← Chapters

(လက်မခံနိုင်ပါဘူး)

Vol. 10 Ch. 178

(လက်မခံနိုင်ပါဘူး)

Vol. 10 Ch. 178

အိမ်ရှေ့စံမင်းသား လှောင်ပြုံးပြုံးလိုက်ချိန်တိုင်း တစ်စုံတစ်ယောက် ခံရတော့မည်ပင်။

လူသုံးယောက်ကို မြင်းများနှင့်အတူ ပြေးရန် အပြစ်ဒဏ်ပေးလိုက်သည်။

ရှဲ့ချောင်အား အနိုင်ကျင့်သူတိုင်းကို စာရင်းယူပြီးနောက် သူမသည် ၎င်းတို့အား သွားခွင့်ပေးလိုက်သည်။ ချီဟွိုက်နှင့် အခြားသူများသည် ထိုအခိုက်အတန့်ကို အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ကြသည်။

ချက်ချင်းနီးပါးပင် ခြံဝန်းမှာ ဗလာကျင်းသွားခဲ့သည်။ သူတို့တွင် အတောင်ပံများ ပေါက်လာသ

ည့်နှယ် ခြေရာလက်ရာမကျန်ဘဲ 'ပျံ'ထွက်သွားခဲ့ကြသည်။

သစ်ခွခြံဝန်းကျောင်းသားများပင် စာသင်ခန်းထဲသို့ ဝင်သွားခဲ့ကြသည်။ ၎င်းတို့မည်သူမှ အပြင်တွင် မနေရဲဝံ့။ ၎င်းတို့သည် အိမ်ရှေ့စံမင်းသားရှေ့တွင် မိမိကိုယ်ကိုပြသရန် သတ္တိမရှိပေ။

"မိန်းကလေးရှဲ့ ဘယ်သူ့ဆီကနေ... ပန်းချီပညာကို သင်ယူခဲ့တာလဲ" ကျောက်ရွှမ်ကျင်းသည် ပုံကြမ်းဆွဲထားသော ဦးခေါင်းသုံးလုံးအား ကောက်ယူလိုက်သည်။ သူသည် စူးစမ်းသည့်အမူအယာဖြင့် စစ်ဆေးလိုက်သည်။

သူမ၏ဆွဲချက်များမှာ ချောမွေ့နေရာ ၎င်းအား နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ရမည်။

ပုံကြမ်းများမှာ အလွန်ရိုးရှင်းသည်။ ၎င်းတို့ဆီမှ မည်သည့်ထူးခြားချက်ကိုမှ မမြင်နိုင်ပေ။ သို့သော် ထူးခြားချက်တစ်စုံတစ်ရာမရှိသည်ကပင် ထူးခြားမှုကြီးဖြစ်ပေသည်။

သူမသည် ဖုံးကွယ်ရာ၌ သေချာပေါက်တော်လိမ့်မည်။

"တာအိုကျင့်ကြံရေးဘုရားကျောင်းမှာပါ ဆရာက ကျွန်မကို အဆောင်တွေရေးဆွဲဖို့ သင်ပေးခဲ့တာ" ရှဲ့ချောင်ကပြောလိုက်သည်။

အဆောင်များကိုရေးဆွဲရန် ခက်ခဲပြီး အများစုမှာ စုတ်ချက်တစ်ချက်တည်းနှင့် အပြီးသတ်ရမည်ဖြစ်သည်။ ရှုပ်ရှပ်ခက်နေသောစုတ်ချက်များနှင့် အဆောင်များသည် အသုံးမဝင်ပေ။ ပုံမှန်အားဖြင့် သူမသည် မကြာမကြာလေ့ကျင့်ရန်လိုအပ်ပေသည်။

ကျောက်ရွှမ်ကျင်းသည် သူမ၏မျက်နှာကို တစ်ချက်ကြည့်လိုက်ကာ: "မိန်ကလေးရှဲ့က ပန်းချီပညာမှာ အရမ်းတော်တာပဲ မင်း ဒီမင်းသား အတွက် ရှင်သန်ခြင်း၏ပျော်ရွှင်မှုကို လက်ဆောင်အဖြစ် ကူးဆွဲပေးလို့...ရနိုင်မလား"

"အဟွတ် အဟွတ်..." ရှဲ့ချောင်သည် သူမ၏ပါးစပ်ကိုအုပ်ကာ နှစ်ခါချောင်းဆိုးလိုက်သည်: "ကျွန်မလုပ်နိုင်ပါတယ်... ဒါက ကျွန်မက အားနည်းနေလို့ပါ အရှင့်သားအတွက် ဘယ်အချိန်လုပ်နိုင်မလဲဆိုတာက မသေချာလောက်ဘူး..."

