← Chapters

စတေးခံ ပွန်းတစ်ကောင်

Vol. 34 Ch. 499

စတေးခံ ပွန်းတစ်ကောင်

Vol. 34 Ch. 499

အဆုံးသတ်နားတွင် လက်ရေးက အနည်းငယ် ရှုပ်နေ၏။ သူမက ခွန်အားကို အတော်လေး စိုက်ထုတ်၍ ရေးခဲ့ရသလိုပင်။

ထိုစာကို ဖတ်ပြီးနောက် ဆူဇီမို၏ အမူအယာက တည်ငြိမ်နေ၏။ သူ့မျက်လုံးထဲမှာ စိတ်ခံစားချက် နည်းနည်းလေးမှ ရှိမနေပေ။

သိချင်စိတ်ဖြင့် နန်းကြည်က ရှေ့သို့ တိုးပြီး တစ်ချက်လှမ်းကြည့်လိုက်၏။

“သူပဲ”

သူမသည် ရှန်မန်းကီအကြောင်း နည်းနည်းပါးပါးတော့ သိထား၏။

ထိုအချိန်.. မိုစိတ်ဝိညာဉ်ပန်းပဲရုံ၏ အပြင်ဘက်မှာတုန်းက ပကတိသက်ရှိကန်းလန်၏ နောက်ဘက်ရှိ အမျိုးသမီးက ရှန်မန်းကီ ဖြစ်လေသည်။

နန်းကြည်က ပြောလိုက်၏။

“သခင်လေး.. အဲ့ဒါက ပုံသွင်းထားတာမလား.. အဲ့ဒါက ထောင်ချောင်ဆင်တာပဲ ဖြစ်ရမယ်”

“လက်ရေးက သူ့လက်ရေး အစစ်ပဲ”

ဆူဇီမိုက ထိုသို့ပြောပြီးနောက် လှောင်ရယ်လိုက်၏။

“ဒါပေမယ့်လို့ ထောင်ချောက်တော့ ထောင်ချောက်ပဲ”

အချိန်က ကုန်လာလေလေ.. ပကတိသက်ရှိကန်းလန်က စိုးရိမ်လာလေလေ ဖြစ်ပေမည်။

ထို့ကြောင့် ပကတိသက်ရှိကန်းလန်က လှုပ်ရှားတော့မည်ဆိုတာ ဆူဇီမို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်လေသည်။

ဆူဇီမိုက ဆန်းကြယ်တောင်ထွတ်မှာသာ ဆက်နေမည်ဆိုလျှင် ပကတိသက်ရှိကန်းလန်အနေနှင့် သူလုပ်နိုင်တာ ဘာမှ မရှိပေ။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပကတိသက်ရှိကန်းလန် အရင်ဆုံး လုပ်ရမည်မှာ ဆူဇီမိုကို ဆန်းကြယ်တောင်ထွတ်၏ အပြင်ဘက်သို့ မျှားထုတ်ဖို့ပင်။

ဆူဇီမိုက တည်ငြိမ်နေသည်ကို မြင်သောအခါ နန်းကြည်သည် စိတ်သက်သာရာ ရသွား၏။

သို့သော်လည်း ထို့နောက်မှာပင် ဆူဇီမို၏ နောက်ထပ်စကားက နန်းကြည်ကို ထိတ်လန့်သွားစေ၏။

“ငါ တောင်ထွတ်ကနေ ထွက်တော့မယ်”

“အ”

နန်းကြည်သည် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“သခင်လေး.. အဲ့ဒါက ထောင်ချောက်ဆိုတာ သိနေတာတောင် သခင်လေးက သွားဦးမလို့လား”

“ဟုတ်တယ်”

ဆူဇီမိုက ပြုံး၍ အဝေးတစ်နေရာသို့ ငေးကြည့်လိုက်၏။

လေပြေက တိုက်ခတ်လာပြီး သူ၏ အနက်ရောင်ဆံပင်များကို ညင်သာစွာ ယိမ်းနွဲ့သွားစေ၏။ ဆူဇီမိုသည် တစ်ခုခုကို ပြန်စဉ်းစား စားမြုံ့ပြန်နေသလို စိတ်ခံစားချက်အချို့ ပေါ်လာပြီး တီးတိုးရေရွတ်လိုက်၏။

