← Chapters

ခွင့်လွှတ်နိုင်လောက်သော

Vol. 10 Ch. 162

ခွင့်လွှတ်နိုင်လောက်သော

Vol. 10 Ch. 162

ဖေဝမ်ယွဲ့မှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဆွံ့အသွားခဲ့လေသည်။ သူမ ရှဲ့အိမ်တော်သို့ ဝင်ရောက်ခဲ့ကတည်းက သူမအပေါ် အကြင်နာဆုံးသူကို ပြောရမည်ဆိုလျှင်… ဦးလေးရှဲ့အား ဖယ်လိုက်ပါက ရှဲ့ဖင်းဟွိုက်သာ ဖြစ်လိမ့်မည်။

ဒါပေမယ့် သူက သူမကို ဒါအတွက်ကြောင့် ရိုက်ချင်တာလား!?

" တစ်ယောက်ယောက်က တပည့်အဖြစ်ခံယူဖို့ ကျောက်စိမ်းကိုသုံးခဲ့တာက ဘယ်လိုလုပ် သမီးအမှား ဖြစ်ရတာလဲ? မောင်လေးက အစ်မကြီးဆီက တစ်ခုခုကို ကြားခဲ့လို့များလား? သမီးက ဂုဏ်သရေရှိမိသားစုကနေ လာခဲ့တာ မဟုတ်ပေမယ့် ဖေအိမ်တော်မှာတုန်းက လောကဝတ်ယဉ်ကျေးမှုတွေကို သင်ခဲ့ရပါတယ်။ အခု မောင်လေးက သမီးကို သူခိုးဆိုပြီး စွပ်စွဲနေတာ။ သမီး ဒီအိမ်မှာ ဆက်ပြီး မနေနိုင်တော့ဘူး!" ဖေဝမ်ယွဲ့မှာ ချက်ချင်းပင် ငိုချင်းချလေတော့သည်။

ရှဲ့နျိုရှန်း အကြောက်ဆုံးအရာမှာ မိန်းမများငိုခြင်းဖြစ်၏။

ငိုရှိုက်နေသံကို ကြားနေရခြင်းကြောင့် သူရဲ့ ခေါင်းမှာကွဲထွက်တော့မည်ဖြစ်သည်။

" ငိုနေလို့ ဘာအသုံးဝင်မှာလဲ? သူ မင်းကိုရိုက်ရင် မင်းလည်း သူ့ကို ပြန်မရိုက်သင့်ဘူးလား? ဒါက သေးသေးမွှားမွှားကိစ္စလေးတစ်ခုပဲလေ။ မင်း ချောင်အာ့ဆီကနေ သင်ယူထားသင့်တယ်။ သူက ဒီငဆိုးကောင်ကို သင်ခန်းစာပေးတဲ့ အချိန်ဆိုရင် ရက်စက်ပြီးအညှာအတာမဲ့တယ် " ရှဲ့နျိုရှန်း ခေါင်းကုတ်လိုက်သည်။ " ငိုတာရပ်တော့။ ကြည့်လေ၊ သူ့မှာ သက်သေမှ မရှိပဲ။ ငါလည်း အဲ့ဒါကို မင်းယူခဲ့တာလို့ မပြောပါဘူး"

ရှဲ့ဖင်းဟွိုက်မှာ သုံးလှမ်းခန့် တွန်းထုတ်ခံလိုက်ရပြီးနောက် ထလာခဲ့လေသည်။

ဖေဝမ်ယွဲ့ငိုနေသည်အား ကြည့်ကာ သူ သည်းမခံနိုင်ဖြစ်လာလေသည်။

သူ၏အကြီးဆုံးအစ်မသည်လည်း အားနည်း

သည်ပင်၊ သို့သော်လည်း သူမက ငိုခဲသည်။ သူမ ငိုနေခဲ့ပုံပေါ်နေလျှင်ပင် ဖေဝမ်ယွဲ့ထက်ပို၍ နှစ်လိုဖွယ်ကောင်းလိမ့်မည်ဖြစ်သည်!

ထို့အပြင် သူ၏အကြီးဆုံးအစ်မသည် စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းသော်လည်း အနည်းဆုံးတော့ သူမသည် ဘာတစ်ခုမှ ခိုးကြောင်ခိုးဝှက်မလုပ်တတ်ချေ။

ဒါပေမယ့် ဖေဝမ်ယွဲ့ကို ကြည့်ပါဦး!

