← Chapters

(မိသားစုအပေါ် ဗိုလ်ကျလွန်းတယ်)

Vol. 10 Ch. 172

(မိသားစုအပေါ် ဗိုလ်ကျလွန်းတယ်)

Vol. 10 Ch. 172

ဦးဆောင်လာသော သူများထဲမှ အားလုံးနီးပါးမှာ ပျိုနီပန်းခြံဝန်းမှဖြစ်ကြသည်။

ဒီလိုဆိုမှတော့ သူတို့ ဒီလို ဗိုလ်ကျခြယ်လှယ်တဲ့ ပုံစံမျိုးနဲ့ ရောက်လာသည်မှာ အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။

သစ်ခွခြံဝန်းမှ အချို့သူတို့မှာ ကြောက်ရွံ့နေကြသော်လည်း အများစု၏ မျက်လုံးများမှာတော့

မီးတောက်မတတ် ဒေါသခိုးဝေနေကြသည်။

"ပျိုနီပန်းခြံဝန်းဘက်က လူတွေက ငါတို့ သစ်ခွခြံဝန်းမှာ လာပြဿနာရှာနေတာ ဒါစည်းကျော်နေတာပဲ မဟုတ်ဘူးလား?"

ဖန်းမုရွှယ်နှင့်အတူ ကျောင်းသားများ ထရပ်လိုက်ကြသည်။ ရှဲ့ချောင်နှင့် ပတ်သတ်၍ သူတို့၏ သဘောထားများမှာ အတော်လေး ရှုပ်ထွေးနေကြဆဲဖြစ်၏။ ရှဲ့မိသားစု၏ ဂုဏ်သတင်းကို သူတို့ အထင်အမြင်သေးသော်လည်း ရှဲ့ချောင်မှာ ကျောင်းတော်၌ ရှိနေစဥ်ကာလအတွင်း အတော်လေးကျိုးကြောင်းသင့် ဆင်ခြင်တတ်သူဖြစ်ကြောင်း သူတို့တွေ့ခဲ့ရသည်။ ဆရာလုမှာလည်း သူမကို အတော်လေး တန်ဖိုးထားသည်။ အမှန်တကယ်ကိုပင် သူမမှာ သူတို့အတန်းတွင်း၌ အာရုံစိုက်အခံရဆုံးသူဖြစ်လာလေသည်...

သင်ကြားမှုများကို သူမနားလည်သည် မလည်သည်အား ဘယ်သူမှမသိသော်လည်း ဆရာသမားများ

အပေါ်ထားသည့် သူမ၏ လေးစားမှုကိုတော့ သူတို့ခံစား၍ရသည်။

လက်ဆောင်ကိစ္စနှင့် ပတ်သတ်ပြီးကတော့...

တကယ်တမ်း သူတို့လည်း စိတ်ထဲတွင် နေမထိထိုင်မသာဖြစ်ရပါသည်။

သို့သော်လည်း ပျိုနီပန်းခြံဝန်းကလူတွေ သူတို့သစ်ခွခြံဝန်းထိ ကိုယ်တိုင်ကိုယ်ကျလာပြီး သူမကို အနိုင်ကျင့်နေတာကို သူတို့သည်းခံပြီး ထိုင်ကြည့်နေမည်ဟု မဆိုလိုပေ။

"မိန်းကလေးဖန်း ကျုပ်အတွေးကတော့ မင်းလည်း ဒီကျောင်းတော်မှာ ဒီလိုသိက္ခာမရှိ စည်းမရှိတဲ့သူမျိုးကို ဆက်နေစေချင်လောက်မယ်လို့ မထင်ဘူးနော်" တစ်ဖက်အုပ်စုထဲမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ပြုံးစစဖြင့် လှောင်ပြောင်နေသည်လားတော့ မသဲကွဲချေ။

သူတို့ထဲက တစ်ယောက်ကိုမှ ရှဲ့ချောင်မသိချေ။

"အကယ်၍ ရှဲ့ချောင်သာ ပန်းချီကားကို အမှန်တကယ် အတုလုပ်ခဲ့တယ်ဆို ဆရာက သေချာပေါက် သူကိုယ်တိုင်အပြစ်ပေးမှာပဲ ဒီကိစ္စက ရှင်တို့နဲ့ ဘာဆိုင်လို့လဲ" ဖန်းမုရွှယ်က မေးလိုက်သည်။

"ဟမ့် သူ့အစ်ကိုကြီးက ဆရာ့ကို ခြိမ်းခြောက်လိမ့်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ" အမျိုးသားတစ်ယောက်က ရှေ့ထွက်လာပြီးပြောလိုက်သည်။ "သူက မိန်းကလေးသုန့်ကိုတောင် အစောလေးကပဲ အနိုင်ကျင့်နေတာ အဲ့လိုလူရဲ့ ညီမကရော ဘယ်လိုလုပ်ကောင်းတဲ့သူဖြစ်နိုင်မှာလဲ?"

