← Chapters

(ထိုသို့လုပ်ရန် တွန်းအားပေးခံရ)

Vol. 10 Ch. 171

(ထိုသို့လုပ်ရန် တွန်းအားပေးခံရ)

Vol. 10 Ch. 171

လူတိုင်းက ရှဲ့မိသားစုအကြောင်း ကောင်းကောင်း သိကြသည်။

ရှဲ့ဖင်းကန်းက နန်းမြို့တော်ကို ရောက်သည်နှင့် တော်ဝင်ကျောင်းတော်မှ ဆရာတစ်ယောက်ကို ရိုက်နှက်ခဲ့၏။ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့မှာမူ ကျောင်းတော်တွင် တက်နေကြသည်မှာ နှစ်နှစ်မျှကြာပြီဖြစ်သော်လည်း ကြွေပန်းခြံဝန်းတွင် ရှိနေကြဆဲ ဖြစ်သည်။ တိုးတက်မှုသည်က ဗလာနတ္တိ။

ရှဲ့ချောင်ကတော့ တော်သည်ဟု ယူဆ၍ ရသော်ငြား ဓားရေးစွမ်းရည်အတန်းတွင် ပြသခဲ့သော သူမ၏ ရင်သက်ရှုမောဖွယ်တင်ဆက်မှုမှလွဲ ကျောင်း

တော်သို့ ဝင်ရောက်လာပြီးကတည်းက အခြားသောအတန်းများတွင် လူလုံးပြခဲ၏။

သူတို့ထဲက တစ်ယောက်မှ ပညာရေးနှင့် ပတ်သတ်၍ အလေးအနက်မထားကြပေ။

ဒီလိုမိသားစုက ဆရာကြီးယွင်ဝေ့ရဲ့ ပရိတ်သတ်တစ်စုတဲ့လား?

သံသယရှိဟန်ပေါ်သည့် အသံတို့က ပို၍ ကျယ်လောင်လာသည်။

ရှဲ့ချောင်မှာ ထိုစကားတို့ကို ကြားပြီးနောက် မအံ့သြမိဘဲ မနေနိုင်တော့ချေ။

"ဒီကောလာဟလကို ဘယ်သူဖြန့်တာလဲ"ရှဲ့ချောင်က ချင်လျှို့ကို မေးလိုက်သည်။

ချင်လျို့က သူမအတွက် ပိုစိတ်ပူနေသည်။ "အဲ့တာ နင့် ညီမလေးဆိုတဲ့ တစ်ယောက်လားလို့? ခရေခြံဝန်း အတန်း (၄) က မိန်းကလေးဖေလေ သူမ ပြောတာတော့ မတော်တဆနှုတ်ကျွံသွားတာတဲ့ လူတွေအများကြီး သူမကို ဝိုင်းမေးကြတော့တောင် သူမပုံစံက အခက်တွေ့နေတဲ့ပုံနဲ့... ငါ သူ့ကို စောင့်ကြည့်နေတာတော့ သူပြုမူနေတဲ့ပုံစံကို ကြည့်ပြီး လူတိုင်းက ကောလဟာလတွေကို အမှန်တွေလို့ ထင်ကုန်ပြီ"

ရှဲ့ချောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သေချာပြန်ပြီး တွေးကြည့်နေသော်လည်း သူမ ဖေဝမ်ယွဲ့အပေါ် စည်းကျော်ပြီး တစ်ခုခုလုပ်ခဲ့ဖူးတာမျိုးလည်း ရှိပုံမရချေ။

ဒါကိုတောင် ဖေဝမ်ယွဲ့က ဘာလို့ ပြဿနာမ

ဖြစ်ဖြစ်အောင် မွှေဖို့ချည်းပဲ လုပ်နေရတာလဲ?

