ဒူးထောက်ကန်တော့ခြင်း
Vol. 9 Ch. 155
ယွမ်ရုန်သည် အပြည့်အဝပြန်သက်သာရန် လိုသေး
လေ၏။ သို့သော် လုသခင်မမှ သူ့ကို ရှာနေကြောင်းသိပြီးနောက် ချက်ချင်းထသွားခဲ့လေသည်။
လုသခင်မသည် သူ၏ ထိတ်ထိတ်ပျာပျာဖြစ်နေသည့်ပုံကိုကြည့်ကာ ကျေနပ်အားရနေခဲ့သည်။ သူမ တောင်းဆိုလိုက်၏။ " ဒါတွေက ပိုးထည်ကောင်းတွေပဲ။ အိမ်မှာရှိကြတဲ့ အပ်ချုပ်သမားတွေက ကောင်းကောင်းမလုပ်နိုင်မှာကို ကျွန်မ စိုးရိမ်မိတယ်။ အဝတ်အထည်တွေ ချုပ်လုပ်ဖို့ အတွက် အပြင်ကနေ ထူးချွန်တဲ့ အပ်ချုပ်သမားနှစ်ယောက် ဒီကို ခေါ်လာပေးပါ"
ယွမ်ရုန်မှ ချက်ချင်းမေးလိုက်သည်။ " သူတို့က ဒုတိယသခင်မလေးအတွက်လား?"
သူသည် သိသာနေသည့်အရာအား မေးနေခြင်းဖြစ်လေ၏။ သူသည်လည်း အိမ်တော်ထိန်းတစ်ဦးဖြစ်သောကြောင့် ဤလက်ဆောင်များကို မည်သူပိုင်ဆိုင်သင့်သနည်း ဆိုသည်အား သိပေသည်။
" မဟုတ်ပါဘူး…" လုသခင်မမှာ ရုန်းကန်နေရပုံပေါ်လေသည်။ " သူတို့က ပထမသခင်မလေးအတွက်ပါ"
တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ပြီးပေးတဲ့လက်ဆောင်ကို သူ့သမီးသူ ပေးလိုက်တယ်ဆိုတဲ့ သတင်းသာ ပျံ့သွားခဲ့ရင် မကောင်းဘူးလေ၊ ဟုတ်တယ်မလား?
အရာရှိတစ်ဦး၏ ဇနီးတစ်ယောက်ဖြစ်ရန်မှာ ခက်ခဲသည့်တာဝန်တစ်ခုဖြစ်ကြောင်းကို သူမသိ၏။ လူများစွာက စောင့်ကြည့်နေကြလေသည်။
" ပထမသခင်မလေးအတွက်လား?" ယွမ်ရုန်သည် အံ့ဩသွားဟန်ဆောင်လိုက်၏။ “ ဒုတိယသခင်မလေး အတွက်ဆိုရင်ရော ဘယ်လိုလဲ? ပထမသခင်မလေးတစ်ယောက်တည်းကပဲ အဝတ်အထည်တွေ ရခဲ့
မယ်ဆိုရင် ကျွန်တော် စိုးရိမ်တာက သခင်မကဘက်လိုက်တယ်လို့တွေးပြီး သူစိတ်မကောင်းများဖြစ်သွားမလားလို့? နောက်ပြီး ကုလန်ကျောင်းတော်မှာ ပါရမီရှိတဲ့ အမျိုးသားတွေ အများကြီးရှိတယ်ဆိုပြီး ကျွန်တော်ကြားမိတယ်။ ဒုတိယသခင်မလေးက လှပတော့ သူသာ ဒီလရောင်အဆင် အဝတ်အစားကို ဝတ်လိုက်မယ်ဆိုရင် လူတွေကြားမှာ ထင်ရှားနေမှာ အသေအချာပဲ…"
ယွမ်ရုန် ပြောလိုက်သော စကားများမှာ လုသခင်မ၏ စိတ်ထဲ တန်းဝင်သွားတော့သည်။
ဤသည်မှာ မှန်ပေ၏။ သူမသမီးသည် ကျန်းမာဖျတ်လတ်ပြီး ဤကဲ့သို့ တောက်ပသည့် အရောင်များမှာ သူမသမီးနှင့် လိုက်ဖက်ပေသည်။
" ဒါဖြင့်…သူတို့ရဲ့ အတိုင်းအထွာတွေအတိုင်း အဝတ်အစားတွေ ချုပ်လိုက်ပါ။ ပုံစံတူတာတွေပဲ လုပ်လိုက်"
ဘယ်သူကမှ ဘယ်သူ့ကို ကျော်မှာမဟုတ်တော့ဘူးလေ။ ဒါအလုပ်ဖြစ်လောက်ပါတယ်၊ ဟုတ်တယ်မလား?
