← Chapters

(မဖြစ်နိုင်တာ)

Vol. 10 Ch. 174

(မဖြစ်နိုင်တာ)

Vol. 10 Ch. 174

ဆရာကြီးလုက ခဏအကြာတွင် ပြန်ရောက်လာခဲ့သည်။

သို့သော် ကျောင်းအုပ်ကြီးကတော့ ပါမလာခဲ့ ပေ။

လူအုပ်က ခေါင်းလှည့်ကြည့်လိုက်ကြသောအခါ လန့်သွားကြသည်။ အကြောင်းအရင်းမှာ ဆရာ ဆယ်ယောက်ကျော်လောက် ရောက်ချလာ၍ပင်ဖြစ်၏။ ၎င်းတို့ထဲတွင် ရှဲ့ချောင်၏ လက်ဆောင်ကို လက်ခံခဲ့သူ ရွှီမြန်နှင့် အိမ်ရှေ့စံမင်းသား...တို့လည်း အပါအဝင်ဖြစ်သည်။

မကြာသေးခင်က...အိမ်ရှေ့စံမင်းသားမှာ ကိစ္စအမျိုးမျိုးကို လိုက်လံစူးစမ်းချင်စိတ်တို့နှင့် ပြည့်နေပုံရသည်။

အတန်းထဲမှာ လူတွေအများကြီးဖြစ်နေသည်။

ထို့ကြောင့် သူတို့ ခြံဝင်းထဲကို သွားပြီး စနစ်ကျစွာ ရပ်နေလိုက်သည်။

ရှဲ့ချောင်၊ ဖေဝမ်ယွဲ့နှင့် ပျိုနီပန်းခြံဝန်းမှ ဦးဆောင်သူအချို့မှာ ရှေ့ဆုံးတွင် ရပ်နေကြသည်။

"မင်းတို့တစ်တွေကတော့လေ ငါ့တုန်းကထက်ကို ပိုပြီး ပြဿနာရှာနိုင်လွန်းကြတာပဲ" ကျောက်ရွှမ်ကျင်းက ပြောလိုက်သည်။ အပြုံးဖြင့် ပြောနေသည်လားတော့ သိပ်မသေချာလှပေ။ သူက ပျိုနီပန်းခြံဝန်းမှ လူများကို ကြည့်ပြီး သရော်လိုက်သည်။ "ကြည့်ရတာ ပျိုနီပန်းခြံဝန်းက ပေးတဲ့ အိမ်စာတွေက အရမ်းကို လွယ်ကူနေတဲ့ပုံပဲ မင်းတို့တွေ သစ်ခွခြံဝန်းထိတောင် လာအလုပ်များဖို့အတွက် အချိန်တွေ အတော်လေးပိုနေတယ်လား"

ပျိုနီပန်းခြံဝန်းမှ ကျောင်းသားများမှာ အခက်တွေ့နေသယောင် မခံစားမိဘဲ မနေနိုင်တော့ချေ။

ဘာကြောင့်လဲတော့ မသိပေမယ့် အရှင့်သားကို ကြည့်ရတာ သူတို့ကို တမင်ပစ်မှတ်ထားနေသလိုပဲ..

"အရှင့်သား တစ်စုံတစ်ယောက်သာ အတုဖန်တီးတာမျိုးလုပ်ခဲ့ရင် ကျွန်တော်တို့ အဲ့လူကို တော်ဝင်ကျောင်းတော်ကနေ မထုတ်ပယ်သင့်ဘူးလား? ဒီကျောင်းတော်က တော်ဝင်မြင့်မြတ်တဲ့ လူတိုင်း အလေးထားတဲ့ နေရာတစ်ခုအဖြစ် ကျန်ရစ်နေသင့်တယ် အကယ်၍ အခြားကျောင်းတော်နှစ်ခုကသာ သိသွားရင် ကျွန်တော်တို့ရဲ့ တော်ဝင်ကျောင်းတော်က ကမောက်ကမဖြစ်နေတဲ့ နေရာတစ်ခုလို့ သူတို့ ထင်သွားကြလိမ့်မယ်!" သတ္တိရှိသော လူငယ်လေးတစ်ယောက်က ရှေ့ထွက်ပြောလာသည်။

