လှည့်စားတတ်သော ကံကြမ္မာ
Vol. 34 Ch. 500
ဓါးပျံကို သိမ်းရင်း ဆူဇီမိုသည် ခြံဝန်းထဲသို့ ဖြည်းဖြည်းချင်း တိတ်တဆိတ် ဆင်းသက်လိုက်၏။
သူသည် ရှေ့သို့တက်ပြီး တံခါးကို တွန်းဖွင့်လိုက်၏။
ချက်ချင်းပင် မွှန်ထူနေသော ဆေးအနံ့က သူ့ကို ကြိုဆိုနေ၏။
အထဲမှာ ခပ်ယဲ့ယဲ့ အမျိုးသမီးတစ်ယောက်၏ ရနံ့နှင့်အတူ ခပ်ဖျော့ဖျော့ ပန်းနံ့တစ်ခုကလည်း သင်းနေ၏။
ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး အထဲသို့ လှမ်းဝင်လိုက်၏။
အမျိုးသမီးတစ်ယောက်က သူမ၏ မျက်လုံးများကို မှိတ်ပြီး ခုတင်ပေါ်မှာ ပက်လက်လှဲနေ၏။ သူမ၏ မျက်နှာနှင့် နှုတ်ခမ်းများက ဖြူုဆုတ်နေပြီး စောင်ကြီးတစ်ထည်ကိုခြုံကာ အားအင်နည်းပါးစွာ အသက်ရှူနေ၏။
ခုတင်ရှေ့သို့ ရောက်လာပြီး ဆူဇီမိုသည် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း မရှိဘဲ အမျိုးသမီးကို တိတ်တဆိတ် ကြည့်လိုက်၏။
အမျိုးသမီးထံမှ မရဏအော်ရာက ဖြာထွက်နေ၏။
သူမ၏ နှလုံးခုန်က အားနည်းနေပြီး သူမ၏ အင်္ဂါများက အလုပ်လုပ်ခြင်းကို စတင်၍ ပျက်ကွက်လာနေ၏။
ဒီလိုအခြေအနေမှာ အင်မော်တယ်တစ်ယောက်တောင်မှ သူမကို ကယ်နိုင်တော့မည် မထင်ပေ။
ရှစ်နှစ်..
လွန်ခဲ့သည့်ရှစ်နှစ်က အင်မော်တယ်တစ်ယောက်၏ ရွေးချယ်ခြင်းခံရသော အံ့ချီးလောက်ဖွယ် မိန်းကလေးသည် ဒီလိုမျိုး အခြေအနေသို့ ကျရောက်သွားလိမ့်မည်ဟု မည်သူမှ ထင်မိမှာလဲ။
ကံကြမ္မာက ဘယ်လောက်တောင် နောက်ပြောင်လိုက်သလဲ..
တစ်ခုခုကို အာရုံခံမိသွားပုံရပြီး ရှန်မန်းကီ၏ မျက်ခွံက လှုပ်သွားပြီး သူမ၏ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
ဆူဇီမို၏ မှတ်ဉာဏ်ထဲမှ ကြည်လင်တောက်ပနေသော မျက်လုံးများက အခုအခါ အသက်မဲ့၍ ရီဝေနေ၏။
သူမသည် ပတ်ဝန်းကျင်နှင့် အသားမကျသေးသည့်အလား သူမ၏ အကြည့်က ငေးငိုင်နေပုံရ၏။
သူမ၏ အကြည့်က ရွေ့လျားသွားပြီး ဆူဇီမို၏ မျက်နှာပေါ်အရောက်၌ အတန်ကြာသည့်အထိ စိုက်ကြည့်နေပြီးနောက် သူမ၏ မျက်လုံးများက တဖြည်းဖြည်း ကျယ်လာကာ တလက်လက် တောက်လာ၏။
ရှန်မန်းကီသည် စိတ်ဝိညာဉ်အနည်းငယ် ပြည့်ဝလာပုံရ၏။
“ရှင်ရောက်လာတာပဲ”
သူမ၏ နှုတ်ခမ်းများက တွန့်သွားပြီး အပြုံးတစ်ခုကို ထုတ်ပြလာ၏။
