သူ တစ်စုံတစ်ယောက်ကို သတ်ချင်နေတယ်
Vol. 9 Ch. 159
ကျောက်ရွှမ်ကျင်းသည် မကြာလိုက်သေးခင်အချိန်
အတွင်း ကျောက်စိမ်းပိုင်းကို ပြန်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဆရာရှောင်းသည် အခြေအနေအား တင်ပြလိုက်ပြီးနောက်တွင် ရှဲ့ချောင်နှင့် ရှဲ့ဖင်းဟွိုက်အား ခေါ်ရန် တစ်ယောက်အား စေခိုင်းလိုက်၏။
ရှဲ့ချောင်အတွက် အိမ်ရှေ့စံမင်းသားသည် သူစိမ်းအဖြစ် မယူဆထားသူတစ်ယောက်ဖြစ်ရာ သူမအတွက် အဆင်ပြေလေသည်။ သို့သော်လည်း ရှဲ့ဖင်းဟွိုက်အတွက်သည်တော့ မတူချေ။ သူသည် အိမ်ရှေ့စံအား စကားတစ်လုံးပင် ပြောဖူးချင်းမရှိပေ။ ယခု သူသည် လိမ္မာသည့်ကောင်လေးတစ်ယောက်ပမာ ကောင်းကောင်းပြုမူပြောဆိုနေသောကြောင့် သူသည် ဘယ်ကနေမှ အခေါ်ခံရခြင်းမျိုးမရှိပေ။
" အကြီးဆုံးအစ်မ၊ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ ယွမ်အိမ်တော်မှာ ပြဿနာရှာခဲ့တာကို သူတို့သိသွားကြလို့များလား? " ရှဲ့ဖင်းဟွိုက်မှာ ရုတ်တရက်
သူရဲဘောကြောင်သူတစ်ယောက် ဖြစ်သွားခဲ့၏။
ဤသည်မှာ အိမ်ရှေ့စံမင်းသားဖြစ်၏။ တိုင်းပြည်သည် အနာဂတ်တွင် သူ့အပိုင် ဖြစ်လာပေလိမ့်မည်။ ရှဲ့ဖင်းဟွိုက်မှာ သိမ်နုပ်သည့် ဓားပြတစ်ယောက်သာသာဖြစ်ပြီး အိမ်ရှေ့စံမင်းသားသာ အလိုရှိပါက သူ့အား အချိန်မရွေး ကွပ်မျက်ပစ်လိုက်နိုင်ပေသည်!
ရှဲ့ချောင်မှာ ပြောစရာစကားပျောက်ဆုံးသွားခဲ့ရသည်။
" အိမ်ရှေ့စံမင်းသားဆိုတာလည်း လူတစ်ယောက်ပါပဲ။ သူ မင်းကို စားမှာမှ မဟုတ်ဘဲ"
သူက ဝိဉာဉ်တွေထက် ကြောက်ဖို့ကောင်းနေလို့လား?
ရှဲ့ဖင်းဟွိုက် သက်ပြင်းချလိုက်၏။
မကြာလိုက်၊ သူတို့ အိမ်ရှေ့စံမင်းသား၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့ကြသည်။
ကျောက်ရွှမ်ကျင်း မောင်နှမနှစ်ယောက်ကို ကြည့်လိုက်၏။ သူ ဘယ်လိုပင် ၎င်းတို့ကို ကြည့်ကြည့်၊ ၎င်းတို့သည် ဖခင်တစ်ယောက်တည်းမှ ဆင်းသက်လာသည်နှင့် မတူကြချေ။
ရှဲ့ချောင်သည် လှပသောမျက်လုံး၊ မျက်ခုံးနှင့် စိတ်သဘောထားကောင်းသူဖြစ်သည်။ ရှဲ့ဖင်းဟွိုက်အား ကြည့်ရသည်မှာတော့ စုတ်ပြတ်နေခြင်း မဟုတ်သော်လည်း၊ သူ၏ ဩဇာသည်တော့…လူဆိုးဂိုဏ်းမှ တစ်ယောက်ကဲ့သို့ ခံစားရလေသည်။ သူ ပြုမူပြောဆိုပုံများသည်တောင်မှ လူဆိုးတစ်ယောက်ခံစားချက်မျိုး ထုတ်လွှတ်နေသလိုပင်။ သူ့ကို တစ်ချက်ကြည့်ရုံနှင့်ပင် ဆိုးသွမ်းသည့်သူတစ်ယောက်ဟု တွေးထင်ကြမည်ဖြစ်သည်။
မိသားစုဝင်များအား ရုပ်အင်္ဂါဖတ်ခြင်းသည် တိကျမှုမရှိဟု အဆိုရှိလေ၏။
ထို့ကြောင့် ရှဲ့ချောင်သည် သူမမောင်၏ သွင်ပြင်မှာ မည်မျှစိတ်တိုစရာကောင်းသနည်းဆိုသည်အား သတိမမူမိခဲ့ချေ။
" တစ်ယောက်ယောက်က ဒီကျောက်စိမ်းကို လာပို့ပေးသွားခဲ့တယ်။ ဒါက မင်းအရင်တစ်နေ့က နိုင်ခဲ့တဲ့ တစ်ခုပဲ " ကျောက်ရွှမ်ကျင်းသည် တည့်တိုးဆန်ပေသည်။
သူသည် ရှဲ့ချောင်အား ကြည့်နေခဲ့၏။
သူမသည် ယနေ့တွင် အရင်ကလောက် ဖြူဖျော့မနေတော့ချေ။ သူမ၏ ပါးများသည် နှင်းဆီရောင်သန်းနေကာ သူမသည် လှပပေသည်။ ယနေ့နံနက်တွင်
သူမဆီသို့ တစ်စုံတစ်ယောက်သည် ကန်တော့ရန်အတွက် လာခဲ့သည်ဟု သူကြားထားသည်။ တရားမျှတမှုရရှိခဲ့တဲ့အတွက် သူ ပျော်နေတာများဖြစ်နိုင်မလား?
