← Chapters

(တစ်ယောက်တောင်မရဘူး)

Vol. 10 Ch. 177

(တစ်ယောက်တောင်မရဘူး)

Vol. 10 Ch. 177

ဖေဝမ်ယွဲ့မှာ ဆန္ဒမရှိသော်လည်း အိမ်ရှေ့စံမင်းသားက ဆုံးဖြတ်ခဲ့ပြီးလေပြီ။ သူသည် သူမ၏ကံတရားကို ချုပ်ကိုင်ထားသူဖြစ်သည်။ သူမသာ သူ့ကိုစော်ကားမိပါက မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားမည်ပင်။

ထိုအခိုက်အတန့်တွင် သူမ၏ခေါင်းကိုငုံ့ကာ သူမ၏ကံတရားကို လက်လျော့လိုက်ရုံသာတတ်နိုင်ခဲ့သည်။

ဖေဝမ်ယွဲ့က အမှားဝန်ခံခဲ့သည်ဖြစ်ရာ ကျန်သောသူများလည်း အတူတူ ပြုလုပ်ခဲ့ကြသည်။

ချီဟွိုက်က ဦးဆောင်ပြီး ရှဲ့ချောင်ကိုကြည့်ကာ ပြောလိုက်သည်: "မိန်းကလေးရှဲ့စောစောကကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဒေါသထွက်ခဲ့မိတာ တောင်းပန်ပါတယ်"

"ရှင်တို့မှာ ကန့်သတ်ထားတဲ့ လောကအတွေ့အကြုံတွေရှိပြီး ကလေးဆန်တယ် တကယ်တော့ ကျွန်မ ရှင်တို့အားလုံးကို ရန်ငြိုးမထားသင့်ပါဘူး" ရှဲ့ချောင်သည် လေးနက်စွာပြောနေရင်း ထူးခြားပုံပေါ်နေခဲ့သည်: "အမှားဝန်ခံခဲ့တာက တစ်ဝက်ကျေသွားပြီ ရှင်တို့ ဂန္တဝင်ပန်းချီတွေပုံတူကူးပြီးသွားရင်း ကျွန်မကိုပေးဖို့ မမေ့ပါနဲ့"

ချီဟွိုက်၏မျက်ခွံများ ကြုံသွားသည်: "ကျွန်တော်တို့က မင်းကိုပေးရမှာလား"

"မပေးဘူးလား" ရှဲ့ချောင်ကမျက်မှောင်ကြုတ်လိုက်သည်: "အရှင့်သား ကျွန်မက အရှက်ရခဲ့ဆုံးသူပါ သူတို့က ကျွန်မကို ပုံတူတွေမပေးရင် သူတို့ရဲ့တောင်းပန်မှုက စိတ်ရင်းအမှန်ဟုတ်သလားဆိုတာ ကျွန်မဘယ်လိုသိနိုင်တော့မလဲ"

သူမသည် အိမ်ရှေ့စံမင်းသား၏ ကယ်တင်ရှင်အဖြစ် သတ်မှတ်ခံထားရသည်။ သူမ၏သဘောကို အိမ်ရှေ့မင်းသားက လက်လျော့ဖို့က မဖြစ်ဘူး မဟုတ်လော?

"မိန်းကလေးရှဲ့ပြောတာမှန်တယ်" ကျောက်ရွှမ်ကျင်းသည် စိတ်လှုပ်ရှားနေခဲ့သည်: "မင်းတို့တွေ မှန်ကန်တဲ့ တောင်းပန်တဲ့သဘောထားရှိရမယ် မိန်းကလေးရှဲ့က မင်းတို့ပုံတူတွေကို မကောင်းဘူးလို့ထင်ရင် မင်းတို့နောက်တစ်ကြိမ်ပြန်လုပ်ရမယ် နှစ်လအတွင်း ဂန္တဝင်ပန်းချီကို ပုံတူရေးဆွဲပြီးရမယ် အဲ့လိုမလုပ်နိုင်တဲ့သူက... သူတို့က ငါ့ရဲ့အပြစ်ဒဏ်ကို မကျေနပ်ဘူးလို့ ယူဆတယ် သူတို့ကို ကျောင်းတော်ကနေလည်း ထုတ်ပယ်ခံရမယ်"

