အဲ့တာ သူပဲ၊ ရှဲ့ချောင်လေ
Vol. 10 Ch. 169
ကူကယ်ရာမဲ့စွာ ခံစားနေရသည့် ဖေဝမ်ယွဲ့မှာ လုသခင်မ သူမအတွက် ဝယ်ပေးခဲ့သည့် ခြံဝင်းငယ်လေးဆီသို့သာ ပြန်ခဲ့ရတော့သည်။ ခြံဝင်းသည် ဗလာကျင်းနေကာ အစေခံများမှာလည်း အသစ်ဖြစ်ကြလေသည်။ ၎င်းတို့သည် စိတ်လှုပ်ရှားနေပုံပေါ်ကြ၏။
ထိုနေရာတွင် သူမ သိသည့်သူတစ်ယောက်မှမရှိ။
ထိုညသည် လူးလှိမ့်နေရသော အိပ်မရသည့်ညတစ်ည ဖြစ်ခဲ့လေသည်။
နံနက်ခင်း အိပ်ရာထလာသောအခါ ဖေဝမ်ယွဲ့၏ပုံမှာ ဆိုးဝါးနေခဲ့သည်။ သူမ ခြေကုန်လက်ပမ်းကျလျက်နှင့်သာ တော်ဝင်ကျောင်းတော်သို့ ရှေးရှုသွားခဲ့လေသည်။ သူမကိုယ်သူမ ကျင့်သားရရန် အကောင်းဆုံးကြိုးစားခဲ့ပြီးသည့်နောက် ခြံဝင်းထဲရှိ တခြားသူများနှင့် ရင်းနှီးသွားခဲ့လေတော့သည်။
သို့သော်လည်း သူမ သူတို့နှင့် ရင်းနှီးသွားသောအခါ…
သူမ အံ့ဩလွန်း၍ ပြောစရာစကားပျောက်သွားခဲ့ရ
လေသည်။
အတန်း၄ထဲတွင် အားလုံးနီးပါးသည် စီးပွားရေးလုပ်ငန်းရှင်များ၏ သမီးများဖြစ်ကြလေ၏။ ၎င်းတို့သည် ခေတ်စားနေသည့် အဝတ်အစားနှင့် အသုံးအဆောင်များအကြောင်း သို့မဟုတ် အရာရှိမိသားစု၏ သမီးများ အကြောင်းကိုသာ လှောင်ပြောင်ပြောဆိုကြလေသည်။
ကုလန်ကျောင်းတော်ရှိ မိန်းမပျိုများကပင် ပို၍ ကျော့ရှင်းရည်မွန်ကြသေး၏။
သူမ အာရုံစိုက်ခံလိုက်ရသည့်အခါ၊ တစ်စုံတစ်ယောက်က ချက်ချင်းမေးလေသည်။ "ဖေသခင်မလေး၊ နင့် အဖေက ဘာအလုပ်လုပ်တာလဲ? အဆင့်သုံးအရာရှိဆီကနေ ထောက်ခံစာတောင်ရအောင် လုပ်နိုင်တယ်ဆိုတော့!"
ဖေဝမ်ယွဲ့တစ်ယောက် အခက်တွေ့သွားပုံပေါ်သည်။
သူမ ထိုအကြောင်းအား တွေးကာ ပြောလိုက်၏။ "အဖေက…အဆင့်လေးအရာရှိတစ်ယောက်လေ။ ဒါပေမယ့် ထောက်ခံစာကိုတော့ ကုလန်ကျောင်းတော်က သူငယ်ချင်းတစ်ယောက်ဆီကနေ လက်ဆောင်ရခဲ့တာ..."
