← Chapters

ထောင်ချောက်

Vol. 34 Ch. 497

ထောင်ချောက်

Vol. 34 Ch. 497

ရောင်ဝါလင်းလက်တိမ်နန်းတော်၏ နေကာထီးတောင်ပေါ်တွင်..

နီရဲနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ယောက်သည် မည်သည့်အထောက်အပံ့ပစ္စည်းမှ မပါဘဲနှင့် လေထုကိုဖြတ် ပျံသန်းလာခဲ့ပြီး တောင်တစ်လုံး၏ ခါးလယ်ရှိ လိုဏ်ဂူခန်းဝါတစ်ခုရှေ့သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

သူ့ခါးတွင် ချိတ်ဆွဲထားသော ဂိုဏ်းတံဆိပ်ပြားသည် သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှဆိုတာကို ပြသပေးနေ၏။

သူကတော့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ရွှေအမြုတေတစ်ယောက်ဖြစ်သော စီမာကျီပင် ဖြစ်လေသည်။

လိုဏ်ဂူခန်းဝါ၏ ရှေ့မှာ မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ရှိပြီး ထိုအောက်မှာ ကျောက်စားပွဲတစ်လုံး ရှိ၏။ မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ကျောက်ခုံလေးတစ်လုံးပေါ်မှာ ထိုင်နေပြီး သူ၏ ရှည်လျားကျဉ်းမြောင်းသည့် မျက်လုံးများက အေးစက်စွာ တောက်ပနေ၏။

“ညီကိုကန်းလန်.. ဘာဖြစ်လို့များ ကျုပ်ကို အသည်းအသန် လှမ်းခေါ်ရတာလဲဗျ”

ဆင်းသက်လာပြီးနောက် စီမာကျီက မေးလိုက်၏။

မိုးပြာရောင်ဝတ်ရုံနှင့်လူသည် ရောင်ဝါလင်းလက်တိမ်နန်းတော်၏ ပကတိသက်ရှိကန်းလန်ပင် ဖြစ်လေသည်။

ပကတိသက်ရှိကန်းလန်၏ အမူအယာက တည်ငြိမ်နေပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေး မျှင်းသောက်နေ၏။ လက်ဖက်ရည်ခွက်ကို ပြန်ချပြီးမှ သူက ပြောလိုက်၏။

“ညီကိုစီမာကျီ.. သေမင်းတံခါးက ခင်ဗျားရှေ့ကို ရောက်နေတာတောင် ခင်ဗျားက မသိသေးဘူးလား”

“အ”

စီမာကျီသည် ထိတ်လန့်သွား၏။ သို့သော်လည်း တစ်ခဏအတွင်း သူ့ကိုယ်သူ ဣန္ဒြေပြန်ဆယ်ပြီး ခေါင်းခါကာ ရယ်မောလိုက်၏။

“ကန်းလန်.. ဒါက ဘယ်လို ဟာသလဲဟ”

“အဲ့ဒီဆူဇီမိုက အန္တိမအခြေတည်အဆင့်ပဲ.. သူ့ရဲ့ အငြိုးအတေးထားပုံနဲ့ဆို သူက ရွှေအမြုတေအဆင့်ကို ဝင်ရောက်ပြီးတာနဲ့ ငါတို့ကို ဒီတိုင်းလွှတ်ထားလိမ့်မယ် ထင်လို့လား” ပကတိသက်ရှိကန်းလန်က အေးစက်စွာ နှာမှုတ်လိုက်၏။

စီမာကျီ၏ အမူအယာက သုန်မှုန်သွားပြီး ခဏကြာ အသံတိတ်သွား၏။

“ပွင့်ပွင့်လင်းလင်း ပြောရရင်.. ဆန်းကြယ်တောင်ထွတ်က တိုက်ပွဲပြီးကထဲက ငါလဲ အဲ့အကြောင်းကို စဉ်းစားဖူးပါတယ်.. ဒါပေမယ့် ငါတို့ဂိုဏ်းကတောင် လက်ဆောင်ပဏ္ဏာတွေနဲ့ လူတွေလွှတ်ပြီး ပြေလည်ရာပြေလည်ကြောင်း အလျှော့ပေးခဲ့ကြပြီးပြီလေ.. အဲ့ဒီမှာ ငါက ဘာလုပ်နိုင်ဦးမှာလဲ”

