သူမနှင့် မယှဉ်နိုင်
Vol. 10 Ch. 166
ရှဲ့ဖင်းကန်းသည် ရှဲ့ဖင်းဟွိုက်၏ ခြံဝင်းဆီသို့ သွားခဲ့၏။ သူသည် ပုရစ်များကို ဖယ်ထုတ်ပစ်လိုက်သည်သာမက ရှဲ့ဖင်းဟွိုက်အား တစ်ညလုံး ဒူးထောက်ထားရန်ပါ အပြစ်ပေးခဲ့လေသည်။
ရှဲ့ဖင်းဟွိုက်မှာ အလွန်ပင် မတရားသလို ခံစားလိုက်ရတော့သည်။
"အမေက ဘာလို့ မင်းကို အဲ့ဒီဟာပေးခဲ့လဲဆိုတာ နားလည်လား?" ရှဲ့ချောင်သည် သူ တစ်စုံတစ်ခုအား သဘောမပေါက်သည့်ပုံကို မြင်နေရသော် မေးလိုက်သည်။
ရှဲ့ဖင်းဟွိုက် ခေါင်းညိတ်ပြလိုက်၏။ "ကျွန်တော်သိတယ်။ ကျွန်တော် စိတ်ဆိုးနေတာကိုမြင်ပြီးတော့ စိတ်ငြိမ်သွားအောင်လို့ အဲ့ဒါတွေကို ဝယ်ပေးခဲ့တာလို့ ကျွန်တော်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စိတ်ဆိုးနေတုန်းပဲ။ ကျွန်တော်က ဖေဝမ်ယွဲ့ဆီကနေ တရားမျှတမှုကို ပြန်ယူချင်ရုံပဲ။ ကျွန်တော်က ဘာလို့ အပြစ်ပေးခံရတာလဲ?! "
သူသည် မျှော်လင့်ချက်မရှိ…
"ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ် အမေ မင်းကို ပေးခဲ့တဲ့အရာက မင်းကို ငြိမ်သွားအောင် မလုပ်လိုက်နိုင်ခဲ့လို့။ တကယ်လို့ မင်း တောင့်မခံနိုင်လောက်တဲ့ဟာတစ်ခုခုသာ ပေးခဲ့မယ်ဆိုရင်ရော? ဖေဝမ်ယွဲ့ကျောက်စိမ်းခိုးတဲ့ ပြဿနာကို ဘေးချိတ်ထားလိုက်မှာလား?" ရှဲ့ချောင်မှာ ရှင်းပြနေရင်း အကူညီမဲ့သလို ခံစားနေရ၏။ "မင်းက သူနဲ့နေလာတာ လေးနှစ်ငါးနှစ်လောက် ရှိနေပြီမလို့ သူ့ကို အမေရင်းတစ်ယောက်လို ဆက်ဆံတာက မှန်တယ်။ ဒါပေမယ့် အမှားနဲ့အမှန်ကြားက ကွာခြားချက်ကို မင်း သိရမယ်။ သူ ဒီကိစ္စကို သိနေခဲ့တာတောင်မှ မင်းကို အရူးလုပ်ပြီး၊ ပါးစပ်ပိတ်အောင် လုပ်ခဲ့သေးတယ်။ ဒါမှားနေတာပဲလေ"
ရှဲ့ဖင်းဟွိုက်သည် ထိုသို့ကြားလိုက်ရသောအခါ စိတ်ရှုပ်ထွေးသွားခဲ့လေသည်။
စင်စစ် သူ့အတွက်မှာ ဖေဝမ်ယွဲ့သည် ဖေဝမ်ယွဲ့သာဖြစ်ပြီး အမေသည် အမေသာ ဖြစ်လေသည်။
ယခု ရှဲ့ချောင်မှ ထိုအကြောင်းကိုပြောသောအခါ သူ၏ အမေသည် ဖေဝမ်ယွဲ့ ကျောက်စိမ်းခိုးခဲ့သည့်အကြောင်းကို လုံးဝမအံ့ဩခဲ့ဘူးဆိုသည်အား သူ ပြန်မှတ်မိသွားခဲ့၏။ သူမသည် ကိုယ်စားတောင်းပန်ရန်အတွက် ချက်ချင်း ဒူးပင်ထောက်ခဲ့လိုက်သေးသည်…
ဒါဆို သူက ဘယ်သူလုပ်ခဲ့လဲဆိုတာကို သိရဲ့သားနဲ့ သူ့ကို ဖုံးကွယ်ထားခဲ့တာလား?
