← Chapters

(သွေးမြေခရမယ်)

Vol. 10 Ch. 175

(သွေးမြေခရမယ်)

Vol. 10 Ch. 175

ဖေဝမ်ယွဲ့မှာ အလိုအလျောက် ငြင်းပယ်မိလိုက်ခြင်းသာဖြစ်ပြီး ထိုသို့ပြောပြီးပြီးချင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ထို့ကြောင့် ကျောက်ရွှမ်ကျင်း၏ ရှေ့မှောက်တွင် ချက်ချင်းဒူးထောက်လိုက်သည်။

ရပ်စောင့်ကာ ကြည့်နေကြသော လူအုပ်မှာ မျက်မှောင်ကြုတ်မိလိုက်ကြသည်။

ဒီလိုစည်းမျဉ်းမျိုး တော်ဝင်ကျောင်းတော်မှာ မရှိပါဘူး...

အိမ်ရှေ့စံမင်းသားရောက်လာလျှင်တောင်

ကျောင်းတော်မှ မည်သူမဆို လက်ယှက်ကာ အရိုအသေပြုရုံမျှဖြင့် လုံလောက်ပေသည်။ ကြီးကြီးမားမားပြစ်မှုကို ကျူးလွန်မိသည်မှလွဲ ဒူးထောက်ခြင်းသည်က ရှားလွန်း၏။

သို့သော် ဖေဝမ်ယွဲ့မှာ စကားပြောပြီးလျှင်ပြီးချင်း ချက်ချင်းဒူးထောက်ချလေသည်။ သိသာစွာပင် တော်ဝင်ကျောင်းတော်၏ စည်းမျဉ်းများကို အသိနည်းပုံရသည်။ သူမကား သူရဲဘောကြောင်သူတစ်ယောက်သာ။

ချီဟွိုက်နှင့် အခြားသူများမှာလည်း ဇဝေဇဝါဖြစ်သွားကြသည်။ "မကြောက်ပါနဲ့ မိန်းကလေးဖေ ရှဲ့ချောင် မင်းကို ဘယ်လိုအနိုင်ကျင့်လေ့ရှိလဲဆိုတာနဲ့ သူ ပန်းချီကားအတုကို ဘယ်လိုဖန်တီးလဲဆိုတာသာ ပြောပြလိုက်ပါ"

ကျောက်ရွှမ်ကျင်းက ထေ့ငေါ့၍ လှောင်ရယ်မိလိုက်သည်။

"လိမ်ညာပြောမယ်ဆိုရင်တော့ အပြစ်ပေးခံရလိမ့်

မယ်" သူ၏ မျက်လုံးတို့မှာ အေးစက်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏အသံမှာ မနှေးမမြန် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ထိုအသံထဲတွင် လှောင်ပြောင်မှုတစ်စွန်းတစ်စလည်း ရောယှက်နေလေရာ မည်သူမှ သူ့အား မကြည့်ရဲကြတော့ချေ။

ဖေဝမ်ယွဲ့ ကြောက်စိတ်မွှန်နေမိသည်။

"ရှဲ့..ရှဲ့အိမ်တော်မှာ.." ရုတ်တရက် အိမ်ရှေ့စံမင်းသားသည်လည်း ကျောက်စိမ်းနှင့် ပတ်သတ်၍ သိကြောင်း သတိရလိုက်မိပြီး သူမနှလုံးသား စုန်းစုန်းနစ်မြုပ်သွားတော့သည်။

"မမက ကျွန်မကို အနိုင်မကျင့်ပါဘူး ဒါ ကျွန်မအမှားတွေပါ ကျွန်မ စိတ်လိုက်မာန်ပါလုပ်မိလို့ အိမ်ကနေ မောင်းထုတ်ခံခဲ့ရတာပါရှင်"

ဖေဝမ်ယွဲ့မှာ အိမ်ရှေ့စံမင်းသားရောက်လာလိမ့်မည်ဟု တကယ်မထင်ထားမိပေ။

ဘာလို့များ ဒီအချိန် ဒီနေရာကိုမှ တိုက်တိုက်ဆိုင်

ဆိုင်ရောက်လာရတာလဲ!

ထို့ကြောင့် မတတ်သာဘဲ သူမကိုယ်သူမ ကာကွယ်ပြောဆိုရတော့သည်။ "ပန်းချီကားနဲ့ ပတ်သတ်ပြီးက... တကယ်တမ်း ကျွန်မလည်း အစစ်လား အတုလားဆိုတာ မသေချာပါဘူး မမက အဲ့အချိန်တစ်ခါတုန်းကပဲ ပြဖူးတာ ဒါ့ကြောင့် ကျွန်မကိုယ်တိုင်လည်း အဲ့တာနဲ့ ပတ်သတ်ပြီး သိပ်မသိတာကြောင့်..."

ချီဟွိုက်နှင့် အခြားသူများမှာ ဓားတစ်ချောင်းက သူတို့ရင်ဘတ်ကို ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူမ ဘာကိုဆိုလိုတာလဲ?