“ငါတစ်ယောက်ထဲနဲ့ ဆန်းကြယ်တောင်ထွတ်ကို သွားဖို့ကလည်း မဖြစ်နိုင်ဘူးလေ.. ဟုတ်တယ်မလား.. အဲ့လိုလုပ်ရင် ငါ့ကိုယ်ငါ သတ်သေတာနဲ့ ဘာများကွာဦးမှာလဲ”

ခဏမျှ ရပ်ပြီးနောက် စီမာကျီက ဆက်ပြောလိုက်၏။

“နောက်ပြီး ဆူဇီမိုက အန္တိမအခြေတည်အဆင့်တစ်ယောက်.. သူ့ကို ရန်သွားစမိတဲ့သူက ဆန်းကြယ်တောင်ထွတ်ရဲ့အမျက်ကို ခံစားရမှာပဲ”

“အခြားသူတွေဆိုရင်တော့ အဲ့ဒါကို ရှောင်လွှဲလို့ ရရင်ရဦးမယ်.. ဒါပေမယ့် မင်းနဲ့ငါကတော့ ဟမ့်.. ငါတို့က မတူဘူး”

ပကတိသက်ရှိကန်းလန်က လေးနက်သောလေသံနှင့် ပြောလိုက်၏။

“အခြေအနေက အရမ်းကို ရှင်းနေပြီ.. ဆူဇီမို သေရင်သေ မဟုတ်ရင် ငါတို့နှစ်ယောက် သေမှပဲ ရမယ်.. ငါတို့တစ်ကြိမ်တော့ ကြိုးစားကြည့်မှရမယ်.. အဲ့ဒါကလဲ မြန်မြန်လုပ်မှရမယ်.. မဟုတ်လို့ အဲ့ကောင်လေးက ရွှေအမြုတေအဆင့်ကို ချိုးဖျက်ဝင်ရောက်လာရင် ငါတို့ ထပ်ပြီး ထည့်တွက်ရမယ့်အရာတွေ အများကြီး တိုးလာလိမ့်မယ်”

စီမာကျီ၏ အကြည့်က တဖျပ်ဖျပ်လက်လာပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

“ညီကိုကန်းလန်.. အဲ့ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ”

“လောစရာ မလိုပါဘူး.. ကျုပ် အကူသုံးယောက်ကို ဖိတ်ထားပြီးပြီ.. သိပ်မကြာဘူး သူတို့ရောက်လာလိမ့်မယ်”

ပကတိသက်ရှိကန်းလန်က စီမာကျီကို စိတ်အေးအေးထားပြီး ခုံမှာဝင်ထိုင်ဖို့ လက်ဟန်ပြလိုက်၏။

များမကြာမီ.. ရွှေအမြုတေသုံးယောက်သည် လေထဲကနေ ဖြတ်သန်း၍ ရောက်လာကြ၏။ အလယ်မှာက ပိန်ပိန်ပါးပါး သက်လတ်ပိုင်းရွယ်လူတစ်ယောက်ဖြစ်ပြီး နှုတ်ခမ်းပါးပါးနှင့် အေးစက်သော အမူအယာကို ပိုင်ဆိုင်ထားလေသည်။

ဘယ်ဘက်မှတစ်ယောက်က ပိတ်စရှည်တစ်စကို ကိုင်ထားသည့် ရွှေအမြုတစ်ယောက်ဖြစ်၏။ သူ့မျက်နှာက မို့နေပြီး တစ်ချိန်လုံး ပြုံးနေ၏။