သို့သော်လည်း သူမမှာ ခွန်အားများစွာ မကျန်ရှိတော့ဘဲ သူမ၏ အသံက ခြင်တစ်ကောင်ကဲ့သို့ တိုးညင်းနေ၏။
“ဘယ်လိုဖြစ်တာလဲ”
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက နောက်ဆုံး တည်ငြိမ်စွာ မေးလိုက်၏။
“ငါ အရမ်းလောလောနဲ့ ငါ့ရဲ့အမြုတေကို ဖွဲ့တည်ဖို့ ကြိုးစားခဲ့မိတယ်.. အာ.. အမြုတေတစ်ခု ဖွဲ့တည်ရတာက တစ်ကယ် မလွယ်ဘူးပဲ”
ရှန်မန်းကီက ခါးသက်သက် ရယ်လိုက်၏။
“ငါ့ရဲ့ အခြေခံအုတ်မြစ်က မတည်ငြိမ်တော့ဘဲနဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းတွေကို ငါမထိန်းချုပ်နိုင်တော့ဘူး.. ငါ့ရဲ့ မရီးဒါန်တွေကို ပြတ်ထွက်ကုန်တယ်.. ငါ ချီသွေဖယ်ခြင်းကို ဝင်ရောက်သွားပြီးတော့ ငါ့ရဲ့အမြုတေဖွဲ့တည်ခြင်းက ကျရှုံးသွားတော့တာပဲ.. ငါ တစ်ခါထဲ သေတော့မလို့ပဲ.. ကံကောင်းလို့ ငါ့ဆရာက ရောက်လာပြီးတော့ ငါ့အသက်ကို ကယ်နိုင်ခဲ့တယ်”
ဆရာဆိုသော စကားကို ပြောပြီးနောက် ရှန်မန်းကီက ဆူဇီမိုကို လှမ်းကြည့်လိုက်၏။ ထိုသူက အမူအယာကင်းမဲ့နေပြီး အဲ့ဒါကို အရေးမလုပ်သောအခါ သူမက ဆက်ပြောလိုက်၏။
“ငါ့မှာ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သိလိုက်ရတဲ့အတွက် ငါ ပင်ယန်းမြို့ကို ပြန်လာပြီး ငါ့ဇာတိမှာ ခေါင်းချချင်မိတယ်”
“ဆရာက ငါ့ကို ချစ်တဲ့အတွက် သူကိုယ်တိုင်တောင် ငါ့ကို ပြန့်ပို့ပေးခဲ့တယ်”
ဆူဇီမိုက ဆိတ်ဆိတ်နေ၏။ သို့သော် သူ့မျက်လုံးထဲမှာတော့ သနားနေမိ၏။
သူသည် ရှန်မန်းကီ၏ ကံကြမ္မာကို သနားခြင်းမဟုတ်.. သူမ၏ မသိနားမလည်ခြင်းကိုပင်။
အခုချိန်ထိတိုင်အောင် ပကတိသက်ရှိကန်းလန်က သူမကို စွန့်ပစ်၍၊ စတေး၍ အသုံးချနေသည်ကို သူမ မသိပေ။
ရှန်မန်းကီက တိုးတိုး ပြောလိုက်၏။
“ငါ နင့်ကို အကြွေးတွေ အများကြီး တင်နေတာ သိပါတယ်.. နင် အခုလို ရောက်လာပြီး ငါပြောတာတွေကို နားထောင်ပေးတာနဲ့တင် ငါစိတ်ဖြောင့်ဖြောင့်နဲ့ ထွက်သွားနိုင်ပါပြီ”
ဆူဇီမိုသည် အခန်းထဲကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံး သူ့အကြည့်က ကုတင်ဘေး သစ်သားစားပွဲပေါ်ရှိ နီစွေးနေသော ပန်းတစ်ပွင့်ပေါ်မှာ ကြန့်ကြာသွားကာ မျက်မှောင်ကြုတ်လိုက်မိ၏။
“ဒီပန်းက...”
