သူ ဘယ်လိုတောင် လုပ်နိုင်ရတာလဲ?
Vol. 10 Ch. 161
ယွမ်ရုန်သည် ရှဲ့ဖင်းဟွိုက်ပြောသည်အား ချက်ချင်းမလုပ်ခဲ့ချေ။ ဤကိစ္စကို လုသခင်မဆီသို့ တင်ပြရန် အရင်ဦးဆုံး သွားခဲ့လေသည်။
ဤသည်မှာ ထူးဆန်းသည်ဟု လုသခင်မ တွေးလိုက်မိ၏။
ရှဲ့ဖင်းဟွိုက် မနက်က ထွက်သွားတုန်းကတောင် ဖေဝမ်ယွဲ့ကို ဒုတိယအစ်မလို့ ခေါ်နေခဲ့သေးတာကို အခု ဘာလို့ သူ့ရဲ့နာမည် အပြည့်အစုံကို ခေါ်နေရတာလဲ?
ထိုအခိုက်အတန့်တွင် သူမသမီးအတွက် စိတ်မကောင်းဖြစ်သွားမိခဲ့သည်။ သူမသည် ဤမိသားစုသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော်လည်း သူမ၏ မျိုးရိုးနာမည်မှာ ကွဲပြားနေဆဲဖြစ်၏။ ဤမိသားစုမှ ကလေးများသည် ၎င်းတို့စိတ်အလိုမကျသည့်အခါတိုင်း
သူမကို မာရေကျောရေနှင့် ပြောဆိုကြလေသည်။
ယွဲ့အာ စိတ်တိုနေသည်မှာ အံ့ဩစရာမရှိတော့ချေ။
လုသခင်မသည် တွေးဆကာပြောလိုက်၏။ " ကျောင်းက နောက်နာရီနည်းနည်းလောက်ဆိုရင် ပြီးတော့မှာ။ ယွဲ့အာ အိမ်ပြန်လာတဲ့အထိ စောင့်ကြတာပေါ့။ အင်း တစ်ယောက်ယောက်ကို ဈေးသွားပြီး ပုရစ်တစ်စုံဝယ်ဖို့ ခိုင်းလိုက်။ အဲ့ဒါက သူ အကြိုက်ဆုံးကစားနည်းပဲ။ သူ မပျော်ဘူးဆိုရင် အချိန်ကုန်ဖို့အတွက် သူတို့နဲ့ကစားလို့ရတာပေါ့ "
ယွဲ့အာအပေါ် စိတ်ထွက်ပေါက်ရှာရသည်အထိ ရှဲ့ဖင်းဟွိုက် ဘာဖြစ်ခဲ့သနည်းဆိုသည်ကို သူမ သိချင်သွားသည်။
လုသခင်မ စိတ်မကောင်းဖြစ်စွာနှင့် သူမဗိုက်ကို ပွတ်သပ်လိုက်သည်။ သူမသာ သားဖြစ်စေ၊ သမီးဖြစ်စေ
ကိစ္စမရှိပဲ ကလေးတစ်ယောက်မွေးနိုင်ခဲ့လျှင် သူမ မိသားစုထဲတွင် ပြောရေးဆိုခွင့်များရှိနိုင်လေမည်လား…
ရှဲ့ဖင်းဟွိုက်သည် အထိန်းတော်မှ ဖေဝမ်ယွဲ့အား အိမ်သို့ပြန်ခေါ်လာရန်သွားပြီဟု ထင်ခဲ့သည်။ သို့သော် အချိန်အတော်ကြာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်မှ သူ၏ခြံဝင်းဆီသို့ ပုရစ်တစ်စုံ ပို့ဆောင်လာခဲ့လေသည်။
ပုရစ်များအား တွေ့လိုက်ရသည့်အခါ သူ့မျက်လုံးများ ဝင်းလက်သွားခဲ့သည်။
သူ့အစ်မကြီးသည် သူနှင့်ဝေးကွာနေခဲ့သည့် ပျော်စရာကောင်းသည့်အရာများကိုပင် ယူလာပေးခဲ့သည်။
အံ့ဩစရာကောင်းစွာပင် နောက်တစ်ခဏအတွင်း၌
တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရှဲ့ဖင်းဟွိုက် ခန့်မှန်းမိသွားခဲ့လေသည်။ " မင်းကို ဘယ်သူက ပုရစ်ဝယ်ခိုင်းတာလဲ? ဖေဝမ်ယွဲ့ ဘယ်မှာလဲ? သူ အခုထိ အိမ်ပြန်မရောက်သေးဘူးလား!?"
