← Chapters

ထိုစက်ဆုပ်စရာကောင်းသော သူခိုး

Vol. 10 Ch. 163

ထိုစက်ဆုပ်စရာကောင်းသော သူခိုး

Vol. 10 Ch. 163

ဖေဝမ်ယွဲ့သည် တန်းပြီး ဒူးထောက်လိုက်သောကြောင့် လုသခင်မ အထိတ်တလန့်ဖြစ်သွားခဲ့

လေသည်။

" သခင်ကြီး၊ ဒါနောက်ဆုံးအကြိမ်ဖြစ်စေရပါမယ်။ ယွဲ့အာက တော်ဝင်ကျောင်းတော်ဆိုတာ ဘယ်လိုပုံမျိုးရှိသလဲဆိုတာကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ သူက သွားဖို့ကို စိတ်အားထက်သန်နေခဲ့တာပါ။ သူ မှားခဲ့တယ်ဆိုတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့် ဖြစ်သင့်တာက…" လုသခင်မသည် ချက်ချင်း တောင်းပန်လိုက်၏။

ရှဲ့နျိူရှန်းမှာ ဤကိစ္စသည် သေးသေးမွှားမွှားပြဿနာတစ်ခုသာဖြစ်သည်ဟု တွေးခဲ့လေသည်။

ဤသည်မှာ ကျောက်စိမ်းပိုင်းတစ်ခုသာဖြစ်ပြီး၊ ၎င်းကို မည်သူပဲသုံးသုံး အတူတူသာဖြစ်လေ၏။ ဖေဝမ်ယွဲ့မှာ အပြစ်ရှိသည်ဆိုသော်လည်း သူမသည် မိန်းမပျိုငယ်တစ်ဦးသာ ဖြစ်လေသည်။ ထိုမျှသာမက သူမသည် သူ့ကလေးလည်း မဟုတ်ချေ။ သူမအား ဆူပူခြင်း သို့မဟုတ် ရိုက်နှက်ခြင်းမျိုးမှာ သူ့အတွက်

မသင့်တော်ပေ။

ရှဲ့ချောင် ရုတ်တရက်ပြောလိုက်သည်။ "အမေ၊ သမီးကို သဘောမကျဘူးလား? သမီးက တော်ဝင်ကျောင်းတော်ကို မသွားသင့်ဘူးလို့ အမေ ထင်နေတာလား?"

လုသခင်မ ကြက်သေသေသွားခဲ့၏။ "အမေက ဒီလိုသဘောမျိုးပြောတာ မဟုတ်ပါဘူး၊ ပထမကလေးလေးရယ်။ အခု သမီးတို့က ယွဲ့အာလေးကို အပြစ်ပုံချနေကြတော့ အမေက သူ့ရဲ့အမေဆိုတော့ စိတ်မကောင်းဖြစ်ရလို့ပါ..."

"လူတစ်ယောက်က အမှားလုပ်ထားရင် ကိုယ့်အမှားကိုယ် ဝန်ခံသင့်တယ်။ သူတို့က ကိုယ့်ဒုက္ခကိုယ် ရှာကြတာလေ" ရှဲ့ချောင်သည် တည်ငြိမ်နေကာ ဖြည်းဖြည်းချင်းသာ ပြောလိုက်လေ၏။ " သမီးရဲ့ ကျောက်စိမ်းက ကောင်းကင်ပေါ်ကနေ ကျလာခဲ့တာမဟုတ်ဘူး။ ဒါကို အနိုင်ရဖို့ သမီးရဲ့ ဘဝတစ်ခုလုံးနီးပါးကို ရင်းခဲ့ရတာ။ ဒီကျောက်စိမ်းကို ရဖို့အတွက်

နဲ့ သမီး မူးလဲမလိုတောင်ဖြစ်ခဲ့ရတယ်။ အခုဆိုရင် ကျောင်းတော်က လူတိုင်းက သမီးကို သက်တမ်းတိုတိုနဲ့ သနားစရာကောင်းတဲ့ဝိညာဥ်ဆိုပြီး ခေါ်နေကြပြီ။ သမီးက သမီးမောင်လေးကို ဂရုစိုက်ဖို့အတွက် ကိုယ်ပိုင်ပစ္စည်းကို သုံးခဲ့ပေမယ့် သူက အဲ့တာကို ခိုးယူခဲ့တယ်။ သူ့အတွက် အကျိုးအမြတ်ရဖို့ လွယ်ကူလွန်းနေတာလေ၊ မဟုတ်လို့လား?"

