← Chapters

(ထွက်သွားလိုက်တော့)

Vol. 10 Ch. 180

(ထွက်သွားလိုက်တော့)

Vol. 10 Ch. 180

ဖန်းမုရွှယ်သည် ယခု ရှဲ့ချောင်ကို စကားပြောနေသောအချိန်၌ စိတ်အနှောင့်အယှက်မဖြစ်တော့ပေ။

"နင်က နန်းမြို့တော်ကိုရောက်တာ သိပ်မကြသေးတော့ ပျိုနီပန်းခြံဝန်းထဲက ကျောင်းသားတွေလို စီနီယာတွေက ဘယ်လိုပုံစံလည်းဆိုတာ မသိသေးဘူးပဲ ငါတို့တွေလည်း ထူးချွန်ထက်မြက်လာဖို့ကိုမျှော်လင့်ပါတယ် ဒါပေမယ့် ပျိုနီပန်းခြံဝန်းကလူတစ်ချို့က ငါတို့သစ်ခွခြံဝန်းကို အထင်သေးကြတယ် ခြံဝန်းနှစ်ခုလုံး အကြိမ်တိုင်း လှူဒါန်းတဲ့အရေအတွက်ကို ယှဥ်နေကြတာလေ ဒါ့ကြောင့်... ငါတို့မှာ ပျိုနီပန်းခြံဝန်းအတွက် ရှုပ်ထွေးတဲ့အမြင်တွေရှိတယ်..."

သူတို့သည် ပျိုနီပန်းခြံဝန်းကို စက်ဆုပ်သော်လည်း သွားရန်စိတ်အားထက်သန်နေကြသည်။

ရှဲ့ချောင်သည် အရင်က ကျောင်းတော်၌ မည်သူနှင့်မျှ မရင်းနှီးချင်ခဲ့ပေ။ သူမသည် ကျောင်းတော်၌ စာရင်းပေးသွင်းချိန်မှစ၍ သူမသည် ချင်လျှို့ဟုခေါ်သော သူငယ်ချင်းတစ်ယောက်သာရှိခဲ့သည်။

ဖန်းမုရွှယ်နှင့် ကျန်လူများသည် ယနေ့အနိုင်ရမှုအတွက် ပျော်ရွှင်နေကြသော်လည်း သူတို့ကို သူမအပေါ် ကောင်းမွန်သည်ဟု ယူဆနိုင်ပေသည်။

သူတို့သည် ရှဲ့ချောင်အား အတုအပပြုလုပ်ခြင်းအတွက် သံသယမဝင်ခဲ့ကြသည်မှာ တော်သေးသည်။

သို့သော်လည်း ရှဲ့ချောင်သည် သူမအပေါ် ကြင်နာပြမှုအတွက် သူတို့ကို ကျေးဇူးမတင်ခဲ့ပေ။ သူမသည် သူတို့အတွက် သရော်ခြင်းမခံရလောက်တဲ့ထိ ကောင်းမွန်ပေသည်။

ရှဲ့ချောင်သည် တည်တည်ငြိမ်ငြိမ်နှင့် အမူအယာမပြောင်းလဲဘဲ သိမ်မွေ့စွာပြောလိုက်သည်: "ငါတို့က သစ်ခွခြံဝန်းကဖြစ်လို့ ငါတို့အတွက် ဂုဏ်သိက္ခာရချင်တာ အဓိပ္ပါယ်ရှိတယ် စိတ်မပူပါနဲ့ အနာဂတ်မှာ သစ်ခွခြံဝန်းကို အရှက်ရစေမယ့်အရာမျိုး ငါလုပ်မှာမဟုတ်ဘူး"

ရှဲ့ချောင်ပြောလိုက်သည်မှာ သူမ၏ရပ်တည်ချက်ကိုဖော်ပြနေပြီး ပို၍အေးချမ်းနေခဲ့သည်။

ဖန်းမုရွှယ်ကပြုံးကာ: "တကယ်တော့ ငါတို့စောစောကအမှားလုပ်ခဲ့မိတာကို သိပါတယ် ငါတို့တွေ

နင့်ကို မဝေဖန်သင့်ဘူး"

အစပိုင်းတွင် ထိုသူတို့သည် သူမက ရှဲ့မိသားစု၏သမီးဖြစ်သောကြောင့် သူမအပေါ်မယဥ်ကျေးခဲ့ကြပေ။ နောက်ပိုင်းတွင် သူတို့သည် သူမအား အသက်တိုသည့် သနားစရာကောင်းသောလူအဖြစ် သနားခဲ့ကြသည်။

နောက်တစ်ခုသည် ကြင်နာမှုမှလာခဲ့သော်လည်း သေချာစဥ်းစားကြည့်ပါက ထိုကဲ့သို့ကြင်နာမှုမျိုးဖြစ်သည့်...

