← Chapters

(သူမကို အသက်ရှူကြပ်ပြီး သေအောင်လုပ်နေတာလား?)

Vol. 10 Ch. 179

(သူမကို အသက်ရှူကြပ်ပြီး သေအောင်လုပ်နေတာလား?)

Vol. 10 Ch. 179

ကျောက်ရွှမ်ကျင်းသည် သူ၏လက်ကို ချက်ချင်းပြန်ဆုတ်လိုက်သည်။ သူ၏မျက်နှာမှာ အေးစက်ကာ တည်ငြိမ်နေခဲ့သည်။ သူသည် စိတ်လှုပ်ရှားပုံ မပေါ်နေခဲ့ပေ။

တော်ဝင်သမားတော်သည် အိမ်ရှေ့စံမင်းသား ခေါ်သောကြောင့် အပြေးလာခဲ့၏။ ထို့ကြောင့်ပင် မကြာမီ ရောက်လာခဲ့လေသည်။

"သူမက ဒေါသထွက်ပြီး စိတ်ရှုပ်သွားလို့ အသက်ရှူမဝဖြစ်သွားတာပါ ဘာမှမဖြစ်ပါဘူး ဒါက ဘာမှမဟုတ်ပါဘူး သူမ ခဏအနားယူပြီးသွားရင် ပြန်ကောင်လာပါလိမ့်မယ်" တော်ဝင်သမားတော်သည် ပြောရင်းဆိုရင်း သူမ၏ပါးစပ်

ထဲသို့ ဆေးလုံးကြီးတစ်လုံး ထည့်လိုက်သည်။

ကျောက်ရွှမ်ကျင်းသည် မပြောဘဲမနေနိုင်ခဲ့ပေ: "ဒီလောက်ကြီးတဲ့ ဆေးလုံးနဲ့ ခင်ဗျား သူမကို အသက်ရှူကြပ်ပြီးသေအောင် လုပ်နေတာလား"

တော်ဝင်သမားတော်၏မျက်ခွံများ တွန့်သွားခဲ့သည်။ ဆေးလုံးမှာ သူမ၏ပါးစပ်ထဲတွင် ပျော်ဝင်သွားမည်ဖြစ်ပြီး... သူမကို နှိုးရန်ဖြစ်သည်။

ကျောက်ရွှမ်ကျင်းသည် စိတ်ရှုပ်သွားပြီး စောစောက သူပေးလိုက်သောအပြစ်ဒဏ်မှာ အလွန်ပေါ့လျော့နေသည်ဟု ရုတ်ချည်းတွေးမိသွားခဲ့သည်။

ရှဲ့ချောင်ကိုကြည့်လိုက်ရာ၊ သူမကိုကြည့်ရတာ သေတော့မည့်သူလိုပင်...

အမှန်မှာ သူမ မေ့လဲချင်ယောင်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ သို့သော် သူမသည် အသက်အောင့်ထားပြီး အသက်ရှူကြပ်သွားရန် မစီစဥ်ထားခဲ့ပေ။ ထို့နောက် သူမ၏အသိစိတ်များကို ဆုံးရှုံးသွားခဲ့သည်။

၎င်းမှာ သူမနှင့် လေအတွက်တိုက်ခိုက်နေသော ထိုလူများကြောင့်ဖြစ်သည်။

ကျောင်းတော်တွင် လူများစွာရှိသည်။ တာအိုဘုရားကျောင်းနှင့်မတူသည်မှာ ရံဖန်ရံခါ လာရောက်လည်ပတ်သော လူအုပ်စုမှလွဲ၍ အခြားအချိန်များတွင် သူမနား၌ လူအများကြီး ပေါ်မလာတတ်ပေ။

ရှဲ့ချောင်၏ဇာတ်လမ်းက ချီဟွိုက်နှင့် ကျန်သောသူများကို ယခုထက်ပို၍ အပြစ်ကြီးစေခဲ့သည်။