သူမ ဒီကောလာဟလတွေ ဖြန့်နေတုန်းကကျ တိကျခိုင်လုံတဲ့ သက်သေရှိနေသလိုလိုနဲ့လေ အခုကျ မသေချာဘူးတဲ့လား?!

ကျောက်ရွှမ်ကျင်းက နှာမှုတ်လိုက်ပြီး လျှောက်

လာလိုက်ကာ ပန်းချီကားကို ဖြန့်ဖွင့်လိုက်၏။

"ဒါက ရှင်သန်ခြင်းရဲ့ ပျော်ရွှင်မှု ပန်းချီကားပဲ ဆရာကြီးယွင်ဝေ့က လူတွေ မွေးမြူပျိုးထောင်တဲ့ သတ္တဝါငါးမျိုးရဲ့ ပုံကို ရေးဆွဲထားတာ တကယ့်ကို ပန်းချီကားကောင်းတစ်ချပ်ပဲ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါကိုယ်တိုင်တောင် အကြိမ်ရေအနည်းငယ် ကြည့်ခဲ့မိသေးတယ် ဒီပန်းချီကားကို ကြည့်ရှုရတာဟာ သာယာပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ပြည်သူတွေရဲ့ ဘဝကို ကြည့်နေရတဲ့အတိုင်းပဲ ပျော်ရွှင်မှုကို ခံစားရစေတယ် ငါက ခမည်းတော်ဘုရင်မင်းမြတ် ပျော်ရွှင်အောင် ဒီပန်းချီကားကို ဆက်သဖို့တောင် ရည်ရွယ်ထားခဲ့တာ ဒါပေမယ့် ဒါဟာ အတုဖန်တီးထားတဲ့ဟာလို့ မင်းတို့က ပြောနေကြတယ်"

ကျောက်ရွှမ်ကျင်းမှာ ဤပန်းချီကားကို အမှန်တကယ်ပင် သဘောကျခြင်းဖြစ်၏။

သူသည် ရှဲ့ချောင်ဘက်မှ ရပ်တည်နေခြင်းမှန်သော်လည်း ဤပန်းချီကားကို နှလုံးသားထဲမှ စစ်

မှန်စွာ ချီးကျူးနေခြင်းဖြစ်သည်။

၎င်းပန်းချီကားထဲတွင် တောင်တန်းများနှင့် မြစ်ချောင်းများ မပါဝင်သော်လည်း အံ့ဩဖို့ကောင်းစွာ လှပနှစ်သက်ဖွယ်ကောင်းလှသည်။

ပန်းချီကားထဲတွင် အနည်းဆုံး လူတစ်ရာအထက် ပါဝင်သည်။ သို့သော် သေချာကြည့်ပါက တစ်ဦးတစ်ယောက်ချင်းစီ၏ မျက်နှာထက်မှ အမူအရာ၊ စိတ်ခံစားချက်များကို အသေးစိတ်မြင်နိုင်သည်။ မသိလျှင် လူ့လောကတွင် တည်ရှိသော နိဗ္ဗာန်ဘုံအလား။

ထိုကဲ့သို့သော ရိုးရှင်းလှသည့် မြင်ကွင်းလေး... သို့သော် လူတို့၏ မျက်လုံးကို မခွာချင်အောင် ပြုစားနိုင်လွန်းသည်။ ဖြစ်နိုင်သည်က ပန်းချီလောက၏ ပါရမီရှင် ဆရာကြီးယွင်ဝေ့တစ်ယောက်တည်းသာ ထိုကဲ့သို့သော အရာမျိုးကို ရေးဆွဲနိုင်ခြင်းဖြစ်လောက်၏။

စာအရေးအသားသည်လည်း ဩချလောက်ပေသည်။ မိုးကြိုးလျှပ်စီးတို့ မြည်ဟီးကာ လေပြင်းများ ခတ်သွားသကဲ့သို့ပင်။ ခံညားထည်ဝါပြီး မာန်အပြည့်ရှိလှ၏။

ဆရာကြီးယွင်ဝေ့မှာ ကောလာဟလများထဲကအတိုင်း လူပျင်းတစ်ယောက်ဖြစ်မည့်အစား အတိုင်းထက်အလွန် သဘောထားကြီးသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်လေသည်။

"အရှင့်သားပြောတာ မှန်ပါတယ် ကျွန်တော်မျိုးတို့ ဒီပန်းချီကားကို လက်ခံရရှိပြီးနောက် တော်ဝင်ကျောင်းတော်က ဆရာအချို့ စစ်ဆေးအကဲဖြတ်ကြည့်ခဲ့ကြတယ် လက်ရေးပဲဖြစ်ဖြစ် စာရေးနည်းစနစ်ဖြစ်ဖြစ် ဆရာကြီးယွင်ဝေ့ရဲ့ လက်ရာစစ်စစ်ဆိုတာ သေချာပါတယ် လုံးဝဥဿုံအမှန်အကန်ပါပဲ" အခြားဆရာတစ်ယောက်က ချက်ချင်းဝင်ပြောလာသည်။

ဒီလောက် လူတွေအများကြီးက သက်သေထူပေးနေကြမှတော့ ဒီပန်းချီကားက အတုဆိုပြီး သူတို့

ဘယ်လိုလုပ် ဆက်သံသယဝင်နိုင်တော့မှာလဲ?

