မကြုံစဖူး
Vol. 10 Ch. 170
ဖေဝမ်ယွဲ့မှာ ထေ့ငေါ့၍ ပြောနေသံပေါက်ခဲ့သည်။
ထိုသခင်မလေးများသည် ငတုံးများမဟုတ်ချေ။ သူမ ရှဲ့ချောင်ကို ရည်ရွယ်ချက်ရှိရှိ မကောင်းပြောနေခြင်းဆိုသည်အား ချက်ချင်း ခံစားလိုက်ကြရသည်။
၎င်းတို့မှာ မတတ်နိုင်ပဲ ဖေဝမ်ယွဲ့ကို သတိထားပြီး နေမိလိုက်ကြလေတော့သည်။
သို့ရာတွင်လည်း သူများအကြောင်းအား အပုပ်ချပြောဆိုခြင်းမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။
တစ်စုံတစ်ယောက်က ဇဝေဇဝါဖြစ်စွာနှင့် မေးလိုက်၏။ " သာမန်ကာလျှံကာ ပန်းချီကားတစ်ချပ် ယူလာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?"
ရှဲ့ချောင်သည် ကျောင်းတော်သို့ စာရင်းသွင်း ဝင်ရောက်ခဲ့စဉ်က အတော်လေး အာရုံစိုက်ခံခဲ့ရသည်။ ထိုအချိန်က လူတော်တော်များများမှာ သူမ၏အဖေ ငွေတုံးတွေ သယ်လာ၊မလာ ဆိုသည်ကို ခန့်မှန်းခဲ့ကြသေး၏။ သူတို့ တစ်ခါမှ စိတ်မကူးကြည့်ခဲ့ဖူးသည်က ဘာငွေတုံးမှ ရှိမနေခဲ့သည်ကိုပင်။ ပန်းချီကားဆိုသည်မှာ ကြော့ရှင်းတပ်မက်ဖွယ်ကောင်းသည့်အရာမျိုးဖြစ်ကာ ရှဲ့မိသားစု၏ ပုံစံနှင့် လုံးဝမလိုက်ဖက်ပေ။
အခု ဖေဝမ်ယွဲ့က ဒီလိုပြောတယ်ဆိုတော့ ပန်းချီကားနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေတာများလား?
ဖေဝမ်ယွဲ့မှာ ချီတုံချတုံဖြစ်နေလေ၏။ "တကယ်တော့ အကြီးဆုံးအစ်မက ယွင်ကျင်းမှာရှိတဲ့ တာအိုဘုရားကျောင်းတစ်ကျောင်းမှာ ကြီးပြင်းခဲ့တာ။ အမေ သူ့ကို အိမ်ခေါ်လာခဲ့တုန်းက သူ့မှာ အတွေ့အကြုံသိပ်မရှိသေးဘူး။ သူ နန်းမြို့တော်ကိုရောက်တော့ ငါတို့မိသားစုက သူ့ကို ကျောင်းတော်ကို ငွေတုံးတွေနဲ့ ပို့ချင်ခဲ့တယ်။ ဒါပေမယ့် သူက ဆရာကြီး ယွင်ဝေ့ရဲ့ လက်ရာမြောက်ပန်းချီကားတစ်ချပ်ကို ယူထုတ်လာခဲ့တယ်လေ။ ဒီကမ္ဘာပေါ်မှာ အပြောင်မြောက်ဆုံးလက်ရာနဲ့ပန်းချီက နည်းနည်းပဲရှိတဲ့ဟာ။ အစ်မကြီး ယူလာခဲ့တဲ့ တစ်ခုက…တစ်ယောက်ယောက်က ဆရာကြီးရဲ့ နာမည်နဲ့ အတုလုပ်ခဲ့တဲ့ဟာပဲနေမှာ"
လူတိုင်းသည် ထိုစကားကို ကြားသောအခါ အံ့ဩသွားကြကုန်လေသည်။ ဤသည်မှာ ပြင်းထန်သည့် အရာတစ်ခုပင်။
" ဖေသခင်မလေး၊ နင် ရှဲ့ချောင်ကို အထင်သေးတာ ငါတို့နားလည်ပေမယ့် နင် ဒီလိုဟာမျိုးတွေကိုတော့ မ
ပြောသင့်ဘူး" တစ်ယောက်မှ မျက်မှောင်ကြုံ့ကာ ပြောလိုက်လေသည်။
အမှန်တကယ်ပင် ရှဲ့ချောင်ကို မုန်းနေကြသည့်သူများမှာ အများကြီးပင်ဖြစ်သည်။ ဘယ်သူက သူ့ကို ဒီလို အံ့ဩစရာကောင်းတဲ့သွင်ပြင်မျိုး ရှိဖို့ ပြောနေလို့လဲ?