၎င်းတို့သွားသည့် နေရာတိုင်း ဝေဖန်ခံရမည်ဖြစ်သည်။

၎င်းတို့သည် လုံးဝ အရှက်ကွဲခဲ့ကြသည်။

ရှဲ့ချောင်သည် ယခုလောက်အချိန်အကြာကြီး သတိလစ်မနေခဲ့ဖူးပေ။

တော်ဝင်သမားတော်၏ဆေးလုံးသည် ထိရောက်ပေသည်။ သူမ၏မျက်လုံးများဖွင့်လိုက်သောအခါ ကျောက်ရွှမ်ကျင်းသည် ထိုနေရာ၌ရှိနေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သောအခါ တစ်ဖန် အသက်ရှူကြပ်သွားတော့မလိုဖြစ်သွားခဲ့သည်: "ကျွန်မ မသွားဘူးနော်"

ရာဇဝတ်မှုဌာနမှ ဝိညာဥ်များသည် သူမ၏ဆိုင်က ဝိညာဥ်များနှင့် မတူပေ!

သူမသည် သူမ၏ဆိုင်၌ ဖုန်းရွှေစီရင်ထားရာ ဝိညာဥ်များ၏ အမုန်းတရားများကို သိသိသာသာဖိနှိပ်ထားနိုင်ခဲ့သည်။ သူမ၏ဆိုင်သို့လာသော ဝိညာဥ်အများစုသည် မကောင်းသောရည်ရွယ်ချက်များမရှိကြပေ။ သို့သော် ရာဇဝတ်မှုဌာန၌မူ တူညီနိုင်မည်လော?

ထိုနေရာရှိ ဝိညာဥ်များသည် ဆိုးရွားသောသေခြင်းတရားများနှင့် ကြုံတွေ့ခဲ့ရကြောင်း သူမကြားဖူးသည်။

ထိုမျှသာမက ၎င်းတို့သည် အထူးသဖြင့် ရုပ်လည်းဆိုးကြသည်။ ၎င်းတို့၏တစ်ကိုယ်လုံး သွေးများပေကြံနေသည်။

ထို့ပြင် လက်စားချေလိုသောဝိညာဥ်များစွာ

လည်း ရှိပေသည်။

"ကိုယ် အတင်းမတိုက်တွန်းပါဘူး" ကျောက်ရွှမ်ကျင်းသည် အကူအညီမဲ့စွာ မျက်မှောင်ကြုတ်လိုက်သည်: "မင်း ရာဇဝတ်မှုဌာနလို့ကြားလိုက်လို့ မေ့လဲသွားခဲ့တာလား"

"အမ်း..." ရှဲ့ချောင်သည် မျက်လွှာချပြီး ခေါင်းညိတ်လိုက်သည်။

မဟုတ်ပေ။ သူမသည် အိမ်ရှေ့စံမင်းသား၏ ဘေးပတ်လည်ရှိ ထိုဝိညာဥ်များကို မမြင်ချင်သောကြောင့်ပင်။

အိမ်ရှေ့စံမင်းသားက စိတ်အားထက်သန်စွာဖိတ်ကြားနေချိန်တွင် သူမသာ ဝိညာဥ်များကို မမြင်နိုင်ပါက စဥ်းစားနေစရာတောင်မလိုဘဲ

သေချာပေါက် သွားရန်သဘောတူလိုက်ပေမည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ကံကောင်းစေသောမျက်နှာရှိသည့် အမျိုးသားမှာအများကြီးမရှိပေ။ သူမသည် ထိုပုံစံကို သဘောကျပြီး သူ၏မျက်နှာကို ထောက်ခံရန်ဆန္ဒရှိနေခဲ့သည်။

ကျောက်ရွှမ်ကျင်း၏အမူအယာမှာ ရှုပ်ထွေးသွားခဲ့သည်။ သူ၏တည်ငြိမ်နေသော မျက်ဝန်းများထဲတွင် အကူအညီမဲ့မှုများရှိနေခဲ့သည်။

သူသည် အေးစက်သောလေသံဖြင့်: "ကောင်းကောင်းအနားယူလိုက်ပါ တစ်ခုခုလိုအပ်တာရှိရင်... ကိုယ်တိုင်လာခဲ့လိုက်မယ်။"