“သူတို့အကုန်လုံး တစ်စုတစ်စည်းထဲ ရှိနေကြတယ်ဆိုရင်လဲ ကောင်းတာပဲ.. ရှိခဲ့တဲ့ ရန်းငြိုးရန်စတွေ အကြွေးတွေ အကုန်လုံးကို အကြေဆပ်ပြီး တစ်ခါထဲ ရှင်းထုတ်ပစ်ဖို့ အချိန်တန်ပြီပဲ”

“ဒါပေမယ့်.. တစ်ဖက်အဖွဲ့က ကြိုတင်ပြင်ဆင်ထားမှာလေ.. သခင်လေးကို လုံးဝပြန်ထွက်လို့ မရအောင် ထောင်ချောက်ဆင်ထားလိမ့်မယ”

နန်းကြည်က စိုးရိမ်ပူပန်သော အမူအယာနှင့် တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြလိုက်၏။

“သခင်လေးက အခုထိ ရွှေအမြုတေအဆင့်တောင် မရောက်သေးဘူး.. အဲ့လောက်ထိ အန္တရာယ်အဖြစ်ခံပြီး စွန့်စားဖို့မှ မလိုတာပဲ”

“စိတ်မပူပါနဲ့.. အခြေအနေ မဟန်ရင် ငါ ပြန်ဆုတ်နိုင်ပါတယ်”

ဆူဇီမိုက ပြုံးပြလိုက်၏။

“နောက်ပြီး စောစောပိုင်းက ငါ အမြုတေဖွဲ့တည်ဖို့ ကြိုးပမ်းခဲ့ပေမယ့်.. သိပ်ပြီးတော့ ထူးမလာခဲ့တော့ဘူး.. ဒီတိုင်းသာ ဆက်သွားနေရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး.. ငါ အပြင်လေးဘာလေး ထွက်ဖို့ လိုနေတယ်”

နန်းကြည်က ထပ်ပြီး မဖျောင်းဖျနိုင်ခင်မှာပင် ဆူဇီမိုက ဓါးပျံကို စီးနင်း၍ လှည့်ထွက်သွားပြီ ဖြစ်လေသည်။

. . .

ဆယ်ရက်ကြာပြီးနောက်..

ပင်ယန်းမြို့.. ညတွင်..

လမ်းပေါ်မှာ လူသူတစ်ယောက်မှ မရှိတော့ဘဲ သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ရှန်မိသားစုမှ မလှမ်းမကမ်းရှိ အိမ်တော်တစ်ခု၏ အခန်းတစ်ခန်းအတွင်းတွင်.. အရာရာတိုင်းက မှောင်မည်းနေ၏။

ရုတ်တရက်..

အမှောင်ထုထဲတွင် မျက်လုံးတစ်လုံးက ဝင်းလက်သွားပြီး ပိန်ပိန်ပါးပါးလူတစ်ယောက်က ခပ်ရေးရေး ပေါ်လာ၏။

ထိုလူ၏ နားနှစ်ဖက်က ဆတ်ကနဲ လှုပ်သွားပြီးနောက် တိုးတိုး ပြောလိုက်၏။

“တစ်ယောက်ယောက် လာနေပြီ”

ထို့နောက် ချက်ချင်းပင်.. ဘေးဘက်မှ တိုးတိုး တိုးတိုးနှင့် အသံတစ်သံက ထွက်လာ၏။

“ညီကိုလျန့်ဟမ်.. ခင်ဗျားကို အံ့ဩလောက်အောင် သန်မာတာပဲ.. ကျုပ်တို့တောင် ဘာတစ်ခုမှ မထောက်လှမ်းနိုင်သေးဘူး”

သူပြောနေရင်း.. အခန်းထဲမှာ နောက်ထပ်မျက်လုံးအစုံများက လင်းလက်လာပြီး နောက်ထပ်လူအချို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြ၏။ အဲ့ဒါက ပကတိသက်ရှိကန်းလန်တို့၏ ငါးယောက်အုပ်စုပင်။