သူ့မျက်လုံးများကို မှေးကျဉ်း၍ တစ်ခုခုကို စဉ်းစားနေပုံရ၏။
ရုတ်တရက်..
တံခါးအပြင်ဘက်မှ အေးစက်သော အသံတစ်သံက ထွက်ပေါ်လာ၏။
“အသက်သွင်းမယ်ဟေ့”
သူ့စကား ဆုံးသွားချိန်မှာပင်.. အပြင်ဘက်မှာ နေ့ဘက်အလား.. တဖျတ်ဖျတ်တလက်လက် အလင်းရောင်များက တောက်ပလာ၏။
အဲ့ဒါက ဝင်္ကပါလမ်းကြောင်းမှ အလင်းများပင်။
ဆူဇီမိုသည် အစကတည်းက ဓါးဝင်္ကပါသခင်တစ်ယောက်ဖြစ်၏။ အပြင်ကို ထွက်ကြည့်စရာ မလိုဘဲနှင့် ကြီးမားသည့် ဝင်္ကပါတစ်ခုကို အသက်သွင်းလိုက်သည့်အော်ရာကို သူအာရုံခံမိလေသည်။
ရှန်မန်းကီသည် ကြောင်အသွားပြီး ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်တော့ပေ။
နောက်ခဏ၌ ကြီးမားသည့် စွမ်းအားတစ်ခုဖြင့် အခန်းတစ်ခုလုံးက ကြေမွပြိုကျသွားပြီး ဖုန်မှုန့်များနှင့် ကျောက်ခဲများက အဘက်ဘက်သို့ လွင့်ပျံထွက်သွား၏။
“ဟဟဟဟားဟားဟား”
မောက်မာကျယ်လောင်သည့် ရယ်သံတစ်ခုက ခြံဝန်းထဲကနေ ထွက်လာပြီး အတောမတတ် ပဲ့တင်ထပ်သွား၏။
ထိုရယ်သံကို ကြားသောအခါ ရှန်မန်းကီသည် တုန်လှုပ်ချောက်ချားသွားသော အမူအယာနှင့် မယုံကြည်နိုင်စွာ မေးလိုက်၏။
“ဆရာလား”
ဆူဇီမိုက မည်သို့မှ မနေဘဲ လှည့်ကြည့်လိုက်၏။
ဖုန်မှုန့်များ စဲသွားပြီးနောက် ခြံဝန်းအထက် ကောင်းကင်တွင် ထက်ရှသော အကြည့်များ၊ သတ်လိုဖြတ်လိုစိတ်များနှင့် ရွှေအမြုတေငါးယောက်ကို တွေ့မြင်လိုက်ရ၏။
ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ပကတိသက်ရှိကန်းလန်လည်း ပါလေသည်။
“ဆရာ.. ရှင်တို့တွေ...”
ရှန်မန်းကီ၏ နှုတ်ခမ်းက တုန်ယင်နေပြီး သူမ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူမသည် စကားဆက်ပြီး မပြောနိုင်တော့ပေ။
သူမသည် အရူးမဟုတ်ပေ။ သူမသည် ထိုလူအုပ်စုကို မြင်လိုက်ပြီးနောက် နားလည်သဘောပေါက်သွားလေပြီ။
ရှန်မန်းကီကို စိုက်ကြည့်ပြီး ပကတိသက်ရှိကန်းလန်က အေးစက်စွာ ပြောလိုက်၏။
“သစ္စာဖောက်မ.. ဒီကောင်စုတ်ကို မျှားခေါ်ဖို့ ငါနင့်ကိုသာ မလိုအပ်ဘူးဆိုရင် ငါကိုယ်တိုင် နင့်ကို သတ်ပစ်လိုက်တာ ကြာလောက်ပြီ”
“ဘာလို့လဲ.. ဘာလို့လဲဟင်...”