ကျောက်ရွှမ်ကျင်းသည် အစကတည်းက မှန်းဆနေခဲ့သည်။ သူသည် ရှဲ့ချောင်တွင် ဆရာယွင်ဝေ့၏လက်ရာရထားသောကြောင့် သူမသည် သူ့ကို သိရမည်ဟု ထင်ခဲ့သည်။ ထိုမျှသာမက ၎င်းမှာ ပန်ချီကားကြီးဖြစ်သည်။

သူမသည် ဆရာယွင်ဝေ့၏ တပည့်တောင် ဖြစ်နိုင်ချေရှိသည်။

ယခု သူမ၏ဟန်ဆောင်မှုကို ကြည့်လိုက်ရာ သူ၏မှန်းဆချက်ကို အတည်ပြုလုနီးပါး ဖြစ်သွားသည်။

"ဆရာ့ရဲ့ပန်းချီတွေက အတော်လေးရှုပ်ထွေးတယ် မင်းက အားနည်းနေသေးတော့ မင်းကိုဒုက္ခမပေးတော့ပါဘူး ဒါပေမယ့် မိန်းကလေးရှဲ့ကို စမ်းကြည့်ဖို့ ဖိတ်ကြားချင်တဲ့ ရာထူးတစ်ခုရှိတယ်" ဟု ကျောက်ရွှမ်ကျင်းကပြောလိုက်သည်။

ရှဲ့ချောင်သည် စကားမပြောဘဲ တုန့်ပြန်လိုက်သည်။ သူမသည် ထွက်ပြေးချင်နေခဲ့သည်။

၎င်းတို့သည် နန်းမြို့တော်တွင် ကတိကဝတ်များမရှိဘဲ စတင်မည်ဟု သဘောတူထားခဲ့ကြသည် - သူတို့သည် တစ်ယောက်ကိုတစ်ယောက် မသိသလိုနေရမည်ပင်။ အဘယ့်ကြောင့် သူမကို စကားအများကြီးပြောနေရသနည်း။

"စိတ်မပူပါနဲ့ မိန်းကလေးရှဲ့ မင်းကိုယ်မင်းဖော်ထုတ်မိမှာမဟုတ်သလို အဲ့တာက ပင်ပန်းမှာလည်းမဟုတ်ပါဘူး ကိုယ်က မင်းကို အလိုရှိနေတဲ့အပြစ်သားတွေကို ပုံကြမ်းဆွဲဖို့ ရာဇဝတ်မှုဌာနကို သွားစေချင်ရုံပါ ပုံကြမ်းတစ်ခုအတွက် ငွေတုံး ၁၀တုံးရလိမ့်မယ် မင်းရဲ့လစာက ငွေတုံး ၅၀ ဖြစ်လိမ့်မယ်"ဟု ပြောလိုက်သည်။

ငွေအများကြီးဖြစ်သည်၊ အလွန်များပေသည်။

ရှဲ့ချောင်သည် ၎င်းတို့အား အကုန်လုံသုံးရန်ပင်

မတတ်နိုင်ချေ။

သူမ စိတ်လှုပ်ရှားသွားခဲ့ငည်။

သို့သော် 'ရာဇဝတ်မှုဌာန'ဟူသော အသုံးအနှုန်းကို ကြားလိုက်ရသောအခါ သူမကြောက်ရွံ့သွားခဲ့သည်။

ထိုနေရာ၌ ဝိညာဥ်များစွာရှိသောကြောင့် သူမစိတ်ပူနေခဲ့သည်။

သူမသည် ခေါင်းရမ်းပြလိုက်သည်၊

ကျောက်ရွှမ်ကျင်းမျက်ခွံများ တွန့်သွားတော့၏။ သူကမ်းလှမ်းသည့် ငွေများက မလုံလောက်ဘူလား?