"ရှဲ့ချောင် အဲ့ဒီပန်းချီကားက—" ချင်လျို့မှာ တုံ့ဆိုင်းနေသည်။ သူမစကားတစ်ဝက်အရောက်မှာ သူမခေါင်းကို သူမပြန်ရိုက်လိုက်သည်။ "ငါက တကယ့်ကို ငတုံးပဲ။ နင်က အရူးမှ မဟုတ်တာ ဘာလို့ နင့်အနာဂတ်ကို နင် ဖျက်ဆီးမှာတဲ့လဲ”

ဒါက သူမ ရှဲ့ချောင်ကို သိတဲ့ပထမဆုံးနေ့မဟုတ်ပေ။ ရှဲ့ချောင်မှာ ထိုသို့လုပ်ရန် လုံးဝမလိုအပ်။ သူမမှာ ကောလာဟလထဲက ရှဲ့ချောင်နှင့် လုံးဝကွဲပြားလှ၏။ တကယ့်အစစ်အမှန်ရှဲ့ချောင်မှာ အလွန်ပင်ဥာဏ်ကောင်းကာ ဆရာလုပြောသမျှကိုလည်း နားလည်နိုင်သည်။

ရှဲ့ချောင်က ချင်လျို့ကိုတောင် အကြိမ်အနည်းငယ်မျှ သင်ကြားပေးဖူးသည်။

သူမက ဆင်ခြင်တုံတရားရှိသူတစ်ယောက်ဖြစ်၏။ သူမမိသားစုမှာ သူမအား ငွေပြားငါးထောင်လောက်တောင် မပေးနိုင်ဆိုသည်ကလည်း မဖြစ်နိုင်။ သူမမှာ ထိုပန်းချီကားအား အတုလုပ်ရန် လုံးဝမလိုအပ်ပေ။

"ငါ့အနာဂတ်ကို ဖျက်ဆီးနေတာ ငါမဟုတ်ဘူး။" ရှဲ့ချောင်၏ ပုံစံမှာ အေးတိအေးစက်ဖြစ်သွားခဲ့သည်။ "ဒီကောလာဟလတွေသာဆက်ပြန့်သွားခဲ့ရင် ငါမတောင်းဆိုရင်တောင် လူကြီးမင်းရွှီက ငါ့အတွက် ရပ်တည်ပေးမှာ ဟုတ်တယ်မလား?”

"ဒါပေါ့ တစ်ချို့ကကျ နင့်အစ်ကိုကြီးက လူကြီးမင်းရွှီကို ခြိမ်းခြောက်တယ်ဆိုပြီး..." ချင်လျို့မှာ ထုတ်ပြောရန် အခက်တွေ့နေတာ့သည်။ "နင် ကျောင်းစမတက်ခင်အချိန်တုန်းကကျ လူကြီးမင်းရွှီက နင့်ကို အပြစ်ရှာဆူပူနေတာ ဒါပေမယ့် နောက်ရက်လည်းကျ နင့်ကို သစ်ခွခြံဝန်းဆီ ပို့လိုက်ရော အဲ့တာနဲ့ပဲ အားလုံးက လူကြီးမင်းရွှီ အဲ့လိုလုပ်ဖို့ တွန်းအားပေးခံရတယ်လို့ ထင်သွားကြတာ"

ရှဲ့ချောင်မှာ အနည်းငယ် စိတ်ဝင်စားမိသွားသည်။

'အဲ့လိုလုပ်ဖို့ တွန်းအားပေးခံရတယ်တဲ့လား အချို့သောသူတွေကတော့ တကယ့်ကို အခြေအမြစ်မရှိ စိတ်ကူးယဥ်ဆန်ကြတာပဲ'

သူမ၏အကိုမှာ အမြဲရန်လိုနေသော သားရဲမဟုတ်ချေ!

သူတို့နှစ်ယောက် စကားပြောနေစဥ်မှာပဲ အပြင်ဘက်က ဆူညံသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

လူတစ်စုက သစ်ခွခြံဝန်းထဲကို ဝင်လာကြသည်။ သူတို့ပုံစံမှာ ကြောက်မက်ဖွယ်ကောင်းပြီး ဖော်ရွေသည့်ပုံစံမရှိချေ။ သစ်ခွခြံဝန်းသို့ ရောက်သည်နှင့်

စတင်၍ ဆူဆူညံညံတွေ လုပ်တော့သည်။

"မင်းတို့ထဲက ဘယ်တစ်ယောက်က မိန်းကလေးရှဲ့၊ ရှဲ့ချောင်လဲ" ထိုလူမေးလိုက်သည်နှင့် သစ်ခွခြံဝန်းထဲရှိ မျက်လုံးများစွာက ရှဲ့ချောင်ကို မသိစိတ်က လှည့်ကြည့်မိသွားကြသည်။

