လူလိမ်
Vol. 10 Ch. 167
ဖေဝမ်ယွဲ့မရှိတော့သည့် ရှဲ့အိမ်တော်ထဲတွင် ရှဲ့ချောင်ခမျာ စိတ်ခံစားချက်ကောင်း၍နေလေသည်။ သို့သော်လည်း သူမ တာဝန်တစ်ခုကို လက်ခံထားကြောင်း အမှတ်ရနေဆဲဖြစ်သည်။
အမျိုးသမီးဝိဉာဉ်၏ ယောကျာ်းဖြစ်သူ၏ မိသားစုမှာ သာမန်မိသားစုတစ်ခု မဟုတ်ခဲ့ချေ။ သူသည် ဖယောင်း လုပ်ငန်းရှင်ကုန်သည်တစ်ဦး၏သား ဖြစ်သည်။ နန်းမြို့တော်ရှိ ဗုဒ္ဓဘာသာနှင့် တာအိုဘုရားကျောင်း တော်တော်များများသည် ၎င်းတို့နှင့် အရောင်းအဝယ်ရှိကြလေသည်။
ထိုစဉ်တွင် ဝိဉာဉ်၏ မိသားစုဖြစ်သည့် ဝေ့မိသားစုသည် အမွှေးနံ့သာအရောင်းအဝယ် လုပ်ကိုင်ကြလေသည်။
အစောပိုင်းနှစ်များတွင် ဝေ့မိသားစုသည်
ဖယောင်းတိုင်နှင့် အမွှေးနံ့သာများကို ရောင်းချကာ ကောင်းမွန်သည့် စီးပွားရေးအခြေအနေတွင် ရှိခဲ့လေသည်။ ၎င်းတို့၏ ဆိုင်မှာ ကျန်းမိသားစု၏ ဘေးတွင်ဖြစ်သောကြောင့် ၎င်းတို့မှာ ရင်းနှီးခဲ့ကြလေသည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့၏ သားသမီးများမှာ တစ်ယောက်နှင့်တစ်ယောက် ချစ်ကျွမ်းဝင်ခဲ့ကြကာ သူတို့ငယ်ရွယ်စဉ်တွင် လက်ထပ်ထိမ်းမြားမှု သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြ၏။ ၎င်းတို့၏ စိတ်ရင်းအမှန်ကို ပြသရန်အတွက် ဝေ့မိသားစုသည် ဖယောင်းပြုလုပ်သည့်အတတ်အား ကျန့်မိသားစုနှင့် မျှဝေခဲ့ပြီး ၎င်းတို့သည်တော့ ထိုအချိန်မှစ၍ အမွှေးနံ့သာပြုလုပ်ခြင်းအပေါ်တွင်သာ အာရုံစိုက်ခဲ့ကြလေသည်။
ဖယောင်းတိုင်နှင့် အမွှေးနံ့သာမှာ အမြဲယှဉ်တွဲနေသည်ဖြစ်၏။ ထို့ကြောင့် မိသားစုနှစ်ခုမှာ မကြာခဏ ပူးပေါင်းခဲ့ကြသည်။
ဆိုင်များမှာ တစ်ဆိုင်နှင့်တစ်ဆိုင် ကပ်လျက်ဖြစ်ကြသည်။
နှစ်များတစ်လျှောက်လုံး ဆိုင်နှစ်ဆိုင်လုံးသည် တစ်ဆိုင်နှင့်တစ်ဆိုင် ကူညီခဲ့ကာ အတူတူ တိုးတက်ခဲ့ကြ၏။ နန်းမြို့တော်ရှိ လုပ်ငန်းတူများထဲတွင် ဆိုင်နှစ်ဆိုင်လုံးမှာ ထိပ်ဆုံးငါးခုစာရင်းဝင်နိုင်ခဲ့လေသည်။
အမျိုးသမီးဝိဉာဉ် ဆန္ဒမရှိခဲ့သည်မှာလည်း အဓိပ္ပာယ်ရှိပေသည်။
ထိုငတုံးကောင်မှာ ကျန်းလုရှန်းဟုခေါ်ကာ၊ သူ၏ဇနီးအား ဆုံးရှုံးခဲ့ပြီး တစ်နှစ်ကြာပြီးသည့် ယခုထိ နောက်အိမ်ထောင်မပြုရသေးပေ။
ရှဲ့ချောင်သည် သူမကိုယ်သူမ မော့ချူးရှန်းအဖြစ် အယောင်ဆောင်လိုက်ပြီး ကျန်းအိမ်တော်ဝန်းကျင်တွင် ပေါ့ပေါ့ပါးပါးလျှောက်ပတ်သွားကြည့်ပြီးသည့်နောက် ကျန်းလုရှန်းတွင် နာမည်ဂုဏ်
သတင်းကောင်းရှိနေကြောင်းကို တွေ့ခဲ့ရလေသည်။
ကျန်းလုရှန်းသည် သစ္စာရှိသူဖြစ်ပြီး သူ၏ အရင်ဇနီးကို ချစ်မြတ်နိုးဆဲဖြစ်ကြောင်းကို လူတိုင်းသိကြသည်။ သူ၏ မိဘများမှာ သက်ရှိထင်ရှားရှိနေဆဲဖြစ်သောကြောင့်သာ မဟုတ်လျှင် သူသည် သူမနှင့်အတူရှိရန်အတွက် သူ့ကိုယ်သူ အဆုံးစီရင်ပြီးနေလောက်ပြီဖြစ်သည်!