သူသည် လစာပိုပေးချင်ခဲ့သော်လည်း အနေအထားကို ဆုံးဖြတ်ပြီးဖြစ်သည်။ သူသာပိုပေးလိုက်လျှင် ရှဲ့ချောင်သဘောကျလိမ့်မည်မဟုတ်ပေ။

"ဒီမင်းသားက ရက်အနည်းငယ်အတွင်း ရာဇဝတ်ဌာနကို ကြီးကြပ်မှာ" ကျောက်ရွှမ်းကျင်းက ထပ်ပြောလိုက်သည်။

ရှဲ့ကျောင်၏မျက်ခွံများ တွ့န်သွားခဲ့သည်။

အစက... သူမသည် ထိုကမ်းလှမ်းချက်ကို စဥ်းစားပေးနိုင်သေးသည်။ ထိုနေရာတွင် ဝိညာဥ်များစွာရှိနေသည်။ သူမသည် အဆောင်များကိုအသုံးပြုကာ သူမတတ်နိုင်သလောက် ထိုဝိညာဥ်များကို ရှောင်လို့ရနိုင်ပေသည်။

သို့သော် အိမ်ရှေ့စံမင်းသားလည်းရှိနေမည်ဆိုလျှင် သူမ တကယ်မသွားနိုင်တော့ပေ။

၎င်းမှာ ကြောက်စရာကောင်းသောနေရာတစ်ခုဖြစ်ပြီးသားပင်။ သူမသာ ပတ်ပတ်လည်တွင် ဝိညာဥ်များဝန်းရံနေသော အိမ်ရှေ့စံမင်းသားနှင့် အတူသွားပါက သူမ'သေမသွားနိုင်ဘူးလား?

"ကျွန်မက အားနည်းပါတယ် အဲ့နေရာကို မယူနိုင်ပါဘူး အလုပ်ဖြစ်မှာမဟုတ်ပါဘူး" ရှဲ့ချောင်၏ မျက်နှာသေးသေးလေးမှာ ဖြူလျော့နေခဲ့သည်။

သူမသည် ခြေတစ်လှမ်းဆုတ်လိုက်သည်။

ကျောက်ရွှမ်ကျင်းက မျက်မှောင်ကြုတ်ကာ ပြော

လာသည်: "မင်းရဲ့ အကြီးဆုံးအစ်ကိုလည်း အဲဒီမှာရှိမှာပဲ။ သူအဲဒီမှာရှိနေတော့ မင်းကို ဘယ်သူမှအနိုင်ကျင့်မှာမဟုတ်ဘူး။ တော်ဝင်တရားရုံးမှာ အမျိုးသမီးတွေကို ခွင့်မပြုပေမယ့် တစ်ချို့နေစရာတွေအတွက် အမျိုးသမီးတွေကို လိုအပ်နေတယ်။"

"အရှင့်သားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်မရဲ့ခန္ဓာကိုယ်က..." ရှဲ့ချောင်သည် စကားပြောရင်း မျက်ခုံးနှစ်ဖက်ကြား ပွတ်သပ်လိုက်သည်။

တစ်ဆက်တည်းမှာပင် သူမသည် မှင်တက်သွားခဲ့သည်။ သူမသည် ထိန်း၍အသက်ရှူကာ အိမ်ရှေ့စံမင်းသားကို အားနည်းစွာပြုံးပြလိုက်သည်။ နောက်ဆုံးတွင် သူမ၏ဦးခေါင်းမှာဦးစွာ စားပွဲနှင့် ရိုက်မိသွားခဲ့တော့၏။

သူမ မေ့လဲသွားခဲ့သည်။

ကျောက်ရွှမ်ကျင်းမှာ အံ့သြထိန်လန့်သွားပြီး ချက်ချင်းအော်ခေါ်လိုက်သည်: "တော်ဝင်သမားတော်!"

ရှဲ့ချောင်၏လက်ကောက်ဝတ်ကို လှမ်းထိန်းရန် အော်ရင်း အလိုလို ရှေ့သို့ လှမ်းသွားခဲ့သည်။

သူမ၏လက်ကောက်ဝတ်မှာ ပိန်ပါးကာ ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေခဲ့သည်။

သူမ ယခုချိန်အထိ မည်သို့အသက်ရှင်နေသလဲဟုပင် အံ့သြမိသွားခဲ့သည်။

•••••

All Chapters