← Chapters

ခက်ခဲသောဘဝ

Vol. 9 Ch. 157

ခက်ခဲသောဘဝ

Vol. 9 Ch. 157

ရှဲ့ဖင်းဟွိုက် အံ့ဩသွားရသည်မှာ သူ ဆရာရှောင်း၏ ခြံဝင်းသို့ ရောက်သွားချိန်၌ တစ်စုံတစ်ယောက်မှာ ထိုနေရာတွင် ရှိနေခဲ့လေသည်။

လူငယ်တစ်ဦးသည် သူ၏ အထိန်းတော်များကို ခေါ်ဆောင်လာခဲ့သည်။ အထိန်းတော်သည် သူ၏လက်ထဲတွင် တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ကိုင်ဆောင်ထားလေသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် သစ်သားဗန်းတစ်ချပ်ကိုကိုင်ထားကာ ထိုဗန်းပေါ်တွင် အဖြူရောင်ကျောက်စိမ်းပိုင်းတစ်ခုအား တင်ထားလေသည်!

ရှဲ့ဖင်းဟွိုက်သည်လည်း အဖြူရောင်ကျောက်စိမ်းပိုင်းအား ပျောက်ရှခဲ့ဖူးသောကြောင့် မနေနိုင်ပဲ တစ်ဖန်ပြန် ကြည့်လိုက်မိသည်။

" တပည့်သင်္ကေတပြားလား?" ရှဲ့ဖင်းဟွိုက်မှာ အလိုလို ပြောထွက်သွားမိခဲ့သည်။

ထိုလူငယ်မှာ တည်ကြည်လေးနက်နေပုံနှင့် မတ်တပ်ရပ်နေခဲ့လေသည်။ သူ၏ခေါင်းကို ရင်ဘတ်နည်းတူ မြင့်မြင့်မော့ထားလေသည်။ သူသည် သာမန်ထက်ပို

ပြီး ဩဇာတိက္ကမနှင့် ပြည့်စုံနေလေ၏။ သူသည် ရှဲ့ဖင်းဟွိုက်ပြောသောစကားကို ကြားလိုက်ရ၍ ခေါင်းကိုလှည့်ကာ ကြည့်လိုက်လေသည်။ "ကျွန်တော်ကြားတာတော့ ဒုတိယသခင်လေးရှဲ့ကလည်း ဆရာရှောင်းကို ဆရာအဖြစ်နဲ့ လိုချင်နေခဲ့တာလားလို့?"

" ဟုတ်တယ်" ရှဲ့ဖင်းဟွိုက်သည် ထိုအကြောင်းကို ငြင်းဆိုခြင်းမရှိခဲ့ချေ။

" ဒါက အတော်လေး ခက်ခဲတယ်ဆိုပေမယ့်လည်း မင်းအဲ့တာကို လုပ်နိုင်မယ်ဆိုရင်တော့ ငါ့ရဲ့ဆရာတူညီလေး ဖြစ်လာနိုင်ပါတယ်" လူငယ်က အနည်းငယ် ပြုံးလိုက်၏။ " ဒီကျောက်စိမ်းဖြူကို အိမ်က ဆရာတူအစ်ကိုက ငါ့အတွက်ဆိုပြီး ရယူလာခဲ့တာ။ ငါ ဒီနေ့ ဆရာရှောင်းကို ငါရဲ့ဆရာအဖြစ် တင်မြှောက်မလို့လေ"

ရှဲ့ဖင်းဟွိုက်မှာ မဆင်မခြင်လုပ်တတ်သူဖြစ်သော်လည်း ဤကျောက်စိမ်းဘယ်က ရလာသနည်း

ဆိုသည်ကိုတော့ သူ မမေးခဲ့ပေ။ ထို့ပြင် ဤကဲ့လိုကျောက်စိမ်းမျိုးမှာ ဆယ်ခုရှိသည်ဖြစ်၏။

ဤကျောက်စိမ်းသာ သူပျောက်ခဲ့သည့် တစ်ခုမဟုတ်ခဲ့လျှင် ရယ်စရာဖြစ်ပေလိမ့်မည်။

ဤပုဂ္ဂိုလ်ထံတွင် ကျောက်စိမ်းရှိနေသောကြောင့် သူသည် တပည့်တစ်ယောက်အောင်အောင်မြင်မြင် ဖြစ်လာနိုင်မည်မှာ ကျိန်းသေပင်ဖြစ်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဆရာရှောင်းသည် မကြာလိုက်ပဲ ပေါ်လာခဲ့လေ၏။ သူသည် လူငယ်အား အထဲဝင်ရန် ခေါ်လိုက်၏။