လူအများစုမှာ သစ္စာရှိသည့်သူများကို လေးစားကြလေသည်။ သို့ဖြစ်ရာ သူ၏လုပ်ငန်းသည် ယခင်တစ်နှစ်ကနှင့် ယှဉ်လျှင် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့၏။
ဝေ့မိသားစု၏ ခမည်းခမက်ဆွေမျိုးများသည်ပင် ကျန်းလုရှန်းအကြောင်း အကောင်းပြောကြလေသည်။ သူတို့သည် သူ့အား နောက်အိမ်ထောင်ပြုရန်အတွက် နားပူနားဆာ လုပ်နေခဲ့ကြလေ၏။
ရှဲ့ချောင်သည် ထိုအကြောင်းအားလုံးကို ကြားရသောအခါ မနေနိုင်ဘဲ ဒေါသထွက်ခဲ့ရလေတော့သည်။
ဒီကျန်းလုရှန်းမှာ သေချာပေါက်ကို တော်တော်ကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေရှိတာပဲ!
" ရှင် တကယ် သူ့ကို တစ်ချက် ရိုက်ပေးစေချင်ရုံပဲလား?" ရှဲ့ချောင် မျက်မှောင်ကြုံ့လိုက်သည်။
အမျိုးသမီးဝိဉာဉ်မှာ သူမဘေးတွင် ရစ်ဝဲနေလေ၏။ " သူရဲ့ မျက်နှာဖုံးက အရမ်းကောင်းလွန်းနေတယ်။ အခု သူက ကျွန်မမိဘတွေကို ကျွန်မကိုယ်စား စောင့်ရှောက်ပေးနေတော့ သူရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ဖို့က…အရမ်းခက်ခဲလွန်းတယ်"
သူမ အလိုရှိသော်လည်း ထိုသည်မှာ ခက်ခဲလိမ့်မည်
ဖြစ်သည်။ သူမကို ကူညီပေးနိုင်သည့် တစ်ဦးတည်းသောသူအား ဒေါသထွက်သွားစေမှာကို သူမ စိုးရိမ်လို့နေသည်။
ရှဲ့ချောင်သည် လက်ဖက်ရည်ဆိုင်တွင် ဝင်ထိုင်လိုက်ကာ မျက်နှာချင်းဆိုင်မှ ဆိုင်အား စိုက်ကြည့်နေခဲ့သည်။
"နတ်ဆရာမ၊ မင်း မျက်နှာချင်းဆိုင်ကဆိုင်ကို စိုက်ကြည့်နေတာ…တစ်ခုခုများ မှားနေလို့လား?” ရှဲ့ချောင် ထိုင်နေသည်မှာ ကြာပြီဖြစ်သောကြောင့် လက်ဖက်ရည်ဆိုင်ရှိတစ်ယောက်မှာ မနေနိုင်ဘဲ သူမကို မေးလိုက်တော့သည်။
ရှဲ့ချောင်သည် ဘေးသို့ ပဟေဠိဆန်စွာနှင့် တစ်ချက်ကြည့်လိုက်သည်။
" ငွေက မကောင်းမှုကို ဖန်တီးတယ်၊ အိမ်ထောင်ရေးဖောက်ပြန်မှုက ပူပင်သောကကို ဖြစ်စေတယ်၊ လွန်
လွန်ကျူးကျူး ပရော်ပရည်လုပ်တာက ဒုက္ခတွေကို သယ်ဆောင်လာတယ်လို့ ပြောခဲ့တယ်။ ပုံမှန်လို့ ထင်ရတဲ့ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ယုတ်ညံ့တဲ့ဘက်အခြမ်း ရှိနေနိုင်တယ်" ရှဲ့ချောင်သည် အတွေးထဲနစ်နေသည့် ဟန်ဆောင်ကာ စာကြောင်းအနည်းငယ် ရွတ်လိုက်ပြီးသည့်နောက် သက်ပြင်းချလိုက်၏။ " သနားစရာ၊ ဘယ်လောက်သနားစရာကောင်းလိုက်လဲ"