အချိန်နှစ်လသည် ရှည်လျားသည်ဟုထင်ရသည်။

အိမ်ရှေ့စံမင်းသားပြောနေသော ဂန္တဝင်ပန်းချီများမှာ စာမျက်နှာ ၅၀ ခန့်ရှိပေသည်။

တစ်ရက်ကို တစ်ပုံ ကူးလျှင်... တစ်ခါတစ်လေ ပြန်ရေးရန်လည်း လိုအပ်ပေသည်။ ၎င်းတို့အား အချိန်နှစ်လပေးသော်လည်း ထိုတာဝန်ပြီးဆုံးအောင် ညသန်းခေါင်ဆီများကို လောင်ကျွမ်းရလိမ့်မည်ဖြစ်သည်...

လက်တွေ့တွင် ရှဲ့ချောင်သည် ငွေပဲစေ့များကို ပို၍လိုချင်သည်။

သို့သော် သူမသည် ကျောင်းတော်၌ရှိနေသည်မှာ ကြာပြီဖြစ်သည်။ မည်သည့်နစ်နာသူကိုမှ ငွေပဲစေ့များနှင့် လျော်ကြေးပေးခဲ့သည်ဟူ၍ မကြားခဲ့ဖူးပေ။ တစ်ဖက်တွင် ကျောင်းတော်သည် ၎င်းတို့ကို အပြစ်ပေးခံရသောအခါ ကျောင်းသားများဆီမှ

ငွေပဲစေ့များယူလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ထိုအကြောင်းကို သူမနှုတ်ပိတ်နေသင့်သည်ဟုတွေးလိုက်မိသည်။

သစ်ခွခြံဝန်းမှကျောင်းသားများသည် ယခုအခိုက်အတန့်တွင် အလွန်ပျော်ရွှင်နေကြသည်။

သူတို့သည် သစ်ခွခြံဝန်းကို တစ်ဖန်အရှက်ရစေမည့် အထင်အမြင်အောက်တွင်ရှိနေခဲ့ကြသည်။ ရှဲ့ချောင်သည် စားပွဲကိုပြောင်းပြန်လှန်လိုက်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ကြပေ!

ထို့အပြင် သူမသည် ပျိုနီပန်းခြံဝန်းကျောင်းသားများကို ထိုကဲ့သို့ဆုံးရှုံးမှုများကို ခံစားစေခဲ့သည်!

သစ်ခွခြံဝန်းကျောင်းသားအများစုသည် ချီဟွိုက်နှင့် ကျန်သောသူများ အပြစ်ပေးခံရသည်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။ ၎င်းတို့သည် သက်တောင့်သက်သာရှိသော လေပြေလေညှင်းလေးများ ၎င်းတို့အားဖြတ်တိုက်သွားသလို ခံစားမိကြသည်!

ထိုအခိုက်အတန့်တွင် ရှဲ့ချောင်သည် အပြစ်ပေးခံရသောသူများကို ၎င်းတို့၏အမည်နှင့် သက်ဆိုင်ရာခြံဝန်းကို တစ်ယောက်ပြီးတစ်ယောက် စာရင်းပေးသွင်းရာ၌ လေးလေးနက်နက်ဖြစ်နေခဲ့သည်။

သူမသည် စာရင်းပေးသွင်းခြင်းပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်မကို အနိုင်ကျင့်တဲ့ထဲက လူသုံးယောက်ပျောက်နေတယ်" သူမကရုတ်တရက်ပြောလိုက်

သည်။

ချီဟွိုက်နှင့် အခြားသူများသည် စိတ်အနှောင့်အယှက်ဖြစ်သွားကြသည်။

ယခုအဖြစ်အပျက်ဖြစ်နေသည်မှာ အတော်ကြာနေပြီပင်။ သူမသည် သူတို့ကိုလွှတ်မပေးသေးသည့်အပြင်- သူတို့အား နောက်ထပ်အရှက်ရစေမည့်အခွင့်အရေးကို ရှာတွေ့ခဲ့ပြန်သည်။ ၎င်းမှာ အဆုံးမရှိတော့ပေ!