ရှဲ့ဖင်းဟွိုက်မှာ အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူသာ ကျောက်စိမ်းကို မပျောက်ဆုံးခဲ့ဘူးဆိုလျှင် ဤနေရာတွင် ဒူးထောက်ခြင်းအား လုပ်စရာလိုခဲ့မှာမဟုတ်ပေ။ ၎င်းသည် နာကျင်လှ၏။ သူ

သည်လည်း ဆရာရှောင်းပေါ်လာသည့်နှင့် အထဲဝင်ရန် အခေါ်ခံရသည့် ထိုလူငယ်လိုမျိုး ဖြစ်နိုင်ခဲ့သေးပေသည်…

ကျောက်စိမ်း…

ရှဲ့ဖင်းဟွိုက်မှာ ထိုအရာနှင့်ပတ်သက်၍ စိတ်တိုနေဆဲပင်ဖြစ်သည်။ မည်သည့်သူခိုးက သူ၏ပစ္စည်းကိုခိုး၊ သူ့ကိုညှင်းပန်းနှိပ်စက်ကာ အရှက်ကွဲအောင် လုပ်ရဲသလဲဆိုသည်အား သိချင်သွားလေသည်!

သူ့အတွေးနှင့်သူရှိနေစဉ် ဆရာရှောင်း၏ အစေခံငယ်လေးသည် နောက်တစ်ခေါက် ပြန်ထွက်လာခဲ့လေသည်။ " ဒုတိယသခင်လေး၊ ကျွန်တော်ရဲ့ဆရာက သခင်လေးကိုလည်း အထဲဝင်လာခဲ့ဖို့ ပြောလိုက်ပါတယ်"

ရှဲ့ဖင်းဟွိုက်သည် ထိုစကားကို ကြားလိုက်ရချိန်တွင်

မျက်လုံးများ ဝင်းလက်သွားခဲ့လေသည်။

" သူ ငါ့ကို သူ့ရဲ့တပည့်အနေနဲ့ ခေါ်တာလား!?"

အစေခံသည် ရှုပ်ထွေးသော မျက်နှာအမူအရာနှင့် သူ့ကို တစ်ချက်ကြည့်လိုက်၏။

ရှဲ့ဖင်းဟွိုက်သည် ချက်ချင်းပင် ထရပ်ကာ တန်းပြီးတဟုန်ထိုးပြေးဝင်သွားတော့သည်။ သူ မောဟိုက်၍နေသည်။ လက်ဆောင်ပစ္စည်းနှင့် လာခဲ့သော လူငယ်နှင့် ယှဉ်ပါက သူတို့၏ ကွာခြားချက်မှာ မိုးနှင့်မြေလိုပင် ဖြစ်နေလေသည်။

" ငါမင်းကို မနေ့က ဆယ်ကြိမ်ကူးရေးခိုင်းလိုက်တဲ့ 'ကျော်ကြားသောမိသားစုများ၏ မိသားစုဆောင်ပုဒ်များ'

ဆိုတာတွေ ဘယ်မှာလဲ? " ဆရာရှောင်းသည် ရှဲ့ဖင်းဟွိုက်အထဲသို့ ရောက်ရောက်ချင်း မေးလိုက်လေသည်။

ရှဲ့ဖင်းဟွိုက်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ၊ သူ ယခုအချိန်တွင် ပြန်ထွက်သွားနိုင်မလားဆိုသည်ကို တွေးနေလေ၏။

ဘာ 'ကျော်ကြားတဲ့မိသားစုများ၏ မိသားစုဆောင်ပုဒ်များ'လဲ? သူဒါကို ကူးရေးဖို့ စိတ်ဝင်စားမနေဘူးနော်!

" မင်း မလုပ်ခဲ့ဘူးလား?" ဆရာရှောင်းသည် သူ့ကို ပေါ့ပေါ့ပါးပါးတစ်ချက်သာ ကြည့်လိုက်လေ၏။ ထို့နောက်တွင်တော့၊ သူ၏ဘေးနားတွင် ရှိနေသည့် ဆူးချောင်းရိုက်တံကို ကောက်ယူလိုက်ကာ ၎င်းအား ညင်ညင်သာသာ ကြည့်နေခဲ့လေသည်။ သို့သော် သူ၏ မျက်လုံးများမှာ ရှဲ့ဖင်းဟွိုက်အား ကြည့်သောအခါတွင် ကြောက်စရာကောင်းလောက်အောင် အေးစက်နေခဲ့လေသည်။