ယွမ်ရုန်သည် ချက်ချင်း တုန့်ပြန်လိုက်ကာ ပိုးထည်လိပ်များကို အပြင်ယူထုတ်သွားတော့သည်။
…
ရှဲ့ချောင်မှာ ကျောင်းတော်တွင်ဖြစ်၏။ ယွမ်ပင်းသည်လည်း ထိုနေရာ၌ ယွမ်မိသားစုလက်အောက်ငယ်သားများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေလေသည်။
သူ ပေါ်ထွက်လာသည်နှင့် ကျောင်းတော်မှလူများသည် စက်ဆုပ်ရွံရှာအထင်သေးသည့်အကြည့်များနှင့် ကြည့်ကြလေတော့သည်။ တော်ဝင်ကျောင်း
တော်၌ ဤကဲ့သို့သော အရှက်သိက္ခာမရှိသည့်သူမျိူး ရှိနေသည်မှာ အရှက်ရစရာပင်!
ရှဲ့ဖင်းဟွိုက်သည် စောင့်ဆိုင်းနေခဲ့၏။ သူသည် ရှဲ့ချောင်အတွက် ကုလားထိုင်တစ်လုံးပင် ယူလာခဲ့သေးသည်။
ယွမ်ပင်းရောက်လာသည်နှင့် ရှဲ့ဖင်းဟွိုက်မှ ရှဲ့ချောင်အား ချက်ချင်းခေါ်လာလိုက်လေသည်။ ရှဲ့ချောင်သည် ချီတုံချတုံဖြစ်မနေပဲ ထိုင်ခုံထက်တွင် ထိုင်လိုက်လေ၏။
ယွမ်ပင်းမှာ သူ၏ မျက်နှာတောက်လောင်သွားသလို ခံစားလိုက်ရသည်။
" ရှဲ့ချောင် ဒီမှာ လူတွေရှိနေတယ်လေ။ နင်က အနာကို တုတ်နဲ့ထိုးနေတာလား? " ရှားယာ့ယွင်သည် ရှဲ့ချောင်ကို အထင်အမြင်သေးဆဲ ဖြစ်လေသည်။
ရှဲ့ချောင် သူမကို တစ်ချက်သာကြည့်လိုက်လေ၏။ " ကျင့်ဝတ်သိက္ခာမရှိတဲ့သူတစ်ယောက်ကို သနားစရာကောင်းတယ်လို့ နင် ထင်တယ်ပေါ့? ရှားသခင်မလေး၊ ငါ နင့်ရဲ့သတ္တိကိုတော့ လေးစားမိတယ်"
ရှားယာ့ယွင် ကြက်သေသေသွားခဲ့သည်။ ထို့နောက်တွင် ဘေးမှရပ်ကြည့်နေကြသူများ၏ အထင်သေးသည့် အကြည့်များအား သူမ သတိထားမိသွားလေသည်။ သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ပြောလိုက်၏ " ငါ အဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး! သူ ဒီနေရာမှာ သေသွားရမယ်ဆိုရင်တောင်မှ သူ့လိုလူမျိုးတစ်ယောက်ကို ငါသနားနေမှာ မဟုတ်ဘူး!"
ရှဲ့ချောင် လှောင်ရယ်လိုက်သည်။
ကျန်သူများမှာ ရှားယာ့ယွင်သည် ကျိုးကြောင်း
ဆီလျော်မှုမရှိသည့်သူဟုသာ တွေးလိုက်ကြသည်။
ယွမ်ပင်းက ဒါနဲ့ ထိုက်တန်တယ်လို့ သူ တွေးတယ်ဆိုရင် ဘာကိစ္စ ရှဲ့ချောင်ကို ဝေဖန်ပြောဆိုနေရတာလဲ?