သို့သော်လည်း ရှဲ့ချောင် ပန်းချီကားအား အတုအပပြုလုပ်ခဲ့တယ်ဆိုသည်ကို မည်သူကမှ သံသယဖြစ်ကြလိမ့်မည်မဟုတ်။
"အမှန်ပဲ၊ ဆရာကြီးယွမ်ဝေရဲ့ လက်ရာမြောက်ပန်းချီကားက နည်းနည်းပဲရှိတယ်ဆိုပေမယ့် တစ်ယောက်ယောက်ကတော့ ဝယ်နိုင်နေမှာပဲလေ။ နင့်အစ်မရဲ့ ပန်းချီက အတုလို့ ပြောရအောင် နင့်မှာ ဘာသက်သေရှိလို့လဲ?"
ဖေဝမ်ယွဲ့သည် သူမ အလွန် မဆင်မခြင်ပြောလိုက်မိကြောင်း သတိပြုမိသွားလေသည်။ သူမအတွက် တော်ဝင်ကျောင်းတော်သို့ စာရင်းသွင်းဝင်ရောက်ရန်မှာ ခက်ခဲလှ၏။ သူမ အဆက်အသွယ်ကောင်း တချို့ရရန် အခွင့်အရေးကို ဖမ်းဆုပ်ထားသင့်သည်။
သို့သော် တန်းခွဲ၄တွင် အချို့မှာ ချမ်းသာသည့် စီးပွားရေးကုန်သည်မိသားစုများမှ မဟုတ်သော်လည်း အဆင့်နိမ့်အရာရှိများ၏ သမီးများ ဖြစ်ကြသည်။ သူမအတွက် သူတို့နှင့် သူငယ်ချင်းဖြစ်ရလို့ ဘာများထူးမည်နည်း?
သူမ ဤကဲ့သို့ လုပ်မည့်အစား ရှဲ့အိမ်တော်တွင်သာ နေလိုက်မည်ဖြစ်သည်။ သူမ၏ စွန့်လွှတ်မှုမှာ အလဟဿဖြစ်သွားပေလိမ့်မည်။
ယခု သူမ ထင်ရှားပေါ်လွင်စေရန် လူအများ၏ အာရုံစိုက်ခံရအောင်လုပ်ဖို့သာ ရှိတော့သည်။
နောက်ပြီး ရှဲ့ချောင်ရဲ့ ပန်းချီကားကလဲ အတုဖြစ်နေရမယ်၊ ဟုတ်တယ်မလား?
ပန်းချီကားကို သူ ယူထုတ်လာတုန်းကဆို ရှဲ့နျိုရှန်းကတောင် အတုဆိုပြီး သံသယဖြစ်ခဲ့သေးတာလေ!
" အစ်မကြီးရဲ့ ပန်းချီကားထဲမှာ ကြက်တွေနဲ့၊ နွားထီးပုံတွေပါတယ်။ အဲဒါက သာမန်ပုံဖြစ်နေတာလေ။ ပြီးတော့ သူက အိမ်မှာတုန်းက အဖေနဲ့ အမေကို အရင်ပြခဲ့သေးတယ်။ သူတို့က အဲ့ဒါကို လက်ဆောင်အနေနဲ့ မသုံးဖို့ ပြောခဲ့ကြတာတောင် သူက မရမက ပြောခဲ့တာလေ" ဖေဝမ်ယွဲ့ ထပ်ပြောပြလိုက်သည်။
အချို့မှာ စိတ်အနှောင့်အယှက်ဖြစ်သွားကြလေသည်။ အချို့သည်တော့ သတိချပ်သွားကြပြီး အခြားသူများမှာ အခု ဖေဝမ်ယွဲ့ကြောင့် ဒေါသထွက်နေရပြီဖြစ်သည်။
ဖေဝမ်ယွဲ့သည် ရှဲ့ချောင်အား အစ်မဟုတော့ ခေါ်နေဆဲဖြစ်သည်။ သို့သော် သူမ ပြောနေသည့်ပုံအရ သူမသည် မည်ကဲ့သို့ ညီအစ်မတစ်ယောက်ပုံပေါ်တော့မည်နည်း?