" အဆင့်လေးအရာရှိလား?" ထိုစကားကို ကြားသည့်နှင့် လူများစွာက သူမကို ကြည့်လာကြသည်။
" ဒါမဖြစ်နိုင်ဘူး? အဆင့်လေးအရာရှိတစ်ယောက်ရဲ့ သမီးက ' နေမင်း(ရိ)' အတန်း၊ ဒါမှမဟုတ် 'လမင်း(ယွဲ့)' အတန်းမှာ ရှိသင့်တာလေ။ မယားပါသမီးတစ်ယောက်ဆိုရင်တောင်မှ ငါတို့လိုမျိုး နောက်ဆုံးအတန်း ကိုရဖို့က မဖြစ်နိုင်ဘူး"
ဖေဝမ်ယွဲ့မှာ သူမ၏ နှုတ်ခမ်းများကို စုဝိုင်းလိုက်လေသည်။ " ငါ-ငါ့အမေက နောက်အိမ်ထောင်ပြုခဲ့တာ..."
" နောက်အိမ်ထောင်လား?" လူတိုင်း မှင်တက်သွားသော်ကြသော်လည်း သူတို့ မအံ့ဩခဲ့ကြချေ။
ထိုခေတ်အခါက အမျိုးသမီးများသည် နောက်အိမ်ထောင်ပြုရန် တိုက်တွန်းခံကြရသည်။
ကွာရှင်းပြီးနောက် ပြန်လက်ထပ်ကြသူများမှာ တော်တော်များများရှိကြလေသည်။
သို့သော်လည်း အရာရှိမိသားစုအများစုကမူ ထိုအရာအား ဂုဏ်ယူစရာတစ်ခုကဲ့သို့ လုပ်ခဲ့ကြခြင်း မဟုတ်ချေ။
အခြားတစ်ယောက်ကလည်း မေးလေ၏။ " နင်ပြောတာက ထောက်ခံစာကို နင့်သူငယ်ချင်းဆီကနေ လက်ဆောင်ရခဲ့တာဆိုတော့၊ နင့်အဖေက…နင့်ကို မကူညီခဲ့ဘူးလား?"
ဖေဝမ်ယွဲ့ သည် ခေါင်းခါလိုက်ပြီး အခက်တွေ့နေသည့် မျက်နှာထားကိုပါ ထုတ်ဖော်ပြသလိုက်လေသည်။ "သူတို့က ငါ့ကို တော်ဝင်ကျောင်းတော်ကို မလာစေချင်ကြဘူး။ ဘာလို့လဲဆိုတာကိုတော့ ငါလည်း မသိဘူး။ ငါက ငါ့သူငယ်ချင်းပေးတဲ့ ထောက်ခံစာကို ဒီအတိုင်း အလဟဿမဖြစ်စေချင်ဘူး။ အဲ့ဒါကြောင့် ငါ ခေါင်းမာမာနဲ့ပဲ ဒီကိုလာခဲ့တာ။ သူတို့ ငါ့ကို အိမ်ကနေ မောင်းထုတ်လိုက်ကြတယ်"
ဤသည်မှာ သတင်းကြီးတစ်ခုဖြစ်သည်။
လူတိုင်းမှာ သူမအား သဲကြီးမဲကြီး စိုက်ကြည့်ကြလေတော့သည်။
" နင့်အဖေက တအားတွန့်တိုတာမဟုတ်ဘူးလား!?" တစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။
" သူတို့က ငါ ဒီကိုလာရင် ငါ့အစ်မအတွက် မကောင်းမှာကို စိုးရိမ်ကြတာ ဖြစ်နိုင်ပါတယ်" ဖေဝမ်ယွဲ့ သက်ပြင်းချလိုက်၏။
လူများသည် သိချင်စိတ်ဖြစ်သွားကြလေတော့၏။
ဘယ်မိသားစုကများ ဒီလောက်တွန့်တိုရတာလဲ? မယားပါသမီးကို ထောက်ခံစာ မသုံးရအောင်တားမြစ်တဲ့အပြင် အိမ်ကနေပါ မောင်းထုတ်သေးတယ်? ဒါ တကယ့်ကို ဆိုးရွားတာပဲ!