ကျောက်ရွှမ်ကျင်းသည် သူကိုယ်တိုင်ပင် သတိမထားလိုက်မိဘဲ ပြုံးမိသွားလေသည်။
" ကျောက်စိမ်း!?" ရှဲ့ဖင်းဟွိုက်သည် အလိုလို အော်ပြောမိသွားခဲ့၏။ ထို့နောက်တွင်တော့ အခန်း၏ အခြေအနေကိုကြည့်ကာ သူ၏ခံစားချက်များကို ဖုံးဖိချုပ်ထိန်းထားလိုက်လေသည်။ " အကြီးဆုံးအစ်မ၊ ဒါကျွန်တော်ရဲ့ ကျောက်စိမ်းပဲ။ ဒါကို ဘယ်သူတွေ့ခဲ့တာလဲ?!"
ဒါကို သူ့ဆီ ပြန်ပေးမှာလား?
ဒီလိုသာဆိုလျှင် သူ့ရဲ့အနာဂတ်ဆရာလောင်းကို ထပ်
ပြီး ဒူးထောက်စရာမလိုတော့ဘူး!
" တစ်ယောက်ယောက်က ကျောက်စိမ်းကို သုံးခဲ့ပြီးသွားပြီးလား?" ရှဲ့ချောင် မေးလိုက်သည်။
" အမှန်ပဲ" ကျောက်ရွှမ်ကျင်း ခေါင်းညိတ်လိုက်၏။ ရှဲ့ချောင်သည် ပါးနပ်ထက်မြက်လေသည်။ ကျောက်စိမ်းကို မြင်လိုက်သည်နှင့် မျက်လုံးများ ဝင်းလက်သွားသည့် သူမဘေးမှ လူနုံ တစ်ယောက်လိုမျိုး မဟုတ်ပေ။ သူသည် ကျောက်စိမ်းဘယ်ကနေရလာသနည်းဆိုသည်ကို တစ်ခါမှ တွေးမကြည့်ဖူးချေ။
ကျောက်ရွှမ်ကျင်းမှ ထိုအရာကို ဝန်ခံလိုက်သည်နှင့် ရှဲ့ဖင်းဟွိုက်မှာ စိတ်တိုသွားခဲ့လေတော့သည်။
" တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ကျောက်စိမ်းကို ခိုးသွားတယ်! အဲ့ဒါ ဘယ်မျိုးမစစ်လဲ? အိုး အဲ့ဒါ ချူကျန်းလား?! အစောတုန်းက ဆရာရှောင်းရဲ့နေရာ
ဆီကနေလာတုန်းက သူ့ကို အဲ့ဒီမှာတွေ့လိုက်တယ်။ သူက တပည့်သင်္ကေတပြားရှိနေတဲ့ တစ်ဦးတည်းသောသူပဲ!"