ရှဲ့ဖင်းဟွိုက်တစ်ယောက် တံတွေးမျိုချလိုက်၏။

" ကျွန်တော် အခုပဲ ကူးလိုက်ပါ့မယ်..." ရှဲ့ဖင်းဟွိုက်၏ အသံမှာ တုန်ယင်နေခဲ့လေသည်။

" အခါနှစ်ဆယ်" ဆရာရှောင်းသည် သူ့လက်ထဲရှိအရာအား မမြှောက်ခဲ့ချေ။ သို့သော်လည်း ရှဲ့ဖင်းဟွိုက်အတွက်တော့ ထိုအရာက သူ့ဆီလာနေသလိုပင်။ ၎င်းသည် အန္တရာယ်ရှိပေသည်။

" ကောင်း-ကောင်းပါပြီ…" ရှဲ့ဖင်းဟွိုက်မှာ ဒါသူ့ရဲ့ကံပဲဟု တွေးမိလိုက်၏။

သူရဲ့အစ်ကိုအကြီးဆုံးက သူ့ကို အနိုင်ကျင့်တယ်။ သူရဲ့အစ်မကြီးကလည်း ချောမောလှပပေမယ့် သူ့ကို အနိုင်ကျင့်တယ်။ အခု ဒီမှာလည်း ကျိုးကြောင်းမသင့်တဲ့ ဆရာတစ်ယောက်…

သူရဲ့ဘဝက ဘာလို့ ခက်ခဲလွန်းနေရတာလဲ!?

ချူကျန်းသည် ရှဲ့ဖင်းဟွိုက်အား ဇဝေဇဝါဖြစ်စွာနှင့် ဝေ့ဝဲကြည့်လိုက်၏။

သူထင်ခဲ့သည်မှာ…ရှဲ့ဖင်းဟွိုက်သည် ရယ်စရာလူတစ်ယောက်ဖြစ်သည်ဟုပင်။ သူ့အတွက် ဆရာတစ်ယောက်ရရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဒါပေမယ့် အခုကြည့်ရတာ ဆရာရှောင်းက သူ့ကို တကယ်သင်ကြားပေးဖို့ ရည်ရွယ်ချက်ရှိနေတာ မဟုတ်လား?

သူ မရည်ရွယ်ထားဖူးဆိုလျှင် ဘာအတွက်ကြောင့်နဲ့ ရှဲ့ဖင်းဟွိုက်ရဲ့ အိမ်စာတွေကို စစ်ဆေးဖို့ အားစိုက်ထုတ်နေမှာလဲ?

ရှဲ့ဖင်းဟွိုက်ထွက်သွားသောအခါ ချူကျန်းက ပြောလိုက်၏။ " ဒါဆို ဆရာက ဒုတိယသခင်လေးရှဲ့ကို

လက်ခံလိုက်တာပါလား?"

ဆရာရှောင်း၏ အသံအနေထားမှာ တည်ငြိမ်နေလေသည်။ " သူက ဆိုးပေတစ်ယောက်ပဲ။ သူ့ကို လစ်လျူရှုထားလိုက်"

ဆရာရှောင်းသည် စကားပြောရင်း ကျောက်စိမ်းကို ကောက်ယူကြည့်လိုက်သည်။ အချိန်ခဏကြာ စေ့စေ့စပ်စပ်လေ့လာကြည့်ပြီးသည့်နောက်တွင် သူ၏ မျက်နှာထက်၌ မရှင်းမလင်းဖြစ်မှုများ ပေါ်လာခဲ့လေသည်။ " မင်း ဒီကျောက်စိမ်းကို ဘယ်ကနေရခဲ့တာလဲ?"

ချူကျန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ " တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ အဖေကို လက်ဆောင်ပေးခဲ့တာပါ…"

ဆရာရှောင်းမှ မေးလိုက်၏။ " အဲ့ဒါ ဘယ်သူလဲ?"

" ကျ_ကျွန်တော် မသိပါဘူး။ ကမ္ဘာပေါ်မှာ ဒီဟာလိုမျိုး တစ်ထပ်တည်းတူတဲ့ ကျောက်စိမ်းဆယ်ခုရှိပါတယ်။ ဒါက မများသလို နည်းလည်းမနည်းပါဘူး။ တစ်ယောက်ယောက်က ငွေတုံးတွေကို အကြွေးတင်ခဲ့ပြီး ဒါကို ပေါင်နှံခဲ့တာဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်။ ဒီအညတရက ဒါကို ကံကောင်းပြီး ရရှိခဲ့တာပါ။ ကျွန်တော် ဆရာ့ကို ကျွန်တော့်ဆရာ့အဖြစ်တင်မြှောက်ရမယ်လို့ ချက်ချင်းပဲ အတွေးဝင်သွားခဲ့တာပါ"

•••••

All Chapters