား? ဒါတင်မကဘူး၊ သူရဲ့ အချစ်ကလေးတွေအားလုံးကိုပါ မောင်းထုတ်ဦးမှာတဲ့လား!?
" အဘိုး!" ယွမ်ပင်း ချက်ချင်းအော်ပစ်လိုက်၏။
" မင်း ဒီလိုမလုပ်ချင်လည်း အဆင်ပြေပါတယ်။ မိသားစုစည်းစိမ်တွေကို ငါတို့ ခွဲကြတာပေါ့။ အဲ့ဒါတွေနဲ့ မင်းတို့ အပြင်မှာပဲ နေကြလေ။ ငါ့မှာ သားတစ်ယောက်နဲ့ မြေးတစ်ယောက် လျော့သွားသလို နေလိုက်ရုံပဲပေါ့ " ယွမ်သခင်အိုကြီးမှ ထပ်
ဖြည့်ပြောလိုက်လေသည်။
သူတို့သည် ထိုစကားကို ကြားလိုက်ရသောအခါ အံ့ဩလွန်း၍ စကားမပြောနိုင်ကြတော့ပေ။
အခုချိန် မိသားစုစည်းစိမ်ကို ခွဲယူမယ်ဆိုရင် သူတို့က ဘာကိုရနိုင်မှာမလို့လဲ?
လူများစွာက စောင့်ကြည့်နေကြသဖြင့် အဘိုးကြီးမှ သူတို့အား များများစားစား မပေးမည်မှာ ကျိန်းသေပေါက်ပင်။ သူတို့အပေါ်တွင် ပို၍ပင် တင်းကျပ်လိမ့်ဦးမည်ဖြစ်၏။
မျက်စိတစ်မှိတ်စာအတွင်း ပြဿနာမှာ ဖြေရှင်းပြီးသွားခဲ့သည်။
နောက်တစ်နေ့နံနက်တွင် ရှဲ့ချောင်တစ်ယောက်
ကျောင်းတော်သို့ ထွက်ခွာသွားကာစအချိန်၌ အိမ်တော်ထိန်းတစ်ဦးမှ သူမ၏အိမ်သို့ လက်ဆောင်ပို့လာခဲ့၏။
ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းသည်လည်း ထွက်သွားကာစဖြစ်ပြီး လုသခင်မသာ အိမ်တွင် ကျန်ရစ်ခဲ့လေသည်။
လုသခင်မသည် တန်ဖိုးကြီးလက်ဆောင်ကိုတွေ့လိုက်ရသောအခါ အတော်လေး အံ့ဩသွားခဲ့လေ၏။ သူမသည် မှင်တက်စွာနှင့် စိုက်ကြည့်နေခဲ့လေသည်။
" ကျွန်တော်တို့ရဲ့ သခင်ကြီးက ပြောလိုက်ပါတယ်။ သခင်လေးက ဆိုးဆိုးသွမ်းသွမ်းပြုမူခဲ့ပြီးတော့ ရှဲ့သခင်မလေးနဲ့ ဒုတိယသခင်လေးတို့ကို ရန်ပြုမိခဲ့ပါတယ်။ သူက တောင်းပန်ပြီးတော့ နှစ်ယောက်စလုံး သူ့ကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်တဲ့ခင်ဗျ။ ကျွန်တော်တို့သခင်လေး ပြောခဲ့တဲ့စကားတွေကို အတည်မမှတ်ယူကြပါနဲ့တဲ့"
လုသခင်မသည် မည်သို့သောအရာများ ဖြစ်ပျက်သွားခဲ့သနည်းဆိုသည်ကို လုံးဝမသိခဲ့ချေ။
မည်သို့ပင်ဆိုစေ လက်ဆောင်သည် ရောက်လာခဲ့ပြီဖြစ်သည်။ သူမ ဤသည်အား ငြင်းလိုက်လျှင် အဓိပ္ပာယ်မရှိ ဖြစ်ပေလိမ့်မည်ပင်။ သူမ ချက်ချင်းပင် ပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
" ဒီအတွက် မစိုးရိမ်ပါနဲ့။ ကလေးတွေ ရန်ဖြစ်ကြတယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါဘာမှမဟုတ်ပါဘူး..."
