ထူးဆန်းသောဆိုင်
Vol. 9 Ch. 156
ယွမ်ပင်းသည် အဝေးသို့ ကို့ယိုးကားယားဖြင့် ထွက်ပြေးသွားခဲ့လေသည်။ သူတစ်ယောက်ယောက်ကို မြင်ရမှာပင် အလွန်ရှက်နေပြီဖြစ်လေ၏။ ပတ်ပတ်လည်မှ အံ့ဩနေကြသည့် အကြည့်များကို သတိပြုမိလိုက်ချိန်၌ ရှဲ့ဖင်းဟွိုက်သည် မတတ်နိုင်ပဲ ရှဲ့ချောင်အား နှစ်ကြိမ် ဖျက်ခနဲကြည့်လိုက်၏။
သူ တော်ဝင်ကျောင်းတော်သို့ ရောက်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ နှစ်နှစ်အတွင်းတွင် တိုးတက်မှုမရှိခဲ့သောကြောင့် သူသည် မဟော်ဂနီခြံဝန်း၌ ရှိနေရဆဲဖြစ်၏။ လူများစွာသည် သူနှင့်သူ့အစ်မကို ပြက်ရယ်ပြုကြပြီး ဆိုးရွားသောအရာများကိုလည်း သူကြားခဲ့ရသေးပေသည်။
လူများက သူ့ကိုကြည့်ပြီး အခြားတစ်ယောက်ကို ဝေဖန်ပြောဆိုနေသည်မှာ ပထမဆုံးဖြစ်၏!
ခံစားချက်မှာ အလွန်ထူးဆန်းနေရုံမျှသာဖြစ်သည်!
ယွမ်ပင်းသည် ရှဲ့ဖင်းဟွိုက်၏ အစားထိုးဆူပူကြိမ်းမောင်းခံရသူ ဖြစ်လာခြင်းမှာ အလွန်သနားစရာကောင်းသွားပေသည်!
သူ၏အကြီးဆုံးအစ်မသည်လည်း စွမ်းဆောင်နိုင်
စွမ်းရှိလွန်းပေသည်။ သူမသည် ဤကဲ့သို့ ရှုပ်ထွေးလှသော အလောင်းအစားကိုပင် နိုင်ခဲ့သေး၏!
ရှဲ့ဖင်းဟွိုက်မှာ မျက်လုံးထဲတွင်ကြယ်များရှိနေသကဲ့သို့ ဝင်းလက်သွားခဲ့သည်။
" အစ်မကြီး၊ အစ်မက တော်တော်ကံကောင်းတာပဲ! " လူများထွက်သွားပြီးနောက် ရှဲ့ဖင်းဟွိုက်သည်
စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်လေသည်။
" ဒါက ငါ့အရည်အချင်းလေ" ရှဲ့ချောင်သည် လေးနက်မှုအပြည့်နှင့် ခေါင်းကိုမော့လိုက်၏။ သူမအား ကြည့်ရသည်မှာ အလွန်တည်ကြည်လေးနက်နေပုံပေါ်နေလေသည်။
ရှဲ့ဖင်းဟွိုက်မှာ သူမအား ထိုသို့မြင်လိုက်ရသဖြင့် ပိုပြီး စိတ်လှုပ်ရှားတက်ကြွလာလေတော့သည်။
“ အစ်မကြီး၊ အစ်မက အရမ်းခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ပုံမျိုးပေါ်တယ်ဗျ။ အစ်မသာ သူများတွေကို အစ်မရဲ့နာမည်မပြောသရွေ့ လူတွေက အစ်မကိုဂုဏ်သရေရှိမိသားစုက သခင်မလေးတစ်ယောက်လို့ထင်ကြမှာ သေချာပေါက်ပဲ! ”
ရှဲ့ချောင် သူ့အား စိတ်ကုန်စွာ မျက်ဆံလှန်ပြလိုက်သည်။ သူက အစကတည်းက ဂုဏ်သရေမိသားစုက သခင်မလေးပဲလေ၊ မဟုတ်လို့လား?