" ချောင်အာ! ယွဲ့အာက သမီးညီမပဲ မဟုတ်လား? ဘာလို့ တို့ကို သမီးရဲ့ မိသားစုလိုမျိုး မဆက်ဆံရတာလဲ?" လုသခင်မမှ ချက်ချင်း ပြောလိုက်လေသည်။

" သမီးတို့က မိသားစုဆိုမှတော့ ကျေးဇူးပြုပီး အဖေ သမီးကို ပေးခဲ့တဲ့ပစ္စည်းကို ပြန်ပေးပါ၊ အမေ" ရှဲ့ချောင် ရုတ်တရက် ပြောလိုက်၏။

လုသခင်မ ကြက်သေသေသွားခဲ့သည်။

သူမကိုယ်သူမ ထိုပစ္စည်းက မည်သည်ဆိုသည်အား အလိုအလျောက် ပြန်စဉ်းစားကြည့်မိသွားခဲ့သည်…

သူမ သဘောပေါက်သွားသည့်အခါတွင် ချက်ချင်းပင် ကြောက်လန့်သွားခဲ့လေတော့သည်။

သူမသည် ရှဲ့ချောင်၏…ကျောက်စိမ်းဆွဲသီးအား ရှီးဖန်မြို့တွင်ရှိစဥ်က ပျောက်ဆုံးစေခဲ့ဖူးသည်ကို မေ့နေခဲ့သည်။

၎င်းမှာ ရှဲ့နျိုရှန်းထံမှ လက်ဆောင်ဖြစ်ပေသည်။ သူသည် သူမအား ထိုပစ္စည်းကို ရှဲ့ချောင်အားပေးရန်အတွက် အကြိမ်ကြိမ်သတိပေးခဲ့လေသည်။

ရှဲ့နျိုရှန်း မျက်မှောင်ကြုံ့လိုက်၏။ "ဘယ်ဟာလဲ? အယုတ်အညံ့တွေကို တွန်းထုတ်ပေးတဲ့ ဆွဲသီးလား?"

" ဟုတ်ပါတယ်။ အဖေက စာထဲမှာ ဆွဲသီးအကြောင်း

ကို ထည့်ပြောထားခဲ့ပေမယ့် အမေနဲ့တွေ့တော့ အဲ့ဒီဟာကို မမြင်ခဲ့ရဘူး။ နောက်ပိုင်းကျတော့ အမေက အဲ့ဒါကို ပျောက်သွားခဲ့တယ်လို့ ပြောတယ်” ရှဲ့ချောင်မှ ပြောလိုက်သည်။ “ သမီးတို့က မိသားစုဆိုမှတော့ ဖေဝမ်ယွဲ့မှာက သူ့လည်ပင်းမှာ အဖေ ပေးထားတဲ့လက်ဆောင်ရှိနေတဲ့အချိန် ဘာလို့ သမီးလည်ပင်းကျမှ ဗလာဖြစ်နေရတာလဲ?”

" မင်း ဒီပစ္စည်းကို မင်းဟာမင်းပဲ သိမ်းယူထားပြီးတော့ ပထမကလေးကို တမင်တကာ မပေးခဲ့တာလား? ငါမင်းကို ဘာပြောခဲ့လဲ!?" ရှဲ့နျိုရှန်းသည်ပင် ယခု စိတ်ဆိုးနေလေပြီဖြစ်၏။

ထိုပစ္စည်းသည် သာမန်ပစ္စည်းတစ်ခုသာ ဖြစ်ခဲ့ပါက ပျောက်သွားခဲ့လျှင်ပင် ကိစ္စမရှိပေ။

သူ နောက်ထပ်တစ်ခုကို ထပ်ဝယ်ပေးလိုက်ရုံသာဖြစ်သည်။

သို့သော်လည်း ဆွဲသီးကတော့ မတူချေ။ သူနှင့် ရှဲ့ဖင်းကန်းသည် ဝိဉာဉ်အယူဝါဒ သက်ဝင်နေသော အရည်အသွေးမြင့်ကျောက်စိမ်းကို ဝယ်ရန်အတွက် ငွေများစွာသုံးခဲ့ရသည်။ သူတို့သည် ထိုအရာအား ယုတ်ညံ့မှုများကို တွန်းလှန်နိုင်သည့် ပုံစံမျိုးကိုပင် ထွင်းထုခဲ့ရပြီး သူမထံသို့ မပို့ပေးမီတွင် ဆရာတစ်ယောက်နှင့်လည်း သန့်စင်သမုတ်ခဲ့ရသေးလေသည်!