သူ ဆရာရှောင်း၏ နေရာမှ ထွက်သွားသည်နှင့် ကျောင်းတော်ထဲတွင် သတင်းတစ်ခု ပျံ့သွားခဲ့လေတော့သည်။
ချူကျန်းသည် ဆရာရှောင်း၏ ပထမဆုံးတပည့် ဖြစ်လာခဲ့သည်။
အချို့လူများသည် တပည့်အဖြစ်ကို သူ သေချာပေါက်ရမှာမဟုတ်ဟုဆိုကာ ဝေဖန်ပြောဆိုရန်အတွက် အခွင့်အရေး ရှာနေကြလေသည်။
ရှဲ့ဖင်းဟွိုက်မှာ ထိုအကြောင်းကြောင့် စိတ်တိုသွားခဲ့ရသည်။
" တစ်ယောက်ယောက်က ခိုးခဲ့တာလား?" ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်ကို ကြည့်လိုက်၏။ သူ ပြုံးနေသလားဆိုသည်မှာတော့ မသေချာပေ။ " ရှဲ့သခင်မလေးက ဒါကို မတော်တဆပျောက်သွားခဲ့တာလို့ ပြောတယ်"
" ဒီနုံအတဲ့ကလေးက သူဘာပြောနေလဲဆိုတာ သူ မသိပါဘူး" ရှဲ့ချောင်သည် တည်ငြိမ်နေ၏။
အခိုးခံရခြင်းနှင့် ပျောက်ဆုံးသွားခဲ့ခြင်းမှာ လုံးဝကွဲပြားသည့် သဘောတရားနှစ်ခု ဖြစ်လေသည်။
ပထမတစ်ခုသည် ရှဲ့မိသားစုက အိမ်တော်ကိုကာကွယ်စောင့်ရှောက်ရာတွင် မအောင်မြင်ကြောင်းကို ဖော်ပြနေလေသည်။ အိမ်တွင် သူခိုးတစ်ယောက် ရှိနေ၏။ ထို့အပြင် ဖြစ်နိုင်ချေအများဆုံးသည် မိသားစုဝင်တစ်ဦးက ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်လေသည်။ ဤသတင်းသာ ပေါက်ကြားသွားခဲ့ပါက ရှဲ့မိသားစုသည် လုံးလုံးလျားလျား အရှက်ရလိမ့်မည်
ဖြစ်သည်။
နောက်တစ်ခုကမူ ခွင့်လွှတ်ပေးနိုင်သည်။ ၎င်းသည် သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခုဖြစ်သည်။
ရှဲ့ဖင်းဟွိုက်သည် အလွန်ပင် မတရားသဖြင့်ခံစားလိုက်ရသည်။
အဲ့တာ တကယ့်ကို အခိုးခံခဲ့ရတာ!
" ချူကျန်းက အဲ့ဒီဟာကို ဘယ်ကနေရလာခဲ့တာလဲ…?" ရှဲ့ဖင်းဟွိုက်မှာ နောက်ဆုံးတော့ ယုတ္တိရှိသည့် အရာတစ်ခု မေးလိုက်ပြီဖြစ်၏။
ကျောက်ရွှမ်ကျင်းမှာ အကျင့်သိက္ခာလျော့တိလျော့ရဲဆန်သူတစ်ဦးဟု ယူဆနိုင်လေသည်။ သူသည် ဆရာ
ရှောင်းပြောခဲ့သည့် အရာများအား တစ်ခုမှမလွတ်စေဘဲ အသေးစိတ်အား ရှဲ့ချောင်ကိုသာ ကောင်းကောင်းမွန်မွန် ပိုပြောပြခဲ့သည်။
ရှဲ့ချောင်သည်တော့ အံ့ဩနေခြင်းမရှိခဲ့ချေ။
သူမ အရင်က ဖေဝမ်ယွဲ့ကို သံသယဝင်ခဲ့ဖူး၏။ သို့သော် သူမသည် သံသယဝင်ခဲ့ရုံမျှသာဖြစ်သည်။ သူမတွင် သက်သေအထောက်အထားတစ်ခုမှ မရှိသလို၊ ထိုသူသည် စိတ်တိုစရာကောင်းနေလျှင်တောင်မှ ထိုသူ့ကို သူခိုးတစ်ယောက်အဖြစ် မစွပ်စွဲချင်ခဲ့ပေ။
အခြားတစ်ဖက်တွက်လည်း ရှဲ့ဖင်းဟွိုက်မှာ ဆွံ့အသွားခဲ့ရသည်။
" အဲ့တာ ဒုတိယအစ်မလား!?" ရှဲ့ဖင်းဟွိုက်သည် တုန်လှုပ်စွာနှင့် ပြောလိုက်၏။ သူစိတ်တိုရလွန်း၍ ရူး
တော့မလိုပင် ဖြစ်နေလေပြီ။ " အဲ့ဒီ ဖေဝမ်ယွဲ့က ရူးနေတာလား? သူ ကျွန်တော့်ကို ပြောတောင်မပြောခဲ့ဘူး ၊သူ ခိုးခဲ့…ကျွန်တော့်ကျောက်စိမ်းကို ရှာတွေ့ခဲ့တယ်ဆိုတာ။
ဒါတင်မကဘူး၊ သူက အဲ့ဒီဟာကို အပြင်လူတစ်ယောက်ကိုတောင် ပေးခဲ့သေးတယ်!"
သူ အိမ်ပြန်ချင်နေလေပြီ…တစ်စုံတစ်ယောက်အား သတ်ရန်အတွက်!
••••••••