ရှဲ့ချောင်သည် သူမအိမ်သို့ ပြန်ရာလမ်းတွင် သူမ၏ အစ်ကိုကြီးနှင့် မထင်မှတ်ပဲဆုံခဲ့လေသည်။

သူတို့နှစ်ယောက် အိမ်ထဲသို့ အတူတကွဝင်လာခဲ့ကြပြီး အခြေအနေတင်းမာနေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရသည်။

ရှဲ့ချောင်သည် ဘာဖြစ်နေသနည်းဆိုသည်အား သိသောကြောင့် သက်ပြင်းသာချလိုက်လေသည်။ ရှဲ့ဖင်းကန်းမှာ စိတ်ရှုပ်ထွေးစွာနှင့် မျက်မှောင်ကြုံ့လိုက်၏။ သူ လျှောက်သွားလိုက်ပြီး ရှဲ့ဖင်းဟွိုက်နှင့် ဖေဝမ်ယွဲ့တို့အား ကြည့်လိုက်လေသည်။ သူ ချက်ချင်းတော့ မဆူပူခဲ့ချေ။ ဘေးမှသာ ကြည့်ရုံကြည့်နေခဲ့လေသည်။

" အကြီးဆုံးအစ်မ၊ အစ်မဒီကိုရောက်လာတာ အရမ်းကောင်းတယ်။ အဖေ့ကိုပြောပြလိုက်၊ အစ်မဒီနေ့ ကျွန်တော်ရဲ့ကျောက်စိမ်းကို တွေ့ခဲ့တယ်မလား!?" ရှဲ့ဖင်းဟွိုက်မှာ အလွန်ဒေါသထွက်နေခဲ့ရာ သူ၏ဖော်ပြရှင်းလင်းချက်များမှာ မရှင်းမလင်းဖြစ်နေခဲ့လေသည်။

ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ " ဒါအမှန်ပဲ၊ အဖေ။ အိမ်ရှေ့စံမင်းသားပေးခဲ့တဲ့ ကျောက်စိမ်းက ကျန်တဲ့ဟာတွေနဲ့ မတူဘဲ နည်းနည်းလေး ကွဲပြားတယ်။ အဲ့ဒါက တကယ့်ကို သမီး အနိုင်ရခဲ့တဲ့ ကျောက်စိမ်း

ပိုင်းတစ်ခုပဲ"

ရှဲ့နျိုရှန်း အံ့ဩသွားခဲ့သည်။ "အဲ့ဒီဟာက ဖေဝမ်ယွဲ့နဲ့ ဘာဆိုင်လို့လဲ? "

" တပည့်အဖြစ်ခံယူဖို့ လျှောက်ထားခဲ့တဲ့ အဲ့ဒီလူက ကျောက်စိမ်းက ဘယ်လောက်တောင် ထူးခြားနေတာလဲဆိုတာကိုသိပြီး လူတွေက သူညစ်ညမ်းတဲ့နည်းလမ်းနဲ့ အဲ့ဒါကို ရခဲ့တယ်ဆိုပြီး သံသယဖြစ်မှာကို စိုးရိမ်ခဲ့တာ။ သူ အမှန်တရားကို ပြောခဲ့တယ်၊ ကုလန်ကျောင်းတော်က ဖေသခင်မလေးက ကျောက်စိမ်းကို လက်ဆောင်ပေးခဲ့တာလို့ ပြောတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က တော်ဝင်ကျောင်းတော်ရဲ့ ထောက်ခံချက်နဲ့ အလဲအလှယ်လုပ်ဖို့ပဲ " ရှဲ့ချောင် ပြောလိုက်သည်။ " ဒီအကြောင်းကို သမီး မေးခဲ့တာမဟုတ်ဘူး။ ဒါကို စုံစမ်းသိရှိခဲ့တဲ့သူက ဆရာရှောင်းပါ။ ဆရာရှောင်းက အိမ်ရှေ့စံမင်းသား စိတ်ဆိုးမှာကို စိုးရိမ်ပြီး အိမ်ရှေ့စံတစ်ယောက်တည်းကိုပဲ ပြောခဲ့တာပါ "

ရှဲ့နျိုရှန်းမှာ အံ့ဩလွန်း၍ စကားမပြောနိုင်တော့ပေ။ သူ ခေါင်းကိုလှည့်ကာ ဖေဝမ်ယွဲ့အား မယုံကြည်နိုင်စွာနှင့် ကြည့်လိုက်လေသည်။

ရှဲ့ဖင်းကန်းသည်လည်း စိတ်မချမ်းမသာဖြစ်ကာ မျက်မှောင်ကြုံ့လိုက်သည်။

ရှဲ့ဖင်းဟွိုက် ခေါင်းညိတ်လိုက်သည်။ " အရင်က သူ့ကို ကျောက်စိမ်းပေးဖို့ ကျွန်တော့်ဆီ တောင်းခဲ့ဖူးပေမယ့် ကျွန်တော်မပေးခဲ့ဘူး။ သူ ခိုးခဲ့တယ်ဆိုတာ ကျွန်တော် ယုံကိုမယုံနိုင်ဘူး!"