ချီဟွိုက်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားခဲ့၏။

လူအုပ်၏ တုံ့ပြန်မှုမှာမူ အတော်အတန်မြန်ဆန်သည်ဟု ပြောရပေမည်။ သူတို့၏ လက်တို့ကို ယှက်ကာ ဦးညွှတ်လို့ ချက်ချင်းတောင်းပန်လာခဲ့သည်။ "ကျွန်တော်မျိုးတို့ တုံးအစွာနဲ့ စိတ်လိုက်မာန်ပါပြုမူမိပါတယ် အရှင့်သား ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

ရှဲ့ချောင်က အနည်းငယ်လှောင်ပြုံး ပြုံးလိုက်မိ၏။ "ရှင်တို့တွေ အတော်လေးတုံးတာပဲ"

လူအုပ်မှာ ကြက်သေသေသွားကြသည်။

"ရှင်တို့ ကျွန်မကို အရူးလို့ ထင်နေကြတာလား အတုလုပ်ထားတဲ့ပစ္စည်းတစ်ခုကို လက်ဆောင်အဖြစ် ပေးရလောက်တဲ့အထိလေ?"

"ဟုတ်သားပဲ ကျွန်မတို့ ရှဲ့မိသားစုက ဒါနဲ့ မထိုက်တန်ဘူးလို့ ရှင်တို့တွေးနေကြတာပဲ ဖြစ်ရမယ်.. ကျွန်မတို့ ရှဲ့မိသားစုရဲ့ သမီးတစ်ယောက်က ရှင်တို့နဲ့ တစ်တန်းတည်း တက်နေကြတယ်ဆိုတဲ့အချက်ကို ရှင်တို့လက်မခံနိုင်ကြဘူး ဒါ့ကြောင့် ကောလာဟလတွေကနေပဲ နောက်ဆုံးအဆုံးသတ်ဆီ တစ်ခါတည်း ကျော်ပြီး ကောက်ချက်ချလိုက်တာပဲ အရှင့်သား ဒီကို မရောက်လာသေးခင် ရှင်တို့အားလုံးရဲ့ ဖိနှိပ်ခံရလုနီးတောင် ဖြစ်ခဲ့တာမဟုတ်လား ကျွန်မ သိပ်ကြောက်ခဲ့ရတာ..." ရှဲ့ချောင်က သူမရဲ့ ရင်ဘတ်လေးကို အသာဖိပြီး "ခေါင်းတွေ ချာချာလည်မူးလိုက်တာ အခုကစပြီး ဒီလောကကြီးကို ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်မမသိတော့ဘူး"

လူအုပ်၏ မျက်ခမ်းစပ်များ တဆတ်ဆတ်တုန်လှုပ်သွားသည်။ သူတို့ ခံစားချက်မကောင်းတော့ပေ။

ထင်သည့်အတိုင်းပင် ခဏအကြာ၌ ရှဲ့ချောင်က

ပြင်းပြင်းထန်ထန်ချောင်းဆိုးတော့၏။ "အရှင့်သား ဒီလိုအရှက်ခွဲမှုမျိုးက နှိုင်းမရအောင် ကြီးမားလှပါတယ် ဒီနေ့ ဒီနေရာမှာ ကျွန်မအတွက် တရားမျှတမှုကို မရရှိနိုင်ဘူးဆိုရင် သေချာပေါက် သွေးမြေခရပါလိမ့်မယ်!"

"သွေးမြေခမယ်?" ကျောက်ရွှမ်ကျင်းမှာ ကြက်သေသေသွားသည်။ သူ သူမကို ဇဝေဇဝါအကြည့်တစ်ချက်ပေးလိုက်သည်။

ဒီစာကြောင်းက ကြားရတာ ထူးဆန်းနေလေသည်။ သူမ တစ်ဖန်ပြန်စဉ်းစားချင့်ချိန်ပြီးမှ ပြောသင့်သည်။

"အမှန်ပဲ ကျွန်မကို အရှက်ခွဲခဲ့တဲ့ သူတွေရဲ့ သွေးကို မြေခစေဖို့ ကျွန်မကိုယ်ကျွန်မ စတေးပစ်မှာ" ရှဲ့ချောင်၏ ပုံစံမှာ အတည်ပြောနေသည့်အလား လေးနက်နေသည်။ သူမ၏ မျက်နှာလေးမှာ တင်းမာနေ၏။

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်တို့ နှစ်ကြိမ်

မျှတွန့်သွားသည်။ သူ အော်ရယ်ချင်တာကို မထိန်းချုပ်နိုင်လုနီးပါပင်။

•••••

All Chapters