ညာဘက်မှတစ်ယောက်က သိုင်းဝတ်စုံကို ဝင်ဆင်ထားပြီး သူ့ပုံစံက တောင့်တောင့်တင်းတင်းရှိပြီး ကြွက်သားများက ကျောက်သားကဲ့သို့ မာကြော၍ ဖုထစ်ထွက်နေ၏။ သူ့ထံမှ ကြမ်းကြုတ်ရက်စက်သော အော်ရာက ဖြာထွက်နေ၏။

ပကတိသက်ရှိကန်းလန်က သူတို့ကို ကြိုဆိုလိုက်၏။

ဘယ်ဘက်မှ ပိတ်စရှည်နှင့် ရွှေအမြုတေကို ညွှန်ပြပြီး ပကတိသက်ရှိကန်းလန်က မိတ်ဆက်ပေးလိုက်၏။ “သူကတော့ ထျန်ဟွမ်မြောက်ပိုင်း ဒေသမှာ နာမည်အကြီးဆုံး ဝင်္ကပါသခင်.. ပကတိသက်ရှိ ထန်ဟောက်တဲ့”

“ဒါကတော့ တာအိုရောင်းရင်းကောင်းဟူ.. သူက နောက်ပိုင်းအဆင့် ရွှေအမြုတေ.. ခန္ဓာမီးဆေးကျင့်ကြံသူပဲ”

သိုင်းဝတ်စုံနှင့်လူက စီမာကျီကို ခေါင်းညိတ်ပြလိုက်၏။

နောက်ဆုံး ပကတိသက်ရှိကန်းလန်က ပိန်ပိန်ပါးပါးနှင့် အလယ်ကလူကိုကြည့်ပြီး ပြုံးပြလိုက်၏။

“ဒါကတော့ နာမည်ဂုဏ်သတင်း ကျော်ဇောတဲ့ မြောက်ပိုင်းဒေသက တာအိုရောင်းရင်း လျန့်ဟမ်တဲ့.. သူက ပတကိရွှေအမြုတေအဆင့်.. လွန်ခဲ့တဲ့ အနှစ်၈၀တုန်းက ဥပစာရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်ပြီးတော့ တစ်မူထူးခြားအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အတွက် ဝင်ပြိုင်ဖူးတယ်”

စီမာကျီသည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏။

မဟာကျိုးနယ်မြေတွင်.. ဥပစာရှေးဟောင်းတိုက်ပွဲမြေ၏ အကာအရံကို ဖြိုခွဲ၍ ကျင့်ကြံသူများကို အထဲသို့ ပို့ပေးနိုင်စွမ်းရှိသော မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်းမှ မရှိပေ။

စီမာကျီနှင့် အခြားသူများသည် အခြားသူများနှင့်အတူ နေရာတစ်ခုရဖို့ ယှဉ်ပြိုင်ဖို့နေနေသာ.. တစ်မူထူးခြားအမြုတေအဆင့်သတ်မှတ်ချက်ကို တစ်ခါမှတောင် မမြင်ဖူးကြပေ။

လျန့်ဟမ်က လက်ကာပြပြီး နှိမ့်ချမှုရှိသယောင် ဟန်ဆောင်လိုက်၏။

“အဲ့ဒါက ဘာမှ မဟုတ်ပါဘူးဗျာ.. ဘာပဲပြောပြော အဲ့ဒီမှာ ကျုပ် နေရာတစ်ခုမှ မရခဲ့တာပဲ”

“တစ်မူထူးခြားအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ဆိုတာ ကျုပ်တို့နဲ့ လားလားမှ မသက်ဆိုင်တဲ့အရာပဲ.. ခင်ဗျားက အဲ့ဒီမှာ ဝင်ပြိုင်ဖို့ အဆင့်မီတယ်ဆိုတာနဲ့တင် ခင်ဗျားရဲ့ခွန်အားကို သက်သေပြပြီးနေပါပြီ တာအိုရောင်းရင်းရယ်” စီမာကျီက အလောတကြီး ဝင်ချီးကျူးလိုက်၏။