၎င်းမှာ သူမ ရာဇဝတ်မှုဌာနသို့သွားရန်မလိုတော့ဟု ဆိုလိုပေသည်။

ရှဲ့ချောင်သည် ပြဿနာပေးမိသလို ခံစားရပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် အရှက်မဲ့စွာပြောလိုက်သည်: "ကျောင်းတော်မှာတွေ့ရတာ အကောင်းဆုံးပဲ အရှင့်သား အပြင်မှာတွေ့ချင်ရင်တော့... မေ့လိုက်ပါ"

ကျောင်းတော်၌ ယန်စွမ်းအင်မှာ အားကောင်းပေသည်။

ရှဲ့ချောင်သည် အိမ်ရှေ့စံမင်းသားနှင့်စကားပြောသည့်အခါ သူမ၏အခြေအနေကို အမည်တပ်ရန် အတော်လေးသတ္တိရှိသည်ဟု တွေးလိုက်မိသည်။

ကျောက်ရွှမ်ကျင်းသည် သံသယဖြစ်သွားသော်လည်း သူ၏မျက်ဝန်းထဲတွင် ဖော်မပြခဲ့ပေ။ သူသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။

ရှဲ့ချောင် အပြည့်အဝပြန်ကောင်းလာပြီးနောက် အိမ်ရှေ့စံမင်းသားက ထွက်သွားခဲ့သည်။ သူထွက်မသွားချင်လျှင်တောင် သူ့အတွက် နေရန် မသင့်တော်ပါချေ။

ရှဲ့ချောင်သည် ဖြူဖျော့နေသောမျက်နှာနှင့် အတန်းထဲသို့ ပြန်သွားလိုက်သည်။

ဝူးရှ်!

ဆယ်ချီသောမျက်လုံးများက သူမကိုစိုက်ကြည့်နေခဲ့သည်။

"ရှဲ့ချောင်! နင်က တကယ်ကို...အံ့အားသင့်စရာကောင်းတယ်!" ဖန်းမုရွှယ်က ပထမဆုံးစကားစပြောလိုက်သည်။ သူမသည် ရှဲ့ချောင်ကိုကြည့်နေ

သောအခါ သူမ၏မျက်ဝန်းများမှာ မီးထတောက်တော့မည့်အလား။

ရှဲ့ချောင်မှာ ကြောင်အမ်းသွားခဲ့သည်: "အိုး ငါက အတော်လေးအံ့အားသင့်စရာကောင်းတယ်လေ..."

ဒီတော့ဘာဖြစ်လဲ?

"တကယ်တော့ ငါတို့သစ်ခွခြံဝန်းက ပျိုနီပန်းခြံဝန်းကို စက်ဆုပ်စရာကောင်းတယ်လို့ သတ်မှတ်ထားတာ အခု နောက်ဆုံးတော့ ငါတို့အတွက် ဂုဏ်သိက္ခာတစ်ချို့ရလာခဲ့ပြီ!" ဖန်းမုရွှယ်က ထပ်ပြောလိုက်သည်။

ရှဲ့ချောင်က နှုတ်ခမ်းများတင်းတင်းစေ့လိုက်သည်: "နင်က သူတို့ကို စက်ဆုပ်တယ်? နင်တို့တွေ အဲ့ကိုသွားဖို့ စိတ်အားထက်သန်နေကြတာ ငါ

မှတ်မိပါသေးတယ်..."

သူမသည် အမှန်တရားကိုပြောနေခဲ့သည်။

ဖန်းမုရွှယ်မှာ ဆွံ့အသွားခဲ့ပြီး ရှဲ့ချောင်နှင့် စကားစမြည်ပြောရန် ခက်ခဲကြောင်း ရုတ်တရက်တွေးလိုက်မိငည်။

'ဒီမိန်းကလေးက ရက်စက်တယ် သူမ ဘာပဲပြောပြော သရော်နေသလိုပဲ သူမက စိတ်အနှောင့်အယှက်ဖြစ်စရာပဲ!'

၎င်းမှာ ဖန်းမုရွှယ် တွေးနေကျဖြစ်သည်။

သို့သော် ယခုတွင် သူမသည် ရှဲ့ချောင်က အတော်လေး...ချစ်စရာကောင်းသည်ဟု တွေးနေမိခဲ့သည်။

••••

All Chapters