← Chapters

တိုးတက်မှုနှင့် ကြီးပွားမှု

Vol. 10 Ch. 164

တိုးတက်မှုနှင့် ကြီးပွားမှု

Vol. 10 Ch. 164

ရှဲ့ဖင်းကန်း၏ စကားကို ကြားလိုက်ရချိန်၌ လုသခင်မမှာ ပျော့ခွေသွားခဲ့လေတော့သည်။

ရှဲ့ချောင်မှာ သူမ၏အစ်ကိုကြီးအား မျက်လုံးထောင့်ကပ်ပြီးသာ ကြည့်လိုက်သည်။ သူမဘာသာ သူမပဲ တွေးခဲ့ကာ မည်သည်ကိုမျှ မပြောခဲ့ပေ။

သူမ၏ ရည်ရွယ်ချက်မှာ ဖေဝမ်ယွဲ့တစ်ယောက် ကျောင်းတော်သို့ အပို့မခံရစေရန်ဖြစ်သည်။ အပြစ်ပေးခြင်းကိုမူ သူမအဖေမှ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည့်အတွက် သူမ ကြားဝင်စွက်ဖက်မည် မဟုတ်ချေ။ သို့သော်လည်း သူမအစ်ကိုကြီးကသာ ဖေဝမ်ယွဲ့အား ရွေးချယ်စရာတစ်ခု ပေးခဲ့လေသည်။

အကယ်၍ သူမ တော်ဝင်ကျောင်းတော်အား ရွေးချယ်ခဲ့လျှင် ရှဲ့မိသားစုဝင်တစ်ယောက်အဖြစ်ကို လက်လျှော့ရပေလိမ့်မည်။

ဖေဝမ်ယွဲ့၏ ဖခင်အရင်းဖြစ်သူမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဖေအိမ်တော်ရှိ သူမဘဝမှာ အကောင်းဆုံးမဟုတ်ခဲ့သောကြောင့် သူမ ရှဲ့အိမ်တော်သို့သာ လာခဲ့ခြင်းဖြစ်၏။ သူမသာ ရှဲ့အိမ်တော်မှ ထွက်သွားခဲ့ရမည်ဆိုလျှင် ‘လျောင်ကျိုး'ကိုပြန်ခြင်း သို့မဟုတ် သူမဘဝသူမ ရှင်သန်ရန်အတွက် အပြင်ဘက်တွင် ခြံဝင်းတစ်ခု ငှားနေခြင်းမျိုး လုပ်ရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ မိသားစုမရှိသည့် မိန်းမငယ်လေးတစ်ယောက်မှာ မည်ကဲ့သို့ တစ်ကိုယ်တည်း ကောင်းမွန်သည့်ဘဝတွင် နေထိုင်နိုင်မည်နည်း?

ထို့အပြင် စင်စစ်တွင် တော်ဝင်ကျောင်းတော်သည်လည်း အကောင်းဆုံးနေရာတစ်ခုဟု မှတ်ယူ၍ မရနိုင်ပေ။

ထိုနေရာသည် ဆင်းရဲသောမိသားစုများအတွက် သားသတ်ရုံတစ်ခုဖြစ်ပြီး ကြွယ်ဝချမ်းသာသည့် မိသားစုများအတွက် ကစားကွင်းတစ်ခု ဖြစ်လေသည်။ အပေါ်ယံတွင် ဘယ်လိုနောက်ခံအခြေနေမျိုးပဲဖြစ်ပါစေ လူတိုင်းကို တန်းတူဆက်ဆံပါသည်ဟု အခိုင်အမာဆိုထားသော်လည်း သခင်လေးများနှင့် သခင်မလေးများသည်တော့ ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရမည်မှာ ကျိန်းသေပင်ဖြစ်၏။ ဖေဝမ်ယွဲ့တွင်သာ ရှဲ့မိသားစုနောက်ခံမရှိခဲ့ပါက သူမ တော်ဝင်ကျောင်းတော်သို့ ဝင်နိုင်ခဲ့လျှင်ပင် ခက်ခဲကြမ်းတမ်းသည့်ဘဝတွင် ရှင်သန်ရလိမ့်မည်ဖြစ်သည်။

သူမသည် တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်နိုင်ရန်အတွက် လုပ်နိုင်သည့်အရာမှန်သမျှကို လုပ်ခဲ့၏။ သင့်တော်ကောင်းမွန်သည့် အမျိုးသားတစ်ယောက်အား ရှာနိုင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်သည်။

သူမ အလွန်နုံအခဲ့၏။

ဂုဏ်သရေရှိမိသားစုတစ်ခု၏ နောက်ခံမရှိပါက သင့်တော်ကောင်းမွန်သည့် အမျိုးသားတစ်ယောက်အား သူမ ရှာတွေ့ခဲ့လျှင်ပင် သူမမှာ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်မည့် ကံတရားသာ ရှိပေလိမ့်မည်။