"မိန်းကလေးရှဲ့ ဒီမှာ လူတွေအများကြီးပဲ တစ်ယောက် နှစ်ယောက်လောက် လိုနေတာ ကိစ္စမရှိပါဘူး!" ချီဟွိုက်သည် ယခုတွင် အတော်လေးစိတ်တိုနေပြီဖြစ်သည်။

မိန်းကလေးသုန်သည် ရှဲ့ချောင်ကို အားနည်းစွာကြည့်လိုက်သည်: "နည်းနည်းလောက် လိုနေတာ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ ဒီမှာတော့ ဘယ်သူမှ ပျောက်နေမယ်လို့ မထင်ဘူး။"

ရှဲ့ချောင်သည် သူတို့အား လျစ်လျူရှုလိုက်၏။

သူမသည် ထိုနေရာ၌လေးနက်စွာ ထိုင်ကြည့်နေခဲ့သည်။ သူမသည် စာရွက်ကို ဖြန့်ကာ ရိုးရှင်းသောပုံကြမ်းတစ်ခု ရေးဆွဲလိုက်သည်။

၁၅မိနစ်အတွင်း သူမသည် ခေါင်းသုံးခေါင်းကို ပုံကြမ်းဆွဲလိုက်သည်။ လူတစ်ယောက်စီ၏ လက္ခဏာရပ်များမှာ အလွန်ရှင်းလင်းပေသည်!

တစ်စုံတစ်ယောက်သည် သူ၏လည်ပင်းကိုဆန့်

ကြည့်ကာ တီးတိုးပြောလိုက်သည်: "အဲ့တာက...ဖန်ယွင်ဖင်းမဟုတ်ဘူးလား"

ထိုလူစကားပြောလိုက်သည်နှင့် လူတိုင်းတိတ်ဆိတ်သွားခဲ့သည်။

"ကျွန်မ ဒီလူသုံးယောက်ကိုရှာရမယ်" ရှဲ့ချောင်က ရိုးရှင်းစွာနှင့် တည်းတိုးပြောလိုက်သည်: "ကျွန်မကို အကြွေးတင်နေတဲ့ဘယ်သူမှ ဆင်ခြေပေးလို့မရဘူး တစ်ယောက်တောင်မှမရဘူး"

ကျောက်ရွှမ်ကျင်း၏မျက်လုံးများမှာ ဆန္ဒများဖြင့် တောက်လောင်နေခဲ့သည်။

သူမ ရှီးဖန်မြို့မှာမှာရှိနေစဥ်ကနှင့်ယှဥ်လိုက်လျှင် ယခုတွင် ပို၍ချစ်စရာကောင်းနေခဲ့သည်။

"ရှာရမယ်" ကျောက်ရွှမ်ကျင်းသည် အလွန့်အလွန်စိတ်ရှည်လာခဲ့သည်။ သူသည် ကျန်သောသူများကို ရူးသွပ်သွားစေခဲ့သည်။

ရှဲ့ချောင်သည် ပုံကြမ်းအတွက် အလွန်လေးနက်နေခဲ့သည်။ လူအုပ်ထဲတွင် ထိုလူသုံးယောက်ကိုသိသောသောသူများရှိပေသည်။ ထို့ကြောင့် မကြာမီပင် ထိုလူသုံးယောက်ကို နေရာသို့ ဆွဲခေါ်ခဲ့လာသည်။

အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်နေပြီး သူ၏နှုတ်ခမ်းထောင့်မှ အပျော်သဘောအပြုံးတစ်ခုပင် ပေါ်လာခဲ့သည်။ သူ၏လေသံမှာ အေးဆေးနေခဲ့ကာ: "မင်းတို့ကို ကြည့်ရတာ ပြေးတာတော်မယ့်ပုံပဲ မင်းတို့တွေ ကွင်းပြင်မှာ မြင်းနဲ့ အပြေးပြိုင်သင့်တယ်မလား?"

••••••

All Chapters