ပကတိသက်ရှိကန်းလန်ကလည်း ပြုံးပြီး ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်၈၀ တုန်းက တာအိုရောင်းရင်းလျန့်ဟမ်က တစ်မူထူးခြားရွှေအမြုတေအဆင့်သတ်မှတ်ချက်ကို နဲနဲလေးကပ်ပြီး လွဲခဲ့တာပဲ.. နောက်လာမယ့် အဆင့်သတ်မှတ်ချက်ကျရင် ခင်ဗျားက သေချာပေါက် အဆင့်တစ်ဆယ်ထဲ ဝင်မှာပါဗျာ”

“အင်း”

လျန့်ဟမ်က ခေါင်းညိတ်လိုက်ပြီး မြှောက်လုံးပင့်လုံးများတွင် ကျေနပ်သွား၏။

သူက ပကတိသက်ရှိကန်းလန်နှင့် ပတ်သတ်မှုများစွာ မရှိပေ။ ဒီနေရာသို့ သူလိုက်လာခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ဆူဇီမိုထံတွင် မူလစိတ်ဝိညာဉ်လက်နက်တစ်ခုရှိသည်ဟု သူကြားထားသောကြောင့် ဖြစ်လေသည်။

သူသာ မူလစိတ်ဝိညာဉ်လက်နက်ကို ရမည်ဆိုလျှင် နောက်တစ်ကြိမ် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်သည့်အခါ တစ်မူထူးခြားအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် သူက သေချာပေါက် နေရာတစ်နေရာ ရနိုင်ပေလိမ့်မည်။

တစ်ကယ်တော့ အဲ့မှာ အဆင့်တစ်ဆယ်ထဲ ဝင်ဖို့ကတော့ အရူးအိပ်မက်သာ ဖြစ်လေသည်။

စီမာကျီက မေးလိုက်၏။

“အခုဆို ဆူဇီမိုက ဆန်းကြယ်တောင်ထွတ်တွင်းမှာ ကျင့်ကြံနေမှာပဲ.. သူက အမြုတေမဖွဲ့တည်နိုင်သေးဘဲနဲ့ အပြင်ကို ထွက်မှာ မဟုတ်လောက်ဘူး.. သူ့ကို မျှားထုတ်ဖို့ ငါတို့မှာ နည်းလမ်းရှိလို့လား”

“ငါ့မှာ ရှန်မန်းကီလို့ခေါ်တဲ့ တပည့်မတစ်ယောက်ရှိတယ်.. သူနဲ့ အဲ့ကောင်လေးနဲ့ကက ငယ်ကျွမ်းဆွေတွေပဲ”

ပကတိသက်ရှိကန်းလန်က ယုံကြည်မှုရှိစွာဖြင့် ကြေညာလိုက်၏။

“အဲ့ကောင်မလေးက အန္တရာယ်တောထဲ ကျရောက်နေတယ်လို့ကြားရင် သူက သေချာပေါက် ထွက်လာမှာပဲ”

စီမာကျီ၏ မျက်လုံးက ဝင်းလက်သွားပြီး သဘောတူစွာ ခေါင်းညိတ်လိုက်၏။

ဘေးဘက်က ဝင်္ကပါသခင် ထန်ဟောက်က ခဏမျှ စဉ်းစားပြီးနောက် ပြုံး၍ ပြောလိုက်၏။

“ကျုပ်မှာ မေးစရာ မေးခွန်းသုံးခုရှိတယ်.. ပထမတစ်ခု.. သူတို့က ငယ်ကျွမ်းဆွေတွေလို့ ခင်ဗျားပြောခဲ့တယ်.. သေရတော့မယ့် လူတစ်ယောက်အတွက်နဲ့ သူက ထွက်လာမှာတဲ့လား”

“သေချာတာပေါ့”

ပကတိသက်ရှိကန်းလန်၏ လေသံက ယုံကြည်မှု အပြည့်ရှိနေ၏။

“ကောင်းပြီလေ.. ဒုတိယမေးခွန်း”

