(ငွေပဲစေ့များကို အပြစ်ဒဏ်အဖြစ်ပေးအပ်ခြင်း)
Vol. 10 Ch. 176
ရှဲ့ချောင်က အရမ်းသေးကွေးသည်ကို... သူမကသွေးမြေခအောင် လုပ်နိုင်ပါ့မလား?
သူမရဲ့ လက်သည်းကိုထုတ်မပြရသေးခင်ပင် ဝံပုလွေများ၊ ကျားများနှင့် ကျားသစ်များက သူမကို လှဲသိပ်လိုက်လောက်မည်ပင်။
ကျောက်ရွှမ်ကျင်းသည် ထိုနေရာ၌ ထိုင်ကာ လေးလေးနက်နက်ကြည့်နေခဲ့သည်။ သူသည် ၎င်းအား အလေးအနက်ထားဟန်ဆောင်ကာ လူအုပ်ကို စူးစူးရဲရဲကြည့်လိုက်သည်: "ငါကိုယ်တော် မိန်းကလေးရှဲ့
ဘယ်လောက်သန်မာပြီး ဒေါသထွက်နေသလဲဆိုတာကို ခံစားမိတယ် လူတိုင်းရဲ့အသက်အတွက်ရော ကျောင်းတော်ရဲ့ဂုဏ်သတင်းအတွက်ပါ ဒီကိစ္စကို ငါကိုယ်တော် ဆုံးဖြတ်ပေးပါ့မယ်"
ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်း၏ခန္ဓါကိုယ်များမှာ တောင့်တင်းလာခဲ့သည်။
သို့သော်လည်း ၎င်းတို့သည် တစ်ခွန်းတစ်လေမမျှ မပြောရဲခဲ့ကြပေ။
"မင်းတို့အားလုံးက တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းသားတွေဆိုပေမယ့် ဆရာယွင်ဝေ့ရဲ့ပန်ချီကားကို မမှတ်မိကြဘူးပဲ ကောင်းပြီလေ...ပြစ်ဒဏ်က ဂန္တဝင်ပန်းချီတွေကို အကြိမ် ၁၀၀ ကူးရေးရမယ် ငွေပဲစေ့ ၁၀၀ နဲ့ မိန်းကလေးရှဲ့ကို တောင်းပန်ရမယ် ပျိုနီပန်းခြံဝန်းကကျောင်းသားတွေက ငွေပဲစေ့၂၀၀ပေးရမယ်"
၎င်းအားကြားလိုက်ရသောအခါ ရှဲ့ချောင်၏မျက်လုံးများက တောက်ပလာခဲ့သည်။ အဲ့လိုဆိုမှတော့ သူမလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် လျော်ကြေးရသင့်သည်မဟုတ်လား?
"ပြီးတော့ မိန်းကလေးဖေ... မင်းက ကျောင်းသားတွေကို ပြဿနာဖြစ်အောင် နှိုးဆွဖို့အတွက် နိမ့်ကျတဲ့စရိုက်ရှိတယ် မင်းရဲ့ပြစ်ဒဏ်က ငွေပဲစေ့ ၅၀၀ပဲ တစ်ရက်အတွင်း မပေးနိုင်ရင် မင်း ကျောင်းတော်ကနေထွက်သွားရမယ်" ကျောက်ရွှမ်ကျင်းသည် ဖေဝမ်ယွဲ့အား အေးစက်စက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
အိမ်ရှေ့စံမင်းသားက ထိုသို့ပြောလိုက်သည်နှင့် လူအများအပြားက ဖေဝမ်ယွဲ့အား စာနာသောအမူအယာများ ပြသခဲ့ကြသည်။
ထုံးစံအတိုင်းပင် ၎င်းတို့သည် သူမတွင် ငွေပဲစေ့
၅၀၀ မရှိသည်ကို သနားရုံသာတတ်နိုင်ကြသည်။ သူမသည် ကျောင်းတော်ကို လွန်ခဲ့သော နှစ်ရက်ကမှ စာရင်းသွင်းခဲ့ကြောင်း လူတိုင်းသိကြပေသည်။ ငွေပဲစေ့ ၅၀၀ မပြောနှင့် သူမတွင် ၅၀ တောင်ရှိလိမ့်မည်မဟုတ်ပေလော?
ငွေပဲစေ့၅၀၀သည် ငွေတုံး ၅၀သာ တန်သော်လည်း ကျောင်းတော်၏ ငွေပဲစေ့ကိုရရှိရန်မှာ အလွန်ခက်ခဲပေသည်!
လူတိုင်း ငွေပဲစေ့လိုအပ်ပေသည်။ ရရှိရန် အလွန်ကြိုးစားအားထုတ်ခဲ့ရသည့် ငွေပဲစေ့များကို မည်သူက ရောင်းရန်ဆန္ဒရှိမည်နည်း။
ထို့ကြောင့်...
ဖေဝမ်ယွဲ့သည် ၎င်းကို မတတ်နိုင်ပေ။
မျှော်လင့်ထားသလိုပင် ပြစ်ဒဏ်မှာ ငွေပဲစေ့ ၅၀၀ပေးရမည်ဖြစ်ကြောင်းကို ကြားလိုက်ရသောအခါ ဖေဝမ်ယွဲ့၏မျက်နှာမှာ ဖြူလျော့သွားခဲ့သည်။
၅၀၀...
ဖေဝမ်ယွဲ့က ချက်ချင်းပြောလာသည်: "အရှင့်သား ကျွန်မ- ကျွန်မမှာ အဲ့လောက် ငွေပဲစေ့အများကြီးမရှိပါဘူး... အဲ့ဒီအစား ကျွန်မ စာအုပ်ပဲ ကူးရေးလို့ရနိုင်မလား?"