" အစ်ကိုကြီး၊ ဒါ ကျွန်တော့်အပြစ်ပါ။ အခုအချိန်ကစပြီး အရေးကြီးတဲ့ ပစ္စည်းတွေကို ကျွန်တော်နဲ့ အတူ တစ်ချိန်လုံး သယ်သွားပါ့မယ်။ အခု ကျွန်တော် ဘာတစ်ခုကိုမှ ပျောက်မှာ မဟုတ်တော့ပါဘူး…" ထိုရုတ်တရက်ထွက်ပေါ်လာသည့်စကားအား ပြောနေသည့်အချိန်တွင် ရှဲ့ဖင်းဟွိုက်၏ အသံမှာ ချက်ချင်း

ပြောင်းလဲသွားခဲ့၏။ သူသည် ထိုစကားအား အလွန်ဂရုစိုက်ကာ ကျိုးကျိုးနွံနွံနှင့် ပြောဆိုနေခဲ့လေသည်။

ရှဲ့ဖင်းကန်းမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ကြက်သီးမွေးညှင်းများ ထသွားခဲ့ရတော့သည်။

ဒါက သူ့ညီ မဟုတ်ဘူး။

သူ့ရဲ့ အမှားကို ရုတ်တရက်ကြီး ထဝန်ခံတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? တစ်ခုခုတော့ မှားနေပြီ…

ရှဲ့ဖင်းကန်း ရှဲ့ချောင်အား တစ်ချက်ဝေ့ကြည့်လိုက်၏။ သူမ၏ မျက်နှာအမူအရာ တင်းမာနေသည်ကိုကြည့်ကာ ရှဲ့ဖင်းဟွိုက်အား ဤကဲ့သို့သင်ထားပေးသည်မှာ သူမ ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်သည်။ သို့သော်လည်း ထိုအရူးလေးမှာ သူ၏တောင်းပန်မှုတွင် လုံလုံလောက်လောက် စိတ်ရင်းအမှန်ပါမနေခဲ့ချေ။ သူက ဒါကို သူ့အတွက်

ခွင့်လွှတ်ပေးဖို့ လုံလောက်ပြီလို့ ထင်နေတာလား?

လောလောဆယ်တွင် ဖေဝမ်ယွဲ့၏ မျက်နှာမှာတော့ ဖြူဖျော့နေလေပြီဖြစ်၏။

လုသခင်မသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသံများကို ကြားပြီးနောက် လာခဲ့ခြင်းဖြစ်ပြီး ဖေဝမ်ယွဲ့သည်လည်း သူမကိုယ်သူမ အမေဖြစ်သူထံသို့ တန်းပြီး ပစ်ဝင်လိုက်လေသည်။

" အမေ!"

လုသခင်မမှာ စိုးရိမ်ထိတ်လန့်သွားခဲ့သည်။ " ဘာတွေဖြစ်နေ…"

" ဝမ်ယွဲ့က ကျောက်စိမ်းကို ခိုးခဲ့တယ်" ရှဲ့နျိုရှန်းမှ ပြောလိုက်သည်။

လုသခင်မ ယိမ်းယိုင်သွားခဲ့သည်။ ထိုအရာအား ဤမျှမြန်မြန် ဖော်ထုတ်ခံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ ထိတ်ပျာသွားကာ ချက်ချင်းပြောလိုက်၏။ "ယွဲ့အာက ငယ်ငယ်လေးပဲ ရှိသေးတာ။ သူ-သူက ပထမကလေးအပေါ် အရမ်းမနာလိုဖြစ်သွားခဲ့ရုံလေးပါ။ သူတို့နှစ်ယောက်စလုံးက အိမ်ရဲ့ သခင်မလေးတွေဖြစ်ပြီးတော့ အသက်ကလည်း အတူတူလောက်ပဲလေ။ တစ်ယောက်က တော်ဝင်ကျောင်းတော်ကို သွားတဲ့အချိန်မှာ ကျန်တဲ့တစ်ယောက်ကတော့ ကုလန်ကျောင်းတော်ကိုပဲ သွားနိုင်တယ်။ ဒါက ခွင့်လွှတ်ပေးလို့ရပါတယ်၊ သူက စိတ်မကောင်းဖြစ်ပြီး…"

•••••••

All Chapters