သူမသည် ရှဲ့ချောင်အား ရွှံ့နွံထဲသို့ နင်းချရန် စိတ်အားထက်သန်နေခဲ့လေသည်။
သို့ရာတွင် ဖေဝမ်ယွဲ့ပြောလိုက်သည့် စကားမှာ အကျိုးသက်ရောက်မှုတော့ ရှိသွားခဲ့လေသည်။
ထိုနေ့မှာပင် သတင်းက ပျံ့သွားခဲ့၏။
တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်ရန်မှာ ခဲယဉ်းလေသည်။ လူတိုင်းသည် လက်ဆောင်ပဏ္ဏာများကို ပေးခဲ့ကြလေ၏။ ထို့ကြောင့် ရှဲ့ချောင်သည် ဤကဲ့သို့သောအရာမျိုးကို ရှောင်လွှဲသွားနိုင်ရလောက်သည်အထိ သူမတွင် မည်သည့်လုပ်ပိုင်ခွင့်များရှိနေ
သနည်း?
ထို့အပြင် လူများ ဂရုစိုက်နေကြသည်မှာ လက်ဆောင်တစ်ခုတည်းကိုသာမဟုတ်။ ပန်းချီကားသည် အတုအပ လုပ်ထားသည်ဆိုသည့် အဓိကအကြောင်းကြောင့်ပင်!
တော်ဝင်ကျောင်းတော်ဟူသည် အထွတ်အမြတ်ထားသည့်နေရာတစ်ခုဖြစ်ပြီး သူမသည် အလိမ်အညာပစ္စည်းတစ်ခုကို ယူလာခဲ့လေ၏။ သူမသည် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်လေသည်!
ထိုအချိန်တွင် ရှဲ့ချောင်၏ဝန်းကျင်၌ ဝေဖန်အကဲဖြတ်ပြောဆိုနေကြသည့် အသံများစွာကို ကြားနေရလေသည်။
" တစ်စုံတစ်ယောက်က ကျောင်းတော်မှာ နေဖို့ အရှက်မဲ့လွန်းနေတာမလား?"
" ငါကြားတာတော့ သူက နွမ်းပါးပြီး၊ ချောင်ကျတဲ့ဒေသမှာရှိတဲ့ တာအိုဘုရားကျောင်းကနေ လာခဲ့တာတဲ့။ သူက ဘယ်အရာက အကောင်းလဲဆိုတာကို မသိပဲနဲ့ အတုအယောင်ပစ္စည်းတစ်ခုကို အဖိုးတန်တယ်ဆိုပြီး ထင်ခဲ့တာနေမယ်"
" တာဝန်ရှိတဲ့သူက ဆရာရွှီ ဟုတ်တယ်မလား? ဒါအတုပါလို့ သူဘာလို့ မပြောခဲ့ရတာလဲ မသိဘူး? နားလည်မှုလွဲနေတာများ ဖြစ်နေမလား?"
" ဘာကို နားလည်မှုလွဲရမှာလဲ? ဆရာကြီးယွင်ဝေ့က မကြာသေးခင်နှစ်တွေကမှ ကျော်ကြားလာခဲ့တာ။ နန်းမြို့တော်မှာ ရနိုင်တဲ့ လက်ရာမြောက်ပန်းချီကားက နှစ်ခုပဲရှိတာ။ ရှဲ့မိသားစုဆိုတာ တောင်ပေါ်ကလူတွေ။ သူတို့က ဘယ်လိုလုပ်ပြီး ပန်းချီကားတစ်ချပ်အပေါ်မှာ ငွေအများကြီးသုံးမှာလဲ?"
••••••••