သိပ်မကြာမီ အဝတ်စလေတိုးသံများက တဖျပ်ဖျပ် ထွက်ပေါ်လာပြီး ထိုအသံက လေထဲကနေ အလွန်တရာ မြန်ဆန်စွာဖြင့် ရောက်လာနေ၏။

သူတို့ငါးယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်က ထင်ဟပ်လာကြ၏။

ပကတိသက်ရှိကန်းလန်က ပြတင်းပေါက်တစ်ခုနား တိုးကပ်သွားပြီး အနည်းငယ်ပြူ၍ အပြင်ဘက်သို့ ချောင်းကြည့်လိုက်၏။

သိပ်မကြာမီ အစိမ်းရောင်ဝတ်လူတစ်ယောက်က ရှန်အိမ်တော်အထက်သို့ ရောက်ရှိလာ၏။ သူ့ဝတ်ရုံက တဖျပ်ဖျပ်လှုပ်နေပြီး ဓါးပျံတစ်လက်ပေါ်မှာ ခြေချ၍ လေထဲမှာ တည်ငြိမ်သော အမူအယာဖြင့် မတ်မတ်ရပ်နေ၏။

ထိုသည်ကိုမြင်သောအခါ ပကတိသက်ရှိကန်းလန်သည် လှောင်ပြုံး ပြုံးလိုက်၏။

“ငါးလေးကတော့ ငါးစာကို လာဟပ်နေပြီ”

သူက လျန့်ဟမ်နှင့် အခြားသူများဘက်ကို လှည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

“ကျုပ် အခု လှုပ်ရှားကြတော့မှာလား”

ကောင်းဟူက သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး သွားဖို့အတွက် စိတ်အားထက်သန်နေ၏။

“နဲနဲလောက်ထပ်ပြီး စောင့်လိုက်ပါဦး.. လောစရာ မလိုပါဘူးလေ”

ပကတိသက်ရှိကန်းလန်က အလွန်တရာ တည်ငြိမ်နေပြီး တိုးတိုး ပြောလိုက်၏။

“အဲ့ကောင်လေးနောက်မှာ ပညာရှင်တစ်ယောက်ယောက်များ လိုက်လာသေးလား စောင့်ကြည့်ရအောင်.. မဟုတ်ရင် ထောင်ချောက်ထဲ ဝင်မိတာက ကျုပ်တို့ ဖြစ်နေဦးမယ်”

“အင်း ဟုတ်တယ်”

စီမာကျီက ခေါင်းညိတ်လိုက်၏။

“ပညာရှင်ဟုတ်လား.. ဘာပညာရှင်လဲ”

လျန့်ဟမ့်က လှောင်ရယ်လိုက်၏။

“သူတို့က ရွှေအမြုတေတွေဆိုရင် သူ့ဟာသူ ဘယ်လောက်များများ ကိစ္စမရှိဘူး.. ငါတစ်ယောက်ထဲနဲ့ အကုန်လှဲသိပ်ပေးလိုက်မယ်.. နိုးထဝိညာဉ်တွေ ဆိုရင်တော့....”

“ဟဟ.. ဒီကောင်လေးက သူ့ရည်းစားဟောင်းနဲ့ လာတွေ့တာကို ဘယ်နိုးထဝိညာဉ်ကများ ဒီလောက်ခရီးအရှည်ကြီး လိုက်လာပေးမှာလဲ”

ကောင်းဟူက သဘောတူစွာ ခေါင်းညိတ်လိုက်၏။

“နဲနဲလေးပိုပြီး သတိထားလိုက်လို့ အမှားမရှိပါဘူး”

ပကတိသက်ရှိကန်းလန်က ထပ်ပြီး မျက်မှောင်ကြုတ်လိုက်၏။

သူတို့စီစဉ်ထားတဲ့အတိုင်း ဆူဇီမိုက သူတို့၏ ထောင်ချောက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာပြီဖြစ်သော်လည်း ဘာကြောင့်ရယ်မသိ.. တစ်ခုခု လွဲမှားနေသလို မသက်မသာ သူခံစားနေရ၏။