" အိုး ဒါနဲ့ အကြီးဆုံးအစ်မ၊ မနေ့က ကျွန်တော် ဘယ်သူနဲ့ ဆုံခဲ့တယ်ထင်လဲ? အရှေ့ဘက် အဓိကလမ်းမပေါ်မှာလေ…" ရှဲ့ဖင်းဟွိုက်မှ ပဟေဠိဆန်ဆန်ပြောလိုက်လေသည်။
ရှဲ့ချောင် သူမခေါင်းကို လှည့်လိုက်၏။
သူမ သိသည်။
" အစ်မ ဒါကို သေချာပေါက်ခန့်မှန်းနိုင်မှာ မဟုတ်ဘူး! ကျွန်တော် ဆရာရှောင်းနဲ့တွေ့ခဲ့တာ! ဆရာရှောင်းကလေ…ကျောင်းတော်မှာရှိတဲ့ပုံနဲ့ ယှဉ်ကြည့်ရင် အပြင်ဘက်က ပုံစံက လုံးဝကွဲပြားတယ်ဗျ! အကြီးဆုံးအစ်မ၊ ဆရာရှောင်းရဲ့ ဦးနှောက်နဲ့ပတ်သက်ပြီး တစ်ခုခုများ မှားနေလားလို့တောင် ကျွန်တော် သံသယဝင်မိတယ်! မနေ့တုန်းက သူ ထူးဆန်းတဲ့ဆိုင်မှာ ဈေးဝယ်နေခဲ့တာ။ အဲ့ဒီဆိုင်က လုံခြုံရေးအဆောင်တွေနဲ့ သစ်သားအရုပ်တွေကို ရောင်းတာလေ။ အဲ့ဒါတွေက ချောက်ချားစရာကြီးတွေဗျာ။ ဒါပေမယ့် ဆရာရှောင်းကနေ ဆိုင်က ရောင်းကုန်တွေက အံ့ဩစရာကောင်းတယ်ဆိုပြီး ပြောခဲ့တာဗျ! သူ တစ်ခုခုမှားနေတယ်လို့ အစ်မ မထင်ဘူးလား?” ရှဲ့ဖင်းဟွိုက်သည် ချက်ချင်းပင် ဗလုံးဗထွေးစကားများကို ပြောလေတော့သည်။
ရှဲ့ချောင်၏ မျက်ခွံများ လှုပ်ရှားသွားခဲ့ရသည်။
' ချောက်ချားစရာကောင်းတာလား? ငါတော့ အဲ့ဒီလို မထင်ပါဘူး! '
သူမ၏ ဆိုင်တွင် ပြတင်းပေါက်ကြီးများ အများအပြားရှိ၏။ သူမကိုယ်တိုင် ဖုန်းရွှေကိုလည်း ကြည့်ခဲ့သေးသည်။ ဈေးဝယ်သူများမှာ ဆိုင်အတွင်းသို့ ဝင်လာလိုက်သည်နှင့် သက်တောင့်သက်သာ ခံစားရလိမ့်မည်ဖြစ်သည်။ ချောက်ချားမနှစ်မြို့စရာကောင်းတယ်ဆိုပြီး သူတို့တွေးကြမှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ရှဲ့ချောင် မျက်မှောင်ကြုံ့လိုက်သည်။ " ဆိုင်က တကယ်ပဲ ချောက်ချားမနှစ်မြို့စရာကောင်းနေလို့လား? ဘာများမှားနေလို့လဲ? "
" အဲတာက ထူးဆန်းတယ်၊ သာမန်လူတွေ လည်ပတ်လုပ်ကိုင်နိုင်မယ့်ဆိုင်မျိုး မဟုတ်ဘူးဗျ။ လူလိမ် တစ်ယောက်ယောက်ရောင်းနေတဲ့ဆိုင်လို့ ကျွန်တော် သံသယရှိတယ်။ ဆရာရှောင်းက ဘယ်လိုလုပ်ပြီး
ပါဝင်ပတ်သတ်နေရတာလဲဆိုတာ သိချင်လိုက်တာ။ သူ မနေ့က ဆူးချောင်းတစ်ချောင်းကိုတောင် ကျောင်းကို ယူသွားခဲ့သေးတာ။ အဲတာက ကြောက်ဖို့ကောင်းတာပဲ " ရှဲ့ဖင်းဟွိုက်မှာ ၎င်းသည် တွေးကြည့်ရုံနှင့်ပင် ဆိုးရွားလှသည်ဟု ထင်မိလေသည်။
" အကြီးဆုံးအစ်မ၊ အဲ့ဒီလူကို ကျွန်တော့်ဆရာဖြစ်အောင် လုပ်ကိုလုပ်ရမှာလား? မနေ့တုန်းကဆို သူ့ကိုကြည့်ရတာ ခွေးတစ်ကောင်က အရိုးကို မြင်သွားသလိုမျိုး တဏှာရာဂစိတ်ပြင်းထန်နေတဲ့ပုံကြီးဗျ။ တက်ကြွမြူးထူးနေတာများ နွားထီးကိုးကောင်ကတောင် သူ့ကို ဆွဲထုတ်သွားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် လောင်းရဲတယ်။ သူက တခြားတစ်ယောက်လိုကြီးပဲ! " ရှဲ့ဖင်းဟွိုက် ထပ်ပြောလိုက်သည်။
မနေ့က အဖြစ်ပျက်ကို ပြန်အမှတ်ရမိသည်နှင့် သူ ကြောက်လန့်သွားခဲ့သည်။
အိုး ဟုတ်သားပဲ၊ ဆရာရှောင်းက သူ့ကို စာအုပ်တစ်အုပ်တောင် ကူးရေးခိုင်းထားသေးတယ်!