" အိမ်တော်ထိန်းယွမ်က ဒုတိယသခင်မလေး နောက်နှစ်နာရီလောက်နေရင် အိမ်ပြန်ရောက်ပါလိမ့်မယ်လို့ ပြောပါတယ်" အစေခံက ရိုးရိုးသားသား ဖြေလိုက်၏။
" နှစ်နာရီ!? " ရှဲ့ဖင်းဟွိုက် ခြေဆောင့်လိုက်သည်။ " ကျောင်းက ဘယ်လိုပဲဖြစ်ဖြစ် နောက်နှစ်နာရီနေရင် ပြီးမှာမဟုတ်ဘူးလား? ယွမ်ရုန်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ? သူက သူ့ကိုအိမ်ပြန်ခေါ်ဖို့ တစ်ယောက်ကိုမှ မခိုင်းဘဲ ငါ့ကို အရူးတစ်ယောက်လိုမျိုး ဒီမှာ စောင့်ခိုင်းထားတာလား!? ”
" ဒါက သခင်မရဲ့ အမိန့်မလို့ပါ" အစေခံက ချက်ချင်းပြောလိုက်သည်။
ထိုသို့ကြားလိုက်ရသည့်အခါ ရှဲ့ဖင်းဟွိုက်မှာ ရှက်ရွံ့နေသည့် ငုံးတစ်ကောင်နှယ် ပြောင်းသွားလေတော့သည်။
သူ စိတ်တိုသွားခဲ့သော်လည်း ဘာပြောရမှန်း မသိတော့ချေ။
သူ့ခန္ဓာကိုယ်ထဲတွင် ဒေါသများ ပွက်ပွက်ဆူနေလေပြီဖြစ်သည်။ ဤသည်မှာ အလွန် စိတ်တိုဖွယ်ကောင်းလေ၏။
နှစ်နာရီမျှသာဖြစ်သောကြောင့် သည်းခံရုံသာဟု သူတွေးလိုက်သည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ သူ ပိုပိုပြီး ဒေါသထွက်လာရလေသည်။
သူ ထိုအကြောင်းကို သေချာစဉ်းစားကြည့်လိုက်၏။ ဖေဝမ်ယွဲ့သည် ယခင်က ကျောက်စိမ်းဖြူအကြောင်းကို ပြောခဲ့ဖူးပြီး သူမကို ပေးရန် သူ့ကို တောင်းဆိုခဲ့သေးသည်။ သူ ထိုကဲ့သို့လုပ်လျှင် သူ့အစ်ကိုကြီးက သူ့ကို သေချာပေါက်သတ်မည်ဖြစ်ကြောင်း ဖေဝမ်ယွဲ့ကို သတိပေးခဲ့ဖူးလေသည်။
သူ ရှင်းရှင်းလင်းလင်းပြောခဲ့သည်ကိုတောင် ဖေဝမ်ယွဲ့က အလေးအနက်မထားခဲ့လိမ့်မယ်လို့တော့ သူတစ်ခါမှ မတွေးခဲ့ဖူးပေ!
သူမမှ သူသည် သူမ၏သွေးရင်းမောင်လေးဖြစ်ကြောင်းကိုပင် ပြောနေခဲ့လေသည်။ ဒါဆို ဒါက သူ့ရဲ့သွေးရင်းမောင်လေးကို လုပ်တဲ့ လုပ်ရပ်တဲ့လား?
သူမ သူ့ကို အကြိမ်ရေအနည်းငယ်လခန့်ရိုက်ကာ ဆူလျှင်ပင် သည်းခံနိုင်သေးသည်။ အနည်းဆုံးတော့ ထိုသည်မှာ လူသိရှင်ကြား ပြီးသွားခဲ့မည်ဖြစ်သည်!