" သူ-သူက ကျောင်းတော်ကိုသွားမှာမဟုတ်ဘူး!" လုသခင်မ ချက်ချင်း ပြောလိုက်သည်။ "ယွဲ့အာက ကုလန်ကျောင်းတော်မှာလည်း ကောင်းကောင်းလုပ်နေတာပဲ။ ဒီတစ်ကြိမ်က သူ့အပြစ်ပါ။ သူ့ကို ခြံဝင်းထဲမှာ တစ်ညလုံး ဒူးထောက်ခိုင်းပြီးသာ အပြစ်ပေး

လိုက်! သူ့အပြစ်ကို သူဝန်ခံပါလိမ့်မယ်။ သူ နောက်တစ်ခါ ထပ်လုပ်ရဲမှာ မဟုတ်ပါဘူး။ ဖင်းကန်း၊ အမေ့ကို ထောက်ထားပြီးတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါနော် "

လုသခင်မ၏ စကားကို ကြားပြီးနောက်တွင် ဖေဝမ်ယွဲ့၏ စိတ်ပိုင်းဖြတ်ထားသော မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။

" အမေ၊ သမီး တော်ဝင်ကျောင်းတော်ကို သွားချင်တယ်။ အဲ့တာက ဘာများမှားနေလို့လဲ…" ဖေဝမ်ယွဲ့၏ အသံမှာ နူးညံ့နေသော်လည်း စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း ပေါ်လွင်နေပေသည်။

လုသခင်မ နှလုံးသားထဲ၌ အဖုအခဲတစ်ခု ခံစားလိုက်ရလေတော့သည်။ သူမ စိတ်ဆိုးသွားခဲ့၏။ "သမီး ကျောင်းမသွားခဲ့ပဲနဲ့တောင် လျောင်ကျိုးမှာ ကောင်းကောင်းလုပ်နေခဲ့တာပဲ မဟုတ်လား? အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့!"

"မဟုတ်ဘူး။ သမီး တော်ဝင်ကျောင်းတော်ကို သွားချင်တယ်။ သူတို့ သမီးကို ထောက်ခံပေးမယ်ဆိုပြီး ပြောခဲ့တယ်။ အခွင့်ရေးတစ်ခုက ရှိနေပြီလေ။ ဘာလို့ မရနိုင်ရမှာလဲ?" ဖေဝမ်ယွဲ့ ခေါင်းမာစွာနှင့် ပြောလိုက်သည်။

ရှဲ့အိမ်တော်၌ နေနေလျှင် သူမအတွက် ဘာကောင်းကျိုးတစ်ခုမှမရှိပေ။

၎င်းတို့တွင် နာမည်ဆိုးတစ်ခု ရှိနေလေသည်။ သူမမှာ ကုလန်ကျောင်းတော်တွင်ဆိုလျှင် သူမသည် ရှဲ့အိမ်တော်ကပါဟု မပြောရဲခဲ့ချေ!

သူမအမေသည် ရှဲ့မိသားစု၏ သခင်မတစ်ယောက်ဟု အခြားသူများကို ပြောသည့်အချိန်တိုင်း သူမကို အထင်သေးစွာဖြင့်သာ ကြည့်ကြလေသည်!

သူမသည် ရှဲ့မိသားစု၏ သမီးတစ်ယောက်မဟုတ်သော်လည်း အခြားသူများသည် သူမအား ရှဲ့ဖင်းကန်းနှင့် ရှဲ့ဖင်းဟွိုက်ကဲ့သို့ပင် အရိုင်းဆန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသည့်သူတစ်ယောက်ဟု တွေးကာ ဆက်ဆံခဲ့ကြသည်!

လုသခင်မမှာ အံ့ဩလွန်း၍ စကားမပြောနိုင်ခဲ့ပေ။ ရှဲ့မိသားစု၏ နာမည်ဂုဏ်သတင်းဟာ မည်မျှပင် ဆိုးရွားနေပါစေဦးတော့ သူတို့သည် အရာရှိတစ်ဦး၏ မိသားစုဖြစ်နေဆဲပင်!