ယွမ်အိမ်တော်မှ အိမ်တော်ထိန်းသည် လုသခင်မအား တစ်ချက်သာကြည့်လိုက်ကာ မည်သည်ကိုမျှ ထပ်မပြောခဲ့တော့ပေ။
ရှဲ့နျိုရှန်းသည် နာမည်ဆိုးရှိသည့်သူတစ်ဦးဖြစ်ကြောင်းအား သူသိထား၏။ ထိုအချိန်က သူ့အား ဘယ်အမျိုးသမီးကမှ လက်မထပ်ချင်ခဲ့
သောကြောင့် သူသည် စီးပွားရေးသမားတစ်ယောက်၏ အိမ်ထောင်ရှိခဲ့ဖူးသည့် သမီးနှင့်သာ လက်ထပ်ယူခဲ့ရလေသည်။
" ရှဲ့သခင်မလေးက ချောမောလှပတယ်လို့ ကျွန်တော်ကြားဖူးတယ်။ မိန်းမပျိုလေးအများစုက တောက်ပတဲ့ အရောင်တွေကို နှစ်သက်ကြတယ်လို့ ကျွန်တော်ထင်လို့ လရောင်အဆင်ပိုးထည်လိပ်ကို ယူလာခဲ့ပါတယ်။ ဒါကို ဒီနေ့ တောင်ဘက်သိုလှောင်ရုံကနေ ရလာခဲ့တာပါ။ ရှဲ့သခင်မလေး ဒါတွေကို အဝတ်အစားတွေ ချုပ်ဖို့သုံးနိုင်ပါတယ်ခင်ဗျ " အိမ်တော်ထိန်းက ပြုံးလိုက်၏။
သူ၏သခင်လေးသည် ရှဲ့သခင်မလေးနှင့် အလောင်းအစားလုပ်ခဲ့သောကြောင့် ဤလက်ဆောင်များသည် ရှဲ့ချောင်အတွက်သာ အဓိကရည်ရွယ်ပေသည်။
လုသခင်မသည် လရောင်အဆင်ပိုးထည်လိပ်ကို ဝေ့
ဝဲကြည့်လိုက်၏။ ၎င်းသည် လရောင်ကဲ့သို့ တောင်ပနေပြီး နေရောင်အောက်တွင် အလင်းရောင်ဖျော့ဖျော့တောက်ပနေသလိုပင်ဟု သူမ တွေးလိုက်မိသည်။ ပိုးထည်လိပ်တစ်ခုလုံးသည် အဖြူရောင်မဟုတ်၊ အရောင်သွေးစုံနေလေ၏။ ၎င်းသည် လှပလွန်းပေသည်။
မိန်းမပျိုငယ်များပင် မဆိုထားနှင့်၊ သူမလို အမျိုးသမီးတစ်ယောက်ပင် ထိုပိုးထည်ကို သဘောကျပေသည်။
" ရှင်တို့ရဲ့ သခင်ကြီးနဲ့ သခင်မကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါ " လုသခင်မသည် ပြုံးလျက်ပြောလိုက်၏။
အိမ်တော်ထိန်းသည် လက်ဆောင်ပေးပြီးသည့်နောက် ပြန်ထွက်သွားခဲ့လေသည်။ လုသခင်မသည် ထိုပစ္စည်းများအား တစ်ယောက်ကိုခေါ်၍ သူမအိမ်သို့ ယူသွားခိုင်းလိုက်လေသည်။
လက်ဆောင်ပစ္စည်းများမှာ ပိုးထည်နှစ်လိပ်၊ အလှဆင်ပစ္စည်းနှစ်ခုနှင့် စာရေးရတနာလေးမျိူးတို့ ဖြစ်ကြလေသည်။
လုသခင်မသည် လက်ဆောင်များကို ကြည့်လိုက်ပြီး အပြင်ဘက်ရှိတစ်ယောက်အား ပြောလိုက်သည်။
" အိမ်တော်ထိန်းယွမ် ဘယ်လိုနေလဲ? သူ အခု နေလို့ပိုကောင်းလာပြီလား?"
•••••