← Chapters

ကျိုးကြောင်းမသင့်သော

Vol. 9 Ch. 160

ကျိုးကြောင်းမသင့်သော

Vol. 9 Ch. 160

ရှဲ့ဖင်းဟွိုက်၏ မျက်လုံးထဲတွင် မီးတောက်လောင်နေပြီဖြစ်လေသည်။ သူ ပြင်းထန်စွာ ဒေါသထွက်နေခဲ့၏!

မိသားစုဝင်တစ်ယောက်ယောက်က ကျောက်စိမ်းကို

သေချာပေါက်ခိုးခဲ့ခြင်းဆိုသည်အား သူ သိထားလေသည်။ သို့သော်လည်း သူ မည်သို့ပင်တွေးတွေး၊ သံသယဝင်စရာကောင်းသည့် အစေခံများကိုသာ စဉ်းစားမိခဲ့သည်!

ဖေဝမ်ယွဲ့ဖြစ်နေလိမ့်မည်လို့တော့ သူ တကယ့်ကို တစ်ခါမှ တွေးမကြည့်ခဲ့ဖူးချေ!

သူ ဒုတိယအစ်မလို့ခေါ်တဲ့လူက သူ့မောင်ရဲ့ ပစ္စည်းကို အရှက်မရှိခိုးတယ်တဲ့လား!? သူက ဘာတစ်ခုမှမပြောခဲ့တဲ့အပြင် သူ အရိုက်ခံနေရတာကိုတောင် ကြည့်နေခဲ့သေးတာလေ!?

ရှဲ့ဖင်းဟွိုက်မှာ ဒေါသအမျက်ထွက်သွားခဲ့ရုံသာမဟုတ်၊ စိတ်လည်းပျက်သွားခဲ့ရသည်!

သူသည် ယခု ဒေါသထွက်နေကာ၊ နုံအသည့်လူတစ်ယောက်သည်ပင် ရှဲ့မိသားစု ပျောက်သွားခဲ့သည့်

ကျောက်စိမ်းမှာ သာမန်ထက်ထူးကဲကြောင်းကို ပြောနိုင်လေသည်။ ရှဲ့ချောင်သည် ခေါင်းကို အနည်းငယ် ငုံ့ထားကာ သူမနှာခေါင်းကိုသာ ကုတ်ခြစ်နေခဲ့လေသည်။ သူမဘေးတွင်ရှိနေသော စဉ်းစားဉာဏ်မရှိသည့် မောင်ဖြစ်သူအား မမြင်ချင်ယောင်သာ ဆောင်ထားလေသည်။

ရှဲ့ဖင်းဟွိုက် စိတ်ဆိုးဒေါသထွက်နေသည်ကို ကြည့်ကာ ရှဲ့အိမ်တော်၌ မကြာမီ ပရမ်းပတာအခြေအနေတစ်ခု အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာတော့မည်ဟု ကျောက်ရွှမ်ကျင်း ခန့်မှန်းလိုက်၏။

ကံမကောင်းစွာနှင့်ပင် သူ စောင့်ကြည့်နိုင်လိမ့်မည်မဟုတ်ချေ။ သူ အတော်လေး စိတ်ပျက်မိသွားခဲ့၏။

ကျောက်ရွှမ်ကျင်းမှာ ရှဲ့ဖင်းဟွိုက်တစ်ယောက် မည်မျှဒေါသထွက်နေသနည်းဆိုသည်ကိုကြည့်ကာ သူ့ကို ဆက်မနေခိုင်းသင့်တော့ဟု တွေးမိလိုက်လေသည်။ သူ ပြုံးကာ ပြောလိုက်၏။ " မင်းက ငယ်လည်းငယ်ပြီးတော့ ကမူးရူးထိုးလုပ်တတ်တယ်။ မင်း

ရဲ့ ဒေါသကြောင့် မင်းကိုယ်မင်း ထိခိုက်စေမယ်ဆိုရင် မကောင်းဘူး။ ငါ့ဘက်ကတော့ ဘာမှပြောစရာမရှိတော့ဘူး။ ဒုတိယသခင်လေးရှဲ့၊ ပြန်လို့ရပါပြီ "

ရှဲ့ဖင်းဟွိုက် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ဤသည်မှာ မှန်ပေသည်။ သူ ဆက်မနေချင်ခဲ့။ သူ အိမ်ကိုပြန်ချင်သည်…

ကုလန်ကျောင်းတော်မှ တစ်စုံတစ်ယောက်အားခေါ်ရန် အထိန်းတော်တစ်ယောက်ကို သူစေလွှတ်ချင်နေခဲ့သည်!

ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းအား မရေရာစွာနှင့် ကြည့်လိုက်၏။ အိမ်ရှေ့စံမင်းသားသည် ရှဲ့ဖင်းဟွိုက် ဆောင်ကြာမြိုင်သို့ သွားရောက်လည်ပတ်သည့်အကြောင်းကို ကြားခဲ့သလားဆိုသည်ကို သူမ သံသယဖြစ်မိသည်။ သို့သော်လည်း ရှဲ့ဖင်းဟွိုက်

သည်တော့ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်အား သဘောပေါက်ရန် ကျရှုံးခဲ့လေသည်!

ဒီအရူး!

ရှဲ့ဖင်းဟွိုက်သည်တော့ တန်းပြီး လှည့်ထွက်သွားကာ ခြေနှစ်လှမ်းမျှ လျှောက်သွားခဲ့လေသည်။ သူ၏ ခေါင်းကိုလှည့်ကာ လျှောက်လာခဲ့စဉ် ရှဲ့ချောင်သည် ထိုနေရာတွင်သာ ရပ်နေခဲ့ဆဲဖြစ်ကြောင်း ချက်ချင်း သတိရသွားလေ၏။ သူသည် သူမ၏ အင်္ကျီလက်ကိုဆွဲကာ အဝေးသို့ လျှောက်သွားခဲ့လေသည်။

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်များ လှုပ်သွားခဲ့လေ၏။

သူသည် သူ၏ခြံဝင်းအကြောင်းကို အမတအရှင်နှင့် ပြောချင်နေခဲ့ခြင်းဖြစ်သည်…

ရှဲ့ဖင်းဟွိုက်အတွက် ရှဲ့ချောင်အား ကျောင်းတော်၏ အပြင်ဘက်သို့ ဆွဲခေါ်ထုတ်သွားရန်မှာ သိပ်ပြီးမကြာလိုက်ချေ။

" အကြီးဆုံးအစ်မ၊ အစ်မ ကျွန်တော့်အတွက် တိုက်ခိုက်ပေးရမယ်! ကျွန်တော် ဒီတစ်ခေါက် ကြီးကြီးမားမားကို မတရားခံလိုက်ရတာ။ အစ်ကိုကြီး ရိုက်တာကိုခံခဲ့ရတဲ့အပြင်၊ ဆရာရှောင်းရဲ့ ခြံဝင်းမှာ ဒူးထောက်ပြီး ကိုယ့်အရှက်ကို ခွဲခဲ့ရတယ်။ သူက ကျွန်တော့်ကို စာအုပ်ကူးရေးဖို့ အပြစ်တောင်ပေးခဲ့သေးတယ်!"

" ငါ မင်းကို တခြားသူတစ်ယောက်အပေါ် အပြစ်အားလုံးမပုံချဖို့ အကြံပေးချင်တယ်" ရှဲ့ချောင်သည် ပြုံးရင်း ပြောလိုက်၏။

" ဒါပေမယ့် အဲ့ဒါက ဖေ့ဝမ်ယွဲ့ရဲ့ အမှားလေ။ မဟုတ်

လို့လား!? " ရှဲ့ဖင်းဟွိုက်မှာ ဒေါသထွက်နေလေ၏။

" ဒါက အမှန်တရားပဲ။ ဒါပေမယ့် ငါ မင်းကို အကြံပေးချင်တာက အစ်ကိုကြီးရှေ့မှာ ကောင်းကောင်းပြုမူပါ၊ မဟုတ်ရင် မင်းပဲ နောက်ထပ်အရိုက်ခံရမှာ " သူမသည် ဒီကလေးဟာ နုံအလွန်းသည်ဟု တွေးမိသောကြောင့် ထပ်ဖြည့်ပြောလိုက်သည်။ " အဲ့ဒါကို မင်းရဲ့ ခြံဝင်းထဲမှာ ပျောက်ခဲ့တာ၊ ဟုတ်တယ်မလား? မင်းက ယောကျာ်းသားတစ်ယောက်ဖြစ်ပြီးတော့ သူက မိန်းမပျိုတစ်ယောက်။ ငါတို့တွေ မအိပ်ခင်ကအထိ ကျောက်စိမ်းက ရှိနေခဲ့ပြီးတော့ မနက်ရောက်တော့ မရှိတော့ဘူး။ ပထမဆုံးအနေနဲ့ မင်း ဒီအကြောင်းကို အပြင်လူတွေကို မပြောသင့်ဘူး။ ဒုတိယအချက်က မင်းကအရွယ်ရောက်ပြီးနေတာတောင် ကိုယ့်ရဲ့ခြံဝင်းကို ကိုယ်တိုင် မစောင့်ကြပ်နိုင်ဘူး။ မင်းက အိပ်နေတုန်းမှာ မင်းရဲ့အစောင့်ကိုလျှော့ချခဲ့ပြီးတော့ အကူညီမဲ့တဲ့ သခင်မလေးတစ်ယောက်ကို မင်းရဲ့ပစ္စည်း ခိုးယူဖို့ ခွင့်ပြုခဲ့တယ်…"