ထိုအမျိုးသား စကားပြောနေစဥ်အတွင်း ရှဲ့ချောင်မှာ ခုနက စကားပြောသော မိန်းကလေး၏ မျက်နှာထက်တွင် ထူးဆန်းသည့် အရှက်ရမှုနှင့် ဒေါသတို့ တစ်စွန်းတစ်စရောယှက်နေသော အမူအရာကို တွေ့

လိုက်ရသည်။

ဖြစ်နိုင်တာက...

သူမက သူမရဲ့အစ်ကိုကြီးကို ငြင်းပယ်ခဲ့တယ်ဆိုတဲ့ သခင်မလေးသုန့်လား?

သို့သော်လည်း ဒါဟာ သူမ၏ စပ်စုလိုစိတ်တို့အား ဖြည့်ဆည်းရမည့် အချိန်ဟုတ်မနေချေ။

"ဒီမှာ.." ရှဲ့ချောင်က ပြောလိုက်၏။ "ကျွန်မကို အတုလုပ်တယ်လို့ စွပ်စွဲချင်ရင် သက်သေကတော့ ရှိသင့်တယ်မလား?"

"အဲ့တာ နင့်ညီမကိုယ်တိုင် ပြောခဲ့တာလေ" သခင်မလေးတစ်ယောက်က ချက်ချင်းဝင်ပြောလိုက်သည်။

ရှဲ့ချောင်မှာ မပြုံးမိဘဲ မနေနိုင်တော့ချေ။ "ငါ့မှာ ညီမ

တစ်ယောက်ပဲရှိတယ် သူမနာမည်က ရှဲ့ရှီ... ဆိုတော့ ရှင်တို့ကို ပြောတယ်ဆိုတာ သူမလား"

"မဟုတ်ဘူး အဲ့တာက မိန်းကလေးဖေ..." ထိုသခင်မလေးက ချက်ချင်းတုံ့ပြန်လိုက်သည်။ သူမ စကားပြောပြီးပြီးချင်း လူအုပ်က ဖေဝမ်ယွဲ့အား ရှေ့သို့ တွန်းထုတ်လိုက်ကြသည်။ "ဒါ မင်းရဲ့ ညီမမလား မင်း ပန်းချီကားအတုကို ထုတ်ပြီး ကြွားဝါနေတာကို သူမကိုယ်တိုင်တွေ့ခဲ့တာ မင်းတကယ့်ကို မောက်မာတာပဲ!"

မောက်မာတယ်တဲ့လား?

သူမကိုယ်သူမ အမြဲနှိမ့်ချနေသည်ဟု ရှဲ့ချောင်ထင်ထားခဲ့တာ။

"ရှင်တို့ပဲပြောတာ သူ့မိသားစုနာမည်က ဖေလေ ဆိုတော့ သူက ဘယ်လိုလုပ် ကျွန်မညီမလေးဖြစ်သွားရ

တာလဲ ရှင်တို့ လူများ မှားနေကြတာလား?" ရှဲ့ချောင်က သာမန်ကာလျှံကာဟန်ဖြင့် ပြောလိုက်ပြီး သူမမျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ပွင့်တောင် ရှိနေသေးသည်။ သူမ၏ ပုံစံမှာ အေးဆေးနေပြီး ဖေဝမ်ယွဲ့ကို အကြည့်တစ်ချက်ပေးလိုက်၏။ "သူမက ဖေမိသားစုက သခင်မလေးပါ ကျွန်မတို့ ရှဲ့မိသားစုနဲ့ ဘာမှမဆိုင်ဘူး.. သူမ ဘာပဲလုပ်လုပ် သူမရဲ့ညစ်ပတ်တဲ့လုပ်ရပ်တွေကို ကျွန်မမိသားစုဆီ ပုံချတာကတော့ တကယ်ဆိုးရွားတာပဲ”