သို့သော် သူမက ဤကဲ့သို့အခြင်းအရာအား လျှို့ဝှက်စွာလုပ်ခဲ့လေသည်…
ရှဲ့ဖင်းဟွိုက် ဒေါသအမျက်ခြောင်းခြောင်းထွက်လေပြီဖြစ်၏။
အဆုံးတွင်တော့ ရှဲ့ဖင်းဟွိုက် စောင့်နေစဉ် ဖေဝမ်ယွဲ့ပြန်ရောက်လာခဲ့သည်။ သူ တန်းပြီး တဟုန်ထိုးပြေးသွားခဲ့လေသည်။
ဖေဝမ်ယွဲ့ အိမ်ထဲသို့ပင် မဝင်ရသေးခင်တွင် ရှဲ့ဖင်းဟွိုက် တားလိုက်၏။ " ငါ့ရဲ့ ကျောက်စိမ်းကို အခြားတစ်ယောက်ကို ပေးရလောက်တဲ့အထိ ခင်ဗျားဘယ်လိုတောင် အရှက်မဲ့ရတာလဲ!?"
ဖေဝမ်ယွဲ့၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားလေတော့သည်။
တိုက်ဆိုင်စွာပင် ရှဲ့နျိုရှန်းသည်လည်း အိမ်ပြန်ရောက်လာခဲ့လေ၏။
သူသည် ထိုစကားကို ကြားလိုက်ရသည်နှင့် သဘောပေါက်သွားခဲ့ပြီး အစေခံများကို ချက်ချင်းထွက်သွားခိုင်းလိုက်လေသည်။
" အဖေ၊ ကျွန်တော် ဒီအစ်မကို မလိုချင်ဘူး! သူက ဘယ်လိုအစ်မမျိုးလဲ? ကျွန်တော် သူ့ကို ကျောက်စိမ်း ပေးလို့မရဘူးဆိုပြီး ပြောခဲ့တယ်။ သူ အဲ့ဒါကို ခိုးခဲ့တယ်ဆိုတာကို ကျွန်တော် ယုံတောင်မယုံနိုင်ဘူး။ သူ ညလယ်ခေါင်ကြီး ကျွန်တော့်ရဲ့ အခန်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့ဝာာ။ သူ ဒါကို ဘယ်လိုတောင် လုပ်နိုင်ရတာလဲ!? " ရှဲ့ဖင်းဟွိုက် အော်ဟစ်ပြောဆိုလိုက်သည်။
ဖေဝမ်ယွဲ့မှာ မအီမသာခံစားလိုက်ရပြီး ချက်ချင်းပင်
မျက်ရည်များ စီးကျလာတော့၏။
“ အဖေ…မောင်လေးဘာတွေပြောနေလဲဆိုတာ သမီး မသိပါဘူး..."
ရှဲ့နျိုရှန်းသည် ရှဲ့ဖင်းဟွိုက်အား ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။ "အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ မင်းမှာ သက်သေရှိလို့လား?"
" ဘာလို့မရှိရမှာလဲဗျ? ဒီနေ့ လူတစ်ယောက်က တပည့်အဖြစ်လျှောက်ထားဖို့အတွက် ကျောက်စိမ်းကို ယူလာခဲ့တာ! အဲ့ဒီကျောက်စိမ်းကို အကြီးဆုံးအစ်မနဲ့ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ! " ရှဲ့ဖင်းဟွိုက် သူ့အင်္ကျီလက်အား လိပ်တင်ကာ ရုတ်တရက် အားယူလိုက်၏။ သူသည် ဖေဝမ်ယွဲ့အား ကန်ရန် ခြေထောက်ကို မြှောက်လိုက်လေသည်။
သူသည် လူရမ်းကားတစ်ယောက်ဖြစ်သောကြောင့် သူ၏ကန်ချက်မှာ အတော်လေး ကြမ်းတမ်းပေ
သည်။
ရှဲ့နျိုရှန်းသည် အလျင်အမြန် တုံ့ပြန်လိုက်ကာ သူ့အား ချက်ချင်းတားလိုက်၏။ " ကလေကချေကောင်! မင်းကို ဘယ်သူက မိန်းမတစ်ယောက်ကို ရိုက်ဖို့ သင်ပေးထားလို့လဲ!? "
••••••••