၎င်းအား မရှိစေချင်ပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူတို့သည် ရှဲ့ချောင်အား အမှန်တကယ်လေးစားနေခဲ့ကြ

သည်။

အမှန်မှာ ပန်းချီကားမှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ ရှဲ့ချောင်၏သဘောထားဖြစ်သည်။

ပျိုနီပန်းခြံဝန်းကျောင်းသားအများအပြားက ခြိမ်းခြောက်သောအမူအယာများနှင့်လာခဲ့သော်လည်း သူမသည် တည်ငြိမ်နေခဲ့သည်။ သူမသည် သဘောထားကြီးရန် အလွန်အံ့အားသင့်စရာကောင်းပေသည်။

ထိုအခိုက်အတန့်တွင် သစ်ခွခြံဝန်းရှိ လူအများစုသည် ရှဲ့ချောင်ကို ယခုထက်ပို၍သဘောကျခဲ့ကြသည်။

ထုံးစံအတိုင်း ရှားယာ့ယွင်တော့မပါခဲ့ပေ။ သူမသည် ရှဲ့ချောင်နာမည်ကြီးနေသည်ကိုမြင်ရသောအခါ အရှက်ကွဲသလိုခံစားလိုက်ရသည်။

'သူမဘာလုပ်ခဲ့လို့လဲ'

'ဆရာလုရဲ့အတန်းကို အာရုံစိုက်တာကလွဲလို့ တခြားအတန်းတွေတောင် တက်ခဲတယ်မလား!'

'အဲ့တာတင်မကသေးဘူး လစဥ်စာမေးပွဲတွေအားလုံးကိုလည်း လွတ်ခဲ့တယ် သူမရဲ့အဆင့်ထွက်လာရင် ငါတို့ကိုပါဆွဲချသွားမှာတော့မဟုတ်ဘူးမလား?'

သို့သော်လည်း ရှားယာ့ယွင်သည် အရူးမဟုတ်ပေ။ အားလုံးသည် စိတ်လှုပ်ရှားမှုနှင့် ရယ်ရယ်မောမောဖြစ်နေသောကြောင့် သူမအတွက်

အားလုံးကိုပြောလိုက်လျှင် အကျိုးရှိမည်မဟုတ်ပေ။

'ငါတို့ တွေ့ကြသေးတာပေါ့!'

ရှဲ့ချောင်သည် လိုက်လျောညီထွေရှိနေချိန် ဖေဝမ်ယွဲ့မှာ ဒုက္ခရောက်နေလေသည်။ သူမသည် ကံစမ်းချင်သောကြောင့် ကျောင်းတော်မှ မထွက်ခွာသွားသေးပေ။ သူမသည် ခရေခြံဝန်း အတန်း၄ သို့ပြန်သွားခဲ့ပြီး လွန်ခဲ့သောရက်အနည်းငယ်က သူမ'သိကျွမ်းခဲ့သောသူများထံ အရှက်မရှိသွားခဲ့သည်။

"နင်တို့... ငါ့ကို ငွေပဲစေ့နည်းနည်းလောက် ချေးပေးနိုင်မလား...?" သူမ၏အသံမှာ တုန်လှုပ်နေပြီး မျက်လုံးထဲတွင် မျက်ရည်များပြည့်နှက်နေ၏။ သူမသည် အလွန်သနားစရာကောင်းနေပေသည်။

သို့သော်လည်း ခရေခြံဝန်းမှသူများသည် ယခုတွင် သူမအား စိတ်ပျက်နေခဲ့ကြသည်။

သူမရှေ့မှလူများသည် သူမကို တွန်းလိုက်ကာ: "နင် ဘာလို့ ဟန်ဆောင်နေတာလဲ နင်ကသာ နင့်ဟာနင်ပြဿနာဖြစ်စေတာမဟုတ်ဘူးလား မသိတဲ့သူတွေက ငါတို့တွေ နင့်ကိုအနိုင်ကျင့်တယ်လို့ ထင်နေလိမ့်မယ်!"

"ဖေဝမ်ယွဲ့ နင် ရှဲ့ချောင်ကို ဒီလောက်တောင်မောင်းထုတ်ချင်နေတာ သူနဲ့ဘယ်လိုအငြိုးတွေများရှိနေတာလဲ ငါသိချင်မိတယ်!"

"အိုး ကြည့်စမ်း အခု ရှဲ့ချောင်ကနေခဲ့ရပြီး နင်ကတော့ ထွက်သွားရတော့မယ် နင် အဲ့တာကို အံ့သြတုန်လှုပ်သွားမယ်ဆိုတာ ငါသေချာတယ် ပန်းချီ

ကားက အရမ်းကိုစစ်မှန်နေတော့...ဟား!"

ဖေဝမ်ယွဲ့ကိုယ်တိုင်ဖြန့်ခဲ့သော ကောလဟာများကို မည်သူမှ သံသယမဖြစ်ခဲ့ဟု ပြောရမည်ဖြစ်သည်။

ဖေဝမ်ယွဲ့အနေဖြင့် ရှဲ့ချောင်နှင့် ဆွေမျိုးများဖြစ်ကြသည်မှာ အဓိပ္ပါယ်ရှိသည်မဟုတ်လော!

ခရေခြံဝန်းရှိ ၎င်းတို့ထဲမှ အနည်းငယ်သည် ပွဲကိုကြည့်ရန်သွားခဲ့ကြရာ သူတို့လည်း အပြစ်ပေးခံခဲ့ကြရသည်။ ယခုတွင် ထိုသူတို့သည် ဖေဝမ်ယွဲ့အား အပြစ်တင်နေခဲ့ကြသည်။

"နင် ငွေပဲစေ့ မပေးနိုင်ရင် ထွက်သွားလိုက်တော့လေ! နင့်ရဲ့ ကုလန်ကျောင်းတော်ကိုပြန်သွားတော့!"

တစ်စုံတစ်ယောက်က လှောင်ရယ်လိုက်သည်: "မဟုတ်သေးဘူး ကုလန်ကျောင်းတော်ကလည်း တော်ဝင်ကျောင်းတော်ကနေ ကန်ထုတ်လိုက်တဲ့သူကို ပြန်လက်ခံမှာမဟုတ်လောက်ဘူးနော်"

••••••

All Chapters