ဒါကို ကြားတော့ ကြည့်ရှုသူတွေက မဲ့ပြုံးမပြုံးဘဲ မနေနိုင်တော့ချေ။

"မိန်းကလေးရှဲ့ရေ၊ အရှက်မရှိတာတွေ လုပ်ခဲ့တဲ့သူက မင်းပဲမဟုတ်ဘူးလား။ မင်းက မိန်းကလေးဖေကိုတောင် အိမ်ကနှင်ထုတ်ခံရတဲ့အထိ အနိုင်ကျင့်ခဲ့တာလေ ဒါကို ဂုဏ်ယူနေတာလား?" တရားမျှတမှုကို ရှာပေးနေသကဲ့သို့ တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။

ဖေဝမ်ယွဲ့က ခေါင်းကိုငုံ့ထား၏။ သူမပုံစံမှာ အလွန်ရိုကျိုးနှိမ့်ချနေပုံပေါ်သည်။

"ကျွန်မတို့ရဲ့ ရှဲ့မိသားစုက ချို့ယွင်းတဲ့ စရိုက်ရှိပြီး မိသားစုအပေါ် ဗိုလ်ကျလွန်းတတ်တဲ့လူတစ်ယောက်ကို ပျိုးထောင်ဖို့မတတ်နိုင်ပါဘူးရှင်" ရှဲ့ချောင်က ရွဲ့တဲ့တဲ့ဖြေလိုက်သည်။ "ရှင်တို့က စည်းကျော်ခဲ့ပြီးပြီ ဒီတော့ ကျွန်မရဲ့ ဖြူစင်မှုကို သက်သေပြပေးဖို့ ဆရာ့ကို တောင်းဆိုချင်တယ်”

လူ ၁၀၀ ကို သူမဘာသာ တစ်ယောက်တည်းတိုက်ခိုက်မည်ဆိုပါက သူမက အရူးတစ်ယောက် ဖြစ်သွားလိမ့်မည်မဟုတ်လော။ စကားအများကြီးပြောသည်မှာလည်း အသုံးမဝင်ချေ။ ဆရာ့ကို ခေါ်ပြီး သူမ၏ ဖြူစင်မှုကို သက်သေပြခိုင်းသည်က ပိုကောင်းပေလိမ့်မည်။

"အကြီးဆုံးအစ်မ၊ ညီမထင်တာတော့ အစ်မဘာသာ

ကျောင်းတော်ကနေ ထွက်သွားသင့်တယ်။ ဘာလို့ ဒီလို လုပ်နေရတာလဲ... ဒီလိုလုပ်လေလေ လူတိုင်းက ပိုပြီးဒေါသထွက်လေလေ ဖြစ်နေမှာ" ဖေဝမ်ယွဲ့က ချက်ချင်းပြောလိုက်သည်။

"ဒီလို ရူးကြောင်ကြောင်နိုင်တဲ့ဟာမျိုး မင်းပြောထွက်နိုင်တာ ကြည့်ရတာ မင်း မိုးကြိုးပစ်ခံထားရလို့ထင်တယ်" ရှဲ့ချောင်က သူမကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။

ဖေဝမ်ယွဲ့ ကြက်သေသေသွားခဲ့သည်။ သူမမှာ ရှက်ရွံ့သွားပြီး ခဏအကြာတွင် ဒေါသဖြစ်လာကာ "အကြီးဆုံးအစ်မ၊ ညီမ ဒါကို ထုတ်မပြောခဲ့သင့်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါကအနှေးနဲ့အမြန် ပေါ်လာမယ့်ဟာပဲလေ။ အမှားလုပ်တဲ့သူက အစ်မပဲ မဟုတ်ဘူးလား ဒါဆိုရင်ရော? ညီမ အဖေ့ကို ငွေစတစ်ချို့ ပို့ခိုင်းလိုက်မယ် ညီမတို့ ဒီဟာတွေကို မှန်ကန်အောင် ပြန်ပြင်ဆင်ကြမယ်လေ!”

ဒါကိုကြားတော့ ရှဲ့ချောင်မှာ စိတ်အနှောင့်အယှက်

ဖြစ်လာခဲ့သည်။

သူမ ဤမိန်းကလေးကို နံ့သာဆီနဲ့ အတူ မီးရှို့ပစ်ဖို့ စိတ်အားထက်သန်နေပြီလေ။

•••••••

All Chapters