“အရမ်းကို လွယ်လွန်းနေတယ် မဟုတ်ဘူးလား”

ခဏနေပြီးနောက် ပကတိသက်ရှိကန်းလန်က ရုတ်တရက် မေးလိုက်၏။

“ခွိ”

လျန့်ဟမ်က မနေနိုင်တော့ဘဲ သရော်သလို ရယ်လိုက်ပြီး ခေါင်းခါလိုက်၏။

“ကန်းလန်.. ခင်ဗျားက တစ်ကယ်ပဲ အလွန်အကျွံ စိုးရိမ်စိတ် ဝင်နေတာပဲ.. ကျုပ်တို့က ဒီအစီအစဉ်ကို နောက်ချန်အစီအစဉ်တွေ အများကြီးနဲ့ အချိန်အကြာကြီးယူပြီး စီစဉ်ထားတာလေ.. ခင်ဗျားက ဘာကို စိုးရိမ်နေသေးတာလဲ”

“ကျုပ်လဲ အဲ့ဒါတော့ မပြောတတ်ဘူး”

ကန်းလန်က ခေါင်းခါလိုက်၏။

ကန်းလန်သည် အရင်တုန်းက ကိစ္စများကို ပြန်စဉ်းစားမိသွား၏။

“ဒီကောင်လေးက ဒီလောက်ကိုင်တွယ်ရခက်တာကို အခုမှ ဘယ်လိုဖြစ်လို့ အလွယ်တကူ ကျဆင်းသွားရတာလဲ”

ပကတိသက်ရှိကန်းလန်သည် စိုးရိမ်ပူပန်နေဆဲဖြစ်၏။

အေးစက်စက် အမူအယာနှင့်အတူ ထန်ဟောက်က ခပ်တိုးတိုး မေးလိုက်၏။

“ခင်ဗျား စောစောက ကြည့်တုန်းက သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ”

“အခြေတည်အဆင့်”

ပြန်ဖြေပြီးနောက် ကန်းလန်သည် ချက်ချင်း တောင့်တင်းသွား၏။

အခြားသော လေးယောက်ကတော့ မနေနိုင်ဘဲ ရယ်လိုက်ကြ၏။

“ကျုပ်ပဲ အတွေးလွန်နေတာ နေမှာပါဗျာ”

ကန်းလန်က ရယ်မောလိုက်၏။

“သူက အခြေတည်အဆင့်ဆိုမှတော့ ဘာကို စိုးရိမ်နေရတော့မှာလဲ”

“ငါတို့က ဘာမှ ကြိုတင်ပြင်ဆင်မထားရင်တောင်.. ငါတို့ငါးယောက် ထွက်လိုက်တာနဲ့ အခြေတည်အဆင့်တစ်ယောက်ကို လှဲချဖို့က ဘာများ ခက်မှာမို့လဲ” ကောင်းဟူက သွားဖြီးလိုက်၏။

. . .

ရှန်မိသားစု၏ အထက်ကောင်းကင်တွင်..

ဆူဇီမိုက သူ့ဓါးပျံပေါ်မှာ ရပ်နေပြီး သူ့မျက်လုံးထဲမှာ လှောင်ပြုံးနေ၏။

သူသည် ဒွာရရှင်းလင်းခြင်းအပိုင်းတွင် အဆင့်မြင့်ကျွမ်းကျင်မှုကို မရခင်ကတည်းက သူ့အကြားအာရုံက အတော်လေးကို ထက်ရှနေပြီးသားဖြစ်၏။

အခုသူက အတွင်းအမြုတေကို ဖွဲ့တည်ပြီးသောအခါ သူ့အကြားအာရုံက ပိုလို့တောင် ကြောက်စရာကောင်းလာခဲ့ပြီဖြစ်၏။

ပကတိသက်ရှိကန်းလန်နှင့် အခြားသူများ တိုးတိုး တိုးတိုး ပြောနေကြသည်ကို သူအတိုင်းသား ကြားနေရ၏။