ထန်ဟောက်က ဆက်ပြော၏။

“ငါတို့ အလုပ်လုပ်မယ့်နေရာက ရောင်ဝါလင်းလက်တိမ်နန်းတော်မှာ ဖြစ်လို့တော့ မရဘူး.. အဲ့လိုသာဆို အဲ့ကောင်လေးက ငါးစာကို လာဟပ်ရဲမှာ မဟုတ်ဘူး”

“ဒါပေါ့.. အဲ့ဒါကို ကျုပ်ထည့်စဉ်းစားထားပြီးဖြစ်လို့ အစီအစဉ်တွေတောင် ချထားပြီးပြီ” ပကတိသက်ရှိကန်းလန်က အခိုင်အမာ ပြောလိုက်၏။

ထန်ဟောက်က ခေါင်းညိတ်ပြီး ထပ်ပြော၏။

“တတိယမေးခွန်း.. သူက ငါးစာကို လာဟပ်ပြီဆိုရင်တောင် ငါတို့ သူ့ကို ဘယ်လိုသတ်မလဲ.. ဆန်းကြယ်တောင်ထွတ် တိုက်ပွဲတုန်းက.. ဟဟ.. သူက ကျင့်ကြံရေးလောကကိုတောင် အတော်လေး လှုပ်ခတ်သွားစေသေးတယ်.. ငါကြားတာတော့ အဲ့ကောင်လေး ဆူဇီမိုက အန္တိမအခြေတည်အဆင့်ရောက်အောင် ကျင့်ကြံထားနိုင်တယ်တဲ့.. ဘာတဲ့ သူက အဆင့်ကျော်ပြီး ရွှေအမြုတေတွေကိုတောင် သတ်နိုင်စွမ်း ရှိတယ်တဲ့”

“ကျုပ်တို့ ရွှေအမြုတေငါးယောက်ပေါင်းပြီး တိုက်မယ်ဆို.. ကျုပ်တို့က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ထဲကို ကြောက်နေရဦးမှာလား”ကောင်းဟူက သုန်မှုန်စွာနှင့် မေးလိုက်၏။

ထန်ဟောက်က ပြန်ပြောလိုက်၏။

“အဲ့ဒါ ကြောက်လို့တော့ မဟုတ်ဘူး.. တစ်ခုခု မတော်တဆ ဖြစ်သွားမှာကို ကျုပ်က စိုးရိမ်လို့ပဲ.. သူသာ ထွက်ပြေးလွတ်မြောက်သွားမယ်ဆို ကျုပ်တို့မှာ ဒုတိယအခွင့်အရေးဆိုတာ မရှိတော့ဘူး”

“ကျုပ်ရှိနေတဲ့အတွက် သူသေရဖို့ တာဝန်ယူတယ်” လျန့်ဟမ်က အေးစက်စွာ ကြေညာလိုက်၏။

“အားလုံးပဲ ကျုပ်ပြောတာကို နားထောင်ကြပါဦး”

ပကတိသက်ရှိကန်းလန်က တည်တံစွာဖြင့် ပြောလိုက်၏။

“အဲ့ကောင်လေးက အန္တိမအခြေတည်အဆင့်.. သူ့အိပ်ကပ်ထဲမှာလဲ ဝှက်ဖဲတွေ အများကြီးရှိတယ်.. သူ့မှာ စိတ်ဝိညာဉ်တောင်ပံတစ်စုံ ရှိသလို.. ကျုပ်ရဲ့ရွှေအမြုတေနယ်မြေနဲ့တောင် ပြိုင်နိုင်တဲ့ အရမ်းကို ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုလဲ ရှိသေးတယ်”

ထိုသည်ကို ကြားပြီးသောအခါ လျန့်ဟမ်၊ ကောင်းဟူနှင့် ထန်ဟောက်တို့၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားကြ၏။

ကောလဟလတွေက တစ်ကယ်မှန်နေတာပဲ..

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ထုတ်ဖော်တဲ့ လျှို့ဝှက်အတတ်က ရွှေအမြုတေနယ်မြေတစ်ခုနဲ့တောင် ယှဉ်နိုင်တယ်တဲ့လား..