ရှန်မန်းကီသည် လူးလဲထထိုင်လိုက်ပြီး တုန်ယင်နေကာ ပကတိသက်ရှိကန်းလန်ကို မော့ကြည့်ရင်း မေးလိုက်၏။
“ကျမက ဆန်းကြယ်တောင်ထွတ်ကို တိုက်ခိုက်ဖို့အတွက် ဆရာတို့နဲ့ မလိုက်ခဲ့တာကြောင့်လား”
“ဘာလို့လဲဆိုတော့ နင်သေမှပဲ ဆူဇီမိုကို ဒီနေရာရောက်အောင် ခေါ်ပေးနိုင်မှာမလို့ပဲ”
ပကတိသက်ရှိကန်းလန်၏ အမူအယာက အေးစက်လာ၏။
“နောက်ပြီး ဒီနေ့ နင်ဘာလို့ သေရမလဲဆိုတာ နားလည်အောင် ငါပြောပြမယ်.. မရီးဒါန်ငါးခုအခြေတည်အဆင့်တစ်ယောက်အနေနဲ့ နင့်ရဲ့အမြုတေဖွဲ့တည်ခြင်းက အောင်မြင်ဖို့ သေချာသလောက် ရှိပြီးသား.. ဒါပေမယ့်လို့ နင် ကျရှုံးခဲ့တယ်မလား...”
ထိုနေရာအရောက်၌ ရှန်မန်းကီ၏ ပါးစပ်၏ ပါးစပ်က အနည်းငယ် ပွင့်ဟသွားပြီး ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာ ပေါ်ထွက်လာတော့မှာကို သိနေသည့်အလား သူမ၏ ဦးခေါင်းကို ထပ်ခါထပ်ခါ ခါရမ်းလိုက်၏။
မကောင်းဆိုးဝါးဆန်ဆန်ပြုံး၍ ပကတိသက်ရှိကန်းလန်က ပြောလိုက်၏။
“နင်တံခါးပိတ် မကျင့်ကြံခင် နင့်ကို ငါပေးလိုက်တဲ့ ဆေးလုံးကို မှတ်မိသေးလား”
“တစ်ကယ်လဲ အဲ့ဆေးလုံးက နင့်ရဲ့စိတ်ဝိညာဉ်စွမ်းအင်လှည့်ပတ်ခြင်းကို ကူညီပြီးတော့ အမြုတေဖွဲ့တည်ခြင်းကို ထောက်ပံ့ပေးနိုင်တဲ့ ဆေးလုံးပါပဲ.. ဒါပေယ့်.. ငါက အဲ့ထဲမှာ အပိုပါဝင်ပစ္စည်းလေးတစ်ခု ထပ်ထည့်ပေးလိုက်ရုံပါပဲ.. ဟဟဟားဟား”
ဖွီး..
ရှန်မန်းကီသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရပြီး သူမ၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူလျော့သွား၏။ သူမ၏ မျက်နှာတွင် မရဏအော်ရာက ရစ်သိုင်းလာပြီး သူမသည် ပို၍ပင် ဖျော့တော့ အားနည်းသွား၏။
“နင်က အဲ့ကောင်စုတ်ကို လက်မလွှတ်နိုင်သေးဘူးဆိုတာ ငါသတိထားမိနေတာ ကြာခဲ့ပြီ”
ပကတိသက်ရှိကန်းလန်က ဆက်ပြောလိုက်၏။
“တစ်ကယ်တော့ နင်က ငါ့ရဲ့တပည့်ကောင်းတစ်ယောက်ပါ.. ငါ့ကိုလဲ စိတ်မပျက်စေခဲ့ဘူး.. ငါနင့်ကို ပြန်ပို့ပေးပြီးတဲ့နောက် နင်က ချက်ချင်းပဲ ဆန်းကြယ်တောင်ထွတ်ကို စက္ကူကြိုးကြာနဲ့ စာလှမ်းပို့လိုက်တာပဲမလား.. အကုန်လုံးက ငါကြိုတင်တွက်ဆထားတဲ့အတိုင်းပဲ”