လူအုပ်ထဲတွင် အမျိုးသားများသာမက မိန်းမပျိုလေးများလည်း ပါကြသည်။ အားလုံးမှာ တော်ဝင်ကျောင်းတော်၏ ကျောင်းသားများဖြစ်ကြပြီး ငယ်ရွယ်ကာ စိတ်လိုက်မာန်မာ လုပ်တတ်ကြသည်။

သူတို့ ရှဲ့ချောင်ကို သတိထားမိသွားသောအခါ သူမဆီသို့ ခြိမ်းခြောက်ဟန်အငွေ့အသက်တို့နှင့် ချဉ်းကပ်လာကြသည်။

ချင်လျို့ရဲ့အမူအရာ ပြောင်းလဲသွားပြီး ရှဲ့ချောင်ကို အထိတ်ထလန့် လှုပ်ယမ်းလိုက်သည်။ "အနောက်တံခါးကနေ ပြေးကြရအောင်..."

သူတို့ သူမကို စရိုက်ကြရင် ဘယ်လိုလုပ်မလဲ? ရှဲ့ချောင်က ဒီလောက်အားနည်းတာ အကြိမ်နည်းနည်းလောက် တွန်းထိုးခံရတာနဲ့တင် သူမသေသွားနိုင်တယ်!

"ငါ ပြေးလို့မရဘူး" ရှဲ့ချောင်က အမှန်တရားကို ထုတ်ပြောလိုက်သည်။

ချင်လျို့၏မျက်နှာမှာ ဖျော့တော့သွား၏။ "အာ..."

ရှဲ့ချောင်၏ ကျန်းမာရေးအခြေအနေက အလွန်ပင် သနားစရာကောင်းလှသည်။

"နင်တို့ဘာလုပ်နေကြတာလဲ?" ချင်လျို့က ပြောလိုက်သည်။ "ညီမလေးရှဲ့က အားနည်းတယ်နော်.. နင်တို့တွေ ဒီလိုလုပ်နေမယ်ဆို သူမကို ထိတ်လန့်စေ

လိမ့်မယ်!"

ရှဲ့ချောင်က သူမ၏ မျက်လုံးတို့ကို ပင့်ကာ ချင်လျို့ကို အကြည့်တစ်ချက်ပေးလိုက်သည်။ ချင်လျို့အရှေ့မှာ သူမ ခိုးကိုးရာမဲ့လောက်တဲ့အထိတော့ တစ်ခါမှ အားမနည်းဖူးပါဘူး ဟုတ်တယ်မလား?

"အားနည်းတယ်ဆို အိမ်ပြန်ပြီး အနားယူလိုက်တာ ပိုကောင်းလိမ့်မယ် မိန်းကလေးရှဲ့ ကျုပ်တို့ရဲ့ ကျောင်းတော်က မင်းနဲ့ မအပ်စပ်ဘူး" ရောက်လာသော လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

ရှဲ့ချောင်က သူတို့ကို တစ်ချက်ကြည့်လိုက်၏။

လူအုပ်ထဲတွင် လူအတော်များသည်။ တစ်ချက်ကြည့်ရုံမျှနှင့် အနည်းဆုံး လူတစ်ရာလောက်ရှိလိမ့်မည်ဟုပင် ခန့်မှန်းနိုင်သည်။ သေချာပေါက် အများစုကတော့ ပွဲကြည့်ရုံသပ်သပ် ရောက်လာခြင်း

ဖြစ်သည်။ ဦးဆောင်လာသူကတော့ သူမရှေ့ရှိ လူနည်းစုသာ ဖြစ်၏။ သူတို့ ဝတ်ဆင်ထားသည်များမှာ အခြားသူများနှင့် ကွဲထွက်နေသည်။ အများစုမှာ သူတို့၏ အဝတ်ပေါ်တွင် အနက်ရောင်ပျိုနီပန်းအဆင်များ ရေးထိုးထားခြင်းဖြစ်သည်။

••••••••

All Chapters