" ယွဲ့အာ၊ အမေ့စကားကို နားထောင်စမ်း!" လုသခင်မသည် ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ပြီး ဖေဝမ်ယွဲ့၏ ကျောအား ရိုက်လိုက်လေသည်။

ဖေဝမ်ယွဲ့မှာ အရိုက်ခံရမှုကြောင့် နာကျင်သွားခဲ့ကာ ချက်ချင်းထရပ်လိုက်လေ၏။ "အမေ! သမီး တော်ဝင်ကျောင်းတော်ကို သွားမှာလို့ ပြောပြီးပြီ! အမေ သမီးကို နန်းမြို့တော်ကို ခေါ်လာခဲ့တုန်းက

ကတိပေးခဲ့တယ်လေ။ သမီးက ရှဲ့မိသားစုရဲ့ သမီးတစ်ယောက်ပဲဟာ။ ပညာရေးနဲ့ ပတ်သတ်လာရင် ဘာလို့ ခွဲခွဲခြားခြား ဆက်ဆံခံနေရတာလဲ?! ပြီးတော့ အကြီးဆုံးအစ်မ၊ မောင်လေးက ဘယ်လိုပဲဖြစ်ဖြစ် ကျောက်စိမ်းကို အသုံးချဖို့ ဆန္ဒမှမရှိဘဲ။ ဒါပေမယ့် ညီမလေး ဒါကို တကယ်လိုချင်နေခဲ့တာတောင် ညီမကို ပေးဖို့ ငြင်းခဲ့ကြတယ်။ အစ်မတို့တွေက ညီမကို ပစ်မှတ်ထားတယ်၊ အထင်သေးကြတယ်! ဒါက အမှန်ပဲဆိုမှတော့ သမီးထွက်သွားမယ်။ ကျောင်းတော်မှာ နေရာထိုင်ခင်းရှိတယ်ဆိုတာ သမီးသိတယ်!"

တော်ဝင်ကျောင်းတော်တွင် အမှန်တကယ်ပင် နေထိုင်ရန် အိမ်ခန်းနေရာ ရှိပေသည်။

နောက်ဆုံးတွင် နေရာမျိုးစုံမှလာသော ကျောင်းသားများရှိနေကြသည်ပင်။ သို့ရာတွင်လည်း ကျောင်းတော်ထဲတွင်နေထိုင်သော အမျိုးသမီးကျောင်းသူမှာမူ များများစားစားမရှိပေ။

အကယ်၍ ရှိခဲ့သည်ဆိုလျှင်ပင် ၎င်းတို့သည် ကြွယ်ဝချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်မိသားစုများမှ လာကြသည့်သူများသာ ဖြစ်ကြလေသည်။ သူတို့သည် သူတို့၏သမီးများ အတွေ့အကြုံရရန်အတွက် ထိုနေရာကို ပို့ထားကြခြင်းဖြစ်သည်။

ဖေဝမ်ယွဲ့ ပြောလိုက်သောစကားသည် ရှဲ့နျိုရှန်းကို အံ့အားသင့်သွားစေခဲ့လေ၏။

"မင်းရဲ့ ခေါင်းထဲကို ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ဟာမျိုးတွေနဲ့ ဖြည့်ထားတာလဲ!?" ရှဲ့နျိုရှန်း ပြင်းပြင်းထန်ထန် မျက်မှောင်ကြုံ့လိုက်သည်။

ဤမိန်းကလေးသည် ၁၆နှစ်ပင် မရှိသေး။ သူ တစ်နေကုန် ဘာတွေများတွေးနေခဲ့တာလဲ? ရှဲ့မိသားစုက သူ့ကို ညှင်းပန်းနှိပ်စက်နေတယ်ဆိုပြီး ဘယ်လိုတောင် တွေးရဲရတာလဲ!?

" ဖေသခင်မလေးက ကျွန်တော်တို့ရဲ့ ရှဲ့မိသားစုကို ဆိုးရွားတယ်လို့ ထင်နေမှတော့ နှစ်ဦးနှစ်ဖက် ဒုက္ခရောက်မှာကို ကာကွယ်ဖို့အတွက် ကျေးဇူးပြုပြီး မနက်ဖြန်မနက်ကျရင် ထွက်သွားပေးပါ။ မင်းက ကျောက်စိမ်းကနေ အကျိုးအမြတ်ကို ရထားခဲ့ပြီးပြီဆိုမှတော့ ငါတို့ ဒါကို ပြန်ယူလို့မရတော့ဘူး။ ဖေသခင်မလေး တိုးတက်ပြီးကြီးပွားလာဖို့ ငါတို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခုကစပြီး မင်း ကိုယ့်ဟာကိုယ် နေထိုင်တဲ့အခါ မင်းကိုယ်မင်း ရှဲ့မိသားစုရဲ့ သမီးလို့ ထုတ်မပြောမိပါစေနဲ့" ရှဲ့ဖင်းကန်းသည် ရုတ်တရက် ရည်မွန်စွာ ပြောလိုက်၏။ သူသည် ယုတ္တိရှိအောင် လုပ်နေသကဲ့သို့ဖြစ်သည်။

••••••

All Chapters