အစတုန်းကတော့ ဆူဇီမိုသည် ပြေးချသွားပြီး ပကတိသက်ရှိကန်းလန်နှင့် အခြားသူများကို တစ်ခါတည်း တန်းပြီး သတ်ဖြတ်လိုက်ချင်၏။

သို့သော်လည်း သူ့အကြည့်က သူ့အောက်ဘက်ရှိ ရှန်မိသားစုခြံဝန်းထဲဆီသို့ ရွေ့လျားသွားပြီးနောက် သူ့မျက်လုံးများက အနည်းငယ် ရီဝေသွား၏။

ရှန်မိသားစုအိမ်မှာ အေးစက်၍ တိတ်ဆိတ်နေပြီး အခန်းနှစ်ခန်းသာ လူရှိလေသည်။

တောင်ဘက်အခန်းထဲမှာ နှလုံးခုန်မြန်မြန်၊ မောဟိုက်၍ ကြောက်လန့်နေပုံရသော လူတစ်ယောက်ရှိ၏။ ထိုသူက တစ်ခါမှ ကျင့်ကြံခဲ့ဖူးသည့်ပုံ မပေါ်ပေ။

သူထင်တာ မမှားဘူးဆို.. သူက ရှန်းနန် ဖြစ်လေလိမ့်မည်။

အနောက်ဘက်အခန်းမှာက ခပ်ယဲ့ယဲ့အော်ရာနှင့် အသက်ဖျော့ဖျော့ရှူကာ အားနည်းနေပုံရသော လူတစ်ယောက်ရှိနေ၏။ ထိုလူက သိပ်ကြာကြာ အသက်ရှင်တော့မည့်ပုံ မပေါ်ပေ။

သူ့နှာခေါင်းကို ရှုံ့ပြီးနောက် ဆူဇီမိုသည် ဆေးရနံ့တစ်ခုကို ဝေ့ကနဲ ရလိုက်၏။

အခန်းထဲမှလူက အပြင်းအထန် ဒဏ်ရာရရှိထားပြီး ကုသနိုင်တာထက် ကျော်နေပုံပင်။

“ဒါက ဘယ်လို ဖြစ်ရတာလဲ”

ဆူဇီမိုသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

သူ့အတွက်တော့ စက္ကူကြိုးကြာပေါ်မှ လက်ရေးက အစစ်အမှန်ဖြစ်၏။ ထိုသို့ဆိုမှတော့ ရှန်မန်းကီက ပကတိသက်ရှိကန်းလန်နှင့် တစ်ကြိတ်တည်းတစ်ဉာဏ်တည်းဖြစ်ပြီး သူမ ရေးသားထားသော အကြောင်းအရာများက သူ့ကို ဒီနေရာသို့ မျှားခေါ်ဖို့အတွက် လုပ်ကြံရေးသားထားတာပင်။

အဲ့လိုဆိုရင် အခု ရှန်မန်းကီက ဘာလို သေခါနီးဆဲဆဲ ဖြစ်နေရတာလဲ။

ချက်ချင်းပင် ဆူဇီမို၏ စိတ်ထဲသို့ ဖြစ်နိုင်ချေနှစ်ခုက ဝင်ရောက်လာ၏။

ပထမတစ်ချက် ရှန်မန်းကီက သေခါနီးဆဲဆဲ ဖြစ်နေသော်လည်း သူ့ကို လှည့်စားပြီး သူမနဲ့အတူ သေရွာသို့ ဆွဲခေါ်သွားချင်တာပင်။

ဒုတိယတစ်ချက်.. သူမက စတေးခံ ပွန်းလေးတစ်ကောင်သာ..

ဆူဇီမို၏ အမူအယာက ရှုပ်ထွေးသွားပြီး သက်ပြင်းကြိတ်ချလိုက်၏။

ထိုအခိုက်အတန့်၌ သူ့စိတ်ထဲမှာ အဖြေတစ်ခုက ရရှိသွားပေပြီ။

All Chapters