ကျောက်ရွှမ်ကျင်းသည် ထိုစကားကိုကြားလိုက်ရသော် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်: "မင်းတို့က ငါကိုယ်တော်ရဲ့ပြစ်ဒဏ်ကို အရမ်းများတယ်လို့ထင်နေတာလား"
လူအုပ်ကြီးမှာ ချက်ချင်းခေါင်းရမ်းလိုက်သည်: "မ
များပါဘူး"
၎င်းမှာ အမှန်တကယ်မများပေ...
၎င်းမှာ ငွေပဲစေ့လေးများသာဖြစ်သည်။ ကျောင်းတော်၌ အချိန်တစ်ခုကြာအောင် လေ့လာပြီးနောက် စာအုပ်များကိုကူးရေးခြင်းဖြင့် ရှာဖွေနိုင်ပေသည်။ ကျောင်းတော်သည် အလှူငွေများကို အမြဲတမ်းစုဆောင်းတတ်သည်။ ပျိုနီပန်းခြံဝင်းနှင့် သစ်ခွခြံဝင်းတို့သည် အနည်းဆုံး ငွေပဲစေ့ ၅၀၀ လှူရမည်ဖြစ်သည်။
ထိုပြစ်ဒဏ်မှာ အလွန်ပေါ့လျော့ကြောင်းကိုပင် ပြောနိုင်ပေသည်။
သို့သော် ၎င်းမှာ ဖေဝမ်ယွဲ့အတွက် မတူညီသောဇာတ်လမ်းဖြစ်သည်။
သူမသည် ကျောင်းတော်တွင် ပညာသင်ကြားနေသောကြောင့် သူမကိုလည်း တန်းတူဆက်ဆံရမည်။ သူမ အမှားလုပ်ရန် မတတ်နိုင်လျှင် သူမနာခံမှုရှိသင့်သည်။ သူမကိုယ်သူမ အရှက်ရရုံတင်မက ၎င်းတို့အားလည်း သူမ၏ပြဿနာထဲ ဆွဲသွင်းခဲ့သေးသည် - ကျောင်းတော်မှထွက်သွားရနိုင်သည့်အပြင် ချီဟွိုက်နှင့် ကျန်သောသူများသည် သူမအား ယခုပင်အရှင်လက်လက် ဝါးစားပစ်ရန် စိတ်အားထက်သန်နေခဲ့ကြသည်။
ပျိုနီပန်းခြံဝင်းကျောင်းသားများသည် သူတို့၏ဂုဏ်သိက္ခါကို အလေးအနက်ထားကြသည်။ ယခုတွင် ထိုအရာအား လုံးဝဆုံးရှုံးခဲ့ရသည်။
"ဒီလိုမရမှ အဲ့လိုလုပ်ကြတာပေါ့" ကျောက်ရွှမ်းကျင်းက အေးစက်စွာပြောလိုက်သည်။
ဖေဝမ်ယွဲ့သည် တုန်လှုပ်သွားခဲ့သည်။ သူမ ကျောင်း
တော်ကို ရောက်ခါစပဲရှိသေးသည်လေ!
"ကျွန်မတောင်းပန်ပါတယ် အစ်မ ကျွန်မတမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး ဒီနားလည်မှုလွဲမှားတာက ဘယ်လိုတောင် ပြန့်နှံ့သွားလဲ ကျွန်မ မသိပါဘူး ပြီးတော့ ကျွန်မ- ကျွန်မ ဆရာကြီး ယွင်ဝေ့ရဲ့ လက်ရာကို တစ်ခါမှမမြင်ဖူးပါဘူး ဒါ့ကြောင့်... အစ်မ ကျွန်မကို ခွင့်လွှတ်ပေးလို့ရမလား?" ဖေဝမ်ယွဲ့က ရှဲ့ချောင်ကို ပြောလိုက်သည်။
သူမသည် ယခု အမှန်တကယ်နောင်တရနေပြီပင်။
သူမ၏အသွင်အပြင်နှင့် အရည်အချင်းတို့ကြောင့် ကျောင်းတော်တွင် နာမည်ကြီးလာလိမ့်မည်ဟု ထင်နေခဲ့သည်...
သူမအား နောက်ဆုံးအတန်း အတန်း၄ သို့ ပို့လိုက်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ထိုအတွက်ကြောင့်
သူမစိတ်ဆိုးသွားခဲ့ခြင်းဖြစ်သည်။
သူမသည် ပန်းချီကားကို ယူလာခြင်းဖြင့် အမှားလုပ်ခဲ့မိသည်။
ရှဲ့ချောင်သည် သူမကိုထိကိုင်ရန်လာနေသော ဖေဝမ်ယွဲ့၏လက်ကို ရှောင်ရန် ကိုယ်ကိုအနည်းငယ် ယို့လိုက်သည်။
"ငါ့မှာ ညီမတစ်ယောက်ပဲရှိတယ် သူမက ချိုမြိန်ပြီး ချစ်စရာကောင်းတယ် နင့်မှာက ဖေမျိုးရိုးနာမည်ရှိတယ်လေ နင့်ရဲ့မိသားစုကို သစ္စာဖောက်မလို့လား" ရှဲ့ချောင်သည် ပေါ့ပေါ့ပါးပါးပြောလိုက်ပြီး ဖေဝမ်ယွဲ့ကို သူမ၏စကားလုံးများနှင့် တိုက်ရိုက်တွန်းထုတ်လိုက်တော့သည်။
••••••