"ဒီတော့ ရှဲ့ချောင်က အတုအယောင်ဖန်တီးခဲ့ပါတယ်လို့ မင်းပြောချင်တာလား?" ကျောက်ရွှမ်

ကျင်းက သရော်လိုက်သည်။ "ဒီစကားလုံးတွေရဲ့ အောက်မှာ မင်းဘာကို ပြောချင်နေလဲဆိုတာကို သိတယ် ဒီတော့ ငါ့ရှေ့မှာ လာပြီး ဝေ့လည်ကြောင်ပတ်လုပ်နေစရာမလိုဘူး မင်းသာ အနာဂတ်မှာ အရာရှိတစ်ယောက်ဖြစ်လာမယ်ဆို ငါ မင်းရဲ့ အစီရင်ခံစာကိုတောင် ဖတ်ချင်မှာ မဟုတ်ဘူး အထဲမှာ ပေါက်ကရတွေနဲ့ချည်း ပြည့်နှက်နေမယ်ဆိုတာ သေချာတယ်!"

ထိုလူငယ်လေး၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။

အိမ်ရှေ့စံမင်းသားက အရမ်းတည့်တိုးဆန်တာပဲ။

သူ.. သူ အနာဂတ်မှာ ရှင်ဘုရင်ဖြစ်လာမယ်လို့တောင် မကြောက်မရွံ့ ကြွေးကြော်ရဲတယ်...

သို့သော်လည်း အရှင်မင်းကြီးမှာ အိမ်ရှေ့စံအား အလွန်ချစ်သည်ဖြစ်ရာ ထိုစကားတို့ကို သူကိုယ်တိုင် ကြားလျှင်တောင် အိမ်ရှေ့စံ၌ ဖြူစင်သော နှလုံးသားရှိပြီး အတုအယောင်မဲ့စွာ နေထိုင်သည်ဟုပင် ချီးကျူးကောင်း ချီးကျူးလိမ့်အုံးမည်။

လူငယ်လေးက မတရားခံရသလို ခံစားလိုက်ရပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ့ပုံစံမှာ အလွန်ပင် သနားစဖွယ် ကောင်းနေသည်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် မျက်မြင်သက်သေလုပ်ပေးပါ အရှင့်သား.. ရှဲ့ချောင်က ဆရာကြီးယွင်ဝေ့ရဲ့ ဂန္တဝင်လက်ရာကို အတုဖန်တီးထားတာ ဒါ တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းတဲ့အရာပါ!" ရှေ့က ဦးဆောင်လာသော ကျောင်းသားက ပြောလိုက်သည်။ သူ့ပုံစံမှာ သြဇာတိက္ကမနှင့် ပြည့်စုံနေလေသည်။

ရှဲ့ချောင် ထိုသူ့ကို နှစ်ခါပြန်ကြည့်လိုက်မိ၏။

ထိုကျောင်းသားမှာ ကံကောင်းသော မျက်နှာသွင်ပြင်ရှိပြီး အတော်လေးကြည့်ကောင်းလှသည်။ သို့သော် အချစ်ရေးတွင်မူ ဆိုးရွားသော ကံဇာတာရှိ၏။ သူ အမျိုးသမီးများအနားသို့ ကပ်လိုက်တိုင်း ပြဿနာ တစ်ခုမဟုတ်တစ်ခု ကြုံရပေလိမ့်မည်။

"အဟွတ်!" ရှဲ့ချောင်မှာ ထိန်းမထားနိုင်ဘဲ ချောင်းဆိုးမိလိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ရသည်။

ဒီလူတွေက သူမဆီကနေ လေကို လုယူနေတာပဲ။

"မိန်းကလေးရှဲ့အတွက် ထိုင်စရာတစ်ခု ယူ

ပေးလိုက်" ကျောက်ရွှမ်ကျင်းက သာမန်ကာလျှံကာဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် ခုနလေးတင် စကားပြောလာသော သူအား အကြည့်တစ်ချက်ပေးလိုက်သည်။ အလင်းတန်းတစ်ခုက သူ၏ မျက်လုံးများထဲ ဖြတ်ပြေးသွားပြီး "မင်း ဘယ်မိသားစုကလဲ?"

"ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးရဲ့ နာမည်က ချီဟွိုက်လို့ ခေါ်ပါတယ် ကျွန်တော်မျိုးရဲ့ ဖခင်က စုံစမ်းစစ်ဆေးရေးဌာနရဲ့ အကြီးအကဲပါ" ချီဟွိုက်က ချက်ချင်းပြန်ဖြေလိုက်သည်။

ကျောက်ရွှမ်ကျင်းက ခေါင်းငြိမ့်လိုက်သည်။ "မင်းအဖေက စစ်သူကြီးရှဲ့ကို မနှစ်မြို့ဘူးဆိုတာ ငါမှတ်မိတယ် အရင်အကြိမ်အနည်းငယ်တုန်းက သူ စစ်သူကြီးရှဲ့ကို စွဲချက်တင်ဖို့ ကြိုးစားခဲ့တာ ကျရှုံးခဲ့တယ် မင်းလည်း မင်းအဖေလိုပဲ"

ဖခင်ဖြစ်သူက ရှဲ့နျိုရှန်းအား တော်ဝင်တရားရုံးတွင် စွဲချက်တင်ခဲ့ပြီး သားဖြစ်သူကမူ တော်ဝင်ကျောင်းတော်တွင် ရှဲ့ချောင်အား ပြဿနာလာရှာနေခဲ့သည်။

သူတို့တွင် ဒီထက်ပိုကောင်းသော လုပ်စရာမရှိတော့သည့်ပုံပင်။

ရှဲ့ချောင်ကမူ အံ့ဩစရာဟု မထင်ပေ။ သူမဖခင်အား စွဲချက်တင်ချင်နေကြသော အရာရှိများစွာ ရှိလောက်သည်။ ထိုအရာရှိချီမှာ သူတို့ထဲက တစ်ယောက်မျှသာ ဖြစ်၏။

သူမဖခင်သာ ကြီးကြီးမားမား ပြစ်မှုတို့ကို ကျူးလွန်ထားခြင်းမရှိ ဟူသော အချက်ကြောင့်သာ မဟုတ်ပါက ယခုအချိန်လောက်ဆို သူကွပ်မျက်ခံရနှင့်ပြီး ဖြစ်လောက်သည်။

ချီဟွိုက်မှာ ကြောက်ရွံ့နေပြီး တစ်ချိန်တည်းမှာပဲ စိတ်ရှုပ်ထွေးသွားခဲ့သည်။ အိမ်ရှေ့စံမင်းသားက သူ့ကို ချီးကျူးနေတာလား ဒါမှမဟုတ်... ဝေဖန်ပြစ်တင်နေတာလား?

"မင်းရော ဘယ်လိုထင်လဲ ရွှီမြန်?" ကျောက်ရွှမ်ကျင်း၏ အသံမှာ တည်ငြိမ်အေးဆေးနေသည်။

ရွှီမြန်က သူ့လက်ထဲတွင် ပန်းချီကားကို ကိုင်ထားလေသည်။

"အရှင့်သား ကောလာဟလတွေက ပြောနေတာတော့ ရှဲ့ဖင်းကန်းက ကျွန်တော်မျိုးကို အရှက်ခွဲပြီး အကြမ်းဖက်ခဲ့တယ်တဲ့ တကယ်တော့ အဲ့လိုအရာမျိုး လုံးဝမဖြစ်ပျက်ခဲ့ပါဘူး..." ရွှီမြန်မှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ "မိန်းကလေးရှဲ့ကို သစ်ခွခြံဝန်းဆီ ပို့ခဲ့တာ ကျွန်တော်မျိုးရဲ့

ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ ဘာလို့ဆို သူမရဲ့ အသက်အရွယ်ကြောင့် သူမကို အခြားခြံဝန်းတွေမှာ ထားဖို့ကျလည်း မသင့်တော်ဘူးလေ ဒါ့အပြင် ဝင်ခွင့်စာမေးပွဲမှာ မိန်းကလေးရှဲ့က ပြီးပြည့်စုံတဲ့ သက္ကတကျမ်းစာကို ရေးပြနိုင်ခဲ့တယ် ဒါ့ကြောင့် သူမကို သစ်ခွခြံဝန်းမှာ နေရာချထားခဲ့တာနဲ့ ပတ်သတ်ပြီး လုံးဝပြဿနာမရှိပါဘူး"

စာမေးပွဲတစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်ရလျှင် လုံးဝပြဿနာမရှိပေ။

"ဒီပန်းချီကားကတော့.." ရွှီမြန် ချက်ချင်း လေးနက်သွားရသည်။

"ဒါဟာ တကယ့်ကို ဆရာကြီးယွင်ဝေ့ရဲ့ လက်ရာအစစ်ပါပဲ!"

"မဖြစ်နိုင်တာ!" ဖေဝမ်ယွဲ့က ချက်ချင်းအော်ဟစ်လိုက်သည်။

•••••••

All Chapters