သူသည် ထိုသူ့အား ယခုထိ ဆရာအဖြစ်မတင်မြှောက်ရသေးသော်လည်း အပြစ်ပေးခံနေရပြီဖြစ်လေသည်။ အဲ့လူသာ သူ့ရဲ့ဆရာဖြစ်လာမယ်ဆိုရင် သူ့လက်တွေ….. အလုပ်များလာတော့မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?
ရှဲ့ဖင်းဟွိုက်မှာ ထိုအကြောင်းကိုတွေးကာ ကြောက်လန့်သွားရပြန်သည်။
ရှဲ့ချောင် ရုတ်တရက် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။ " ဆရာရှောင်းက…အရမ်းယုတ်ညံ့တဲ့သူ မဟုတ်ပါဘူး။ လူတော်တော်များများက သူ့ကို ဆရာအဖြစ်တင်မြှောက်ဖို့ ကြိုးပမ်းနေကြတာ။ မင်းမှာ အခုအခွင့်အရေးရှိနေပြီလို့ ယူဆလို့ရတယ်။ မင်းရဲ့ ဆရာကို လေးစားတတ်ဖို့ သင်ယူပါ။ မဟုတ်ရင် ငါ အစ်ကိုအကြီးဆုံးကို ပြောပြီး မင်းကိုရိုက်ခိုင်းရလိမ့်
မယ်"
ဆရာရှောင်းကို ဆိုးရွားတယ်ဆိုပြီး သူက ညည်းညူတိုင်တန်းနေတာလား? သူဒါမျိုး မလုပ်သင့်ဘူး!
သူမ ဒီအခွင့်အရေးကို သူမ သိက္ခာနဲ့ အလဲထပ်လုပ်ခဲ့ရတာလေ!
ရှဲ့ဖင်းဟွိုက် ဒုက္ခရောက်သလို ခံစားလိုက်ရတော့သည်။
သူ၏အကြီးဆုံးအစ်မနှင့် ပတ်သက်၍ အရာအားလုံးမှာ ကောင်းလေသည်။ သူမသည် လှလည်းလှပေ၏။ သို့သော်လည်း သူမသည် တင်းကျပ်လွန်းပေသည်။
သူမသာ သူတို့၏ အကိုအကြီးဆုံးနှင့် တူခဲ့လျှင် သူမကို ရက်ရက်စက်စက် လျစ်လျူရှုနိုင်ပေသည်။
အကြောင်းမှာ သူ့အစ်မအကြီးဆုံးသည် အားနည်းပုံပေါ်လေ၏။ သူသာ သူမကို အော်ဟစ်ခဲ့မိလျှင် သူ အပြစ်ရှိစိတ်ခံစားရမည်ဖြစ်သည်။
ရှဲ့ဖင်းဟွိုက်မှာ သူရဲဘောကြောင်သူတစ်ယောက်နှင့် တူလေသည်။ သူသည် ပြန်မတိုက်ခိုက်တတ်ပေ။
ယနေ့သည် ဆရာရှောင်းကို စိတ်အနှောင့်ယှက်ဖြစ်မိသည့် နောက်တစ်ရက်ဖြစ်လေသည်။
••••••