ရှင်းရှင်းဆိုရလျှင် ထိုပစ္စည်းသည် သူ့သမီးထံသို့ ဘေးကင်းလုံခြုံမှုများကို ယူဆောင်လာပေးလိမ့်မည်ပင်။

သူ့သမီး၏ခန္ဓာကိုယ်မှာ အားနည်းကာ ယင်စွမ်းအင်များနှင့် ပြည့်နေသည်ဆိုသည်အား သူ သိထားလေသည်။ သူမသည် တစ္ဆေဝိဉာဉ်များကို အလွယ်တကူ ဆွဲဆောင်နိုင်လေ၏။ သူသည် သန့်စင်သမုတ်ပေးမည့် ဆရာတစ်ယောက်ရရန်အတွက် တော်ဝင်ဆရာထံမှ အကူအညီတောင်းရန်အတွက်ပင် အားထုတ်ကြိုးပမ်းခဲ့ရသေး၏!

သူက အဲ့ဒါကို ပျောက်သွားခဲ့တယ်တဲ့လား!?

ရှဲ့နျိုရှန်း၏ မျက်နှာမှာ တင်းမာသွားခဲ့၏။

"အဲ့ဒီမြို့မှာ သူခိုးတစ်ယောက်ရှိခဲ့တယ်။ ဆွဲသီးကို ခိုးခဲ့တာက အဲ့ဒီစက်ဆုပ်စရာကောင်းတဲ့သူခိုးပဲ။ ကျွန်မ အဲ့တာကို တမင်သက်သက်ကြီး ပျောက်သွားခဲ့တာမှ မဟုတ်ပဲ။ ချောင်အာ၊ သမီးကိုယ်သမီး ဘာပြောနေလဲဆိုတာ သိရဲ့လား? သမီးက အမေ့ကို စိတ်မချမ်းမသာဖြစ်စေတာပဲ!" လုသခင်မ ချက်ချင်းပင် ပြောလိုက်လေသည်။

ရှဲ့ချောင် သူမအား ကြည့်လိုက်ကာ သူမ၏မျက်လုံးများမှာ ရေကဲ့သို့ တည်ငြိမ်အေးချမ်းနေလေသည်။ "အမေ့အိတ်ထဲကနေ ခိုးသွားခဲ့တာက အဲ့ဒီစက်ဆုပ်စရာကောင်းတဲ့သူခိုးပေါ့၊ ဒါပေမယ့် သမီးမောင်လေးအခန်းထဲက ပစ္စည်းကို ခိုးသွားခဲ့တာက သူ့အတွက်

ခွင့်လွှတ်ပေးစရာကောင်းလို့လား?"

လုသခင်မမှာ ကြက်သေသေသွားရပြန်သည်။

' ဒီမိန်းကလေးက…ဝေ့လည်ကြောင်ပတ်ပြောပြီး လှည့်စားတတ်တာ တကယ်ကိုပဲ…'

" အဖေ၊ သူတို့က အဖေ့ဇနီးနဲ့ သမီးတစ်ပိုင်းပါ။ သူတို့ကို ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ သမီး လိုက်ပြောနေမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သမီးရဲ့ကျောက်စိမ်းကို သူ ကျောင်းတော်မှာ စာရင်းသွင်းဖို့အတွက် သုံးလို့မရဘူး။ အဖေသာ သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် ဝင်ခွင့်ပြုလိုက်မယ်ဆိုရင်…"

ရှဲ့ချောင်စကားမဆုံးခင် ရှဲ့ဖင်းကန်းက ဝင်ပြောလိုက်သည်။ "ဘာကျောင်းတော်မှာ စာရင်းသွင်းတာလဲ? သူသာ တော်ဝင်ကျောင်းတော်ကို သွားခဲ့မယ်ဆိုရင် ရှဲ့မိသားစုကို ပိုပြီးတောင် အရှက်ရစေဦးမှာ! သူ

သွားရဲတယ်ဆိုရင် ရှဲ့အိမ်တော်ရဲ့တံခါးကနေ ဝင်လာဖို့တောင် မစဉ်းစားနဲ့။ ဝေးဝေးသာ ထွက်သွားလိုက်။ သူက ဖေမိသားစုရဲ့သမီးဆိုမှတော့ သူတို့ကိုပဲ ဖြေရှင်းခိုင်းလိုက်လေ!"

•••••••

All Chapters