ရှဲ့ဖင်းဟွိုက်မှာ ဤအချက်ကို နားထောင်လိုက်ရသောအခါ အေးစက်မှုတစ်ခုအား ခံစားသွားခဲ့ရသည်။

ဒါမှန်တယ်…

သူဘာလို့ ဒီအကြောင်းကို မတွေးခဲ့ရတာလဲ!?

သူ၏ အစ်ကိုကြီးမှာ ကျိုးကြောင်းသင့်သူတစ်ယောက်မဟုတ်ချေ။ ဖေဝမ်ယွဲ့အပြစ်ရှိသည်ကို သူသိလျှင်ပင် သူသည် ရှဲ့ဖင်းဟွိုက်ကိုလည်း အပြစ်ဖို့လိမ့်မည် ဖြစ်သည်။ နောက်ပြီး…သူ့ရဲ့အစ်ကိုကြီးမှာ သူနှင့်ပတ်သက်လာလျှင် ကြမ်းကြုတ်ခက်ထန်ပေသည်!

ရှဲ့ဖင်းဟွိုက်သည် သူရဲ့အစ်မကြီးမှာ တော်တော်များများကို သိသည်ဟု ရုတ်တရက် တွေးမိသွား၏။ သူသည် ရှဲ့ချောင်အား ချက်ချင်းပင် အကူညီတောင်းခံ

နေသကဲ့သို့ ကြည့်လိုက်၏။ " အကြီးဆုံးအစ်မ၊ ကျွန်တော် ဘာလုပ်ရမလဲ? ကျွန်တော်သာ အမှားကို ဝန်ခံလိုက်ရင် အစ်ကိုကြီးက မရိုက်လောက်ပါဘူး၊ ဟုတ်တယ်မလား?"

" ငါက သူ့ဗိုက်ထဲက သန်ကောင်တစ်ကောင်မှမဟုတ်ပဲ။ သူ့ကို ဘယ်လိုတောင်းပန်ရမလဲဆိုတာကို မင်းပဲစဉ်းစားရမှာလေ။ ငါက မင်းကို ဟင်းပန်ကန်တောင် ယူလာပေးပြီးပြီ၊ မင်းက ငါ့ကို ခွံပါကျွေးစေချင်နေတာလား?" ရှဲ့ချောင် သူ့အား မျက်ဆံလှန်ပြလိုက်လေတော့သည်။

' သူက သူရဲ့ ဦးနှောက်ကို ဘယ်လိုသုံးရမလဲဆိုတာ မသိမှတော့ သူ ဘာလို့ အဲ့တာကို လိုနေဦးမှာလဲ?'

ရှဲ့ဖင်းဟွိုက်သည် တအီအီနှင့်ညည်းညူနေခဲ့လေတော့သည်။

ဤသည်မှာ သူ၏ဘဝကို မည်ကဲ့သို့ နေထိုင်

ဖြတ်သန်းခဲ့သနည်းဆိုတာပင်။ သူ ဘယ်တုန်းကမှ ဦးနှောက်မသုံးခဲ့ဖူးပေ…

ရှဲ့ဖင်းဟွိုက်သည် အိမ်ကိုချက်ချင်း ပြန်သွားခဲ့ပြီး၊ ရောက်ရောက်ချင်း ယွမ်ရုန့်အား အော်ခေါ်လိုက်တော့သည်။ " ကုလန်ကျောင်းတော်ကို သွားပြီး ဖေဝမ်ယွဲ့ကို အိမ်ကိုခေါ်လာခဲ့!"

•••••••

All Chapters