" သူက တော်တော် သနားဖို့ကောင်းတယ်။ ကျန်းသခင်လေးက လူကောင်းတစ်ယောက်ဖြစ်ပေမယ့် သူ့ဇနီးက အရမ်းငယ်ငယ်လေးနဲ့ ကွယ်လွန်သွားခဲ့တာ၊ ဟူး…" ထိုလူကလည်း ထပ်တူ ကရုဏာသက်စွာဖြင့် မတတ်နိုင်ပဲ သက်ပြင်းချလိုက်၏။
ရှဲ့ချောင် ခေါင်းလှည့်ကာ ထိုပုဂ္ဂိုလ်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
" ဒါ မင်းဆိုလိုတဲ့သဘောမဟုတ်ဘူးလား၊ နတ်ဆရာ?" ဈေးဝယ်သူကလည်း မနေနိုင်ဘဲ မေးလိုက်သည်။
" ကျွန်မက အဲ့ဒီအမျိုးသမီးက သနားစရာကောင်းတယ်လို့ ပြောနေတာ။ သူ ငယ်ငယ်တုန်းက မကောင်းတဲ့သူနဲ့ ဆုံခဲ့ရတယ်။ ဒုက္ခရောက်နေတဲ့ ဝိဉာဉ်လေး၊ သူက မကျေမချမ်းမှုတွေနဲ့ ထွက်သွားခဲ့ရတာ" ရှဲ့ချောင်မှာ စိတ်မကောင်းဖြစ်နေသည့်ပုံ ပေါ်နေလေသည်။
သူမဘေးရှိလူမှာ သူမပြောသည့် စကားကို ကြားပြီး မတတ်နိုင်ပဲ သူမကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။
သူ ကူကယ်ရာမဲ့သည့်အပြုံးအား ထုတ်ဖော်ပြသလိုက်၏။
သဘာဝကျစွာပင် သူသည် သူမအား လူလိမ်တစ်ယောက်ကဲ့သို့ ဆက်ဆံနေခြင်းပင်။
" ကံဆိုတာ အမြဲလာတတ်တယ်။ ဒီနေရာက မကျေမချမ်းမှူတွေနဲ့ ပြည့်နေတာ။ ပြီးတော့ မကြာခင် အကြွေးကို ပေးရမယ့်အချိန် ရောက်တော့မှာ။ ဒါက ပေးရမှာဆိုပေမယ့်၊ အလျင်လိုစရာတော့မလိုပါဘူး"
ရှဲ့ချောင်သည် တာအိုဝတ်ရုံ၏လက်ကို ခါလိုက်ပြီး ခက်ခဲနက်နဲကာ နားမလည်နိုင်သည့်အမူအရာဖြင့် ထွက်သွားခဲ့တော့သည်။
သူမဆီမှ ခေါင်းလောင်းမြည်သံကို ကြားလိုက်ကြရသည့်သူများမှာ ဇဝေဇဝါဖြစ်သွားကြလေတော့သည်။
သူတို့ အသိပြန်ဝင်လာကြသောအခါ ရှဲ့ချောင်မှာ အဝေးသို့ ထွက်သွားနှင့်ပြီးဖြစ်လေ၏။
" သူမ ဘာကိုဆိုလိုတာလဲ? ဘာလို့ ကျန်းလုရှန်းက မကြာခင် ကံရဲ့အကျိုးကို ခံရတော့မယ့်ပုံ ပေါက်နေတာလဲ? "
" ကြားရတာတော့ အဲ့ဒီလိုပုံပဲ။ ဝေ့သခင်မက လျှို့ဝှက်ကြံစည်မှုကြောင့် သေသွားခဲ့ရတာလား?"
"ဘာကို လျှို့ဝှက်ကြံစည်တာလဲ? ဝေ့သခင်မရဲ့ မိဘတွေက ဒီမှာရှိနေတာ။ ငါတော့ နတ်ဆရာမ ဘယ်ကလာလဲဆိုတာပဲ သိချင်တယ်၊ အရမ်းကို အဓိပ္ပာယ်မရှိတာတွေနဲ့ ပြည့်နေတာပဲ"
လူအချို့မှာ ဗလုံးဗထွေးသာ ပြောဆိုနေကြပြီး သူတို့၏ ခေါင်းများကိုသာ ခါယမ်းမိကြလေတော့သည်။
•••••••••