ထိုအချိန်တွင် သူသည်တော့ အရူးတစ်ယောက်ကဲ့သို့ အမေက သူ့ဆီသို့ ပို့ပေးခဲ့သည့်အရာနှင့် ဆော့၍နေခဲ့လေသည်။
ရှဲ့ချောင်သည် ပင်ပန်းနေပြီဖြစ်ပြီး မျက်နှာမှာလည်း အတော်အတန်ဖြူရော်နေပြီဖြစ်သည်။
"မင်းက သားသမီးဝတ်ကျေပွန်ချင်တယ်ဆိုရင်တောင်မှ ပြတ်ပြတ်သားသားတော့ရှိသင့်တယ်။ မဟုတ်ရင်၊ ရုပ်သေးရုပ်တစ်ရုပ်နဲ့ ဘာမှမခြားဘူးဖြစ်သွားမယ်။ ကောင်းကောင်းစဉ်းစားကြည့်ပါ" ရှဲ့ချောင် စကားပြောပြီးသွားသောအခါ ချောင်းအနည်းငယ်ဆိုးသွားလေသည်။ သူမ ဆက်မနေရဲတော့ပေ။
သူမအပေါ်ရှိ အမှောင်စွမ်းအင်မှာ လေးလံနေလေသည်။ သူမ ရှဲ့ဖင်းဟွိုက်၏ ခြံဝင်းဆီသို့ မကြာခဏ မသွားသင့်တော့ပေ။
သူမခြံဝင်းဆီသို့ ပြန်ရောက်ပြီးသောအခါမှသာ ရှဲ့ချောင်မှာ သိသိသာသာပင် နေလို့ကောင်းသွားခဲ့တော့သည်။
အကြောင်းပြချက်လား? သူမသည် ခြံဝင်း၏ ဖုန်းရွှေကို ပြောင်းလဲခဲ့သောကြောင့်ဖြစ်သည်။ ခြံဝင်း၏ ထောင့်ရှစ်ထောင့်သည် ယန်စွမ်းအင်ကို စုယူလိမ့်မည်။ သူမ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်ကို ထိန်း
ညှိရန်အတွက် နေရာနှစ်ခုတွင် ဒြပ်စင်ငါးမျိုး အဆောင်ပစ္စည်းများကိုလည်း မြှုပ်နှံထားသေးသည်။ အလွန်အေးစိမ့်ခြင်း သို့မဟုတ် သက်တောင့်သက်သာမဖြစ်ခြင်းကို သူမ ခံစားရလိမ့်မည် မဟုတ်ပေ။
ရှဲ့ဖင်းဟွိုက်မှာ တစ်ည ဒူးထောက်ခဲ့ရသည်။
ဖေဝမ်ယွဲ့သည်တော့ လုသခင်မအား မတောင်းပန်ရန် တစ်ညလုံးခေါင်းမာနေခဲ့သည်။
အလှည့်အပြောင်းမရှိတော့ဆိုသည်အား သိလိုက်ရပြီးသည့်နောက် လုသခင်မမှာ သူမကိုယ်သူမသာ တွန်းအားပေးကာ သူမသမီးအတွက် ထုပ်ပိုးပေးခဲ့လေသည်။
လုသခင်မတွင် ခန်းဝင်ပစ္စည်းများရှိသော်လည်း အနည်းငယ်သာဖြစ်သည်။ သူမ၏ သမီးက ယခု
အပြင်ဘက်တွင် နေထိုင်တော့မည်ဖြစ်သောကြောင့် ရှဲ့မိသားစုပိုင် ပစ္စည်းများကို သူမ မသုံးရဲခဲ့ပေ။ ရှဲ့ဖင်းကန်းသိသွားသောအခါ ပို၍ ဒေါသထွက်သွားလိမ့်မည်ကို သူမ စိုးရိမ်နေခဲ့၏။ သူမသည် သူမ၏ အနည်းငယ်သာရှိသည့် ခန်းဝင်ပစ္စည်းများကိုသာ ယူထုတ်ခဲ့ပြီး တော်ဝင်ကျောင်းတော်အနီးတွင် အိမ်လေးတစ်လုံးအား ဝယ်ယူခဲ့လေသည်။
အိမ်လေးသည် တံခါးပေါက်နှစ်ခုသာရှိပြီး အလွန်သေးငယ်၏။ သူမသမီးအတွက် အစေခံအနည်းငယ်ကိုလည်း ငှားရမ်းရပေလိမ့်ဦးမည်။