" ဖေသခင်မလေး မစိုးရိမ်ပါနဲ့။ နင့်မှာ ငါတို့ရှိနေပြီပဲ။ ငါတို့ နင့်ကို မတရားသဖြင့် မခံစားစေရဘူး။ နင့် အစ်မကလည်း ဒီကျောင်းတော်ကပဲလား? ဘယ်သူလဲ? တကယ်လို့ သူနင့်ကို အနာဂတ်မှာ ရန်စခဲ့ရင်၊ နင့်နောက်မှာ ငါတို့ရှိနေမယ်!"
ဖေဝမ်ယွဲ့မှ ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ " ဒါအဆင်ပြေပါတယ်။ နင်တို့ အနှောင့်အယှက်ဖြစ်စရာ မလိုပါဘူး။ သူက နင်တို့သွားရှုပ်သင့်တဲ့သူတစ်ယောက် မဟုတ်ဘူး။ သူက အဖေ့ရဲ့သမီးအရင်းတစ်ယောက်။ ငါနဲ့ သိသိသာသာ ကွာတယ်။ ငါသူ့ကို တတ်နိုင်သမျှရှောင်ရမှာ။ ပြီးတော့ နင်တို့လည်း သူ့ကို ကြားဖူးလောက်ပါတယ်။ သူက ရှဲ့ချောင်လေ..."
"ရှဲ့ချောင်လား!?" လူတိုင်း မျက်ခွံများလှုပ်သွားခဲ့ကြသည်။
သူတို့ တွေးနေတဲ့ ရှဲ့ချောင် မဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား!?
ရှဲ့နျိုရှန်းရဲ့ ပထမ တိုက်ရိုက်သမီး၊ သစ်ခွခြံဝင်း၊ နေမင်း(ရိ)အတန်းထဲက သက်တမ်းတိုတဲ့ သနားစရာဝိဉာဉ်။ ယွမ်ပင်းနဲ့ အလောင်းအစားမှာ အနိုင်ရခဲ့တဲ့ သခင်မလေးလား?
ဖေဝမ်ယွဲ့နှင့် ရှဲ့ချောင်မှာ ဆွေမျိုးတော်စပ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
" တခြားသူဆိုရင် အဆင်ပြေပေမယ့် ငါတို့ ရှဲ့ချောင်ကိုတော့ စိတ်အနှောင့်ယှက်ဖြစ်အောင် တကယ်သွားမလုပ်ရဲဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က ထူးထူးခြားခြားကို အားနည်းတာ။ သူသာ တစ်ခုခုဖြစ်သွားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့၊ ရှဲ့ဖင်းကန်း…သူကလည်း မကောင်းဆိုးဝါးတစ်ယောက်ပဲ။ နောက်ပြီး ရှဲ့ဖင်းဟွိုက်ရော၊ သူက ကျီစားသန်တယ်။ သူက တကယ့်ကို ပြဿနာကောင်တစ်ယောက်ပဲ"
"ငါ သိပါတယ်၊ အစ်မကြီးက ပန်းချီကားတစ်ချပ် သာမန်ကာလျှံကာ ယူလာရုံလောက်နဲ့ ကျောင်းတော်ကို ဝင်ခွင့်ရခဲ့တာ။ ကျောင်းတော်က အစ်ကိုကြီးရဲ့ ဒေါသကိုလည်း သတိပြုမိကြတယ်။ ဒါကြောင့် သူ့ကို လက်ခံခဲ့တာ။ အခု ငါမောင်းထုတ်ခံခဲ့ရတယ်၊ ဒါက ခက်ခဲပေမယ့်လည်း ငါ လွတ်လပ်သွားတဲ့အတွက် ငါပျော်တယ်" ဖေဝမ်ယွဲ့က ချက်ချင်းပြောလိုက်လေသည်။
••••••