ပကတိသက်ရှိကန်းလန်၏ ရွှေအမြုတေနယ်မြေက သန်မာသည်ကို သတ်မှတ်လို့ မရသော်လည်း အဲ့ဒါက တုန်လှုပ်စရာကောင်းသည့် အချက်တစ်ချက် ဖြစ်နေသေးလေသည်။

“ခြင်္သေ့က ယုန်တစ်ယောက်ကို လိုက်ရင်တောင် ခွန်အားအပြည့် ထုတ်သုံးတယ်တဲ့.. ကျုပ်က လှုပ်ရှားမှုတစ်ခု ပြုလုပ်တော့မယ်ဆိုမှတော့ ကျုပ်ပြိုင်ဘက်ကို လျှော့တွက်မှာ မဟုတ်ဘူး.. သူက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဆိုရင်တောင်မှပေါ့”

ပကတိသက်ရှိကန်းလန်က တည်တံ့စွာ ပြောလိုက်၏။

“တာအိုရောင်းရင်း ထန်ဟောက်.. အဲ့ကောင်လေး ထွက်ပြေးလို့ မရအောင် ခင်ဗျားက အစီအရင်ဝင်္ကပါတွေ ခင်းကျင်းပေးထားဖို့ လိုမယ်”

“ကိစ္စမရှိဘူး”

ထန်ဟောက်က ပြုံးစစနှင့် ပြန်ပြောလိုက်၏။

“ကျုပ်ကိုယ်တိုင် ခင်းကျင်းထားတဲ့ ဝင်္ကပါနဲ့ဆို ရွှေအမြုတေတွေတောင်မှ ထွက်မပြေးနိုင်စေရဘူး”

ပကတိသက်ရှိကန်းလန်က သူ့မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ ပြောလိုက်၏။

“အားလုံးပဲ.. အဲ့ကောင်လေးအတွက် အမှန်တစ်ကယ်ကို ကျုပ်ဘာပြင်ဆင်ထားလဲဆိုတာ တစ်ချက်ကြည့်ကြည့်လိုက်ပါဦး”

ထိုသို့ပြောပြီးသည်နှင့် သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ပြလိုက်၏။ ထိုပုလင်းထဲမှာ သစ်ခွပန်းနှင့်တူသော နီရဲနေသည့် ပန်းတစ်ပွင့် ရှိပြီး ခပ်ဖျော့ဖျော့ မွှေးရနံ့ကို ထုတ်ပေးနေ၏။

အခြားသူများသည် လှမ်းကြည့်လိုက်ကြပြီးနောက် သူတို့၏ အမူအယာများက ပြောင်းလဲသွားကာ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်လိုက်ကြ၏။

“စိတ်ဝိညာဉ်သော့ခတ်ပန်း”

လျန့်ဟမ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ဒါက ရှေးဟောင်းခေတ်မှာထဲက ကွယ်ပျောက်သွားပြီဖြစ်တဲ့ မိစ္ဆာပန်းပဲ.. ခင်ဗျား အဲ့ဒါကို ဘယ်လို ရလာခဲ့တာလဲ”

စိတ်ဝိညာဉ်သော့ခတ်ပန်းသည် ကျင့်ကြံသူတစ်ယောက်ကို တိုက်ရိုက် အန္တရာယ်မပြုနိုင်ပေ။

သို့သော်လည်း ၎င်း၏ မွှေးရနံ့ထဲမှာ မိစ္ဆာဆန်သော အမှုန့်ကလေးများရှိပြီး အဲ့ဒါက ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်ကို သော့ခတ်နိုင်၏။ ရွှေအမြုတေများတောင်မှ အဲ့ဒါကို မခုခံနိုင်ပေ။

စိတ်ဝိညာဉ်သော့ခတ်ပန်းသည် ရှေးဟောင်းခေတ်၏ နာမည်အကြီးဆုံး မိစ္ဆာပန်းများထဲမှ တစ်ခု ဖြစ်လေသည်။

All Chapters