လုသခင်မမှာ နှလုံးကြေကွဲနေခဲ့လေသည်။ သူမတွင် သိုဝှက်ထားသော ငွေများများစားစားမရှိ၊ ယခု သူမတွင် ရှိသမျှကို သုံးလိုက်ရ၏။ နန်းမြို့တော်ရှိ အိမ်များသည် ဈေးကြီးလွန်းပေသည်။
မည်သို့ပင်ဖြစ်စေ ဖေဝမ်ယွဲ့သည်တော့ လုသခင်မအား သေးနုပ်အရေးမပါသည့် လူတစ်ယောက်လို
သာ တွေးခဲ့လေ၏။
သူမ၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်အမူအရာတစ်ခုမှ ရှိမနေခဲ့ပေ၊ ၎င်းသည် လုသခင်မကို ပိုပြီး စိတ်မချမ်းမသာ ဖြစ်ရစေသည်။
" သမီး ကျောင်းတော်ကို သွားတဲ့အခါ ရှဲ့ချောင်နဲ့ ရန်မဖြစ်နဲ့နော်။ အဲ့ဒီမိန်းကလေးက တစ်ခုခုလွဲနေတာ။ ဦးလေးရှဲ့က သူ့အပေါ် တကယ်အာရုံစိုက်အလေးထားနေတာ မဟုတ်ပေမယ့်လည်း ရှဲ့ဖင်းကန်းက သူ့ကို တုန်နေအောင်ချစ်တာ။ အခု ဖင်းဟွိုက်တောင်မှ သူ့ဘက်မှာ ရှိနေပြီ။ သူနဲ့ ရန်ဖြစ်နေလို့ ဘာကောင်းတာရမှာလဲ? " လုသခင်မ သက်ပြင်းချလိုက်၏။
" နားလည်ပါပြီ၊ အမေ"
' အမေက သမီး ရှဲ့ချောင်ကို မယှဉ်နိုင်ဘူးလို့တွေးနေ
တာ၊ ဟုတ်တယ်မလား?'
" အမေ သမီးကို အမျိုးသမီးကြီးတစ်ယောက်နဲ့တွေ့ဖို့ တစ်ရက်ကျရင် ခေါ်သွားပေးမယ်။ သူက အမေ့အပေါ်မှာ ကောင်းတယ်။ သမီးသာ လုံလုံလောက်လောက်ကောင်းမွန်မယ်ဆိုရင် သမီးကိုလည်း ချစ်မှာပဲ။ အဲ့ဒီအခါကျရင် သူ့ရဲ့ အထောက်အပံ့နဲ့ သမီးကို ရှဲ့မိသားစုဝင်တစ်ယောက်အနေနဲ့ လက်ထပ်ခွင့်ပြုဖို့အတွက် အမေ ဦးလေးရှဲ့ကို ဖျောင်းဖျနိုင်လိမ့်မယ်" သခင်မလု ထပ်ပြောလိုက်၏။
ဖေဝမ်ယွဲ့သည် ဝတ်ကျေတန်းကျေသာ တုံ့ပြန်လိုက်လေ၏။
အတိတ်တုန်းက သူမအမေသည် အရာရှိမိသားစုထဲသို့ လက်ထပ်ဝင်ရသည့်အတွက် ကံကောင်းသည်ဟု သူမ အထင်ရှိခဲ့ဖူးသည်။
အခုတော့ ဤသည်မှာ ကံဆိုးမှုသာ ဖြစ်ပုံရသည်။ ရှဲ့မိသားစုသည် ဓားပြမိသားစုတစ်ခုဖြစ်၏။ ၎င်းတို့၏ နာမည်ဂုဏ်သတင်းမှာ ဆိုးရွားလွန်းလှသည်!
ရှဲ့မိသားစုနှင့် နီးစပ်ခြင်းသည် ဘာများကောင်းကျိုးရှိနိုင်မည်နည်း?
လုသခင်မသည် ဖေ့ဝမ်ယွဲ့အား အရာရာတိုင်းကို သတိပေးနေသော်လည်း သူမသည် အေးစက်စက်ပြုမူနေခဲ့လေသည်။ သူမ အိမ်ပေါ်တွင် နားလိုက်ပြီးနောက် ထောက်ခံစာအား ထုတ်ယူလိုက်၏။ သူမသည် သာယာသည့်နေ့တွင် သူမကိုယ်တိုင် စာရင်းသွားသွင်းမည်ဖြစ်သည်။
•••••••