သို့သော် ယခုအချိန်တွင် ထင်ပေါ်နေသူမှာ ရှားယာ့ယွင်မဟုတ်၊ ယွမ်ပင်းသာ ဖြစ်၏။
ယွမ်ပင်းသည် ဒူးမထောက်ချင်ခဲ့ပေ။ အထူးသဖြင့် သူ ရှဲ့ဖင်းဟွိုက်၏ ဘဝင်ခိုက်နေသော မျက်နှာကို တွေ့ရသောအခါတွင် ဖြစ်သည်။ သူ ဒုက္ခရောက်သလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ့အဘိုး၏ လက်အောက်ငယ်သားများမှာ သူနှင့်အတူ ဤနေရာတွင် ရှိနေကြလေသည်။ မည်သို့ပင်ဖြစ်စေ သူ ဒူးထောက်ရမည်သာ ဖြစ်၏။
သူသည် ဒူးကိုကွေးကာ အရှက်တကွဲအကျိုးနည်းမှုအား ခံစားရလျက် ကန်တော့လိုက်လေသည်။
တစ်ကြိမ်…
နှစ်ကြိမ်…
…
ငါးကြိမ်…
ခြောက်ကြိမ်…
ခုနှစ်ကြိမ်…
…
ဆယ်ကြိမ်…
သူသည် အလွန်လျင်မြန်စွာ လုပ်သွားခဲ့ရာ မကြာမီတွင် ကန်တော့ခြင်း ပြီးဆုံးသွားခဲ့လေတော့သည်။
သူသည် မြေကြီးပေါ်တွင် မီးပြင်းဖိုတစ်ခုရှိနေသကဲ့သို့ ချက်ချင်းပြန်ထရပ်လိုက်၏။ ထိုအချိန်တွင် ပွဲကြည့်ပရိသတ်များမှာ မကူညီနိုင်သော်လည်း အကြိမ်ရေကိုတော့ ကူညီရေတွက်ခဲ့ကြလေသည်။ ၎င်းတို့ ရေတွက်သွားပြီးသည့်နောက်တွင် အတော်လေး စိတ်ပျက်သွားခဲ့ကြ၏။
ထိုသည်မှာ ခဏလေးနှင့် ပြီးဆုံးသွားခဲ့သည်။
ရှဲ့ချောင်၏ ဒေါသများမှာ လွင့်စင်သွားပြီဖြစ်ပြီး သူမအခု ပျော်ရွှင်နေပြီ ဖြစ်သည်။
ရှဲ့ဖင်းဟွိုက်သည် ကနဦး၌ ဤသည်မှာ အတော်လေး စိတ်ဝင်စားစရာကောင်းလိမ့်မည်ဟု တွေးခဲ့သည်။ သို့သော် ယွမ်ပင်းတစ်ယောက် ဒေါသအား မျိုသိပ်ထားသည်ကိုကြည့်ပြီး သူရဲ့ စိတ်လှုပ်ရှားနေမှုများမှာ ငြိမ်ကျသွားခဲ့သည်။
ယွမ်ပင်းမှာ ပျက်ဆီးသွားပြီဟု ယူဆနိုင်ပေသည်။ သူသည် ကျောင်းတော်မှ ကျိန်းသေနှင်ထုတ်ခံရမည်ဖြစ်ပြီး သူ့အဖေ၏ အရာရှိရာထူးမှာလည်း အန္တရာယ်ရှိနေပေသည်။ ယွမ်သခင်အိုကြီး သေဆုံးသွားသောအခါ ယွမ်မိသားစုမှာ သေချာပေါက် ပြိုကွဲသွားမည်ဖြစ်လေသည်။ ယွမ်ပင်း ဇနီးတစ်ယောက် လက်ထပ်မယူနိုင်မည်မှာ ဧကန်ပင်ဖြစ်၏။
စင်စစ်တွင် ရှဲ့ဖင်းဟွိုက်သည် ယွမ်ပင်းအား ထေ့လုံးငေါ့လုံးတစ်ခုခု ပြောချင်နေခဲ့လေသည်။
သို့ရာတွင် သူ၏ အစ်မအကြီးဆုံးမှာ အနားတွင် ခံ့ညားထည်ဝါစွာ ထိုင်နေသည်အား မြင်လိုက်ရ
သည်။ သူ့အစ်မ၏ ဤအခိုက်အတန့်လေးကို မဖျက်ဆီးလိုက်သင့်ဟု သူ တွေးလိုက်လေ၏။ သို့မဟုတ်ပါက သူလည်း ထိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် ငတုံးယွမ်ပင်းနှင့် တူသွားပေလိမ့်မည်။
••••••