“ရှစ်နှစ်.. ရှစ်နှစ်တာကာလ ဆရာတပည့်ဆက်ဆံရေးက ဘာမှ အဓိပ္ပါယ် မရှိတော့ဘူးလား.. .” ရှန်မန်းကီ၏ အသံက တုန်ယင်နေပြီး သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် ရွှဲနေ၏။
“ဟဟ”
ပကတိသက်ရှိကန်းလန်က လှောင်ရယ်လိုက်၏။
“တပည့်ကောင်းလေး.. နင့်ရဲ့ဆရာအနေနဲ့ ငါနင့်ကို နောက်ဆုံးအမှန်တရားတစ်ခု ပြောပြခဲ့မယ်”
“ကျင့်ကြံရေးလောကမှာ အဲ့လိုမျိုးဆက်ဆံရေးဆိုတာ မရှိဘူးကွ.. ငါ့ရဲ့မျက်လုံးထဲမှာတော့ နင်က ပွန်းလေးတစ်ကောင်ထက် ဘာမှ မပိုဘူး”
မျက်ရည်များက လိမ့်ဆင်းလာပြီး သူမသည် တိတ်တဆိတ် ရှိုက်ငိုလိုက်၏။
ယခုအခါ ရှန်မန်းကီသည် သူမ၏ ခန္ဓာကိုယ်မှ နာကျင်မှုကို မခံစားရတော့ပေ။
သူမ၏ နှလုံးက နာကျင်ကိုက်ခဲလာပြီး ခြေလက်များက အေးစက်လာ၏။
ပကတိသက်ရှိကန်းလန်ထံမှ စကားတစ်လုံးစီတိုင်းက သူမ၏ ခန္ဓာကိုယ်ကို မြှားများဖြင့် အညှာတာမဲ့စွာ ပစ်ခွင်းနေသလိုပင်။
ပကတိသက်ရှိကန်းလန်၏ အကြည့်က ဆူဇီမိုဘက်သို့ ရွေ့သွားပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်၏။
“ဆူဇီမို.. မင်းကြည့်ရတာ အံ့အားသင့်မသွားဘူးထင်တယ်”
စီမာကျီက သူ့မုတ်ဆိတ်ကိုသပ်ပြီး ရွှင်ပျစွာ ရယ်မောလိုက်၏။
“မင်း ဣန္ဒြေရချင်ယောင်ဆောင်နေစရာ မလိုပါဘူး.. အခုလောက်ဆို မင်းစိတ်ထဲမှာ သေလောက်အောင် ကြောက်နေပြီမလား”
“ဂျီးတက်နေတဲ့ အစီအရင်ဝင်္ကပါတစ်ခုနဲ့ မင်းတို့ငါးယောက်က ငါ့ကို ကြောက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား”
ဆူဇီမိုက ပြုံးနေလိုက်၏။
“အမှိုက်လိုကောင်”
“သူက သူ့အကန့်အသတ်ကို သူ မသိဘူးပဲ”
လျန့်ဟမ်.. ကောင်းဟူ.. နှင့် အခြားသူများသည် အော်ဟစ်၍ သူတို့၏ ရွှေအမြုတေစွမ်းပကားကို ထုတ်ဖော်ကာ ဆူဇီမိုကို ဖိနှိမ်ဖို့ ကြိုးစားလိုက်ကြ၏။
“ဆူဇီမို.. မင်းကို သတ်ဖို့ ဒီထောင်ချောက်အတွက် ငါ ရှေးဟောင်းမိစ္ဆာပန်းကိုတောင် သုံးထားရတာကွ”
ပကတိသက်ရှိကန်းလန်က အေးစက်စွာ ပြောလိုက်၏။
“မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်က ချုပ်နှောင်ခံထားရပြီဆိုတာ အခုလောက်ဆို မင်းသိနေလောက်ရောပေါ့.. ဒီနေ့ မင်းရဲ့ သေခြင်းတရားက လုံးဝ ရှောင်လွှဲလို့ မရတော့ဘူး”